ကြောင်
- အိမ့်ချမ်းမြေ့
- Sep 1, 2020
- 1 min read
Updated: Sep 25, 2020
ကျမလေ...
ရှင့်အနားက....
ကြောင်လေးတစ်ကောင် ဖြစ်ချင်တယ်..........
ရှင့်ခြေသံကို ခပ်တိုးတိုးသာ နားထောင်နေတတ်တဲ့ ကြောင်တစ်ကောင်ပေ့ါ။
တဂျီဂျီညှောင်တတ်တဲ့ ကြောင် တစ်ကောင်တော့ မဟုတ်စေရပါဘူး။
ဆာနေရင်တောင်မှ မွတ်သိပ်မှုကို မြိုသိပ်ထားပြီး
ချောင်လေးမှာပဲ တိတ်တိတ်လေး နေမယ်။
ရှင်က စိတ်လိုလက်ရ ကျမကိုပွေ့ချီလို့ ရင်ခွင်ထဲမှာထားရင်း
စာအုပ်ဖတ်နေတာပဲဖြစ်ဖြစ်...
သတင်းစာဖတ်နေတာပဲဖြစ်ဖြစ်..
တယ်လီဖုန်းပွတ်နေတာပဲဖြစ်ဖြစ်..
အို.... ယုတ်စွအဆုံး
ရှင့်ချစ်သူနဲ့ ညညဖုန်းတွေပြောနေချိန်ပဲဖြစ်ဖြစ်...
ကျမ ငြိမ်ငြိမ်လေး နေပေးပါ့မယ်...
တစ်ခါတရံတော့....
ရှင့်မေးစေ့ပေါ်က မှုတ်ဆိတ်မွှေးရေးရေးလေးတွေကို
ကျမရဲ့နဖူးပြင်နဲ့
မြတ်နိုးစွာ.. ပွတ်သပ်ခွင့်ပြုပါ...
ရှင် နေမကောင်းချိန်တွေမှာ...
လဲလျောင်းရာ ကုတင်ထက် အသံမမြည်အောင်တက်လို့
ရှင့်ခြေထောက်တွေနား
ခွေခွေလေး လှဲနေခွင့်ပြုပါ...။
ကျမလေ...
ရှင့်အနားက ကြောင်တစ်ကောင်ဖြစ်ချင်တာ...
ရှင်ရှိနေရာ အိမ်ကလေးထဲမှာ ရှိနေရုံသက်သက်၊
ရှင့်ခြေသံတွေ၊ ရှင့်စကားသံတွေကို ကြားနေရရုံ သက်သက်မို့...
ကျွန်မရဲ့ ဖြစ်တည်မှုတစ်ခုကို ရှင် မေ့နေခဲ့ရင်တောင်
ကျေနပ်နေမယ့်သူပါကွယ်.... .

က်မေလ...
ရွင့္အနားက....
ေၾကာင္ေလးတစ္ေကာင္ ျဖစ္ခ်င္တယ္..........
ရွင့္ေျခသံကို ခပ္တိုးတိုးသာ နားေထာင္ေနတတ္တဲ့ ေၾကာင္တစ္ေကာင္ေပ့ါ။
တဂ်ီဂ်ီေညႇာင္တတ္တဲ့ ေၾကာင္ တစ္ေကာင္ေတာ့ မဟုတ္ေစရပါဘူး။
ဆာေနရင္ေတာင္မွ မြတ္သိပ္မႈကို ၿမိဳသိပ္ထားၿပီး
ေခ်ာင္ေလးမွာပဲ တိတ္တိတ္ေလး ေနမယ္။
ရွင္က စိတ္လိုလက္ရ က်မကိုေပြ႕ခ်ီလို႔ ရင္ခြင္ထဲမွာထားရင္း
စာအုပ္ဖတ္ေနတာပဲျဖစ္ျဖစ္...
သတင္းစာဖတ္ေနတာပဲျဖစ္ျဖစ္..
တယ္လီဖုန္းပြတ္ေနတာပဲျဖစ္ျဖစ္..
အို.... ယုတ္စြအဆုံး
ရွင့္ခ်စ္သူနဲ႔ ညညဖုန္းေတြေျပာေနခ်ိန္ပဲျဖစ္ျဖစ္...
က်မ ၿငိမ္ၿငိမ္ေလး ေနေပးပါ့မယ္...
တစ္ခါတရံေတာ့....
ရွင့္ေမးေစ့ေပၚက မႈတ္ဆိတ္ေမႊးေရးေရးေလးေတြကို
က်မရဲ႕နဖူးျပင္နဲ႔
ျမတ္ႏိုးစြာ.. ပြတ္သပ္ခြင့္ျပဳပါ...
ရွင္ ေနမေကာင္းခ်ိန္ေတြမွာ...
လဲေလ်ာင္းရာ ကုတင္ထက္ အသံမျမည္ေအာင္တက္လို႔
ရွင့္ေျခေထာက္ေတြနား
ေခြေခြေလး လွဲေနခြင့္ျပဳပါ...။
က်မေလ...
ရွင့္အနားက ေၾကာင္တစ္ေကာင္ျဖစ္ခ်င္တာ...
ရွင္ရွိေနရာ အိမ္ကေလးထဲမွာ ရွိေန႐ုံသက္သက္၊
ရွင့္ေျခသံေတြ၊ ရွင့္စကားသံေတြကို ၾကားေနရ႐ုံ သက္သက္မို႔...
ကြၽန္မရဲ႕ ျဖစ္တည္မႈတစ္ခုကို ရွင္ ေမ့ေနခဲ့ရင္ေတာင္
ေက်နပ္ေနမယ့္သူပါကြယ္.... .
Comentarios