top of page

Adoration

  • Writer: အိမ့်ချမ်းမြေ့
    အိမ့်ချမ်းမြေ့
  • Dec 7, 2018
  • 1 min read

Updated: Sep 3, 2020

မြတ်နိုးတယ်....

ကောက်ယူနမ်းရှိုက်...

ထွေးပိုက်ထားချင်ပေမဲ့....

ထိတောင် မထိခဲ့ပါဘူးကွယ်....


ကိုယ်သေဆုံးသွားတဲ့အခါ...

ဒီကမ္ဘာပေါ်မှာ နေခဲ့စဉ်က ကိုယ်လုပ်ခဲ့တဲ့အရာတွေကို..

သူတို့က ဖန်သားပြင်ပေါ်မှာ အကုန်ပြန်ပြပြီး

performance review လို လုပ်တဲ့အခါ...


မင်းကို...

သစ်ရွက်လေးတစ်ရွက်ကို ဖြူစင်စွာမြတ်နိုးမိသလို...

တိတ်တခိုး စုံမက်မိခဲ့တဲ့အကြောင်းတွေကိုတော့...

သူတော်စင်တို့ရဲ့ ရှေ့မှာ..

ကိုယ်.....

ဝန်ခံပါ့မယ်...

♫••·˙အိမ့်ချမ်းမြေ့ ˙·••♫

תגובות


အီးမေးနှင့်လည်း ရယူဖတ်ရှုနိုင်ပါတယ်..

ကျေးဇူးတင်ပါတယ်ရှင်..

© 2023 by အိမ့်ချမ်းမြေ့

bottom of page