top of page

မျှော်လိုက်ရတာ နှင်းရယ်....

  • Writer: အိမ့်ချမ်းမြေ့
    အိမ့်ချမ်းမြေ့
  • Jan 2, 2019
  • 1 min read

Updated: Sep 3, 2020

လင်းယုန်တွေနဲ့ စကားပြောဖို့

ပစိဖိတ်ကမ်းရိုးတန်းဘက်

လမ်းလျှောက်ထွက်ခဲ့တယ်...

ကြည့်ပါဦး...

ဒါဟာ..

ကနေဒါရဲ့ ဆောင်းရာသီတဲ့လား...

နှင်းပွင့်လေးတွေကို

ခဏလေးပဲဖြစ်ဖြစ်

မစေလွှတ်တော့ဘူးတဲ့လား...


ပြောပါဦး ဆောင်းရယ်...

ကိုယ့်မှာတော့ ...

မျှော်နေလိုက်ရတာ...


ဒီလိုနဲ့....

အနောက်ဘက်မြို့လေးတစ်မြို့မှာတော့

နှင်းမဲ့ဆောင်း ကုန်ဆုံးလို့..

နွေဦးရာသီ

ရောက်ပြန်ဦးတော့မယ်ထင်ရဲ့ကွယ်...

Comentarios


အီးမေးနှင့်လည်း ရယူဖတ်ရှုနိုင်ပါတယ်..

ကျေးဇူးတင်ပါတယ်ရှင်..

© 2023 by အိမ့်ချမ်းမြေ့

bottom of page