ကြယ်တံခွန်
- အိမ့်ချမ်းမြေ့
- Jul 22, 2020
- 1 min read
Updated: Sep 25, 2020
ဟိုးအစကတည်းက ရည်ရွယ်ရာက
ကိုယ်မှ မဟုတ်ဘဲကွယ်......
အင်အားပိုကြီးမားပြီး
တရှိန်ရှိန်တောက်လောက်နေတဲ့
နေမင်းကြီးဆီကို
ဦးတည်သွားနေလို့
မင်းဖြစ်တည်မှုတွေကို
အရည်ပျော်ကျပေးနေရင်း
လှပစွာတလက်လက်တောက်ပနေမှုတစ်ခု....
ဟုတ်တယ်....
ကိုယ်ကသာစွဲလန်းလို့
အမှောင်ရိပ်ထဲက
တိတ်တဆိတ်
ငေးကြည့်နေခဲ့ရသူပါ.......
မင်းသူနဲ့ နီးလာလေတိုင်း
ကိုယ်နဲ့ ၀ေး၀ေးသွားလို့
အမြင်အာရုံတွေထဲ
တဖြည်းဖြည်းမှုန်၀ါးသွားလေတိုင်း
သူ့ကြောင့်....
မင်းအရည်တွေပျော်လို့
ပျောက်ဆုံးပျက်သုဥ်းသွားမှာ
စိုးပါတယ်ကွယ်....
ကိုယ်.......
ရင်ခုန်လိုက်မိမှာကို
အံကြိတ်မြိုသိပ်ရင်း
တစ်သက်စာ မြတ်နိုးနေမယ်...........
♫••·˙အိမ့်ချမ်းမြေ့ ˙·••♫

♫••·˙ၾကယ္တံခြန္ ˙·••♫
ဟိုးအစကတည္းက ရည္႐ြယ္ရာက
ကိုယ္မွ မဟုတ္ဘဲကြယ္......
အင္အားပိုႀကီးမားၿပီး
တရွိန္ရွိန္ေတာက္ေလာက္ေနတဲ့
ေနမင္းႀကီးဆီကို
ဦးတည္သြားေနလို႔
မင္းျဖစ္တည္မႈေတြကို
အရည္ေပ်ာ္က်ေပးေနရင္း
လွပစြာတလက္လက္ေတာက္ပေနမႈတစ္ခု....
ဟုတ္တယ္....
ကိုယ္ကသာစြဲလန္းလို႔
အေမွာင္ရိပ္ထဲက
တိတ္တဆိတ္
ေငးၾကည့္ေနခဲ့ရသူပါ.......
မင္းသူနဲ႔ နီးလာေလတိုင္း
ကိုယ္နဲ႔ ၀ေး၀ေးသြားလို႔
အျမင္အာ႐ုံေတြထဲ
တျဖည္းျဖည္းမႈန္၀ါးသြားေလတိုင္း
သူ႔ေၾကာင့္....
မင္းအရည္ေတြေပ်ာ္လို႔
ေပ်ာက္ဆုံးပ်က္သုဥ္းသြားမွာ
စိုးပါတယ္ကြယ္....
ကိုယ္.......
ရင္ခုန္လိုက္မိမွာကို
အံႀကိတ္ၿမိဳသိပ္ရင္း
တစ္သက္စာ ျမတ္ႏိုးေနမယ္...........
♫••·˙အိမ့္ခ်မ္းေျမ့ ˙·••♫
Comments