ရာသီခွင်များရဲ့ အားနည်းချက်များ
- အိမ့်ချမ်းမြေ့
- Sep 2, 2020
- 4 min read
Updated: Sep 25, 2020
လူတွေဟာ ကိုယ့်ရဲ့ကောင်းကွက်လေးတွေကိုပဲ ဖတ်မိကြတာများမှာပါ။ ဒါကတော့ ဆိုးကွက် သို့မဟုတ် အားနည်းချက်တွေပေါ့။ မှန်တာ မှားတာကတော့ တစ်ဦးချင်းအပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ အကုန်လည်း မမှန်နိုင်သလို၊ အကုန်လည်း မမှားနိုင်ဘူးပေါ့နော်။ မလေးတော့ အပျော်သဘောနဲ့ ဖတ်ကြည့်လိုက်ပြီး ကျန်သူတွေလည်း ဖတ်လို့ရအောင် မြန်မာလို ပြန်ရေးပေးလိုက်တယ်။ တစ်ယောက်မှကို မလွတ်ဘူး။ မွေးနေ့တွေလည်း မသိပါဘူးလို့။
မကြိုက်ရင် အော်ရီဂျင်နယ်ရေးသူကိုပဲ စိတ်ဆိုးကြနော်...။
🍇 Gemini the shallow (မေထုန်ရာသီဖွား အပေါ်ယံသမားများ)
မင်းတို့ကတော့ ဗဟုသုတရှာမှီးတယ်၊ စာတွေဖတ်တယ်၊ ခရီးတွေထွက်တယ်။ ဒါကြောင့် ကိုယ်ကို ဗဟုသုတအရမ်းများတယ်လို့ ဂုဏ်ယူတတ်ကြတယ်။ ဒါပေမယ့်လည်း လူဆိုတာ အကုန်လုံးကို အလုံးစုံ မသိနိုင်ဘူး။ ကိုယ်သိသမျှတိုင်းကို လူတိုင်းကိုလိုက်ပြောတဲ့အခါမှာလည်း လူတွေက ဗဟုသုတပြည့်စုံတယ်လို့ မမြင်တော့ဘဲ၊ လူအထင်ကြီးအောင် လျှောက်ပြောနေတဲ့ အပြောသမားတွေလို့ မြင်လာကြလိမ့်မယ်။ ဒါ့အပြင် မျက်နှာနှစ်ဘက်နဲ့လူတွေလို့ သတ်မှတ်ခံရတတ်တယ်။ “shallow” လို့ မြင်လာကြလိမ့်မယ်။ ဒါကြောင့် နောက်တစ်ခါမှာ လူတွေကြားထဲရောက်ရင် ကိုယ့်ကိုကိုယ် “expert knowledge” ပုံစံမျိုးမဖြစ်အောင် စကားနည်းနည်းပြောပြီး များများနားထောင်တတ်တဲ့ အကျင့်ကို လုပ်ပါ။
🌴 Cancer the whiner (ကရကဋ်ရာသီဖွား ငြီးငြူကြသူများ)
မိဘ၊ ဆွေမျိုး မောင်နှမတွေကို အရမ်းဂရုစိုက်တယ်။ သူတို့နဲ့ပတ်သက်လာရင် ခံစားလွယ်တယ်။ ဒါပေမယ့် လိုတာထက်ပိုတဲ့အခါ စိတ်ခံစားလွယ်သူတွေဖြစ်တယ်။ ဘယ်သူကမှ ငြီးငြူတတ်သူကို မကြိုက်ဘူး။ ကိုယ့်စိတ်ကို ထိန်းနိုင်ရမယ်။ အထူးသဖြင့် ကိုယ်ချစ်ခင်သူတွေနဲ့ ပတ်သက်လာတဲ့အခါ သိပ်မခံစားပါနဲ့။ အရာရာကို အကုန်လိုက်ပြီးခံစားတဲ့အခါ၊ ငြီးငြူစူပြီး မကျေနပ်တွေဖြစ်လာတဲ့အခါ လူတွေက သင့်ကို ဘာမဆို complain ပဲလုပ်နေတာပဲလို့ မြင်လာလိမ့်မယ်။
🍁 Leo the bossy (သိဟ်ရာသီဖွား ဆရာကြီးများ)
မင်းကတော့ မင်းကိုမင်း သိပ်ချစ်တဲ့သူပဲ။ မင်းရဲ့ကောင်းတဲ့အရည်အချင်းတွေကိုလည်း သိပ်ဂုဏ်ယူတတ်သူ။ သူများတွေက မင်းရဲ့ဂုဏ်သတ္တိတွေကို မကြိုက်ရင်လည်း မင်းက အေးဆေးပါပဲ။ ဒါပေမယ့် လီယိုရေ... မင်းကတော့ မင်းကိုမင်း မွေးကတည်းက ခေါင်းဆောင်မှုအရည်အချင်းတွေနဲ့ မွေးဖွားလာတာလို့ မြင်ပေမယ့် အချို့လူတွေကတော့ မင်းကို ဆရာကြီးလုပ်နေတယ်လို့ ထင်ကြတယ်။ နောက်တစ်ခါတော့ လူတွေကို လက်ညှိုးထိုးပြီး ဘာလုပ်ဘာလုပ်ပါလို့ လူတွေကို မခိုင်းပါနဲ့။ ခေါင်းဆောင်တစ်ယောက်လိုကျင့်ကြံပါ.. ဒါပေမယ့် ခြေတစ်လှမ်းဆုတ်ပြီး စောင့်ကြည့်တတ်အောင် ကြိုးစားပါ။
🍒 Virgo the my-way (ကန်ရာသီဖွား ငါပဲအမှန်များ)
မင်းကတော့ အရာရာကို စည်းစနစ်တကျ စီမံဆောင်ရွက်တတ်တယ်။ ကိုယ့်ဘဝအတွက်လည်း စီမံကိန်းချရုံမက သူများဘဝတွေကိုပါ လိုက်ပြီး စီမံဆောင်ရွက်နေတော့ ကြာလာတော့ control freak ဖြစ်လာတယ်။ ဘယ်သူကမှ ကိုယ့်ကို ကွန်ထရိုးလုပ်တာကို မကြိုက်ဘူး။ အသေးအမွှားတွေကအစ လူတွေကို လိုက် ကွန်ထရိုးလုပ်နေခြင်းကို လျော့ပြီး အေးဆေးနေတတ်အောင်နေပါ။ Chill out!
☘ Libra the pushover (တူရာသီဖွား အရာရာအလျော့ပေးသူများ)
မင်းကတော့ အရာရာကို balance ဖြစ်အောင်နေတယ်။ ဘယ်အရာမဆို မပူလွန်း မအေးလွန်း၊ မမြင့်လွန်း မနိမ့်လွန်း။ အလုပ်တွေအများကြီးလည်း မလုပ်ချင်သလို ဘာအလုပ်မှမလုပ်ဘဲလည်း ထိုင်မနေချင်ဘူး။ ဘယ်အရာကိုမဆို balance ဖြစ်အောင်နေတယ်ဆိုပေမယ့် တကယ်တမ်းက မင်းဟာ ဆုံးဖြတ်ချက် မခိုင်မာသူတစ်ယောက်။ ဒါကြောင့် လူတွေက မင်းကို အသုံးချလာလိမ့်မယ်။ မိမိလိုအင်ဆန္ဒထက် လူများရဲ့အလိုကိုသာပဲ လိုက်နေရတဲ့ ဘဝရောက်သွားတတ်တယ်။
🍄 Scorpio the cheater (ဗြိစ္ဆာရာသီဖွား လှည့်ဖျားသူများ)
မင်းကတော့ ခံစားချက်ကို ရှေ့တန်းတင်တတ်တယ်။ ကိုယ့်စိတ်ခံစားချက်ရှိတဲ့အတိုင်း ဘဝမှာ နေချင်သလို နေတတ်တဲ့ သဘောရှိတယ်။ အခြားသူတွေခံစားတာထက်လည်း အရာရာကို လေးလေးနက်နက်ခံစားတတ်တယ်။ လူမှုဆက်ဆံရေးတိုင်းကို အကောင်းဆုံးဖြစ်အောင် အဘက်ဘက်က အစွန်းကုန်ကြိုးစားတတ်တယ်။ ဒါပေမယ့် အဲဒီအရာဟာ အဆိုးကို ဖြစ်စေတတ်တာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ စိတ်ခံစားချက်ကိုလိုက်ပြီး တစ်ခုခုကိုလိုချင်ပြီဆိုရင် ရအောင်ယူတတ်တော့ ကျန်တဲ့ အချက်အလက်တွေကို မစဉ်းစားတော့ဘူး။ အဲဒီအတွက် မင်းကို လူတွေက cheater တစ်ယောက်လို့ မြင်ကြတော့တာ။
🌳 Sagittarius the pretender (ဓနုရာသီဖွား ဟန်ဆောင်သူများ)
မင်းတို့ကို free-spirit လို့ လူတွေကထင်ရင် သဘောကျတတ်ကြတယ်။ ဒါပေမယ့်လည်း zen တွေ ယောဂတွေကျင့်ပြနေပေမယ့်လည်း ဟိုး deep down မှာတော့ ရေတံခွန်တွေ တဝေါဝေါကျနေသလို စိတ်တွေက မငြိမ်ဘူး။ စိတ်ကလည်း အရမ်းပူတတ်သေးတယ်။ လူတွေက မင်းကို cool and calm လို့ မမြင်မှာလည်း စိုးရိမ်လိုက်သေးတယ်။ အဲသလို လူတွေဘာထင်မလဲလို့ စိုးရိမ်တတ်တဲ့ စိတ်တွေကို ဖျောက်၊ လူတွေဘယ်လိုထင်မလဲ စိုးရိမ်တာတွေကိုဖယ်ပြီး အရှိအတိုင်းနေတတ်အောင် ကျင့်ပါ။
🍃 Capricorn the Opportunists (မကာရရာသီဖွား အခွင့်ရေးသမားများ)
မင်းတို့ကတော့ ငယ်စဉ်ကတည်းက ရည်မှန်းချက်အရမ်းကြီးတယ်။ အိမ်မက်အကြီးကြီးတွေမက်ပြီး အိမ်မက်တွေကို အကောင်ထည်ဖော်တတ်ကြတယ်။ ငယ်စဉ်ကတည်းက စာကြည့်တိုက်ထဲမှာ စာအုပ်နဲ့မျက်နှာ မခွာ၊ မိုးလင်းအောင်လည်း စာတွေဖတ်တတ်တယ်။ အတန်းထဲမှာလည်း အမှတ်အမြင့်ဆုံးရသူတွေထဲ ပါတယ်။ လုပ်ငန်းခွင်ထဲရောက်ရင်လည်း ရာထူးတွေ ထိုးပြီးတက်လောက်အောင် အလုပ်ကြိုးစားတယ်။ ဒါပေမယ့်လည်း မင်းတို့ရဲ့ အားနည်းချက်က လူတွေကို နင်းပြီးမှ တက်တတ်တဲ့ သဘောရှိတယ်။ မင်းတို့ဟာ “social climber” တွေ။ မိတ်ဆွေအပေါင်းအသင်းလုပ်ရင်လည်း အကျိုးအမြတ်အတွက် မိတ်ဆွေဖွဲ့တာသာဖြစ်တယ်။ အပေါင်းအသင်းဆိုတာဟာ မင်းတို့ဘဝရဲ့ stepping stone တွေပေါ့။ ဒါပေမယ့် ဒါတွေဟာတစ်နေ့မှာ မကောင်းတဲ့ energy တွေအနေနဲ့ ကိုယ့်ဆီပြန်လာတတ်လို့ သတိတော့ထားစေချင်တယ်။
🍄 Aquarius the detached (ကုမ်ရာသီဖွား တစ်ကိုယ်တည်းဟုတ်နေသူများ)
မင်းတို့ကတော့ ပစ္စုပ္ပန်ကလူတွေမဟုတ် အနာဂတ်ကလူတွေ။ အဲဒါကြောင့်လည်း မင်းတို့ကိုယ်မင်းတို့ သူများနဲ့မတူ တမူထူးခြားတယ်လို့ မြင်တယ်။ သူငယ်ချင်းအပေါင်းအသင်းလည်း များများမထားဘူး။ လူတွေက မင်းတို့ကို နားမလည်ဘူးဆိုတာလည်း သိတယ်။ ဒါပေမယ့်လည်း ဂရုမစိုက်ဘူး။ ဘာလို့ဆို မင်းတို့ဟာ people pleasing type လည်း မဟုတ်ဘူး။ ဒါပေမယ့် မင်းတို့သိရမှာက မင်းတို့မှာ အပေါင်းသင်းနည်းနည်းပဲ ရှိတယ်ဆိုတာ မင်းတို့အရမ်း တမူထူးခြားလွန်းနေလို့ မဟုတ်ဘူး၊ လူတွေက မင်းတို့ကို နားမလည်လို့လည်း မဟုတ်ဘူး။ မင်းတို့ကကို ဘယ်သူ့ကိုမှ သူငယ်ချင်းမလုပ်တာ။ တစ်ခါတလေ ကိုယ်ကစပြီး သူငယ်ချင်းထားကြည့်ပါလား။ ဘဝမှာ ထူးခြားမှုတွေ တွေ့လာနိုင်တာပေါ့။
🍞 Pisces the emotional (မိန်ရာသီဖွား စိတ်ခံစားချက်များသူများ)
မင်းတို့ကတော့ အားလုံးထဲမှာ စိတ်ခံစားမှု အလွန်ကဲဆုံးတွေပဲ။ roller coaster လိုပဲ တစ်ချိန်လုံး နိမ့်လိုက်မြင့်လိုက်၊ ပျော်ရင်လည်း အရမ်းပျော်၊ စိတ်ညစ်ရင်လည်း တွင်းထဲကကို မထွက်နိုင်တော့ဘူး။ ကိုယ့်စိတ်ကို အဲသလိုလွှတ်ထားတာ မကောင်းတဲ့အပြင် အန္တရာယ်တောင် ရှိတယ်။ ဘာမဆို ခံစားချက်နဲ့ မကြည့်သင့်ဘူး။ ကိုယ့်စိတ်ကို မထိန်းနိုင်ရင် လောကကြီးတစ်ခုလုံးကို ကြည်ကြည်လင်လင် ဘယ်တော့မှ မြင်နိုင်မှာ မဟုတ်ဘူး။
🕸️ Aries the me me me (မိဿရာသီဖွား ငါ-ငါ-ငါ များ)
မင်းတို့ကတော့ စွန့်စားတတ်ကြတယ်၊ ခေါင်းမာတယ်။ အဲဒါကိုလည်း ဂုဏ်ယူတတ်ကြတယ်။ ကိုယ့်ဘဝကိုယ့်လမ်းကို ဘယ်သူဘာပြောပြော ကိုယ့်ဘာသာ လျှောက်ရတာကိုလည်း ဂုဏ်ယူတယ်။ ဒါပေမယ့် အဲဒီအရာဟာ တကိုယ်ကောင်းဆန်ခြင်းနဲ့ ဆက်နွယ်နေတတ်တယ်။ အခြားသူတွေဘယ်လိုခံစားရမလဲ နည်းနည်းကိုယ်ချင်းစာတတ်တဲ့ စိတ်လေးထားတာနဲ့ မင်းတို့ရဲ့ ဘဝရည်မှန်းချက်တွေ ပျောက်ပျက်မသွားလောက်ပါဘူး။ သူများတွေပေးတဲ့ အကြံဉာဏ်တွေက မင်းတို့ရည်မှန်းချက်တွေကို လုံးဝယိုင်နဲ့သွားမှာပဲဆိုတဲ့ စိတ်ကိုဖျောက်ကြည့်ရင် အကျိုးအမြတ်တွေ အများကြီးရလာနိုင်တယ်။
🐞 Taurus the discounted (ပြိဿရာသီဖွား ကပ်စေးနဲသူများ)
မင်းတို့ကတော့ အချိန်တိကျတယ်၊ တိတိကျကျ လုပ်ကိုင်တတ်တယ်။ ငွေစာရင်းဆိုလည်း တိတိကျကျ ကိုင်တွယ်တတ်တယ်။ တစ်ပြားတစ်ချပ်မှ အလဟသ မကုန်ရဘူး။ ဒါပေမယ့် အဲဒါဟာလည်း ကပ်စေးနဲခြင်းနဲ့ သွားပြီး ယှက်နွှယ်နေတတ်တယ်။ ကပ်စေးနဲခြင်းမှတဆင့် လောဘကြီးခြင်းပါ ဖြစ်တတ်ကြတယ်။ ကိုယ့်ပိုက်ဆံ တစ်ပြား ပါသွားမှာကို အရမ်းနှမြောတယ်။ စားသောက်ဆိုင်တွေမှာဆိုရင်လည်း ဝန်ဆောင်မှုတောင် မပေးချင်တတ်ကြဘူး။ ကပ်စေးနည်းခြင်း၊ လောဘကြီးခြင်း စတဲ့ အကျင့်တွေဖျောက်ပြီး စည်းနဲ့ဘောင်နဲ့ ရက်ရောတတ်လာအောင် လုပ်နိုင်ရင်ပိုကောင်းမယ်။
............
အပေါ်မှာ ပြောသလိုပဲ..
တစ်ယောက်မှကို မလွတ်ဘူး။ မလေးတော့ အပျော်သဘောနဲ့ ဖတ်ကြည့်လိုက်ပြီး ကျန်သူတွေလည်း ဖတ်လို့ရအောင် မြန်မာလို ပြန်ရေးပေးလိုက်တယ်။ တစ်ယောက်မှကို မလွတ်ဘူး။ မကြိုက်ရင် အော်ရီဂျင်နယ်ရေးသူကိုပဲ စိတ်ဆိုးကြနော်...။
~~Test your sense of humour~~

ရာသီခြင္မ်ားရဲ႕ အားနည္းခ်က္မ်ား (Zaw Gyi font)
လူေတြဟာ ကိုယ့္ရဲ႕ေကာင္းကြက္ေလးေတြကိုပဲ ဖတ္မိၾကတာမ်ားမွာပါ။ ဒါကေတာ့ ဆိုးကြက္ သို႔မဟုတ္ အားနည္းခ်က္ေတြေပါ့။ မွန္တာ မွားတာကေတာ့ တစ္ဦးခ်င္းအေပၚမွာပဲ မူတည္ပါလိမ့္မယ္။ အကုန္လည္း မမွန္ႏိုင္သလို၊ အကုန္လည္း မမွားႏိုင္ဘူးေပါ့ေနာ္။ မေလးေတာ့ အေပ်ာ္သေဘာနဲ႔ ဖတ္ၾကည့္လိုက္ၿပီး က်န္သူေတြလည္း ဖတ္လို႔ရေအာင္ ျမန္မာလို ျပန္ေရးေပးလိုက္တယ္။ တစ္ေယာက္မွကို မလြတ္ဘူး။ ေမြးေန႔ေတြလည္း မသိပါဘူးလို႔။
မႀကိဳက္ရင္ ေအာ္ရီဂ်င္နယ္ေရးသူကိုပဲ စိတ္ဆိုးၾကေနာ္...။
🍇 Gemini the shallow (ေမထုန္ရာသီဖြား အေပၚယံသမားမ်ား)
မင္းတို႔ကေတာ့ ဗဟုသုတရွာမွီးတယ္၊ စာေတြဖတ္တယ္၊ ခရီးေတြထြက္တယ္။ ဒါေၾကာင့္ ကိုယ္ကို ဗဟုသုတအရမ္းမ်ားတယ္လို႔ ဂုဏ္ယူတတ္ၾကတယ္။ ဒါေပမယ့္လည္း လူဆိုတာ အကုန္လုံးကို အလုံးစုံ မသိႏိုင္ဘူး။ ကိုယ္သိသမွ်တိုင္းကို လူတိုင္းကိုလိုက္ေျပာတဲ့အခါမွာလည္း လူေတြက ဗဟုသုတျပည့္စုံတယ္လို႔ မျမင္ေတာ့ဘဲ၊ လူအထင္ႀကီးေအာင္ ေလွ်ာက္ေျပာေနတဲ့ အေျပာသမားေတြလို႔ ျမင္လာၾကလိမ့္မယ္။ ဒါ့အျပင္ မ်က္ႏွာႏွစ္ဘက္နဲ႔လူေတြလို႔ သတ္မွတ္ခံရတတ္တယ္။ “shallow” လို႔ ျမင္လာၾကလိမ့္မယ္။ ဒါေၾကာင့္ ေနာက္တစ္ခါမွာ လူေတြၾကားထဲေရာက္ရင္ ကိုယ့္ကိုကိုယ္ “expert knowledge” ပုံစံမ်ိဳးမျဖစ္ေအာင္ စကားနည္းနည္းေျပာၿပီး မ်ားမ်ားနားေထာင္တတ္တဲ့ အက်င့္ကို လုပ္ပါ။
🌴 Cancer the whiner (ကရကဋ္ရာသီဖြား ၿငီးျငဴၾကသူမ်ား)
မိဘ၊ ေဆြမ်ိဳး ေမာင္ႏွမေတြကို အရမ္းဂ႐ုစိုက္တယ္။ သူတို႔နဲ႔ပတ္သက္လာရင္ ခံစားလြယ္တယ္။ ဒါေပမယ့္ လိုတာထက္ပိုတဲ့အခါ စိတ္ခံစားလြယ္သူေတြျဖစ္တယ္။ ဘယ္သူကမွ ၿငီးျငဴတတ္သူကို မႀကိဳက္ဘူး။ ကိုယ့္စိတ္ကို ထိန္းႏိုင္ရမယ္။ အထူးသျဖင့္ ကိုယ္ခ်စ္ခင္သူေတြနဲ႔ ပတ္သက္လာတဲ့အခါ သိပ္မခံစားပါနဲ႔။ အရာရာကို အကုန္လိုက္ၿပီးခံစားတဲ့အခါ၊ ၿငီးျငဴစူၿပီး မေက်နပ္ေတြျဖစ္လာတဲ့အခါ လူေတြက သင့္ကို ဘာမဆို complain ပဲလုပ္ေနတာပဲလို႔ ျမင္လာလိမ့္မယ္။
🍁 Leo the bossy (သိဟ္ရာသီဖြား ဆရာႀကီးမ်ား)
မင္းကေတာ့ မင္းကိုမင္း သိပ္ခ်စ္တဲ့သူပဲ။ မင္းရဲ႕ေကာင္းတဲ့အရည္အခ်င္းေတြကိုလည္း သိပ္ဂုဏ္ယူတတ္သူ။ သူမ်ားေတြက မင္းရဲ႕ဂုဏ္သတၱိေတြကို မႀကိဳက္ရင္လည္း မင္းက ေအးေဆးပါပဲ။ ဒါေပမယ့္ လီယိုေရ... မင္းကေတာ့ မင္းကိုမင္း ေမြးကတည္းက ေခါင္းေဆာင္မႈအရည္အခ်င္းေတြနဲ႔ ေမြးဖြားလာတာလို႔ ျမင္ေပမယ့္ အခ်ိဳ႕လူေတြကေတာ့ မင္းကို ဆရာႀကီးလုပ္ေနတယ္လို႔ ထင္ၾကတယ္။ ေနာက္တစ္ခါေတာ့ လူေတြကို လက္ညႇိဳးထိုးၿပီး ဘာလုပ္ဘာလုပ္ပါလို႔ လူေတြကို မခိုင္းပါနဲ႔။ ေခါင္းေဆာင္တစ္ေယာက္လိုက်င့္ႀကံပါ.. ဒါေပမယ့္ ေျခတစ္လွမ္းဆုတ္ၿပီး ေစာင့္ၾကည့္တတ္ေအာင္ ႀကိဳးစားပါ။
🍒 Virgo the my-way (ကန္ရာသီဖြား ငါပဲအမွန္မ်ား)
မင္းကေတာ့ အရာရာကို စည္းစနစ္တက် စီမံေဆာင္႐ြက္တတ္တယ္။ ကိုယ့္ဘဝအတြက္လည္း စီမံကိန္းခ်႐ုံမက သူမ်ားဘဝေတြကိုပါ လိုက္ၿပီး စီမံေဆာင္႐ြက္ေနေတာ့ ၾကာလာေတာ့ control freak ျဖစ္လာတယ္။ ဘယ္သူကမွ ကိုယ့္ကို ကြန္ထ႐ိုးလုပ္တာကို မႀကိဳက္ဘူး။ အေသးအမႊားေတြကအစ လူေတြကို လိုက္ ကြန္ထ႐ိုးလုပ္ေနျခင္းကို ေလ်ာ့ၿပီး ေအးေဆးေနတတ္ေအာင္ေနပါ။ Chill out!
☘ Libra the pushover (တူရာသီဖြား အရာရာအေလ်ာ့ေပးသူမ်ား)
မင္းကေတာ့ အရာရာကို balance ျဖစ္ေအာင္ေနတယ္။ ဘယ္အရာမဆို မပူလြန္း မေအးလြန္း၊ မျမင့္လြန္း မနိမ့္လြန္း။ အလုပ္ေတြအမ်ားႀကီးလည္း မလုပ္ခ်င္သလို ဘာအလုပ္မွမလုပ္ဘဲလည္း ထိုင္မေနခ်င္ဘူး။ ဘယ္အရာကိုမဆို balance ျဖစ္ေအာင္ေနတယ္ဆိုေပမယ့္ တကယ္တမ္းက မင္းဟာ ဆုံးျဖတ္ခ်က္ မခိုင္မာသူတစ္ေယာက္။ ဒါေၾကာင့္ လူေတြက မင္းကို အသုံးခ်လာလိမ့္မယ္။ မိမိလိုအင္ဆႏၵထက္ လူမ်ားရဲ႕အလိုကိုသာပဲ လိုက္ေနရတဲ့ ဘဝေရာက္သြားတတ္တယ္။
🍄 Scorpio the cheater (ၿဗိစာၦရာသီဖြား လွည့္ဖ်ားသူမ်ား)
မင္းကေတာ့ ခံစားခ်က္ကို ေရွ႕တန္းတင္တတ္တယ္။ ကိုယ့္စိတ္ခံစားခ်က္ရွိတဲ့အတိုင္း ဘဝမွာ ေနခ်င္သလို ေနတတ္တဲ့ သေဘာရွိတယ္။ အျခားသူေတြခံစားတာထက္လည္း အရာရာကို ေလးေလးနက္နက္ခံစားတတ္တယ္။ လူမႈဆက္ဆံေရးတိုင္းကို အေကာင္းဆုံးျဖစ္ေအာင္ အဘက္ဘက္က အစြန္းကုန္ႀကိဳးစားတတ္တယ္။ ဒါေပမယ့္ အဲဒီအရာဟာ အဆိုးကို ျဖစ္ေစတတ္တာပဲ။ ဘာျဖစ္လို႔လည္းဆိုေတာ့ စိတ္ခံစားခ်က္ကိုလိုက္ၿပီး တစ္ခုခုကိုလိုခ်င္ၿပီဆိုရင္ ရေအာင္ယူတတ္ေတာ့ က်န္တဲ့ အခ်က္အလက္ေတြကို မစဥ္းစားေတာ့ဘူး။ အဲဒီအတြက္ မင္းကို လူေတြက cheater တစ္ေယာက္လို႔ ျမင္ၾကေတာ့တာ။
🌳 Sagittarius the pretender (ဓႏုရာသီဖြား ဟန္ေဆာင္သူမ်ား)
မင္းတို႔ကို free-spirit လို႔ လူေတြကထင္ရင္ သေဘာက်တတ္ၾကတယ္။ ဒါေပမယ့္လည္း zen ေတြ ေယာဂေတြက်င့္ျပေနေပမယ့္လည္း ဟိုး deep down မွာေတာ့ ေရတံခြန္ေတြ တေဝါေဝါက်ေနသလို စိတ္ေတြက မၿငိမ္ဘူး။ စိတ္ကလည္း အရမ္းပူတတ္ေသးတယ္။ လူေတြက မင္းကို cool and calm လို႔ မျမင္မွာလည္း စိုးရိမ္လိုက္ေသးတယ္။ အဲသလို လူေတြဘာထင္မလဲလို႔ စိုးရိမ္တတ္တဲ့ စိတ္ေတြကို ေဖ်ာက္၊ လူေတြဘယ္လိုထင္မလဲ စိုးရိမ္တာေတြကိုဖယ္ၿပီး အရွိအတိုင္းေနတတ္ေအာင္ က်င့္ပါ။
🍃 Capricorn the Opportunists (မကာရရာသီဖြား အခြင့္ေရးသမားမ်ား)
မင္းတို႔ကေတာ့ ငယ္စဥ္ကတည္းက ရည္မွန္းခ်က္အရမ္းႀကီးတယ္။ အိမ္မက္အႀကီးႀကီးေတြမက္ၿပီး အိမ္မက္ေတြကို အေကာင္ထည္ေဖာ္တတ္ၾကတယ္။ ငယ္စဥ္ကတည္းက စာၾကည့္တိုက္ထဲမွာ စာအုပ္နဲ႔မ်က္ႏွာ မခြာ၊ မိုးလင္းေအာင္လည္း စာေတြဖတ္တတ္တယ္။ အတန္းထဲမွာလည္း အမွတ္အျမင့္ဆုံးရသူေတြထဲ ပါတယ္။ လုပ္ငန္းခြင္ထဲေရာက္ရင္လည္း ရာထူးေတြ ထိုးၿပီးတက္ေလာက္ေအာင္ အလုပ္ႀကိဳးစားတယ္။ ဒါေပမယ့္လည္း မင္းတို႔ရဲ႕ အားနည္းခ်က္က လူေတြကို နင္းၿပီးမွ တက္တတ္တဲ့ သေဘာရွိတယ္။ မင္းတို႔ဟာ “social climber” ေတြ။ မိတ္ေဆြအေပါင္းအသင္းလုပ္ရင္လည္း အက်ိဳးအျမတ္အတြက္ မိတ္ေဆြဖြဲ႕တာသာျဖစ္တယ္။ အေပါင္းအသင္းဆိုတာဟာ မင္းတို႔ဘဝရဲ႕ stepping stone ေတြေပါ့။ ဒါေပမယ့္ ဒါေတြဟာတစ္ေန႔မွာ မေကာင္းတဲ့ energy ေတြအေနနဲ႔ ကိုယ့္ဆီျပန္လာတတ္လို႔ သတိေတာ့ထားေစခ်င္တယ္။
🍄 Aquarius the detached (ကုမ္ရာသီဖြား တစ္ကိုယ္တည္းဟုတ္ေနသူမ်ား)
မင္းတို႔ကေတာ့ ပစၥဳပၸန္ကလူေတြမဟုတ္ အနာဂတ္ကလူေတြ။ အဲဒါေၾကာင့္လည္း မင္းတို႔ကိုယ္မင္းတို႔ သူမ်ားနဲ႔မတူ တမူထူးျခားတယ္လို႔ ျမင္တယ္။ သူငယ္ခ်င္းအေပါင္းအသင္းလည္း မ်ားမ်ားမထားဘူး။ လူေတြက မင္းတို႔ကို နားမလည္ဘူးဆိုတာလည္း သိတယ္။ ဒါေပမယ့္လည္း ဂ႐ုမစိုက္ဘူး။ ဘာလို႔ဆို မင္းတို႔ဟာ people pleasing type လည္း မဟုတ္ဘူး။ ဒါေပမယ့္ မင္းတို႔သိရမွာက မင္းတို႔မွာ အေပါင္းသင္းနည္းနည္းပဲ ရွိတယ္ဆိုတာ မင္းတို႔အရမ္း တမူထူးျခားလြန္းေနလို႔ မဟုတ္ဘူး၊ လူေတြက မင္းတို႔ကို နားမလည္လို႔လည္း မဟုတ္ဘူး။ မင္းတို႔ကကို ဘယ္သူ႔ကိုမွ သူငယ္ခ်င္းမလုပ္တာ။ တစ္ခါတေလ ကိုယ္ကစၿပီး သူငယ္ခ်င္းထားၾကည့္ပါလား။ ဘဝမွာ ထူးျခားမႈေတြ ေတြ႕လာႏိုင္တာေပါ့။
🍞 Pisces the emotional (မိန္ရာသီဖြား စိတ္ခံစားခ်က္မ်ားသူမ်ား)
မင္းတို႔ကေတာ့ အားလုံးထဲမွာ စိတ္ခံစားမႈ အလြန္ကဲဆုံးေတြပဲ။ roller coaster လိုပဲ တစ္ခ်ိန္လုံး နိမ့္လိုက္ျမင့္လိုက္၊ ေပ်ာ္ရင္လည္း အရမ္းေပ်ာ္၊ စိတ္ညစ္ရင္လည္း တြင္းထဲကကို မထြက္ႏိုင္ေတာ့ဘူး။ ကိုယ့္စိတ္ကို အဲသလိုလႊတ္ထားတာ မေကာင္းတဲ့အျပင္ အႏၲရာယ္ေတာင္ ရွိတယ္။ ဘာမဆို ခံစားခ်က္နဲ႔ မၾကည့္သင့္ဘူး။ ကိုယ့္စိတ္ကို မထိန္းႏိုင္ရင္ ေလာကႀကီးတစ္ခုလုံးကို ၾကည္ၾကည္လင္လင္ ဘယ္ေတာ့မွ ျမင္ႏိုင္မွာ မဟုတ္ဘူး။
🕸️ Aries the me me me (မိႆရာသီဖြား ငါ-ငါ-ငါ မ်ား)
မင္းတို႔ကေတာ့ စြန႔္စားတတ္ၾကတယ္၊ ေခါင္းမာတယ္။ အဲဒါကိုလည္း ဂုဏ္ယူတတ္ၾကတယ္။ ကိုယ့္ဘဝကိုယ့္လမ္းကို ဘယ္သူဘာေျပာေျပာ ကိုယ့္ဘာသာ ေလွ်ာက္ရတာကိုလည္း ဂုဏ္ယူတယ္။ ဒါေပမယ့္ အဲဒီအရာဟာ တကိုယ္ေကာင္းဆန္ျခင္းနဲ႔ ဆက္ႏြယ္ေနတတ္တယ္။ အျခားသူေတြဘယ္လိုခံစားရမလဲ နည္းနည္းကိုယ္ခ်င္းစာတတ္တဲ့ စိတ္ေလးထားတာနဲ႔ မင္းတို႔ရဲ႕ ဘဝရည္မွန္းခ်က္ေတြ ေပ်ာက္ပ်က္မသြားေလာက္ပါဘူး။ သူမ်ားေတြေပးတဲ့ အႀကံဉာဏ္ေတြက မင္းတို႔ရည္မွန္းခ်က္ေတြကို လုံးဝယိုင္နဲ႔သြားမွာပဲဆိုတဲ့ စိတ္ကိုေဖ်ာက္ၾကည့္ရင္ အက်ိဳးအျမတ္ေတြ အမ်ားႀကီးရလာႏိုင္တယ္။
🐞 Taurus the discounted (ၿပိႆရာသီဖြား ကပ္ေစးနဲသူမ်ား)
မင္းတို႔ကေတာ့ အခ်ိန္တိက်တယ္၊ တိတိက်က် လုပ္ကိုင္တတ္တယ္။ ေငြစာရင္းဆိုလည္း တိတိက်က် ကိုင္တြယ္တတ္တယ္။ တစ္ျပားတစ္ခ်ပ္မွ အလဟသ မကုန္ရဘူး။ ဒါေပမယ့္ အဲဒါဟာလည္း ကပ္ေစးနဲျခင္းနဲ႔ သြားၿပီး ယွက္ႏႊယ္ေနတတ္တယ္။ ကပ္ေစးနဲျခင္းမွတဆင့္ ေလာဘႀကီးျခင္းပါ ျဖစ္တတ္ၾကတယ္။ ကိုယ့္ပိုက္ဆံ တစ္ျပား ပါသြားမွာကို အရမ္းႏွေျမာတယ္။ စားေသာက္ဆိုင္ေတြမွာဆိုရင္လည္း ဝန္ေဆာင္မႈေတာင္ မေပးခ်င္တတ္ၾကဘူး။ ကပ္ေစးနည္းျခင္း၊ ေလာဘႀကီးျခင္း စတဲ့ အက်င့္ေတြေဖ်ာက္ၿပီး စည္းနဲ႔ေဘာင္နဲ႔ ရက္ေရာတတ္လာေအာင္ လုပ္ႏိုင္ရင္ပိုေကာင္းမယ္။
............
အေပၚမွာ ေျပာသလိုပဲ..
တစ္ေယာက္မွကို မလြတ္ဘူး။ မေလးေတာ့ အေပ်ာ္သေဘာနဲ႔ ဖတ္ၾကည့္လိုက္ၿပီး က်န္သူေတြလည္း ဖတ္လို႔ရေအာင္ ျမန္မာလို ျပန္ေရးေပးလိုက္တယ္။ တစ္ေယာက္မွကို မလြတ္ဘူး။ မႀကိဳက္ရင္ ေအာ္ရီဂ်င္နယ္ေရးသူကိုပဲ စိတ္ဆိုးၾကေနာ္...။
~~Test your sense of humour~~
Comments