ခြံဝင်းထဲက ကြက်
- အိမ့်ချမ်းမြေ့
- Aug 27, 2018
- 2 min read
Updated: Aug 31, 2020
ယောက်ျားတစ်ယောက်ဟာ မိန်းမတစ်ယောက်ကိုအချိန်မရွေး ချစ်စကားကြိုက်စကားပြောပြီး အဲဒီမိန်းမကလည်း သူတို့ကို မဆိုင်းမတွ ပြန်ချစ်နိုင်မယ်လို့ ထင်နေပြီဆိုရင် အဲဒီမိန်းမကို ခြံဝင်းထဲက အချိန်မရွေး ရိုက်သတ်ပြီး ချက်စားနိုင်တဲ့ ကြက်တစ်ကောင်လိုပဲ ဆက်ဆံလိမ့်မယ်လို့ ကိုယ်ကတော့ ထင်တယ်။
ဒီမှာသာ စာတွေရေးပေမဲ့ အပြင်မှာ အနေအေးတဲ့အထဲမှာပါတဲ့ကိုယ်ဟာ ထမင်းစားချိန်ဆိုလည်း ရုံးကစာကြည့်ခန်းဖြစ်ဖြစ်၊ ပန်းခြံထဲက စားပွဲတစ်လုံးလုံးမှာဖြစ်ဖြစ် ထိုင်ပြီး တစ်ယောက်တည်းနေတတ်တယ်။ ကိုယ်ထမင်းစားချိန်မှာ စကားတွေလာပြောတာကို မကြိုက်ဘူးဆိုတာကိုလည်း သူတို့က သိနေတယ်။ အဲလိုကိုယ့်အနားကို ခင်နေတဲ့မိန်းကလေးအချို့ ယောင်လည်လည်နဲ့ လာပြီဆိုရင်တော့.. ကိုယ်သိလိုက်ပြီ။
တစ်ယောက်က အပြင်မှာ မမြင်ဖူးတဲ့ ချစ်သူက လာတွေ့မယ်ဆိုလို့ လေယာဉ်ကွင်းသွားစောင့်နေတယ်။ ပေါ်မလာဘူး။ လေယာဉ်ပေါ်ပါလာတယ်ဆိုတာကို သိနေတယ်။ လေဆိပ်မှာ သွားစောင့်နေတာ မတွေ့ခဲ့ဘူးဆိုတယ်။ ဖုန်းလည်း ဆက်မရတာ နှစ်ရက်သုံးရက်ရှိပြီတဲ့။ ငါက သိပ်မချောတော့ အဝေးကနေ လှမ်းတွေ့ပြီး ငါ့ကိုလာမတွေ့တော့တာထင်တယ်တဲ့။ လုံးဝမေ့လိုက်တော့လို့ ကိုယ်ပြောလိုက်တယ်။
နောက်တစ်ယောက်ကလည်း ခေါင်းကြပ်တယ်ဆိုပြီး သူ့နေရပ် ဟာဝိုင်ရီကို ခဏပြန်မယ်ဆိုပြီး ဖုန်းပြောချင်သလိုလို မပြောချင်သလိုလို လုပ်နေတာ တစ်လရှိပြီတဲ့။ အဲဒီတစ်ယောက်ကတော့ တော်တော်ချစ်တာ။ ပြောတိုင်း မျက်ရည်ဝဲနေတယ်။
Don't do it to yourself.. လို့ပြောလိုက်တယ်...
လုံးဝ လိုက်ဖုန်းမဆက်ပါနဲ့တော့... သူ့ဟာသူ တစ်သက်လုံး ခေါင်းကြပ်နေပါစေ... လို့ ကိုယ်ပြောလိုက်တယ်။
တစ်ယောက်ကတော့ ချစ်တာတောင်မကြာသေးဘူး။ အိမ်ပေါ်တက်လာနေ၊ ကျောင်းတက်၊ ထိုယောက်ျားစားဖို့ချက်ပြုတ်ကျွေးရသေးတယ်။ ကျောင်းပြီးတော့ ထားသွားတာ အသုံးချခံလိုက်ရတဲ့ မိန်းကလေးမှာ စိတ္တဇ ဖြစ်ခမန်းပဲ။
ဒီဘက်မှာက တစ်နှစ်အတူတူနေပြီးရင် law အရကို လင်-မယား (နီးပါး) sui iuris marriage သဘော သတ်မှတ်တာမျိုးရှိတယ်။ တရားဥပဒေအတိုင်း ဥစ္စာပစ္စည်းတွေ ခွဲဝေကြရတဲ့ ကိစ္စတွေကလည်း ရှိသေးတယ်။
relationship တွေမှာ psychological theory ဖြစ်တဲ့ seven-year itch ဆိုတာရှိတယ်။ relationship တစ်ခုရဲ့ သဘောသဘာဝကကို ၆နှစ်ကျော် ၇ နှစ်ဆိုရင် ဘားဂရပ်မှာ စိတ်လှုပ်ရှားပျော်ရွှင်မှု၊ သစ္စာထားမှုစသည့်
လိုင်းက အောင်ဆင်းလာတဲ့သဘော... ချစ်သူသက်တမ်း သို့မဟုတ် အိမ်ထောင်သက်တမ်း ၇ နှစ်ပတ်ဝန်းကျင်မှာပဲ ကွဲကြပြဲကြတာ များတယ်။
open relationship ကိုမကြိုက်တဲ့ သူတွေအနေနဲ့က
သိပ်အကြာကြီးတွဲလို့ ဘယ်တုန်းကမှ မကောင်းဘူး။ အဘွားတွေခေတ်ကလည်း မကောင်းခဲ့ဘူး။ အမေတွေခေတ်ကလည်း မကောင်းဘူး။ ခုလည်း မကောင်းဘူး။ အရှေ့တိုင်း၊ အနောက်တိုင်း၊ ဘယ်တိုင်းပြည်မှာပဲဖြစ်ဖြစ် မသင့်တော်ဘူး။ မိန်းမသိက္ခာကျတယ်။
open relationship နဲ့ပဲနေမယ်ဆိုရင်တော့ အဲလိုလူတွေအတွက် ဒီစာကအကြုံးဝင်မှာ မဟုတ်ပါဘူး။
သမီးရည်းစားဘဝမှာ အခက်အခဲကြီးကြီးမားမား မရှိပါဘဲ သုံးနှစ်လောက်မှ ကိုယ့်ကို အတည်တကျယူဖို့ အရိပ်အယောင်မမြင်ရရင်တော့ ကိုယ်ကစပြီး လမ်းခွဲတာကောင်းတယ်။ (မလေးကတော့ 7-years long distance relationship - အဲဒီတုန်းက ခုခေတ်လို မဟုတ်ဘူး။ စာနဲ့ ဆက်သွယ်တာ.. နှစ်ယောက်လုံးက စာရေးသူတွေဆိုတော့ အရမ်းတွေ ရိုမန်တစ်ကြတာ... ဖုန်းကလည်း တစ်မိနစ်သုံးဒေါ်လာပေးပြောရတဲ့ ခေတ်.. နေကောင်းလား ဂရုစိုက်နော်နဲ့ ရန်ဖြစ်ချိန်မရ - ခုခေတ်ဆိုရင်လည်း ကွဲမယ်လို့ထင်တယ်) ပြောချင်တာ.. အခုခေတ်မှာ သုံးနှစ်လောက်မှ ကိုယ့်ကို အတည်တကျယူဖို့ အရိပ်အယောင်မမြင်ရရင်တော့ ကိုယ်ကစပြီး လမ်းခွဲတာကောင်းတယ်။ ဘယ်သူ့အတွက်မှ မဟုတ်ဘူး။ culture တွေ၊ မိဘအသိုင်းအဝိုင်းတွေအတွက် မဟုတ်ဘူး။ ကိုယ်ရဲ့ သိက္ခာတစ်ခုတည်းအတွက်ပါ။ You respect yourself!
မိတ်ဆွေမိန်းကလေးတွေရဲ့ အဖြစ်တွေက ပြောရရင်တော့ status တွေ အတွက်ပါတယ်။ financial ကိစ္စတွေလည်းပါတယ်။ မြန်မာမတွေလောက် အရှက်အကြောက် မကြီးတဲ့ လူဖြူမတွေတောင် ခံရတယ်။ ကိုယ့်ရဲ့ အယူအဆဟာ ဒီခေတ်မှာ ရယ်စရာ၊ ခေတ်မမှီတဲ့ အတွေးအခေါ်ဖြစ်နေတယ်ဆိုလည်း ကိစ္စမရှိဘူး။ ယောကျ်ားတစ်ယောက်ဟာ တစ်ကယ်ချစ်ရင် ချစ်တယ်ပြောမှာပဲ။ ကိုယ့်ကို မရ ရအောင်ချည်းကပ်မှာပဲ။
ယောက်ျားတွေရဲ့သဘာဝကကို they are fighters, chasers. အဲဒါကိုမှ ကိုယ့်ကို chase မလုပ်ဘူးဆိုရင် ကိုယ့်ကိုစိတ်မဝင်စားလို့ပဲ။ ကိုယ်က ဘာမှ လိုက်နေစရာ အကြောင်းမရှိဘူး။ အဲသလိုမလိုက်လို့ အခြားလိုက်တဲ့ မိန်းမတွေနောက် သစ္စာသွေဖယ်ပြီး ပါသွားမယ်ဆိုရင်လည်း ပါသွားပါစေ။ သူလည်း သူ့လွတ်လပ်ခွင့်နဲ့၊
ကိုယ့်အတွက်လည်း ကံကောင်းတယ်လို့ ယူဆရမှာပါ။
အခြေအနေအကြောင်းကြောင်းကြောင့် (ခေတ်အနေအထားအရ) မိန်းကလေးဘက်က ချစ်တယ်လို့ ပြောချင်လှချည်ရဲ့ဆိုလည်း (ဒီနေရာမှာ ပြောချင်တာ.. လူတွေဟာ တစ်ယောက်ထက်ပိုပြီး ချစ်တတ်ကြတယ်။ တစ်သက်လုံးတို့ ရိုးမြေကျ တစ်ယောက်တည်းတို့ဆိုတာ အပြောသာဖြစ်ပြီး လူ့သဘာဝအရကကို တစ်ယောက်ထက်ပိုချစ်မိ(တတ်)ကြတယ် လို့ ဆိုတယ်။ ဒါပေမဲ့ စည်းကတော့ စောင့်ကြရတာပေါ့။ မနေနိုင်လို့ ချစ်တယ်ပြောမိရင်လည်း စည်းတော့ စောင့်ရမှာပဲ) ချစ်တယ်လို့ ဖွင့်ပြောပြီး ကိုယ့်လမ်းကိုယ်သာ ဆက်လျှောက်သင့်တယ်လို့ထင်တယ်။
ခေတ်တွေ ဘယ်လိုပြောင်းပြောင်း မိန်းမဟာ မိန်းမပဲ။ gender equality တွေဘာတွေ ဘယ်လိုပြောပြော physical, mental, emotional ကွာခြားမှုတွေကို ဘယ်လိုမှ ငြင်းလို့မရဘူး။
ခြံဝင်းထဲက အချိန်မရွေးရနိုင်တဲ့ ကြက်တစ်ကောင်လို့ ကိုယ့်ကို ယောကျ်ားတစ်ယောက် က မြင်နေသမျှ တန်ဘိုးရှိတဲ့ မိန်းမတစ်ယောက်အနေနဲ့ သူတို့ကလည်း ဘယ်တော့မှ ဆက်ဆံမှာ မဟုတ်ပါဘူး။
Respect yourself!!
♫♥●••·˙ ˙·••●♥♫
29 Comments
254 Shares
911မောင့်ချစ်တဲ့မမ ဓာတုကလျာ, Pho Thura and 909 others
Comments
Win Win Lin မှန်တယ်ညီမ။ ဖတ်ရတာကောင်းလိုက်တာ။
Mya Yoon ကောင်းလိုက်တဲ့ အတွေးအခေါ် သဘောထားလေးတွေ...
တစ်ချို့နေရာကို နားလည်ဖို့အတွက် ဒေရှင်နရီကြီး ဖွင့် ရှာရပါကြောင်း ဟိဟိ😬😬
Khine Nwe Aye စိတ်ကူးယဉ်မလို့ရှိသေး ဒီစာဖတ်ပြီး လန့်နိုးသွားပြီ
Shweainsi May စောစောကရေးပါတော့လား
Seint Meenge Tun မလေးရေ ...💖💓💕
Maung Htut တွေး ကြည့် လေ မှန် လေ ပါ ဘဲ
စေတနာ နဲ့ ရေးပေး တယ် လို့ လဲ ယူဆပါတယ်။
Soe Myint Mo ထိထိမိမိရှိလှတယ်မလေးရေ
Kalayah Soe Respect yourself!!! မလေး စာလေး အတွက် အရမ်းလေးစားပါတယ်။ 😍
Chan Aye အသည်းလေး ပေးပါ၏။
❤ ❤ ❤ ❤ ❤ ❤ ❤ ❤
Vichan Chaichan နကိုပြောနဲ့...
Tin Moe Moe Khaing အယူအဆ တူတယ် မလေးရေ။
မိန်းကလေးတွေက အောက်ကျနောက်ကျခံပြီး လိုက်ချစ်နေတာ မြင်ရရင် မခံစားနိုင်ဘူး။
အရမ်းမြှောက်ပေးမိတာ။
May Zuu ထောက်ခံတယ် မလေး
郑双双 ဖြေရှင်းမရတဲ့ ပြသနာ ထဲ အချစ်ပါ
Coral Thandar မလေးရေ totally agreed 💜💜💜
Noan Vo <3 <3 <3
Nant Khin Cho Thanks .
Nay Che ကြိုက်လိုက်တာ ,,,မလေးအတွေးအခေါ် သိပ်ရိုးရှင်းတာပဲ ,,,
Nangnunuaung Nangnunuaung ကြိုက်လွန်းလို့shareပါရစေမလေး💕
Ye Myint လယ်တောထဲကမိန်းခလေးကိုတော့သတိရနေမိပါတယ် :-)
Thithi Hlaing ကြိုက်တယ်မမရေရှယ်ပြီဗျို့မိန်းခလေးထုအတွက်
Hnin Hnin Yu ဘာလို့ လူတွေဟာ ကိုယ့်အပေါ်တကယ်ကောင်းတဲ့သူတွေကို တန်ဖိုးမထားကြတာလဲဟင် အဲဒါလောကနိယာမလား
Sithu Nyo အိမ်ကြက်တွေ က သာယာဟန်ဆောင်ပြီး
အသဲတွေ ခွဲတာ
လေးတွေလည်း ရေးပေးပါဦး ဆရာမ
Thaw Thaw ကျေးဇူးတင်ပါတယ် အန်တီ
Mya Mya Chel မှန်ပါတယ် မလေး။ ရေပေါ်အရုပ်ရေးသူတွေ မဖြစ်ကြဘို့။ အသိဝင်ဆင်ခြင်နိုင်ကြဘို့ share လိုက်မယ်နော်။
Win Naomi Htut Let me share.
ကော်ဖီစေ.လေး .. .. ရှယ်ပါရစေ
ဝိုင်း စုချစ် မှတ်သားစရာတွေ အများကြီးပါနေလို့ ဘယ်ကစမှတ်ရမလဲ မသိ ဖြစ်သွားတယ် ဆရာမရေ.....😙😙
Tint Tint Thein ^_^ ၀၃

コメント