ဆီဇာသို့တမ်းခြင်း
- အိမ့်ချမ်းမြေ့
- Sep 3, 2020
- 1 min read
Updated: Sep 25, 2020
နေရောင်ခြည် ဖျော့ဖျော့လေးကျနေတဲ့
တိတ်ဆိတ်တဲ့ဆိုင်လေးတစ်ဆိုင်ထဲက
ထောင့်ခုံလေးတစ်ခုံမှာထိုင်
ရေနွေးကြမ်းကို ခပ်မျှင်းမျှင်းသောက်ရင်း
မင်းအကြောင်းတွေးနေမိခဲ့တယ် ဆီဇာ...
မင်းရဲ့ စာနာတတ်မှုတွေ..
ကူညီကယ်တင်တတ်မှုတွေ
အကျိုးအမြတ် မတွက်တတ်မှုတွေ
လောဘနည်းပါးမှုတွေနဲ့
အကြင်နာမျက်လုံးတွေ...
တကယ်ဆို.. ကိုယ်ဟာမင်းအပေါ်မှာ
တိတ်တခိုး ကြွေနေခဲ့ရသူပါ ဆီဇာ...
ဒါပေမဲ့.... ဒါပေမဲ့ပေါ့လေ...
မင်း ပြောင်းလဲလာခဲ့တယ်....
မင်းမျက်လုံးတွေဟာ အရောင်ပြောင်းလာခဲ့တယ်...
အမြတ်အစွန်းဆိုတာကို တွက်တတ်လာပြီး မင်း... ကြမ်းတမ်းလာခဲ့တယ်... ကလဲ့စားလည်း ချေတတ်လာခဲ့တယ်...
မင်းတစ်ယောက် တဖြည်းဖြည်းနဲ့ လူသားဆန်လာခဲ့ပြီကော ဆီဇာ... လူသားတစ်ယောက်မဟုတ်ပါဘဲ
ဘာဖြစ်လို့ လူသားဆန်ချင်လာရတာလဲ ဆီဇာရယ်...
လူတွေနဲ့ဆက်ဆံရမှုတွေ
သိပ်များလာရလို့လား...
ခွင့်လွှတ်ပါ ဆီဇာ... လူ၀ံတစ်ကောင်ဘ၀ကနေ
မင်းတစ်ယောက်
လူသားဆန်လာတာနဲ့အမျှ..
မင်းအပေါ်ထားရှိခဲ့တဲ့
ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာတွေဟာလည်း
တဖြည်းဖြည်းနဲ့ မှုန်၀ါးလို့
ပျောက်ကွယ်ခဲ့ရပြီ ဆီဇာရယ်...
မင်းကို
မချစ်နိုင်တော့လို့ပါ ဆီဇာ...
မင်းကို
ကိုယ်.. တကယ်မချစ်နိုင်တော့လိုပါ ဆီဇာရယ်....

ဆီဇာသို႔တမ္းျခင္း
ေနေရာင္ျခည္ ေဖ်ာ့ေဖ်ာ့ေလးက်ေနတဲ့
တိတ္ဆိတ္တဲ့ဆိုင္ေလးတစ္ဆိုင္ထဲက
ေထာင့္ခုံေလးတစ္ခုံမွာထိုင္
ေရေႏြးၾကမ္းကို ခပ္မွ်င္းမွ်င္းေသာက္ရင္း
မင္းအေၾကာင္းေတြးေနမိခဲ့တယ္ ဆီဇာ...
မင္းရဲ႕ စာနာတတ္မႈေတြ..
ကူညီကယ္တင္တတ္မႈေတြ
အက်ိဳးအျမတ္ မတြက္တတ္မႈေတြ
ေလာဘနည္းပါးမႈေတြနဲ႔
အၾကင္နာမ်က္လုံးေတြ...
တကယ္ဆို..
ကိုယ္ဟာမင္းအေပၚမွာ
တိတ္တခိုး ေႂကြေနခဲ့ရသူပါ ဆီဇာ...
ဒါေပမဲ့....
ဒါေပမဲ့ေပါ့ေလ...
မင္း ေျပာင္းလဲလာခဲ့တယ္....
မင္းမ်က္လုံးေတြဟာ အေရာင္ေျပာင္းလာခဲ့တယ္...
အျမတ္အစြန္းဆိုတာကို တြက္တတ္လာၿပီး
မင္း... ၾကမ္းတမ္းလာခဲ့တယ္...
ကလဲ့စားလည္း ေခ်တတ္လာခဲ့တယ္...
မင္းတစ္ေယာက္ တျဖည္းျဖည္းနဲ႔ လူသားဆန္လာခဲ့ၿပီေကာ ဆီဇာ...
လူသားတစ္ေယာက္မဟုတ္ပါဘဲ
ဘာျဖစ္လို႔ လူသားဆန္ခ်င္လာရတာလဲ ဆီဇာရယ္...
လူေတြနဲ႔ဆက္ဆံရမႈေတြ
သိပ္မ်ားလာရလို႔လား...
ခြင့္လႊတ္ပါ ဆီဇာ...
လူ၀ံတစ္ေကာင္ဘ၀ကေန
မင္းတစ္ေယာက္
လူသားဆန္လာတာနဲ႔အမွ်..
မင္းအေပၚထားရွိခဲ့တဲ့
ကိုယ့္ရဲ႕ ခ်စ္ျခင္းေမတၱာေတြဟာလည္း
တျဖည္းျဖည္းနဲ႔ မႈန္၀ါးလို႔
ေပ်ာက္ကြယ္ခဲ့ရၿပီ ဆီဇာရယ္...
မင္းကို
မခ်စ္ႏိုင္ေတာ့လို႔ပါ ဆီဇာ...
မင္းကို
ကိုယ္.. တကယ္မခ်စ္ႏိုင္ေတာ့လိုပါ ဆီဇာရယ္.
Comments