top of page

ဆန့်ကျင်ဘက်ဒိုင်မန်းရှင်းတို့ရဲ့ လားရာများ

  • Writer: အိမ့်ချမ်းမြေ့
    အိမ့်ချမ်းမြေ့
  • Apr 19, 2022
  • 4 min read

ရိပ်ကနဲမြင်လိုက်ရတဲ့အရိပ်တစ်ခုကြောင့် လက်ထဲက ခေါက်ဆွဲထုတ်လေးကို ယောင်ယမ်းပြီး စင်ပေါ်ပြန်တင်လိုက်မိတယ်... လက်ဖျားတွေက သိသိသာသာအေးလာတာ ဘာကြောင့်ပါလိမ့်....

'မဖြစ်သင့်ဘူး... သူနဲ့တူတယ်ဆိုရုံလောက်နဲ့ ကိုယ့်မှာ စိတ်လှုပ်ရှားစရာအကြောင်း မရှိဘူး...

လောကမှ လူတူ နာမည်တူဆိုတာ ရှိတတ်ကြတာပဲ မဟုတ်လား.'..


သူ... ကိုယ်ရှိနေတဲ့ အတန်းကနေဖြတ်ပြီးလျှောက်သွားတော့မယ်ဆိုတာ သိနေလို့ ခေါင်းကိုအသာငုံ့ချပြီး တိုးတိုးတိတ်တိတ်နေမိလိုက်တယ်....

သူကတော့ ကိုယ်ရှိနေတယ်ဆိုတာတောင် သိပုံမရပါဘူး...

ကိုယ့်နောက်ကဖြတ်လို့ ထွက်သွားတော့မှ သူ့နောက်ကျောဘက်ကို ကိုယ်လှည့်ကြည့်ငေးနေခဲ့မိတယ်....


ဆိုင်ကပိတ်ခါနီးနေပြီမို့ ၀ယ်စရာပစ္စည်းတွေကို ခြင်းတောင်းထဲထည့်ပြီး ငွေရှင်းကောင်တာမှာ တန်းစီးရပ်နေတုန်း ဆိုင်သိမ်းတော့မှာဖြစ်လို့ စျေး၀ယ်သူတွေ ငွေလာရှင်းဖို့ကို intercom ကနေ သတိပေးနှိုးဆော်သံကို ကြားနေရတယ်....


ငွေရှင်းကောင်တာမှာ ငွေရှင်းအပြီး ပစ္စည်းတွေကို ကောင်တာ၀န်ထမ်းက အိတ်ထဲထည့်ပေးနေတုန်း

ဘေးကနေ ကျောပိုးအိတ်ကိုလွယ်လို့ သူဖြတ်လျှောက်သွားပြန်တာကို လှမ်းတွေ့လိုက်ရတယ်...


"အခုမှပြန်တာလား"

"အေးကွာ...... လွန်ခဲ့တဲ့ တစ်နာရီထဲက ငါ off နေပြီ.. ဒါပေမယ့် အခုမှ အလုပ်တွေက လက်စသပ်ဖြစ်လို့ ပြန်ပြီကွာ..."

"အိုကေ... စီးယူ..."


ကောင်တာတစ်ဖက်က အခြားအလုပ်သမားတစ်ဦးနဲ့ အပြန်အလှန်စကားပြောပြီး ဆိုင်ပြင်ကို သူထွက်သွားတယ်... ကိုယ်လည်း အိတ်လေးကိုဆွဲပြီး ဆိုင်အပြင်ဘက်ကိုထွက်လာခဲ့တယ်... ကားထဲကို အထုတ်ထည့်ပြီး သူလျှောက်သွားရာဘက်ကို လှမ်းကြည့်လိုက်တော့ လမ်းမီးမှိန်မှိန်အောက်မှာ ကျောပိုးအိတ်ကိုလွယ်လို့ ဘစ်ကားဂိတ်ဖက်ကို လျှောက်သွားနေတာကို မြင်လိုက်ရတယ်...


တကယ်ဆို တော်ရုံလူတစ်ယောက်အနေနဲ့ ဒီမှာ ကားစီးနိုင်တယ်.. တော်တော်လေး ချိုးခြံချွေတာသူ ဒါမှမဟုတ် နိုင်ငံခြားက ကျောင်းလာတက်ရင်း အလုပ်လုပ်သူတွေလောက်သာ ကားမစီးတတ်ကြတာ...


သူက ကျောင်းလာတက်ရင်း အချိန်ပိုင်းအလုပ်၀င်လုပ်နေတဲ့ ကျောင်းသားတစ်ယောက်လား...

မကြာသေးခင်ကမှ အခြေချနေထိုင်ဖို့ ပြောင်းရွှေ့လာလေသူလား....

သေချာတာကတော့ သူဟာ ဟိုးအ၀ေးကြီးတစ်နေရာက ကိုယ့်ကိုသဘောကျနေတဲ့ တစ်စုံတစ်ယောက်နဲ့ချွတ်စွပ်ကို တူနေတာပါပဲလား......


ကိုယ့်ကိုသဘောကျနေတဲ့ ဟိုးအ၀ေးကြီးတစ်နေရာက လူကတော့ အရာရာပြည့်စုံတဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်ထားသူ... ဒါတင်မက... ကိုယ့်ကိုချစ်ခင်စုံမက်တဲ့သူ....

ကိုယ်ရွှေဆိုရင် .....ရွှေ...

ကိုယ်က ငွေဆိုရင်.... ငွေ.....ဖန်တီးပေးနိုင်တဲ့သူ...

နှစ်ဖက်မိဘတွေကလည်း သဘောတူကြည်ဖြူလွန်းလို့ နှစ်ဖက်မိဘတွေရှေ့ထားလို့ စေ့စပ်ထားကြသူတွေ......


ကိုယ့်ကို သူနဲ့ လက်ထပ်ပြီးမှ သွားပါလို့ အားလုံးက အတန်တန်မှာပေမယ့်... သူ့ကိုမဆိုနဲ့

ငှက်တစ်ကောင်... ပန်းတစ်ပွင့်ကို ရင်ခုန်သလို ဘယ်သူ့ကိုမှလည်း ရင်မခုန်တတ်သူမို့

ပညာသင်ချင်တာကို အကြောင်းပြလို့ ကိုယ်က အ၀ေးကြီးကို ထွက်ခွာလာခဲ့တာ...


အခုတော့ ကျောင်းအဆောင်နားမှာဖွင့်ထားတဲ့ ကုန်စုံဆိုင်ကြီးတစ်ဆိုင်က အလုပ်သမားလေးတစ်ယောက်အပေါ်မှာ

စေ့စပ်ထားသူရှိသူတစ်ယောက်အနေနဲ့ စိတ်လှုပ်ရှားနေပါမိတယ်ဆိုရင်....

ရွံရှာစရာဖြစ်လေမလား

စက်ဆုပ်စရာဖြစ်လေမလား.......

လှောင် ပြောင်ရယ်မောစရာ ဖြစ်လေမလား.....


လောကမှာ လူတူမရှားဆိုပေမယ့် အရပ်အမောင်း၊ ကိုယ်လုံးကိုယ်ပေါက်၊ ဆံပင်အနေအထား၊ အမူအယာကအစ ချွတ်စွပ်ကို တူနေတာ.... မသိရင် အမွှာတွေလားတောင် ထင်နိုင်စရာ....

ဒါပေမယ့်ကိုယ်ဟာ.. အ၀ေးကြီးက သူ့ကို စိတ်ထဲဘာမှ မရှိသလောက်..

သူနဲ့ချွတ်စွပ်တူသူ.. ကိုယ့်ဖြစ်တည်မှုကိုတောင် မသိသူ ဆိုင်၀န်ထမ်းလေးတစ်ဦးကိုမှ စိတ်လှုပ်ရှားနေမိတာလား....


နောက်ရက်တွေမှာလည်း ကြုံရင်ကြုံသလို အဲဒီဆိုင်လေးကို ကိုယ်ရောက်ဖြစ်တယ်...

ရောက်ဖြစ်တဲ့အခါတွေမှာ သူရှိတဲ့အခါနဲ့လည်း ကြုံတဲ့အခါကြုံသလို... သူအလုပ်လုပ်မနေတဲ့အချိန်တွေနဲ့လည်း ကြုံရတဲ့အခါတွေ ရှိတာပါပဲ...


သူ့အရိပ်ကိုဖျတ်ကနဲ တွေ့လိုက်ရရင်ဖြစ်ဖြစ် မလှမ်းမကမ်းက သူလျှောက်သွားရင်ဘဲဖြစ်ဖြစ် အမြဲတမ်းတည်တည်ငြိမ်ငြိမ် ရှိတတ်တဲ့ကိုယ်ဟာ ကယောင်ခြောက်ခြား ဖြစ်သွားရတာပါပဲ...

လက်ထဲက ကိုင်ထားတဲ့ အထုတ်ကို ပြန်ချရမလိုလို.... ဟိုနားရပ်ရမလို ဒီနားရပ်ရမလို ဖြစ်နေတော့တာပါပဲ...

သူကတော့ ကိုယ့်ကို ရှိလေတယ်လို့တောင် မထင်ပါဘူး....

တစ်ခါက စားစရာတစ်ခု ဒီဆိုင်မှာတင်လားမေးတာကို အလုပ်သမားလေးတစ်ဦးက မသိတော့ သူတို့ရဲ့ assistant manager ကိုခေါ်ပြီးအကူညီတောင်းပေးမယ်ဆိုပြီး ရင်ဘတ်က မိုက်ခရိုဖုန်းသေးသေးလေးထဲ စကားလှမ်းပြောအပြီး သူရောက်လာတော့တာပါပဲ... အဲဒီမှာမှ သူဟာ ဆိုင်ရဲ့ assistant manager ဆိုတာ သိခဲ့ရုံပါပဲ... assistant manager သာဆိုတယ် အလုပ်တွေများနေတုန်း လာဖြေပေးရလို့လားတော့ မသိပါဘူး... စကားပြောကလည်း ယဥ်ကျေးသိမ်မွေ့မှု မရှိ..... ဒီဆိုင်မှာ အဲဒီပစ္စည်းမတင်ဘူး ဟိုဘက်ဆိုင်သွားမေးလို့ ခပ်ပြတ်ပြတ်ပဲပြောတော့ မဆီမဆိုင် ၀မ်းနည်းသလိုလိုဖြစ်သွားမိသေးတာ.....

အမြတ်တစ်ခုရလိုက်တာကတော့ သူ့မျက်လုံးထဲကို သေသေချာချာ စိုက်ကြည့်ခွင့်ရလိုက်တာပါပဲ....

ဒီလိုနဲ့ နှစ်တွေကြာသွားတယ် ဆိုပါတော့.....

ဟုတ်တယ်.... နှစ်တွေကို ချီပြီး ကြာသွားတာ....

ကိုယ်ကသာ အဲဒီဆိုင်လေးရောက်တိုင်း သူ့ကို မျက်လုံး၀ေ့၀ဲရှာမိ.... တွေ့ရင်မျက်လွှာချ... ရှေ့မှာရှိတဲ့ ပစ္စည်းတစ်ခုခု ကောက်ကိုင်ကြည့်... ပြန်ချ... ဟိုနားယောင် ဒီနားယောင်...

သူကတော့ မြန်မြန်သွက်သွက် လျှောက်တတ်တဲ့ သူ့အကျင့်အတိုင်း လုပ်စရာရှိလုပ်ရင်း တစ်ခါတရံ ကိုယ့်ဘေးက ဖြတ်သွားလို့ ရွှတ်ကနဲ လေပြေတိုက်သွားသလို ဖြစ်တဲ့အခါမျိုးလည်း ရှိသည်ပေါ့....

ကိုယ့်ရဲ့တည်ရှိမှုတစ်ခုကိုတော့ သူ အဲဒီအချိန်ထိ သိရှိမနေခဲ့ပါဘူး....


ဒီကြားထဲမှာ ကိုယ်နဲ့ စေ့စပ်ထားသူကလည်း စေ့စပ်ထားတာ သုံးလေးနှစ်သာကြာလာတယ်... အနေကလည်း၀ေး... တစ်နှစ်တစ်ခါတောင် မပြန်.... ကိုယ့်ရဲ့ အေးတိအေးစက်ဒဏ်ကို မခံနိုင်တဲ့ အချက်အလက်တွေပေါင်းစုပြီး ကိုယ်နဲ့ဆန့်ကျင်လွန်းစွာ သွက်လက်ချက်ချာ ခေတ်ရှေ့ပြေးလွန်းတဲ့ မိန်းကလေးတစ်ယောက်နဲ့တွဲနေသလိုလို အသံထွက်နေတာတွေကိုလည်း ကိုယ်ကြားလာရသည်ပေါ့....


ရံဖန်ရံခါ ဗိုင်ဘာ.. ဒါမှမဟုတ် FB Messenger မှာ စကားပြောဖြစ်လို့ မသိမသာတီးခေါက်ကြည့်တဲ့အခါ..

ကိုယ့်အပေါ်သံယောဇဥ်တကယ်မရှိသူကို ကိုယ်ကကော ဘာလို့ နှစ်တွေအကြာကြီးစောင့်နေသင့်မှာလဲ,,,, သံယောဇဥ်ဖြတ်ချင်တယ် ဆိုတဲ့ စကားမျိုးတွေ ကြားလာရတတ်တဲ့အခါ.. ဘာမှမခံစားရဘဲ ခေါင်းမော့ ရယ်မောလိုက်မိတာ...


ဒီလိုနဲ့...... တစ်နေ့ပေါ့.....

မှောင်ရီ၀ိုးတ၀ါး.... ညနေစောင်းတစ်ခု...

ကားပါကင်မှာ ကားထိုးပြီး ဆိုင်ထဲကိုလမ်းလျှောက်အလာ....

ညနေစောင်းမို့ လူကလည်းရှင်းနေတော့ ခပ်ဖြည်းဖြည်းလမ်းလျှောက်ရင်း သီချင်းလေးညည်းလာမိတယ်... အဲဒီအချိန်....နောက်က ခြေသံကြားလို့ လှည့်အကြည့်...

ကိုယ့်နောက်မှာ ကပ်ပါလာတဲ့သူ.....

ကိုယ်လက်ဖျားတွေအေးသွားတယ်.. ခေါင်းကိုငုံ့ချလိုက်ပြီး သီချင်းညည်းတာကိုရပ်လို့ ဆက်လျှောက်အလာ..

သူက ကိုယ့်နောက်နားအထိရောက်အောင် အမြန်လျှောက်လာတဲ့ ခြေသံကိုကြားလိုက်ရတယ်...

ဆိုင်ထဲ၀င်ဖို့ စင်္ကြတလျှောက်လုံးလည်း အနောက်က သူကပ်လိုက်လာပြီး ကိုယ်ဆိုင်တန်းတစ်တန်းထဲ ချိုးကွေ့မ၀င်ခင် သူ့ကိုလှည့်အကြည့် သူကလည်း ကိုယ့်ကိုစိုက်ကြည့်နေတာနဲ့ ဆုံလိုက်တယ်....


အကြည့်တွေကို အမျိုးမျိုး ခွဲခြမ်းစိတ်ဖြာလို့ ရတယ်မဟုတ်လား...

စူးရဲအကြည့်ရိုင်း

ရိုးသားအကြည့်

တဏှာအကြည့် ရမက်အကြည့် ဒေါသကြည့်

မောဟအကြည့်

မနာလိုအကြည့်

စူးစမ်းအကြည့်


သူ့အကြည့်ကတော့.... ယဥ်ယဥ်ကျေးကျေးနဲ့ ရင်ထဲထိရောက်သွားတဲ့အကြည့်...

စိတ်၀ိညာဥ်ထဲထိ ၀င်ရောက်မွှေနှောက်သွားတဲ့ အကြည့်မျိုး.....


သူ.... employees only ဆိုတဲ့ အခန်းထဲ၀င်သွားတယ်...

ကိုယ်.....အချဥ်ရည်ပုလင်းတွေရောင်းတဲ့အတန်းနားမှာ ရပ်နေတုန်း employees only ဆိုတဲ့ အခန်းထဲကနေ သူပြန်ထွက်လာတာတွေ့လိုက်တယ်... ကျောပိုးအိတ်အမြန်ချ... ယူနီဖောင်းအဖြူ အမြန်ကောက်စွပ်လာပုံရတယ်...

သူနဲ့ကိုယ့်ကြားမှာ စျေး၀ယ်နေတဲ့ လူတွေ...

အဲဒီလူတွေကို ရှောင်ရှားပြီး သူကိုယ့်ကို လိုက်ရှာတာကို တွေ့လိုက်ရတယ်....

လူတစ်ယောက်ကို လူအုပ်ထဲမှာ ရှာတဲ့ပုံ...

ကိုယ်ကိုယိမ်းပြီး တွေ့လေမလား ရှာတဲ့ပုံမျိုးလေ....

ကိုယ် သူနဲ့မဆုံချင်လို့ အခြားအတန်းတစ်ခုထဲ အမြန်၀င်ပုန်းနေလိုက်မိတယ်...


အရင်က သူက ကိုယ့်ဖြစ်တည်မှုကို မသိခဲ့ဘူးလေ...

ကိုယ်ရှောင်စရာ မလိုခဲ့ဘူး.... ဆိုင်ကြီးထဲ ကိုယ်နေချင်သလိုနေ... သွားချင်တဲ့အတန်းသွား... သူ့နားဖြတ်လျှောက်မလား.... သူက သိတောင်သိခဲ့တာမဟုတ်...

သူ့နောက်ကျောကိုကြည့်ပြီး စိတ်စွမ်းအင်နဲ့ ညှို့ယူတာမျိုးလည်း ကိုယ်တစ်ခါမှ မလုပ်ခဲ့ဘူး..

ကိုယ့်ဖြစ်တည်မှုကို သူ မသိနေတာကိုက ကိုယ့်အတွက်လွတ်လပ်စွာ သူ့ကို ငေးရခွင့်တစ်ခု မဟုတ်လား....


အခုတော့....

သူ... ကိုယ့်ကိုတွေ့သွားပြီ....

ကိုယ် ပုန်းရှောင်ရတော့မယ်....

ကိုယ် ခေါက်ဆွဲခြောက်ထုတ်တစ်ထုတ်ကို ကောက်ကိုင်ကြည့်နေမိတုန်း အရိပ်တစ်ခုက ဘေးမှာလာရပ်တယ်... ကိုယ်အသာခေါင်းငဲ့ကြည့်လိုက်တယ်...

သူ... ကိုယ့်ဘေး....၆ ပေ အကွာလောက်မှာ ကိုယ့်လိုပဲ စင်ဘက်မျက်မှာမူရပ်နေပြီး မျက်နှာကတော့

ကိုယ့်ဘက်ကို ကြည့်နေတယ်... ခပ်တည်တည်ပဲ ကြည့်နေတာ...

ကိုယ် ခေါက်ဆွဲထုတ်ကိုချပြီး အဲဒီအတန်းက အမြန်ထွက်လာခဲ့ပြီး ဘယ်ဘက်မချိုးခင် နောက်လှည့်အကြည့်

သူ.... မရှိတော့ဘူး...


အဲဒီနေ့ နောက်ပိုင်းတွေမှာ ကိုယ့်ကိုတွေ့ရင်ဖြစ်သွားတတ်တဲ့ သူ့ရဲ့အမူအယာတွေဟာ

ကိုယ်အရင်က သူ့ကိုတွေ့ရင်ဖြစ်တတ်တဲ့ အမူအယာတွေအတိုင်းပဲပေါ့်...

အယောင်ယောင်အမှားမှားပုံစံ..

အိန္ဒြေမသိမသာဆယ်လိုက်ရတဲ့ပုံစံ..

ပြုံးမယောင်မျက်နှာကို တည်လိုက်ရတဲ့ပုံစံ...

ကိုယ်ရှိရာကို မသိမသာ လိုက်ရှာတတ်တဲ့ ပုံစံ....


အဲဒီနေ့

အဲဒီနေ့ကတော့ ...

သူနဲ့ကိုယ် မထင်မှတ်ပါပဲမျက်နှာချင်းဆိုင်၀င်တိုက်မလိုဖြစ်သွားခဲ့တယ်..

သူ ကိုယ့်ကို သတိထားမိသွားတဲ့ တတိယနေ့ပေါ့....

ကိုယ်....နဲ့သူ.... တိုက်မိမလိုဖြစ်သွားလို့ အကြည့်ချင်းဆုံသွားချိန်...

သူ့ဆီက ဟက်ကနဲ ရယ်သံတိုးတိုးလေးနဲ့...

သူ့ရဲ့နွေးထွေးလွန်းတဲ့ အကြည့်တစ်ခု ကိုယ့်တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့တယ်...


အဲဒီအချိန်မှာ... ကိုယ့်စိတ်ထဲမှာ တစ်စုံတရာကိုလည်း နစ်နစ်နဲနဲ သိလိုက်ရတယ်...


ဟိုးအ၀ေးက သူနဲ့ချွတ်စွပ်တူလွန်းသူတစ်ယောက်နဲ့ ပတ်သက်လို့ပေ့ါ

စိတ်နဲ့ သေသေချာချာကို သိလိုက်တာ...


ဟိုးအ၀ေးက သူနဲ့ချွတ်စွပ်တူလွန်းသူတစ်ယောက်

ကိုယ့်ကို ....

သံယောဇဥ် ကုန်ဆုံးသွားပြီဆိုတာကိုလည်း..

ကိုယ့်စိတ်က

အတိအကျကို

သိခဲ့ရတဲ့နေ့ပဲပေါ့ကွယ်....


♫♥●••·˙ ˙·••●♥♫

အိမ့်ချမ်းမြေ့

♫♥●••·˙ ˙·••●♥♫


(ZawGyi Code) ရိပ္ကနဲျမင္လိုက္ရတဲ့အရိပ္တစ္ခုေၾကာင့္ လက္ထဲက ေခါက္ဆြဲထုတ္ေလးကို ေယာင္ယမ္းၿပီး စင္ေပၚျပန္တင္လိုက္မိတယ္... လက္ဖ်ားေတြက သိသိသာသာေအးလာတာ ဘာေၾကာင့္ပါလိမ့္....


'မျဖစ္သင့္ဘူး... သူနဲ႔တူတယ္ဆို႐ုံေလာက္နဲ႔ ကိုယ့္မွာ စိတ္လႈပ္ရွားစရာအေၾကာင္း မရွိဘူး...


ေလာကမွ လူတူ နာမည္တူဆိုတာ ရွိတတ္ၾကတာပဲ မဟုတ္လား.'..


သူ... ကိုယ္ရွိေနတဲ့ အတန္းကေနျဖတ္ၿပီးေလွ်ာက္သြားေတာ့မယ္ဆိုတာ သိေနလို႔ ေခါင္းကိုအသာငုံ႔ခ်ၿပီး တိုးတိုးတိတ္တိတ္ေနမိလိုက္တယ္....


သူကေတာ့ ကိုယ္ရွိေနတယ္ဆိုတာေတာင္ သိပုံမရပါဘူး...


ကိုယ့္ေနာက္ကျဖတ္လို႔ ထြက္သြားေတာ့မွ သူ႔ေနာက္ေက်ာဘက္ကို ကိုယ္လွည့္ၾကည့္ေငးေနခဲ့မိတယ္....


ဆိုင္ကပိတ္ခါနီးေနၿပီမို႔ ၀ယ္စရာပစၥည္းေတြကို ျခင္းေတာင္းထဲထည့္ၿပီး ေငြရွင္းေကာင္တာမွာ တန္းစီးရပ္ေနတုန္း ဆိုင္သိမ္းေတာ့မွာျဖစ္လို႔ ေစ်း၀ယ္သူေတြ ေငြလာရွင္းဖို႔ကို intercom ကေန သတိေပးႏႈိးေဆာ္သံကို ၾကားေနရတယ္....


ေငြရွင္းေကာင္တာမွာ ေငြရွင္းအၿပီး ပစၥည္းေတြကို ေကာင္တာ၀န္ထမ္းက အိတ္ထဲထည့္ေပးေနတုန္း


ေဘးကေန ေက်ာပိုးအိတ္ကိုလြယ္လို႔ သူျဖတ္ေလွ်ာက္သြားျပန္တာကို လွမ္းေတြ႕လိုက္ရတယ္...


"အခုမွျပန္တာလား"


"ေအးကြာ...... လြန္ခဲ့တဲ့ တစ္နာရီထဲက ငါ off ေနၿပီ.. ဒါေပမယ့္ အခုမွ အလုပ္ေတြက လက္စသပ္ျဖစ္လို႔ ျပန္ၿပီကြာ..."


"အိုေက... စီးယူ..."


ေကာင္တာတစ္ဖက္က အျခားအလုပ္သမားတစ္ဦးနဲ႔ အျပန္အလွန္စကားေျပာၿပီး ဆိုင္ျပင္ကို သူထြက္သြားတယ္... ကိုယ္လည္း အိတ္ေလးကိုဆြဲၿပီး ဆိုင္အျပင္ဘက္ကိုထြက္လာခဲ့တယ္...

ကားထဲကို အထုတ္ထည့္ၿပီး သူေလွ်ာက္သြားရာဘက္ကို လွမ္းၾကည့္လိုက္ေတာ့ လမ္းမီးမွိန္မွိန္ေအာက္မွာ ေက်ာပိုးအိတ္ကိုလြယ္လို႔ ဘစ္ကားဂိတ္ဖက္ကို ေလွ်ာက္သြားေနတာကို ျမင္လိုက္ရတယ္...


တကယ္ဆို ေတာ္႐ုံလူတစ္ေယာက္အေနနဲ႔ ဒီမွာ ကားစီးႏိုင္တယ္.. ေတာ္ေတာ္ေလး ခ်ိဳးၿခံေခြၽတာသူ ဒါမွမဟုတ္ ႏိုင္ငံျခားက ေက်ာင္းလာတက္ရင္း အလုပ္လုပ္သူေတြေလာက္သာ ကားမစီးတတ္ၾကတာ...


သူက ေက်ာင္းလာတက္ရင္း အခ်ိန္ပိုင္းအလုပ္၀င္လုပ္ေနတဲ့ ေက်ာင္းသားတစ္ေယာက္လား...


မၾကာေသးခင္းကမွ အေျခခ်ေနထိုင္ဖို႔ ေျပာင္းေ႐ႊ႕လာေလသူလား....


ေသခ်ာတာကေတာ့ သူဟာ ဟိုးအ၀ေးႀကီးတစ္ေနရာက ကိုယ့္ကိုသေဘာက်ေနတဲ့ တစ္စုံတစ္ေယာက္နဲ႔ခြၽတ္စြပ္ကို တူေနတာပါပဲလား......


ကိုယ့္ကိုသေဘာက်ေနတဲ့ ဟိုးအ၀ေးႀကီးတစ္ေနရာက လူကေတာ့ အရာရာျပည့္စုံတဲ့ ဘ၀တစ္ခုကို ပိုင္ဆိုင္ထားသူ... ဒါတင္မက... ကိုယ့္ကိုခ်စ္ခင္စုံမက္တဲ့သူ....


ကိုယ္ေ႐ႊဆိုရင္ .....ေ႐ႊ...


ကိုယ္က ေငြဆိုရင္.... ေငြ.....ဖန္တီးေပးႏိုင္တဲ့သူ...


ႏွစ္ဖက္မိဘေတြကလည္း သေဘာတူၾကည္ျဖဴလြန္းလို႔ ႏွစ္ဖက္မိဘေတြေရွ႕ထားလို႔ ေစ့စပ္ထားၾကသူေတြ......


ကိုယ့္ကို သူနဲ႔ လက္ထပ္ၿပီးမွ သြားပါလို႔ အားလုံးက အတန္တန္မွာေပမယ့္... သူ႔ကိုမဆိုနဲ႔


ငွက္တစ္ေကာင္... ပန္းတစ္ပြင့္ကို ရင္ခုန္သလို ဘယ္သူ႔ကိုမွလည္း ရင္မခုန္တတ္သူမို႔


ပညာသင္ခ်င္တာကို အေၾကာင္းျပလို႔ ကိုယ္က အ၀ေးႀကီးကို ထြက္ခြာလာခဲ့တာ...


အခုေတာ့ ေက်ာင္းအေဆာင္နားမွာဖြင့္ထားတဲ့ ကုန္စုံဆိုင္ႀကီးတစ္ဆိုင္က အလုပ္သမားေလးတစ္ေယာက္အေပၚမွာ


ေစ့စပ္ထားသူရွိသူတစ္ေယာက္အေနနဲ႔ စိတ္လႈပ္ရွားေနပါမိတယ္ဆိုရင္....


႐ြံရွာစရာျဖစ္ေလမလား


စက္ဆုပ္စရာျဖစ္ေလမလား.......


ေလွာင္ ေျပာင္ရယ္ေမာစရာ ျဖစ္ေလမလား.....


ေလာကမွာ လူတူမရွားဆိုေပမယ့္ အရပ္အေမာင္း၊ ကိုယ္လုံးကိုယ္ေပါက္၊ ဆံပင္အေနအထား၊ အမူအယာကအစ ခြၽတ္စြပ္ကို တူေနတာ.... မသိရင္ အမႊာေတြလားေတာင္ ထင္ႏိုင္စရာ....


ဒါေပမယ့္ကိုယ္ဟာ.. အ၀ေးႀကီးက သူ႔ကို စိတ္ထဲဘာမွ မရွိသေလာက္..


သူနဲ႔ခြၽတ္စြပ္တူသူ.. ကိုယ့္ျဖစ္တည္မႈကိုေတာင္ မသိသူ ဆိုင္၀န္ထမ္းေလးတစ္ဦးကိုမွ စိတ္လႈပ္ရွားေနမိတာလား....


ေနာက္ရက္ေတြမွာလည္း ႀကဳံရင္ႀကဳံသလို အဲဒီဆိုင္ေလးကို ကိုယ္ေရာက္ျဖစ္တယ္...


ေရာက္ျဖစ္တဲ့အခါေတြမွာ သူရွိတဲ့အခါနဲ႔လည္း ႀကဳံတဲ့အခါႀကဳံသလို... သူအလုပ္လုပ္မေနတဲ့အခ်ိန္ေတြနဲ႔လည္း ႀကဳံရတဲ့အခါေတြ ရွိတာပါပဲ...


သူ႔အရိပ္ကိုဖ်တ္ကနဲ ေတြ႕လိုက္ရရင္ျဖစ္ျဖစ္ မလွမ္းမကမ္းက သူေလွ်ာက္သြားရင္ဘဲျဖစ္ျဖစ္ အၿမဲတမ္းတည္တည္ၿငိမ္ၿငိမ္ ရွိတတ္တဲ့ကိုယ္ဟာ ကေယာင္ေျခာက္ျခား ျဖစ္သြားရတာပါပဲ...


လက္ထဲက ကိုင္ထားတဲ့ အထုတ္ကို ျပန္ခ်ရမလိုလို.... ဟိုနားရပ္ရမလို ဒီနားရပ္ရမလို ျဖစ္ေနေတာ့တာပါပဲ...


သူကေတာ့ ကိုယ့္ကို ရွိေလတယ္လို႔ေတာင္ မထင္ပါဘူး....


တစ္ခါက စားစရာတစ္ခု ဒီဆိုင္မွာတင္လားေမးတာကို အလုပ္သမားေလးတစ္ဦးက မသိေတာ့ သူတို႔ရဲ႕ assistant manager ကိုေခၚၿပီးအကူညီေတာင္းေပးမယ္ဆိုၿပီး ရင္ဘတ္က မိုက္ခ႐ိုဖုန္းေသးေသးေလးထဲ စကားလွမ္းေျပာအၿပီး သူေရာက္လာေတာ့တာပါပဲ... အဲဒီမွာမွ သူဟာ ဆိုင္ရဲ႕ assistant manager ဆိုတာ သိခဲ့႐ုံပါပဲ... assistant manager သာဆိုတယ္ အလုပ္ေတြမ်ားေနတုန္း လာေျဖေပးရလို႔လားေတာ့ မသိပါဘူး... စကားေျပာကလည္း ယဥ္ေက်းသိမ္ေမြ႕မႈ မရွိ..... ဒီဆိုင္မွာ အဲဒီပစၥည္းမတင္ဘူး ဟိုဘက္ဆိုင္သြားေမးလို႔ ခပ္ျပတ္ျပတ္ပဲေျပာေတာ့ မဆီမဆိုင္ ၀မ္းနည္းသလိုလိုျဖစ္သြားမိေသးတာ.....


အျမတ္တစ္ခုရလိုက္တာကေတာ့ သူ႔မ်က္လုံးထဲကို ေသေသခ်ာခ်ာ စိုက္ၾကည့္ခြင့္ရလိုက္တာပါပဲ....


ဒီလိုနဲ႔ ႏွစ္ေတြၾကာသြားတယ္ ဆိုပါေတာ့.....


ဟုတ္တယ္.... ႏွစ္ေတြကို ခ်ီၿပီး ၾကာသြားတာ....


ကိုယ္ကသာ အဲဒီဆိုင္ေလးေရာက္တိုင္း သူ႔ကို မ်က္လုံး၀ေ့၀ဲရွာမိ.... ေတြ႕ရင္မ်က္လႊာခ်... ေရွ႕မွာရွိတဲ့ ပစၥည္းတစ္ခုခု ေကာက္ကိုင္ၾကည့္... ျပန္ခ်... ဟိုနားေယာင္ ဒီနားေယာင္...


သူကေတာ့ ျမန္ျမန္သြက္သြက္ ေလွ်ာက္တတ္တဲ့ သူ႔အက်င့္အတိုင္း လုပ္စရာရွိလုပ္ရင္း တစ္ခါတရံ ကိုယ့္ေဘးက ျဖတ္သြားလို႔ ႐ႊတ္ကနဲ ေလေျပတိုက္သြားသလို ျဖစ္တဲ့အခါမ်ိဳးလည္း ရွိသည္ေပါ့....


ကိုယ့္ရဲ႕တည္ရွိမႈတစ္ခုကိုေတာ့ သူ အဲဒီအခ်ိန္ထိ သိရွိမေနခဲ့ပါဘူး....


ဒီၾကားထဲမွာ ကိုယ္နဲ႔ ေစ့စပ္ထားသူကလည္း ေစ့စပ္ထားတာ သုံးေလးႏွစ္သာၾကာလာတယ္... အေနကလည္း၀ေး... တစ္ႏွစ္တစ္ခါေတာင္ မျပန္.... ကိုယ့္ရဲ႕ ေအးတိေအးစက္ဒဏ္ကို မခံႏိုင္တဲ့ အခ်က္အလက္ေတြေပါင္းစုၿပီး ကိုယ္နဲ႔ဆန္႔က်င္လြန္းစြာ သြက္လက္ခ်က္ခ်ာ ေခတ္ေရွ႕ေျပးလြန္းတဲ့ မိန္းကေလးတစ္ေယာက္နဲ႔တြဲေနသလိုလို အသံထြက္ေနတာေတြကိုလည္း ကိုယ္ၾကားလာရသည္ေပါ့....


ရံဖန္ရံခါ ဗိုင္ဘာ.. ဒါမွမဟုတ္ FB Messenger မွာ စကားေျပာျဖစ္လို႔ မသိမသာတီးေခါက္ၾကည့္တဲ့အခါ..


ကိုယ့္အေပၚသံေယာဇဥ္တကယ္မရွိသူကို ကိုယ္ကေကာ ဘာလို႔ ႏွစ္ေတြအၾကာႀကီးေစာင့္ေနသင့္မွာလဲ,,,, သံေယာဇဥ္ျဖတ္ခ်င္တယ္ ဆိုတဲ့ စကားမ်ိဳးေတြ ၾကားလာရတတ္တဲ့အခါ.. ဘာမွမခံစားရဘဲ ေခါင္းေမာ့ ရယ္ေမာလိုက္မိတာ...


ဒီလိုနဲ႔...... တစ္ေန႔ေပါ့.....


ေမွာင္ရီ၀ိုးတ၀ါး.... ညေနေစာင္းတစ္ခု...


ကားပါကင္မွာ ကားထိုးၿပီး ဆိုင္ထဲကိုလမ္းေလွ်ာက္အလာ....


ညေနေစာင္းမို႔ လူကလည္းရွင္းေနေတာ့ ခပ္ျဖည္းျဖည္းလမ္းေလွ်ာက္ရင္း သီခ်င္းေလးညည္းလာမိတယ္...

အဲဒီအခ်ိန္....ေနာက္က ေျခသံၾကားလို႔ လွည့္အၾကည့္...


ကိုယ့္ေနာက္မွာ ကပ္ပါလာတဲ့သူ.....


ကိုယ္လက္ဖ်ားေတြေအးသြားတယ္.. ေခါင္းကိုငုံ႔ခ်လိုက္ၿပီး သီခ်င္းညည္းတာကိုရပ္လို႔ ဆက္ေလွ်ာက္အလာ..


သူက ကိုယ့္ေနာက္နားအထိေရာက္ေအာင္ အျမန္ေလွ်ာက္လာတဲ့ ေျခသံကိုၾကားလိုက္ရတယ္...


ဆိုင္ထဲ၀င္ဖို႔ စၾကၤတေလွ်ာက္လုံးလည္း အေနာက္က သူကပ္လိုက္လာၿပီး ကိုယ္ဆိုင္တန္းတစ္တန္းထဲ ခ်ိဳးေကြ႕မ၀င္ခင္ သူ႔ကိုလွည့္အၾကည့္ သူကလည္း ကိုယ့္ကိုစိုက္ၾကည့္ေနတာနဲ႔ ဆုံလိုက္တယ္....


အၾကည့္ေတြကို အမ်ိဳးမ်ိဳး ခြဲျခမ္းစိတ္ျဖာလို႔ ရတယ္မဟုတ္လား...


စူးရဲအၾကည့္႐ိုင္း

႐ိုးသားအၾကည့္

တဏွာအၾကည့္

ရမက္အၾကည့္

ေဒါသၾကည့္

ေမာဟအၾကည့္

မနာလိုအၾကည့္

စူးစမ္းအၾကည့္


သူ႔အၾကည့္ကေတာ့....

ယဥ္ယဥ္ေက်းေက်းနဲ႔ ရင္ထဲထိေရာက္သြားတဲ့အၾကည့္...


စိတ္၀ိညာဥ္ထဲထိ ၀င္ေရာက္ေမႊေႏွာက္သြားတဲ့ အၾကည့္မ်ိဳး.....


သူ.... employees only ဆိုတဲ့ အခန္းထဲ၀င္သြားတယ္...


ကိုယ္.....အခ်ဥ္ရည္ပုလင္းေတြေရာင္းတဲ့အတန္းနားမွာ ရပ္ေနတုန္း employees only ဆိုတဲ့ အခန္းထဲကေန သူျပန္ထြက္လာတာေတြ႕လိုက္တယ္... ေက်ာပိုးအိတ္အျမန္ခ်... ယူနီေဖာင္းအျဖဴ အျမန္ေကာက္စြပ္လာပုံရတယ္...


သူနဲ႔ကိုယ့္ၾကားမွာ ေစ်း၀ယ္ေနတဲ့ လူေတြ...


အဲဒီလူေတြကို ေရွာင္ရွားၿပီး သူကိုယ့္ကို လိုက္ရွာတာကို ေတြ႕လိုက္ရတယ္....


လူတစ္ေယာက္ကို လူအုပ္ထဲမွာ ရွာတဲ့ပုံ...


ကိုယ္ကိုယိမ္းၿပီး ေတြ႕ေလမလား ရွာတဲ့ပုံမ်ိဳးေလ....


ကိုယ္ သူနဲ႔မဆုံခ်င္လို႔ အျခားအတန္းတစ္ခုထဲ အျမန္၀င္ပုန္းေနလိုက္မိတယ္...


အရင္က သူက ကိုယ့္ျဖစ္တည္မႈကို မသိခဲ့ဘူးေလ...


ကိုယ္ေရွာင္စရာ မလိုခဲ့ဘူး.... ဆိုင္ႀကီးထဲ ကိုယ္ေနခ်င္သလိုေန... သြားခ်င္တဲ့အတန္းသြား...

သူ႔နားျဖတ္ေလွ်ာက္မလား.... သူက သိေတာင္သိခဲ့တာမဟုတ္...


သူ႔ေနာက္ေက်ာကိုၾကည့္ၿပီး စိတ္စြမ္းအင္နဲ႔ ညႇိဳ႕ယူတာမ်ိဳးလည္း ကိုယ္တစ္ခါမွ မလုပ္ခဲ့ဘူး..


ကိုယ့္ျဖစ္တည္မႈကို သူ မသိေနတာကိုက ကိုယ့္အတြက္လြတ္လပ္စြာ သူ႔ကို ေငးရခြင့္တစ္ခု မဟုတ္လား....


အခုေတာ့....


သူ... ကိုယ့္ကိုေတြ႕သြားၿပီ....


ကိုယ္ ပုန္းေရွာင္ရေတာ့မယ္....


ကိုယ္ ေခါက္ဆြဲေျခာက္ထုတ္တစ္ထုတ္ကို ေကာက္ကိုင္ၾကည့္ေနမိတုန္း အရိပ္တစ္ခုက ေဘးမွာလာရပ္တယ္... ကိုယ္အသာေခါင္းငဲ့ၾကည့္လိုက္တယ္...


သူ... ကိုယ့္ေဘး....၆ ေပ အကြာေလာက္မွာ ကိုယ့္လိုပဲ စင္ဘက္မ်က္မွာမူရပ္ေနၿပီး မ်က္ႏွာကေတာ့


ကိုယ့္ဘက္ကို ၾကည့္ေနတယ္... ခပ္တည္တည္ပဲ ၾကည့္ေနတာ...


ကိုယ္ ေခါက္ဆြဲထုတ္ကိုခ်ၿပီး အဲဒီအတန္းက အျမန္ထြက္လာခဲ့ၿပီး ဘယ္ဘက္မခ်ိဳးခင္ ေနာက္လွည့္အၾကည့္


သူ.... မရွိေတာ့ဘူး...


အဲဒီေန႔ ေနာက္ပိုင္းေတြမွာ ကိုယ့္ကိုေတြ႕ရင္ျဖစ္သြားတတ္တဲ့ သူ႔ရဲ႕အမူအယာေတြဟာ


ကိုယ္အရင္က သူ႔ကိုေတြ႕ရင္ျဖစ္တတ္တဲ့ အမူအယာေတြအတိုင္းပဲေပါ့္...


အေယာင္ေယာင္အမွားမွားပုံစံ..


အိေျႏၵမသိမသာဆယ္လိုက္ရတဲ့ပုံစံ..


ၿပဳံးမေယာင္မ်က္ႏွာကို တည္လိုက္ရတဲ့ပုံစံ...


ကိုယ္ရွိရာကို မသိမသာ လိုက္ရွာတတ္တဲ့ ပုံစံ....


အဲဒီေန႔


အဲဒီေန႔ကေတာ့ ...


သူနဲ႔ကိုယ္ မထင္မွတ္ပါပဲမ်က္ႏွာခ်င္းဆိုင္၀င္တိုက္မလိုျဖစ္သြားခဲ့တယ္..


သူ ကိုယ့္ကို သတိထားမိသြားတဲ့ တတိယေန႔ေပါ့....


ကိုယ္....နဲ႔သူ.... တိုက္မိမလိုျဖစ္သြားလို႔ အၾကည့္ခ်င္းဆုံသြားခ်ိန္...


သူ႔ဆီက ဟက္ကနဲ ရယ္သံတိုးတိုးေလးနဲ႔...


သူ႔ရဲ႕ေႏြးေထြးလြန္းတဲ့ အၾကည့္တစ္ခု ကိုယ့္တစ္ကိုယ္လုံးကို လႊမ္းၿခဳံသြားခဲ့တယ္...


အဲဒီအခ်ိန္မွာ... ကိုယ့္စိတ္ထဲမွာ တစ္စုံတရာကိုလည္း နစ္နစ္နဲနဲ သိလိုက္ရတယ္...


ဟိုးအ၀ေးက သူနဲ႔ခြၽတ္စြပ္တူလြန္းသူတစ္ေယာက္နဲ႔ ပတ္သက္လို႔ေပ့ါ


စိတ္နဲ႔ ေသေသခ်ာခ်ာကို သိလိုက္တာ...


ဟိုးအ၀ေးက သူနဲ႔ခြၽတ္စြပ္တူလြန္းသူတစ္ေယာက္


ကိုယ့္ကို ....


သံေယာဇဥ္ ကုန္ဆုံးသြားၿပီဆိုတာကိုလည္း..


ကိုယ့္စိတ္က


အတိအက်ကို


သိခဲ့ရတဲ့ေန႔ပဲေပါ့ကြယ္....



♫♥●••·˙ ˙·••●♥♫

အိမ့္ခ်မ္းေျမ့

♫♥●••·˙ ˙·••●♥♫

 
 
 

Recent Posts

See All

תגובות


အီးမေးနှင့်လည်း ရယူဖတ်ရှုနိုင်ပါတယ်..

ကျေးဇူးတင်ပါတယ်ရှင်..

© 2023 by အိမ့်ချမ်းမြေ့

bottom of page