တိုး၍ညှိုးသောမိုး
- အိမ့်ချမ်းမြေ့
- Sep 10, 2020
- 5 min read
Updated: Sep 25, 2020

ကားတံခါးကိုဖွင့်ထွက်လိုက်တော့ သည်းသည်းမည်းမည်းရွာနေတဲ့ မိုးပေါက်တွေက တစ်ကိုယ်လုံးကို ဝါးမျိုတော့မလို အုံလိုက်ကျင်းလိုက် အရှိန်ပြင်းပြင်းနဲ့ ခုန်ဆင်းလာကြတော့တယ်။ ဆံပင်တွေကလည်း မိုးရေတွေကြောင့် နစ်လို့ရွှဲလို့။ သံချေးအထပ်ထပ်တက်နေတဲ့ ခြံစည်းရိုးတံခါးနားကို အပြေးသွား၊ အားနဲ့ တွန်းဖွင့်အပြီး ကားဆီကိုပြန်ပြေး အမြန်ဝင်ထိုင်လိုက်တယ်။ ကားကိုအရှိန်ပြင်းပြင်းမောင်းပြီး ခြံထဲဝင်လာ ချိန်မတော့ နောက်ကြည့်မှန်ကနေ မြင်လိုက်ရတာ ဟင်းလင်းဖွင့်ထားမိခဲ့တဲ့ ခြံတံခါးကြီး။
ရေတွေဝပ်နေတဲ့ လမ်းအတိုင်း ဆက်မောင်းလာတော့ မိုးသံလေသံတွေကြားထဲမှာ တကျည်ကျည်ငိုနေတဲ့ သစ်ပင်ကြီးတွေ။ လမ်းအဆုံးက အိမ်အိုလေးကတော့ ညနေခင်းဆည်းဆာအောက်မှာ မှောင်ပိန်းလို့။ အိမ်အိုလေးရဲ့ အပေါ်ထပ်ညာဘက်ထောင့် စာကြည့်ခန်းကတော့ မီးမှိန်မှိန်လေး လင်းနေလေရဲ့။
အိမ်ရှေ့မှာကားထိုးရပ်လိုက်တော့ ကားဘီးအောက်မှာ ရေတွေဖွာကနဲလွင့်ပျံသွားသံ၊ ကားပေါ်ကအဆင်းမှာ ဝတ်ထားတဲ့ လည်ရှည်ဖိနပ်ခြေမျက်စိအထိ ရေထဲမြုပ်ဝင်သွားသံ၊ မိုးရေစိုတဲ့ ထင်းရူးပင်ပေါ်ကနေ ညနေခင်း ဌက်တစ်ကောင်ရဲ့ လွမ်းလွမ်းဆွေးဆွေး တွန်ကျူးသံ၊ ခြံစည်းရိုးက ပင်လယ်ကဗွီးပင်တွေ တရှဲရှဲမြည်ဟီးနေ သံတွေ၊ ကားခေါင်မိုးပေါ်ကို မိုးရေစက်တွေ ကျနေသံတွေ။
အပေါ်ထပ်ညာဘက်ခန်းကိုမော့ကြည့်လိုက်မိတော့ ပြတင်းပေါက်မှာရပ်ကြည့်နေတဲ့ အရိပ်တစ်ခု။ မီးရောင် ကိုကျောပေးပြီးရပ်နေတာမို့ မြင်နေရတဲ့ ကောက်ကြောင်းက စွဲမက်ဖွယ်ရာ။
“ကိုယ်သိပ်ချစ်တဲ့သူ့ဆံပင်တွေတောင် ရှည်နေပြီပဲ”
ရေစပ်စပ်မြက်ခင်းကိုဖြတ်ပြီး အိမ်ရှေ့ပေါက်ဘက်ကို ဆက်လျှောက်လာခဲ့တယ်။
“ကျွိ”
ချက်မချထားတဲ့ အိမ်ရှေ့တံခါးကို တွန်းဖွင့်ဝင်လိုက်တယ်။
အိမ်ရှေ့ခန်းတစ်ခန်းလုံးက လွှမ်းခြုံလာနေတဲ့ညရိပ်အောက်မှာ ငြိမ်ငြိမ်သက်သက်။ မီးလင်းဖိုက မီးအလင်း ရောင်က ကောဇောတွေပေါ်မှာ တိတ်တဆိတ်တွားသွားနေတယ်။ မီးလင်းဖိုက ဖျိုးဖျိုးဖျစ်ဖျစ် ထင်းတွေမီး လောင်မြိုက်သံကတော့ ညအပျိုမတစ်ယောက်ရဲ့ ဂီတတေးသွားတွေလို။
အိမ်ရှေ့တံခါးကိုချက်ချလိုက်ပြီး ရေစိုနေတဲ့လည်ရှည်ဖိနပ်ကိုချွတ်လို့ ထောင့်မှာထောင်ထားလိုက်တယ်။ ပြီးတော့ လှေကားအတိုင်းအိမ်ပေါ်ထပ်ကိုတက်လာခဲ့တယ်။ ဒီအိမ်အိုလေးမှာ အခန်းတွေအများကြီး မရှိပါ ဘူး။ အောက်ထပ်မှာ အိမ်ရှေ့ခန်းနဲ့ မီးဖို၊ နောက်ပြီး အဝတ်လျှော်ခန်းသေးသေးလေး။ မီးဖိုမှာလည်း ခြံနောက်ဘက်ကိုထွက်တဲ့ တံခါးပေါက်တစ်ပေါက်ပဲ ရှိတယ်။ အိမ်ပေါ်ထပ်မှာတော့ အိပ်ခန်းသုံးခန်းနဲ့ ရေချိုးခန်းတစ်ခန်း၊ စုစုပေါင်း လေးခန်း။ တစ်ခန်းကိုတော့ စာကြည့်ခန်းလုပ်ထားတယ်။ လှေကားက တက် တက်ခြင်း တည့်တည့်မှာရှိတဲ့အခန်းကတော့ သူ့စာကြည့်ခန်းပေါ့။
လှေကားထိပ်ကနေ စာကြည့်ခန်းထဲကို လှမ်းကြည့်လိုက်တော့ ပြတင်းပေါက်မှာ ရပ်နေဆဲအရိပ်တစ်ခုက အပြင်ဘက်ကမိုးရေတွေကို ငေးကြည့်နေဆဲပဲ။ သူ့အနားကိုတိုးကပ်သွားပြီး သူ့နောက်တည့်တည့်မှာ စကားမဆို.. ကိုယ် ရပ်နေခဲ့တယ်။ သူ့ရဲ့ကိုယ်ကိုဖြတ်ပြီး ကိုယ့်ထံကို တိုက်ခတ်လာနေတဲ့ ပြတင်းအပြင် ဘက်က မိုးငွေ့ရစ်ဝဲလေတွေက ချိုအီလို့။
မျက်စိကိုအသာမှိတ် သူ့ကိုယ်နံ့နဲ့ရောယှက်နေတဲ့ မိုးသက်လေပြေကို ခပ်တိုးတိုးရှုရှိုက်လိုက်လို့ သူ့ထံကို အသာတိုးကပ်သွားလိုက်တယ်။ သူ့ခါးကို နောက်ကသိုင်းဖက်လိုက်ပြီး သူ့ကျောပြင်မှာ ပါးအပ်ထားလိုက်မိ တယ်။
သူ့ခါးကိုဖက်ထားချိန်မှာ သူ့ခါးဟာ အရင်ရက်တွေကထက် ပိုပြီးသိမ်လာသလိုရှိတာကို သိလိုက်ရလို့ သက်ပြင်းကြိတ်ချလိုက်မိပြန်တယ်။ မျက်လုံးကို ဖွင့်လိုက်ချိန်မှာ သူ့ စာကြည့်စားပွဲကို အကြည့်ရောက်တယ်။ David Lynn ရဲ့ Wrestling with Gabriel က မှောက်ခုံလေး။
သူ .. ကိုယ့်ဘက်ကိုအသာလှည့်လာတယ်။ လက်ထဲမှာ အဆင်သင့်ကိုင်ထားဟန်ရှိတဲ့ မျက်နှာသုတ်ပုဝါ အညိုလေး။ မိုးရေတွေနဲ့စိုနစ်နေတဲ့ ဆံနွယ်တွေကို သုတ်ပေးနေတဲ့အချိန်မှာ သူ့အသက်ရှုသံသဲ့သဲ့က ညှင်းညှင်းသွဲ့သွဲ့။
“မိုးတွေရွာနေကို… မ… ရယ်…”
သူ့အသံကတော့ နူးညံ့မနေဘဲ ပြစ်တင်လိုတဲ့လေသံ။
သူ့ရင်ဘတ်မှာ ခေါင်းကိုအသာမှီပြီး သူ့ကိုမော့ကြည့်လိုက်တယ်။ ကိုယ်တို့မျက်လုံးတွေဟာ အလွန်အမင်း ရီဝေနေခဲ့ကြမယ်ဆိုတာ ကိုယ့်ကိုကိုယ် သေချာလိုက်မိချိန်မှာ တိုးကပ်လာတဲ့ သူ့ထွက်သက်လေနဲ့ နှုတ်ခမ်းပေါ်က နူးညံ့နွေးထွေးမှု တစ်ခု…။
ပင့်သက်အရှိုက်အဆုံးမှာ သူက ဆံပင်တွေကို ဆက်ပြီးသုတ်ပေးတယ်။ ပြီးတော့ ပခုံးကို ခပ်ကြမ်းကြမ်း တွန်းလိုက်တယ်။ ပြီးတော့ မျက်နှာသုတ်ပုဝါကိုလှမ်းဖို့ ရေချိုးခန်းဘက်ကို ခြေလှမ်းလိုက်တယ်။
“နောက်တစ်ခါ မိုးတွေဒီလောက်ရွာနေရင် မလာနဲ့၊ သြော်…. ရေနွေးအဆင်သင့်ကြိုထားပေး တယ်နော်၊ ကော်ဖီလား လက်ဘက်ရည်လားလည်း မသေချာလို့ ရေနွေးပဲလုပ်ထားတယ်”
“မောင်… ကော်ဖီလား၊ တီးလား”
မီးဖိုထဲမှာ လက်ဘက်ရည်သွားဖျော်ဖို့ ဟန်ပြင်ရင်း လှေကားထိပ်မှာရပ်လို့ ရေချိုးခန်းဘက်ကို ခေါင်းငဲ့ပြီး လှမ်းအမေး၊ ရေချိုးခန်းထဲက ချောင်းဆိုးသံခပ်ပြင်းပြင်းကို ကြားလိုက်တယ်။ နောက်တော့ အော့အန် သံတွေ။ ရေချိုးခန်းဘက်ကို အပြေးလေးလျှောက်သွားပြီး တံခါးကိုတွန်းဖွင့်အဝင်… မျက်နှာသစ်ခွက် မှာ ရေတွေဖွင့်ပြီး အန်နေတဲ့ သူ့ကိုတွေ့လိုက်ရတယ်။ ကျောပြင်ကိုဖိပေးရင်း ဝဲလာတဲ့မျက်ရည်တွေကို သူမ သိအောင် ထိန်းထိန်းသိမ်းသိမ်းလုပ်ရတာ စိတ်ပင်ပန်းလိုက်တာ…။
သူက ပလုတ်ကျင်းအပြီး ကိုယ်ကိုမတ်လိုက်တော့၊ တစ်ရူးလေးကိုလှမ်းယူပြီး သူ့နှုတ်ခမ်းက ရေစလေးတွေ ကို သုတ်ပေးလိုက်တယ်။ စိုက်ကြည့်လာတဲ့ သူ့မျက်ဝန်းတွေကို ရှောင်ဖယ်ရင်း သူ့မေးစေ့က ရေစက်လေး တွေ ကိုပဲ ငေးကြည့်နေခဲ့ရတာပေါ့။
“စိတ်မပူပါနဲ့နော်… မ”
အခုလောက်ဖြစ်နေတာတောင် သူ့လေသံကတော့ မာ နေဆဲပဲ။
*****
ကော်ဖီမဖျော်ဖြစ်တော့ဘဲ လိမ္မော်၊ပန်းသီးနဲ့နာနတ်သီးတွေ အကုန်ရောကြိတ်ထားတဲ့ ခပ်ပျစ်ပျစ် အအေး ခွက်နှစ်ခွက်က အောက်ထပ်က မီးလင်းဖိုရှေ့က စားပွဲပေါ်မှာ ငြိမ်ငြိမ်သက်သက်။
ခပ်ခွာခွာထိုင်နေရင်း အရိပ်တကြည့်ကြည့်ဖြစ်နေလို့ ကိုယ့်လက်တွေကိုခပ်ကြမ်းကြမ်းဆွဲယူပြီး သူက သူ့ရင်ဘတ်မှာ ကပ်ထားလိုက်တယ်။
“မောင်.. မသေသေးပါဘူး… မ… ရယ်…”
တစ်ချိန်လုံး ဝဲချင်နေတဲ့မျက်ရည်တွေကို မျက်တောင်တွေနဲ့ပုတ်ခတ်ထုတ်လိုက်ရင်း ခေါင်းမော့လိုက်တော့ မျက်နှာကြက်ထောင့်တစ်နေရာမှာ မိုးရေယိုလို့ကွက်နေတဲ့ အကွက်တစ်ကွက်။
“အထဲမှာတော့ လိုက်ဆွေးနေလောက်ပြီ၊ အိမ်ကလည်း အိုနေပြီလေ”
သူ့အသံက လှိုက်မောဆွေးမြေ့သွားသယောင်။
သူ့ရင်ခွင်ထဲမှာ ခေါင်းမှီရင်း အပြင်က မိုးသံလေသံတွေ၊ သစ်ကိုင်းတွေနဲ့ ခေါင်မိုးရိုက်ခတ်နေသံတွေကို နားထောင်နေခဲ့လိုက်တယ်။ သူက ဆိုဖာကိုမှီထိုင်၊ မျက်နှာကြက်ကိုငေးရင် ဆံပင်တွေထဲ လက်ထိုးဖွနေ ခဲ့တယ်။
“စာရေးဖြစ်သေးလား၊ မောင်တော့ ကွန်ပြူတာတောင် မဖွင့်ဖြစ်တာ ကြာပြီ”
“ရေးတော့ ရေးနေတာပါပဲ…. ဒါပေမယ့် စည်းမျဉ်းဘောင်တွေချပြီး ဘေးကြပ်နံကြပ်ဖြစ်စေတဲ့ အနုပညာကိုမှ အဆင့်မီတယ်လို့ တိုင်းတာနေမှုတွေနဲ့ စီးချင်းယှဉ်ဖို့ မကြိုးစားနိုင်တော့သလိုပဲကွယ်၊ နောက်တစ်ခုက ပရင့်မီဒီယာတွေထဲက လူတွေက အွန်လိုင်းမီဒီယာတွေပေါ်က စာတွေအပေါ်မှာ အင်နေကြတုန်းပဲ”
“ဒီအကြောင်းပြောရမယ်ဆိုရင် အသံကမာသွားတော့တာပဲနော်…”
သူ့စကားမဆုံးခင် ကိုယ်က ပြတင်းပေါက်နားကိုရောက်သွားပြီ။ ပြတင်းပေါက်ကိုဖြတ်ပြီး လေပြင်းပြင်း တိုက်ခတ်နေလို့ ဆံပင်တွေက အတားအဆီးမဲ့လွန့်လူးနေလိုက်တာ။ လက်နဲ့စုပြီး ညာဘက်ပခုံးကဆွဲယူပြီး ရင်ဘတ်မှာ ထိကပ်ထားလိုက်ရတယ်။
“ဒါတွေက သဘာဝပဲလေ Ploughshares ရဲ့ ဒွန်လီး ပြောသလိုပဲ၊ စာအုပ်ကိုကိုင်ဖတ်ချင်တဲ့ အယ်ဒီတာတွေ နဲ့ စာဖတ်သူတွေကတော့ အမြဲရှိနေမှာပဲ”
သူက လည်ချောင်းရှင်းလိုက်ရင်း ပြောတယ်။
“ရေရှည်ကို ကြည့်နိုင်တဲ့သူ၊ ရေစီးအတိုင်းမျောနိုင်မယ့် သူတွေကတော့ ခရီးပိုရောက်လိမ့်မယ်။ စာအုပ် တစ်အုပ်ဟာ စင်ပေါ်မှာ ဘယ်နှစ်နှစ်ရှိနိုင်မလဲ။ shelf live ပိုများတာတယ်ဆိုတဲ့ ကိစ္စအသေးအဖွဲကအစ အွန်လိုင်းပေါ်ကစာတွေကို လျော့တွက်လို့ မရဘူး။ အထူးသဖြင့် တက္ကသိုလ်ကြီးတွေရဲ့စာကြည့်တိုက်တွေဟာ အွန်လိုင်းစာကြည့်တိုက်တွေ အနေနဲ့အစားထိုးလာပြီ၊ scientific journals တွေ၊ medical journals တွေဆိုရင် အွန်လိုင်းစာကြည့်တိုက်ကနေရှာမှ ရတာမျိုးတွေ ဖြစ်လာပြီ၊ ဘယ်သူမှ စာကြည့်တိုက် အထိသွားပြီး စာအုပ်ကြီးတွေကိုရှာနေဖို့ အချိန်မရှိကြတော့ဘူး၊ ကုမ္ပဏီကြီးတွေဆိုရင်လည်း အင်ထရာ နက်တွေပဲ သုံးကြတော့တဲ့ခေတ်၊ ဘယ်သူမှ ရုံးစာကြည့်တိုက်ထဲသွားပြီး ပေါ်လစီစာအုပ်ကြီးတစ်အုပ်၊ ဒါမှမဟုတ်လည်း မယ်နယူရယ်စာအုပ်တစ်အုပ်ကို မွှေနှောက်ရှာဖွေနေဖို့ မလိုတော့အောင် နည်းပညာတွေ က ပံ့ပိုးနေကြပြီ”
ပြတင်းပေါက်ဘောင်ကိုမှီပြီး တတွတ်တွတ် ရွတ်နေမိချိန်မှာ ပင်လယ်ကဗွီးပင်ကြီးနားမှာ လျှပ်စီးပြက် သွားတာ ဝင်းကနဲထိန်ကနဲ။
“အဲဒါက တိုးတက်တဲ့နိုင်ငံအများစုမှာ ဖြစ်နေတာလေ.. မ ရဲ့။ တိုးတက်နေဆဲ နိုင်ငံတွေမှာ ဒါတွေသွားပြော လို့ မရသေးဘူး၊ သူတို့သိတဲ့ အွန်လိုင်းကမ္ဘာက သူတို့အတွေးတွေထဲမှာ သေးငယ်သေးတယ်။ ကျယ်ပြန့် မလာသေးဘူး၊ ပရင့်မှာ ရှာမရနိုင်တဲ့ စာပေအနုပညာနဲ့ ပညာရပ်ဆိုင်ရာတွေ ရှိနေတယ်ဆိုတာတွေထက် ဘဝရဲ့အခြေခံလိုအပ်ချက်တွေအတွက် လုံးပမ်းနေကြရတုန်းပဲ။ မ ပြောနေတာတွေက ကမ္ဘာတစ်ခြမ်းဘက်မှာ လက်တွေ့ကျနေပေမယ့်၊ အခြားကမ္ဘာတစ်ဘက်ခြမ်းမှာက လေထဲက ကိစ္စတွေ”
သူက စကားအဆုံးမှာ မီးဖိုဘက်ကို ထထွက်သွားတယ်။ မီးဖိုဘက်ကို ချိုးမကွေ့ခင် ချောင်းတွေက ထပ်ဆိုး လာပြန်တယ်။ ကိုယ် သူ့အနားကို တိုးကပ်သွားဖို့ဟန်ပြင်ချိန်မှာ တံခါးထောင့်မှာ ချွတ်ထားတဲ့ လည်ရှည် ဖိနပ်ကို လှမ်းမြင်သွားတော့ သူက ကိုယ့်ဘက်ကို ဒေါသတကြီးလှည့်လာလိုက်တာဆိုတာ… ချာကနဲ။
“တောက်…. ဟိုကောင်ပေးထားတဲ့ ဖိနပ်ကို စီးလာပြန်ပြီလား”
“မောင်… အဲသလို တောက်… မခေါက်နဲ့နော်၊ မိုးတွေအရမ်းရွာနေလို့ တွေ့ရာစီးလာတာ”
“ဘယ်လိုလုပ်တွေ့ရာစီးလာတာဖြစ်ရမလဲ၊ မိုးရွာတာကို အကြောင်းပြတာပဲ၊ ချောင်းဆိုးတာတောင် ရပ်သွား ပြီ”
“မောင်ကျတော့ ဟိုတစ်ယောက်ပေးထားတဲ့ အနွေးထည်ကို အခုထိ ဝတ်နေတုန်းပဲ မဟုတ်လား၊ အပေါ်က ခုံပေါ်မှာ လှမ်းထားတာ တွေ့သားပဲ”
“သောက်တလွဲတွေ လုပ်ပြန်ပြီ”
“မောင်…. ကျမကို အဲသလို ကြမ်းကြမ်းတမ်တမ်းမပြောနဲ့၊ တော်ပြီ… အရမ်းစိတ်ကုန်နေပြီ”
“ကုန်ပါ… ကုန်နေမှန်းလည်း သိပါတယ်ဗျာ…”
“မောင်….. မဟုတ်တာတွေ မပြောနဲ့”
ကိုယ် အရမ်းအော်လိုက်မိတော့ သူတစ်ချက်ကြောင်သွားတယ်။
“မ က မောင့်ကိုမှ နားမလည်တာ၊ မောင့် နှလုံးသားကို မ နှလုံးသားနဲ့ ဘယ်တုန်းကမှ မထိတွေ့ကြည့်ဘူး”
“တော်ပြီရှင်… တော်ပြီ၊ ရှင့်ဆီကို မိုးတွေကြားထဲက အဝေးကြီးလာတာ၊ တစ်ခုမဟုတ်တစ်ခုပဲ၊ စိတ်အရမ်း ညစ်နေပြီ”
သူ့ရှေ့ကဖြတ်လျှောက်၊ ဖိနပ်ကို အမြန်စွပ်ပြီး အိမ်ရှေ့တံခါးကိုတွန်းဖွင့် မိုးရွာထဲ ကိုယ်ပြေးထွက်လာခဲ့တယ်။ ကားနားကိုရောက်တော့ တံခါးခလုပ်ကိုနှစ်ချက်နှိပ်ဖွင့်လိုက်ချိန် မိုးရေစိုစွတ်စွတ်နဲ့ အပြေးတစ်ပိုင်းခြေသံ။ ခြေသံက ကိုယ့်အနောက်မှာရပ်သွားတယ်။ သူက ကိုယ့်လက်မောင်းကိုဖမ်းဆုပ်၊ ကိုယ်ကိုဆွဲလှည့်လိုက် ပြီးတော့ ကိုယ့်မျက်နှာကိုဆွဲယူ သူ့ရင်ဘတ်မှာ ဖိကပ်ထားလိုက်တယ်။
“မောင်…. မခွဲနိုင်ဘူး .. မ..ရယ်…”
ကိုယ့်ကိုတင်းကြပ်စွာသိုင်းဖက်ထားရင်း သူခပ်တိုးတိုးဆိုတယ်။ မိုးသံတွေကတော့ တရှဲရှဲ။ ကိုယ်တို့ မိုးရေထဲ မှာ အကြာကြီးရပ်နေမိကြတယ်။ ကိုယ့်ရဲ့မျက်ရည်တွေဟာ သူ့ရင်ဘတ်မှာ မိုးနဲ့အတူ ရွှဲရွှဲစိုလို့။ ကျောပြင် တစ်ခုလုံး တုန်ခါလာအောင် ငိုရှိုက်နေမိတာမို့ သူကပဲ ကိုယ့်ကို အိမ်ထဲကို ပြန်တွဲခေါ် လာခဲ့တယ်။
“အပေါ်မှာ မောင့်အဝတ်အစားတွေ ခဏယူဝတ်ထားနော်၊ ရေနွေးထပ်တည်ပြီး တက်လာခဲ့မယ်”
မျက်ရည်တွေကို လက်နဲ့အသာသုတ်ပေးပြီး ခပ်တိုးတိုးပြောနေတဲ့ သူ့နှုတ်ခမ်းက ထွက်သက်လေဟာ ကိုယ့်နှုတ်ခမ်းနားတစ်ဝိုက်မှာ နွေးနွေးလေး။
ရေချိုးခန်းထဲမှာ သူ့တစ်ပတ်နွမ်းရှပ်အကျီၤလေးဝတ်လိုက်ပြီး မိုးစိုသွားတဲ့ဖုန်းလေးကို ရှပ်အကျီ ၤအိတ်လေးထဲ ထည့်လိုက်တယ်။ အဝတ်လဲပြီးချိန်မှာ သူ့စာကြည့်စားပွဲနားကိုလျှောက်သွားပြီး သူဖတ်လက်စ စာအုပ်လေး ကို အသာအဟာ ကောက်ကိုင်လိုက်တယ်။ David Lynn ရဲ့ Wrestling with Gabriel …။
“ဝုန်း”
“ဟင်…. မောင်…. မောင်”
အိမ်အောက်က ပြိုလဲသံတစ်ခု….။
မျက်စိတွေ ပြာဝေသွားတယ်။
“မောင်…”
အသံကုန်အော်ပြီး လှေကားကနေ ပြေးဆင်းလာခဲ့ တယ်။ ဘဝရဲ့အကြောက်ရဆုံးအချိန်ကို ရောက်ခဲ့ပြီ လား။ လှေကားကနေ သုံးထစ်လောက် ခြေချော်ကျသွားသေးတယ်။ လူးလဲထလိုက်ပြီး မီးဖိုထဲကို ပြေးဝင် လာခဲ့တယ်။
“မောင်….”
မီးဖိုကြမ်းပြင်မှာ လဲကျနေတဲ့သူ့ဘေးမှ ထိုင်လိုက်ပြီး သူ့ကို ခြောက်ခြားစွာ ပွေ့ထားရင်း စီးကျလာတဲ့ မျက်ရည်တွေကတော့ တားမရဆီးမရ။ ဆေးရုံကားကိုခေါ်ဖို့ ရှပ်အကျီ ၤအိတ်ထဲက ဖုန်းလေးကိုထုတ်ယူနေတဲ့ ကိုယ့်လက်တွေဟာလည်း အတားဆီးမဲ့ တုန်ယင်လို့။
“မခေါ်ပါနဲ့ဦး မရယ်….။ မောင့်ကို ဖက်ထားပေးပါနော်”
သူက လေသံယဲ့ယဲ့လေးနဲ့ ပြောလာတယ်။
သူ့မျက်နှာမှာ ကိုယ့်မျက်နှာအပ်ထားမိတယ်။ သူ့ဆံပင်တွေ၊ သူ့လက်ချောင်းတွေကို တရှိုက်မက်မက် နမ်းနေ မိတယ်။ အားရပါးရ ငိုလိုက်ချင်ပေမယ့် သူ့ရှေ့မှာ သတ္တိရှိပြရမယ့် အချိန်မို့ ထိန်းချုပ်ထားရမှုဒဏ်က တစ်ကိုယ် လုံးကို တုန်ခိုက်နေစေခဲ့တာပေါ့။
“မ…. မောင်တို့ မခွဲဘူးနော်”
သူ့စကားအဆုံးမှာ အင့်ကနဲ လွင့်စင်လာတဲ့ ရှိုက်သံတစ်ချက်။
“ပြောပါ… မ..ရယ်၊ မောင်တို့ မဝေးဘူးနော်…”
ထွက်ခွာသွားတော့မယ့် လူတစ်ယောက်ရဲ့လက်ကို အားကိုးတကြီးဆုပ်ကိုင်ထားနေတဲ့ ကျန်ရစ်ခဲ့ရမယ့် လူရဲ့ လက်တွေဟာ ဒီလောက်ပဲ ဆောက်တည်ရာမရ တဆတ်ဆတ် တုန်ယင်နေခဲ့ပါသလား။ သူ့ နှုတ်ခမ်းကို လက်ကလေးနဲ့ တို့ကြည့်ရင်း ကမ္ဘာကြီးတစ်ခုလုံးပြိုကျလာတော့မလို။ မီးဖိုပေါ်က ရေနွေးအိုဆူသံဟာလည်း ပိုမိုကျယ်လောင်လို့လာနေခဲ့ပြီ။
“မောင့်ကို….မ မျက်စိနဲ့ မမြင်နိုင်တော့တဲ့တစ်နေ့… မောင့်နှလုံးသားကို မ နှလုံးသားနဲ့ကြည့်ပေးပါ၊ မောင့် ခံစားချက်ကို မ ခံစားချက်နဲ့ ကြည့်ပေးပါ၊ မျက်စိနဲ့ကြည့်ရင်တော့ မျက်စိနဲ့မြင်နိုင်တာတွေကိုပဲ မ… မြင်ရလိမ့် မှာ”
“မခွဲပါရစေနဲ့… မောင်”
အပြင်မှာ လျှပ်စီးပြက်သံတို့က ညှိုး၍ဝေးသွားခဲ့လေပြီ။
“မောင့်ကို နမ်းပါဦး…မ”
အပြင်မှာ မိုးသံတို့က တိုး၍စီးမျောသွားခဲ့လေပြီ။
“လွမ်းနေပါနော်…. မ”
ကျမ ၏ ချစ်ခြင်းတို့သည် သူနှင့်အတူ သေဆုံးခဲ့လေပြီ။
ချစ်ခင်စွာဖြင့်…
နွေဦးပန်း
ဖေဖော်ဝါရီ ၂၁၊ ၂၀၁၄
(ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း)
♫••·˙˙·••♫ ♫••·˙˙·••♫ ♫••·˙˙·••♫
(ZawGyi Code)
ကားတံခါးကိုဖြင့္ထြက္လိုက္ေတာ့ သည္းသည္းမည္းမည္း႐ြာေနတဲ့ မိုးေပါက္ေတြက တစ္ကိုယ္လုံးကို ဝါးမ်ိဳေတာ့မလို အုံလိုက္က်င္းလိုက္ အရွိန္ျပင္းျပင္းနဲ႔ ခုန္ဆင္းလာၾကေတာ့တယ္။ ဆံပင္ေတြကလည္း မိုးေရေတြေၾကာင့္ နစ္လို႔႐ႊဲလို႔။ သံေခ်းအထပ္ထပ္တက္ေနတဲ့ ၿခံစည္း႐ိုးတံခါးနားကို အေျပးသြား၊ အားနဲ႔ တြန္းဖြင့္အၿပီး ကားဆီကိုျပန္ေျပး အျမန္ဝင္ထိုင္လိုက္တယ္။ ကားကိုအရွိန္ျပင္းျပင္းေမာင္းၿပီး ၿခံထဲဝင္လာ ခ်ိန္မေတာ့ ေနာက္ၾကည့္မွန္ကေန ျမင္လိုက္ရတာ ဟင္းလင္းဖြင့္ထားမိခဲ့တဲ့ ၿခံတံခါးႀကီး။
ေရေတြဝပ္ေနတဲ့ လမ္းအတိုင္း ဆက္ေမာင္းလာေတာ့ မိုးသံေလသံေတြၾကားထဲမွာ တက်ည္က်ည္ငိုေနတဲ့ သစ္ပင္ႀကီးေတြ။ လမ္းအဆုံးက အိမ္အိုေလးကေတာ့ ညေနခင္းဆည္းဆာေအာက္မွာ ေမွာင္ပိန္းလို႔။ အိမ္အိုေလးရဲ႕ အေပၚထပ္ညာဘက္ေထာင့္ စာၾကည့္ခန္းကေတာ့ မီးမွိန္မွိန္ေလး လင္းေနေလရဲ႕။
အိမ္ေရွ႕မွာကားထိုးရပ္လိုက္ေတာ့ ကားဘီးေအာက္မွာ ေရေတြဖြာကနဲလြင့္ပ်ံသြားသံ၊ ကားေပၚကအဆင္းမွာ ဝတ္ထားတဲ့ လည္ရွည္ဖိနပ္ေျခမ်က္စိအထိ ေရထဲျမဳပ္ဝင္သြားသံ၊ မိုးေရစိုတဲ့ ထင္း႐ူးပင္ေပၚကေန ညေနခင္း ဌက္တစ္ေကာင္ရဲ႕ လြမ္းလြမ္းေဆြးေဆြး တြန္က်ဴးသံ၊ ၿခံစည္း႐ိုးက ပင္လယ္ကဗြီးပင္ေတြ တရွဲရွဲျမည္ဟီးေန သံေတြ၊ ကားေခါင္မိုးေပၚကို မိုးေရစက္ေတြ က်ေနသံေတြ။
အေပၚထပ္ညာဘက္ခန္းကိုေမာ့ၾကည့္လိုက္မိေတာ့ ျပတင္းေပါက္မွာရပ္ၾကည့္ေနတဲ့ အရိပ္တစ္ခု။ မီးေရာင္ ကိုေက်ာေပးၿပီးရပ္ေနတာမို႔ ျမင္ေနရတဲ့ ေကာက္ေၾကာင္းက စြဲမက္ဖြယ္ရာ။
“ကိုယ္သိပ္ခ်စ္တဲ့သူ႔ဆံပင္ေတြေတာင္ ရွည္ေနၿပီပဲ”
ေရစပ္စပ္ျမက္ခင္းကိုျဖတ္ၿပီး အိမ္ေရွ႕ေပါက္ဘက္ကို ဆက္ေလွ်ာက္လာခဲ့တယ္။
“ကြၽိ”
ခ်က္မခ်ထားတဲ့ အိမ္ေရွ႕တံခါးကို တြန္းဖြင့္ဝင္လိုက္တယ္။
အိမ္ေရွ႕ခန္းတစ္ခန္းလုံးက လႊမ္းၿခဳံလာေနတဲ့ညရိပ္ေအာက္မွာ ၿငိမ္ၿငိမ္သက္သက္။ မီးလင္းဖိုက မီးအလင္း ေရာင္က ေကာေဇာေတြေပၚမွာ တိတ္တဆိတ္တြားသြားေနတယ္။ မီးလင္းဖိုက ဖ်ိဳးဖ်ိဳးဖ်စ္ဖ်စ္ ထင္းေတြမီး ေလာင္ၿမိဳက္သံကေတာ့ ညအပ်ိဳမတစ္ေယာက္ရဲ႕ ဂီတေတးသြားေတြလို။
အိမ္ေရွ႕တံခါးကိုခ်က္ခ်လိုက္ၿပီး ေရစိုေနတဲ့လည္ရွည္ဖိနပ္ကိုခြၽတ္လို႔ ေထာင့္မွာေထာင္ထားလိုက္တယ္။ ၿပီးေတာ့ ေလွကားအတိုင္းအိမ္ေပၚထပ္ကိုတက္လာခဲ့တယ္။ ဒီအိမ္အိုေလးမွာ အခန္းေတြအမ်ားႀကီး မရွိပါ ဘူး။ ေအာက္ထပ္မွာ အိမ္ေရွ႕ခန္းနဲ႔ မီးဖို၊ ေနာက္ၿပီး အဝတ္ေလွ်ာ္ခန္းေသးေသးေလး။ မီးဖိုမွာလည္း ၿခံေနာက္ဘက္ကိုထြက္တဲ့ တံခါးေပါက္တစ္ေပါက္ပဲ ရွိတယ္။ အိမ္ေပၚထပ္မွာေတာ့ အိပ္ခန္းသုံးခန္းနဲ႔ ေရခ်ိဳးခန္းတစ္ခန္း၊ စုစုေပါင္း ေလးခန္း။ တစ္ခန္းကိုေတာ့ စာၾကည့္ခန္းလုပ္ထားတယ္။ ေလွကားက တက္ တက္ျခင္း တည့္တည့္မွာရွိတဲ့အခန္းကေတာ့ သူ႔စာၾကည့္ခန္းေပါ့။
ေလွကားထိပ္ကေန စာၾကည့္ခန္းထဲကို လွမ္းၾကည့္လိုက္ေတာ့ ျပတင္းေပါက္မွာ ရပ္ေနဆဲအရိပ္တစ္ခုက အျပင္ဘက္ကမိုးေရေတြကို ေငးၾကည့္ေနဆဲပဲ။ သူ႔အနားကိုတိုးကပ္သြားၿပီး သူ႔ေနာက္တည့္တည့္မွာ စကားမဆို.. ကိုယ္ ရပ္ေနခဲ့တယ္။ သူ႔ရဲ႕ကိုယ္ကိုျဖတ္ၿပီး ကိုယ့္ထံကို တိုက္ခတ္လာေနတဲ့ ျပတင္းအျပင္ ဘက္က မိုးေငြ႕ရစ္ဝဲေလေတြက ခ်ိဳအီလို႔။
မ်က္စိကိုအသာမွိတ္ သူ႔ကိုယ္နံ႔နဲ႔ေရာယွက္ေနတဲ့ မိုးသက္ေလေျပကို ခပ္တိုးတိုးရႈရႈိက္လိုက္လို႔ သူ႔ထံကို အသာတိုးကပ္သြားလိုက္တယ္။ သူ႔ခါးကို ေနာက္ကသိုင္းဖက္လိုက္ၿပီး သူ႔ေက်ာျပင္မွာ ပါးအပ္ထားလိုက္မိ တယ္။
သူ႔ခါးကိုဖက္ထားခ်ိန္မွာ သူ႔ခါးဟာ အရင္ရက္ေတြကထက္ ပိုၿပီးသိမ္လာသလိုရွိတာကို သိလိုက္ရလို႔ သက္ျပင္းႀကိတ္ခ်လိုက္မိျပန္တယ္။ မ်က္လုံးကို ဖြင့္လိုက္ခ်ိန္မွာ သူ႔ စာၾကည့္စားပြဲကို အၾကည့္ေရာက္တယ္။ David Lynn ရဲ႕ Wrestling with Gabriel က ေမွာက္ခုံေလး။
သူ .. ကိုယ့္ဘက္ကိုအသာလွည့္လာတယ္။ လက္ထဲမွာ အဆင္သင့္ကိုင္ထားဟန္ရွိတဲ့ မ်က္ႏွာသုတ္ပုဝါ အညိဳေလး။ မိုးေရေတြနဲ႔စိုနစ္ေနတဲ့ ဆံႏြယ္ေတြကို သုတ္ေပးေနတဲ့အခ်ိန္မွာ သူ႔အသက္ရႈသံသဲ့သဲ့က ညႇင္းညႇင္းသြဲ႕သြဲ႕။
“မိုးေတြ႐ြာေနကို… မ… ရယ္…”
သူ႔အသံကေတာ့ ႏူးညံ့မေနဘဲ ျပစ္တင္လိုတဲ့ေလသံ။
သူ႔ရင္ဘတ္မွာ ေခါင္းကိုအသာမွီၿပီး သူ႔ကိုေမာ့ၾကည့္လိုက္တယ္။ ကိုယ္တို႔မ်က္လုံးေတြဟာ အလြန္အမင္း ရီေဝေနခဲ့ၾကမယ္ဆိုတာ ကိုယ့္ကိုကိုယ္ ေသခ်ာလိုက္မိခ်ိန္မွာ တိုးကပ္လာတဲ့ သူ႔ထြက္သက္ေလနဲ႔ ႏႈတ္ခမ္းေပၚက ႏူးညံ့ေႏြးေထြးမႈ တစ္ခု…။
ပင့္သက္အရႈိက္အဆုံးမွာ သူက ဆံပင္ေတြကို ဆက္ၿပီးသုတ္ေပးတယ္။ ၿပီးေတာ့ ပခုံးကို ခပ္ၾကမ္းၾကမ္း တြန္းလိုက္တယ္။ ၿပီးေတာ့ မ်က္ႏွာသုတ္ပုဝါကိုလွမ္းဖို႔ ေရခ်ိဳးခန္းဘက္ကို ေျခလွမ္းလိုက္တယ္။
“ေနာက္တစ္ခါ မိုးေတြဒီေလာက္႐ြာေနရင္ မလာနဲ႔၊ ေၾသာ္…. ေရေႏြးအဆင္သင့္ႀကိဳထားေပး တယ္ေနာ္၊ ေကာ္ဖီလား လက္ဘက္ရည္လားလည္း မေသခ်ာလို႔ ေရေႏြးပဲလုပ္ထားတယ္”
“ေမာင္… ေကာ္ဖီလား၊ တီးလား”
မီးဖိုထဲမွာ လက္ဘက္ရည္သြားေဖ်ာ္ဖို႔ ဟန္ျပင္ရင္း ေလွကားထိပ္မွာရပ္လို႔ ေရခ်ိဳးခန္းဘက္ကို ေခါင္းငဲ့ၿပီး လွမ္းအေမး၊ ေရခ်ိဳးခန္းထဲက ေခ်ာင္းဆိုးသံခပ္ျပင္းျပင္းကို ၾကားလိုက္တယ္။ ေနာက္ေတာ့ ေအာ့အန္ သံေတြ။ ေရခ်ိဳးခန္းဘက္ကို အေျပးေလးေလွ်ာက္သြားၿပီး တံခါးကိုတြန္းဖြင့္အဝင္… မ်က္ႏွာသစ္ခြက္ မွာ ေရေတြဖြင့္ၿပီး အန္ေနတဲ့ သူ႔ကိုေတြ႕လိုက္ရတယ္။ ေက်ာျပင္ကိုဖိေပးရင္း ဝဲလာတဲ့မ်က္ရည္ေတြကို သူမ သိေအာင္ ထိန္းထိန္းသိမ္းသိမ္းလုပ္ရတာ စိတ္ပင္ပန္းလိုက္တာ…။
သူက ပလုတ္က်င္းအၿပီး ကိုယ္ကိုမတ္လိုက္ေတာ့၊ တစ္႐ူးေလးကိုလွမ္းယူၿပီး သူ႔ႏႈတ္ခမ္းက ေရစေလးေတြ ကို သုတ္ေပးလိုက္တယ္။ စိုက္ၾကည့္လာတဲ့ သူ႔မ်က္ဝန္းေတြကို ေရွာင္ဖယ္ရင္း သူ႔ေမးေစ့က ေရစက္ေလး ေတြ ကိုပဲ ေငးၾကည့္ေနခဲ့ရတာေပါ့။
“စိတ္မပူပါနဲ႔ေနာ္… မ”
အခုေလာက္ျဖစ္ေနတာေတာင္ သူ႔ေလသံကေတာ့ မာ ေနဆဲပဲ။
*****
ေကာ္ဖီမေဖ်ာ္ျဖစ္ေတာ့ဘဲ လိေမၼာ္၊ပန္းသီးနဲ႔နာနတ္သီးေတြ အကုန္ေရာႀကိတ္ထားတဲ့ ခပ္ပ်စ္ပ်စ္ အေအး ခြက္ႏွစ္ခြက္က ေအာက္ထပ္က မီးလင္းဖိုေရွ႕က စားပြဲေပၚမွာ ၿငိမ္ၿငိမ္သက္သက္။
ခပ္ခြာခြာထိုင္ေနရင္း အရိပ္တၾကည့္ၾကည့္ျဖစ္ေနလို႔ ကိုယ့္လက္ေတြကိုခပ္ၾကမ္းၾကမ္းဆြဲယူၿပီး သူက သူ႔ရင္ဘတ္မွာ ကပ္ထားလိုက္တယ္။
“ေမာင္.. မေသေသးပါဘူး… မ… ရယ္…”
တစ္ခ်ိန္လုံး ဝဲခ်င္ေနတဲ့မ်က္ရည္ေတြကို မ်က္ေတာင္ေတြနဲ႔ပုတ္ခတ္ထုတ္လိုက္ရင္း ေခါင္းေမာ့လိုက္ေတာ့ မ်က္ႏွာၾကက္ေထာင့္တစ္ေနရာမွာ မိုးေရယိုလို႔ကြက္ေနတဲ့ အကြက္တစ္ကြက္။
“အထဲမွာေတာ့ လိုက္ေဆြးေနေလာက္ၿပီ၊ အိမ္ကလည္း အိုေနၿပီေလ”
သူ႔အသံက လႈိက္ေမာေဆြးေျမ့သြားသေယာင္။
သူ႔ရင္ခြင္ထဲမွာ ေခါင္းမွီရင္း အျပင္က မိုးသံေလသံေတြ၊ သစ္ကိုင္းေတြနဲ႔ ေခါင္မိုး႐ိုက္ခတ္ေနသံေတြကို နားေထာင္ေနခဲ့လိုက္တယ္။ သူက ဆိုဖာကိုမွီထိုင္၊ မ်က္ႏွာၾကက္ကိုေငးရင္ ဆံပင္ေတြထဲ လက္ထိုးဖြေန ခဲ့တယ္။
“စာေရးျဖစ္ေသးလား၊ ေမာင္ေတာ့ ကြန္ျပဴတာေတာင္ မဖြင့္ျဖစ္တာ ၾကာၿပီ”
“ေရးေတာ့ ေရးေနတာပါပဲ…. ဒါေပမယ့္ စည္းမ်ဥ္းေဘာင္ေတြခ်ၿပီး ေဘးၾကပ္နံၾကပ္ျဖစ္ေစတဲ့ အႏုပညာကိုမွ အဆင့္မီတယ္လို႔ တိုင္းတာေနမႈေတြနဲ႔ စီးခ်င္းယွဥ္ဖို႔ မႀကိဳးစားႏိုင္ေတာ့သလိုပဲကြယ္၊ ေနာက္တစ္ခုက ပရင့္မီဒီယာေတြထဲက လူေတြက အြန္လိုင္းမီဒီယာေတြေပၚက စာေတြအေပၚမွာ အင္ေနၾကတုန္းပဲ”
“ဒီအေၾကာင္းေျပာရမယ္ဆိုရင္ အသံကမာသြားေတာ့တာပဲေနာ္…”
သူ႔စကားမဆုံးခင္ ကိုယ္က ျပတင္းေပါက္နားကိုေရာက္သြားၿပီ။ ျပတင္းေပါက္ကိုျဖတ္ၿပီး ေလျပင္းျပင္း တိုက္ခတ္ေနလို႔ ဆံပင္ေတြက အတားအဆီးမဲ့လြန႔္လူးေနလိုက္တာ။ လက္နဲ႔စုၿပီး ညာဘက္ပခုံးကဆြဲယူၿပီး ရင္ဘတ္မွာ ထိကပ္ထားလိုက္ရတယ္။
“ဒါေတြက သဘာဝပဲေလ Ploughshares ရဲ႕ ဒြန္လီး ေျပာသလိုပဲ၊ စာအုပ္ကိုကိုင္ဖတ္ခ်င္တဲ့ အယ္ဒီတာေတြ နဲ႔ စာဖတ္သူေတြကေတာ့ အၿမဲရွိေနမွာပဲ”
သူက လည္ေခ်ာင္းရွင္းလိုက္ရင္း ေျပာတယ္။
“ေရရွည္ကို ၾကည့္ႏိုင္တဲ့သူ၊ ေရစီးအတိုင္းေမ်ာႏိုင္မယ့္ သူေတြကေတာ့ ခရီးပိုေရာက္လိမ့္မယ္။ စာအုပ္ တစ္အုပ္ဟာ စင္ေပၚမွာ ဘယ္ႏွစ္ႏွစ္ရွိႏိုင္မလဲ။ shelf live ပိုမ်ားတာတယ္ဆိုတဲ့ ကိစၥအေသးအဖြဲကအစ အြန္လိုင္းေပၚကစာေတြကို ေလ်ာ့တြက္လို႔ မရဘူး။ အထူးသျဖင့္ တကၠသိုလ္ႀကီးေတြရဲ႕စာၾကည့္တိုက္ေတြဟာ အြန္လိုင္းစာၾကည့္တိုက္ေတြ အေနနဲ႔အစားထိုးလာၿပီ၊ scientific journals ေတြ၊ medical journals ေတြဆိုရင္ အြန္လိုင္းစာၾကည့္တိုက္ကေနရွာမွ ရတာမ်ိဳးေတြ ျဖစ္လာၿပီ၊ ဘယ္သူမွ စာၾကည့္တိုက္ အထိသြားၿပီး စာအုပ္ႀကီးေတြကိုရွာေနဖို႔ အခ်ိန္မရွိၾကေတာ့ဘူး၊ ကုမၸဏီႀကီးေတြဆိုရင္လည္း အင္ထရာ နက္ေတြပဲ သုံးၾကေတာ့တဲ့ေခတ္၊ ဘယ္သူမွ ႐ုံးစာၾကည့္တိုက္ထဲသြားၿပီး ေပၚလစီစာအုပ္ႀကီးတစ္အုပ္၊ ဒါမွမဟုတ္လည္း မယ္နယူရယ္စာအုပ္တစ္အုပ္ကို ေမႊေႏွာက္ရွာေဖြေနဖို႔ မလိုေတာ့ေအာင္ နည္းပညာေတြ က ပံ့ပိုးေနၾကၿပီ”
ျပတင္းေပါက္ေဘာင္ကိုမွီၿပီး တတြတ္တြတ္ ႐ြတ္ေနမိခ်ိန္မွာ ပင္လယ္ကဗြီးပင္ႀကီးနားမွာ လွ်ပ္စီးျပက္ သြားတာ ဝင္းကနဲထိန္ကနဲ။
“အဲဒါက တိုးတက္တဲ့ႏိုင္ငံအမ်ားစုမွာ ျဖစ္ေနတာေလ.. မ ရဲ႕။ တိုးတက္ေနဆဲ ႏိုင္ငံေတြမွာ ဒါေတြသြားေျပာ လို႔ မရေသးဘူး၊ သူတို႔သိတဲ့ အြန္လိုင္းကမာၻက သူတို႔အေတြးေတြထဲမွာ ေသးငယ္ေသးတယ္။ က်ယ္ျပန႔္ မလာေသးဘူး၊ ပရင့္မွာ ရွာမရႏိုင္တဲ့ စာေပအႏုပညာနဲ႔ ပညာရပ္ဆိုင္ရာေတြ ရွိေနတယ္ဆိုတာေတြထက္ ဘဝရဲ႕အေျခခံလိုအပ္ခ်က္ေတြအတြက္ လုံးပမ္းေနၾကရတုန္းပဲ။ မ ေျပာေနတာေတြက ကမာၻတစ္ျခမ္းဘက္မွာ လက္ေတြ႕က်ေနေပမယ့္၊ အျခားကမာၻတစ္ဘက္ျခမ္းမွာက ေလထဲက ကိစၥေတြ”
သူက စကားအဆုံးမွာ မီးဖိုဘက္ကို ထထြက္သြားတယ္။ မီးဖိုဘက္ကို ခ်ိဳးမေကြ႕ခင္ ေခ်ာင္းေတြက ထပ္ဆိုး လာျပန္တယ္။ ကိုယ္ သူ႔အနားကို တိုးကပ္သြားဖို႔ဟန္ျပင္ခ်ိန္မွာ တံခါးေထာင့္မွာ ခြၽတ္ထားတဲ့ လည္ရွည္ ဖိနပ္ကို လွမ္းျမင္သြားေတာ့ သူက ကိုယ့္ဘက္ကို ေဒါသတႀကီးလွည့္လာလိုက္တာဆိုတာ… ခ်ာကနဲ။
“ေတာက္…. ဟိုေကာင္ေပးထားတဲ့ ဖိနပ္ကို စီးလာျပန္ၿပီလား”
“ေမာင္… အဲသလို ေတာက္… မေခါက္နဲ႔ေနာ္၊ မိုးေတြအရမ္း႐ြာေနလို႔ ေတြ႕ရာစီးလာတာ”
“ဘယ္လိုလုပ္ေတြ႕ရာစီးလာတာျဖစ္ရမလဲ၊ မိုး႐ြာတာကို အေၾကာင္းျပတာပဲ၊ ေခ်ာင္းဆိုးတာေတာင္ ရပ္သြား ၿပီ”
“ေမာင္က်ေတာ့ ဟိုတစ္ေယာက္ေပးထားတဲ့ အေႏြးထည္ကို အခုထိ ဝတ္ေနတုန္းပဲ မဟုတ္လား၊ အေပၚက ခုံေပၚမွာ လွမ္းထားတာ ေတြ႕သားပဲ”
“ေသာက္တလြဲေတြ လုပ္ျပန္ၿပီ”
“ေမာင္…. က်မကို အဲသလို ၾကမ္းၾကမ္းတမ္တမ္းမေျပာနဲ႔၊ ေတာ္ၿပီ… အရမ္းစိတ္ကုန္ေနၿပီ”
“ကုန္ပါ… ကုန္ေနမွန္းလည္း သိပါတယ္ဗ်ာ…”
“ေမာင္….. မဟုတ္တာေတြ မေျပာနဲ႔”
ကိုယ္ အရမ္းေအာ္လိုက္မိေတာ့ သူတစ္ခ်က္ေၾကာင္သြားတယ္။
“မ က ေမာင့္ကိုမွ နားမလည္တာ၊ ေမာင့္ ႏွလုံးသားကို မ ႏွလုံးသားနဲ႔ ဘယ္တုန္းကမွ မထိေတြ႕ၾကည့္ဘူး”
“ေတာ္ၿပီရွင္… ေတာ္ၿပီ၊ ရွင့္ဆီကို မိုးေတြၾကားထဲက အေဝးႀကီးလာတာ၊ တစ္ခုမဟုတ္တစ္ခုပဲ၊ စိတ္အရမ္း ညစ္ေနၿပီ”
သူ႔ေရွ႕ကျဖတ္ေလွ်ာက္၊ ဖိနပ္ကို အျမန္စြပ္ၿပီး အိမ္ေရွ႕တံခါးကိုတြန္းဖြင့္ မိုး႐ြာထဲ ကိုယ္ေျပးထြက္လာခဲ့တယ္။ ကားနားကိုေရာက္ေတာ့ တံခါးခလုပ္ကိုႏွစ္ခ်က္ႏွိပ္ဖြင့္လိုက္ခ်ိန္ မိုးေရစိုစြတ္စြတ္နဲ႔ အေျပးတစ္ပိုင္းေျခသံ။ ေျခသံက ကိုယ့္အေနာက္မွာရပ္သြားတယ္။ သူက ကိုယ့္လက္ေမာင္းကိုဖမ္းဆုပ္၊ ကိုယ္ကိုဆြဲလွည့္လိုက္ ၿပီးေတာ့ ကိုယ့္မ်က္ႏွာကိုဆြဲယူ သူ႔ရင္ဘတ္မွာ ဖိကပ္ထားလိုက္တယ္။
“ေမာင္…. မခြဲႏိုင္ဘူး .. မ..ရယ္…”
ကိုယ့္ကိုတင္းၾကပ္စြာသိုင္းဖက္ထားရင္း သူခပ္တိုးတိုးဆိုတယ္။ မိုးသံေတြကေတာ့ တရွဲရွဲ။ ကိုယ္တို႔ မိုးေရထဲ မွာ အၾကာႀကီးရပ္ေနမိၾကတယ္။ ကိုယ့္ရဲ႕မ်က္ရည္ေတြဟာ သူ႔ရင္ဘတ္မွာ မိုးနဲ႔အတူ ႐ႊဲ႐ႊဲစိုလို႔။ ေက်ာျပင္ တစ္ခုလုံး တုန္ခါလာေအာင္ ငိုရႈိက္ေနမိတာမို႔ သူကပဲ ကိုယ့္ကို အိမ္ထဲကို ျပန္တြဲေခၚ လာခဲ့တယ္။
“အေပၚမွာ ေမာင့္အဝတ္အစားေတြ ခဏယူဝတ္ထားေနာ္၊ ေရေႏြးထပ္တည္ၿပီး တက္လာခဲ့မယ္”
မ်က္ရည္ေတြကို လက္နဲ႔အသာသုတ္ေပးၿပီး ခပ္တိုးတိုးေျပာေနတဲ့ သူ႔ႏႈတ္ခမ္းက ထြက္သက္ေလဟာ ကိုယ့္ႏႈတ္ခမ္းနားတစ္ဝိုက္မွာ ေႏြးေႏြးေလး။
ေရခ်ိဳးခန္းထဲမွာ သူ႔တစ္ပတ္ႏြမ္းရွပ္အက်ီေလၤးဝတ္လိုက္ၿပီး မိုးစိုသြားတဲ့ဖုန္းေလးကို ရွပ္အက်ီ အႋတ္ေလးထဲ ထည့္လိုက္တယ္။ အဝတ္လဲၿပီးခ်ိန္မွာ သူ႔စာၾကည့္စားပြဲနားကိုေလွ်ာက္သြားၿပီး သူဖတ္လက္စ စာအုပ္ေလး ကို အသာအဟာ ေကာက္ကိုင္လိုက္တယ္။ David Lynn ရဲ႕ Wrestling with Gabriel …။
“ဝုန္း”
“ဟင္…. ေမာင္…. ေမာင္”
အိမ္ေအာက္က ၿပိဳလဲသံတစ္ခု….။
မ်က္စိေတြ ျပာေဝသြားတယ္။
“ေမာင္…”
အသံကုန္ေအာ္ၿပီး ေလွကားကေန ေျပးဆင္းလာခဲ့ တယ္။ ဘဝရဲ႕အေၾကာက္ရဆုံးအခ်ိန္ကို ေရာက္ခဲ့ၿပီ လား။ ေလွကားကေန သုံးထစ္ေလာက္ ေျခေခ်ာ္က်သြားေသးတယ္။ လူးလဲထလိုက္ၿပီး မီးဖိုထဲကို ေျပးဝင္ လာခဲ့တယ္။
“ေမာင္….”
မီးဖိုၾကမ္းျပင္မွာ လဲက်ေနတဲ့သူ႔ေဘးမွ ထိုင္လိုက္ၿပီး သူ႔ကို ေျခာက္ျခားစြာ ေပြ႕ထားရင္း စီးက်လာတဲ့ မ်က္ရည္ေတြကေတာ့ တားမရဆီးမရ။ ေဆး႐ုံကားကိုေခၚဖို႔ ရွပ္အက်ီ အႋတ္ထဲက ဖုန္းေလးကိုထုတ္ယူေနတဲ့ ကိုယ့္လက္ေတြဟာလည္း အတားဆီးမဲ့ တုန္ယင္လို႔။
“မေခၚပါနဲ႔ဦး မရယ္….။ ေမာင့္ကို ဖက္ထားေပးပါေနာ္”
သူက ေလသံယဲ့ယဲ့ေလးနဲ႔ ေျပာလာတယ္။
သူ႔မ်က္ႏွာမွာ ကိုယ့္မ်က္ႏွာအပ္ထားမိတယ္။ သူ႔ဆံပင္ေတြ၊ သူ႔လက္ေခ်ာင္းေတြကို တရႈိက္မက္မက္ နမ္းေန မိတယ္။ အားရပါးရ ငိုလိုက္ခ်င္ေပမယ့္ သူ႔ေရွ႕မွာ သတၱိရွိျပရမယ့္ အခ်ိန္မို႔ ထိန္းခ်ဳပ္ထားရမႈဒဏ္က တစ္ကိုယ္ လုံးကို တုန္ခိုက္ေနေစခဲ့တာေပါ့။
“မ…. ေမာင္တို႔ မခြဲဘူးေနာ္”
သူ႔စကားအဆုံးမွာ အင့္ကနဲ လြင့္စင္လာတဲ့ ရႈိက္သံတစ္ခ်က္။
“ေျပာပါ… မ..ရယ္၊ ေမာင္တို႔ မေဝးဘူးေနာ္…”
ထြက္ခြာသြားေတာ့မယ့္ လူတစ္ေယာက္ရဲ႕လက္ကို အားကိုးတႀကီးဆုပ္ကိုင္ထားေနတဲ့ က်န္ရစ္ခဲ့ရမယ့္ လူရဲ႕ လက္ေတြဟာ ဒီေလာက္ပဲ ေဆာက္တည္ရာမရ တဆတ္ဆတ္ တုန္ယင္ေနခဲ့ပါသလား။ သူ႔ ႏႈတ္ခမ္းကို လက္ကေလးနဲ႔ တို႔ၾကည့္ရင္း ကမာၻႀကီးတစ္ခုလုံးၿပိဳက်လာေတာ့မလို။ မီးဖိုေပၚက ေရေႏြးအိုဆူသံဟာလည္း ပိုမိုက်ယ္ေလာင္လို႔လာေနခဲ့ၿပီ။
“ေမာင့္ကို….မ မ်က္စိနဲ႔ မျမင္ႏိုင္ေတာ့တဲ့တစ္ေန႔… ေမာင့္ႏွလုံးသားကို မ ႏွလုံးသားနဲ႔ၾကည့္ေပးပါ၊ ေမာင့္ ခံစားခ်က္ကို မ ခံစားခ်က္နဲ႔ ၾကည့္ေပးပါ၊ မ်က္စိနဲ႔ၾကည့္ရင္ေတာ့ မ်က္စိနဲ႔ျမင္ႏိုင္တာေတြကိုပဲ မ… ျမင္ရလိမ့္ မွာ”
“မခြဲပါရေစနဲ႔… ေမာင္”
အျပင္မွာ လွ်ပ္စီးျပက္သံတို႔က ညႇိဳး၍ေဝးသြားခဲ့ေလၿပီ။
“ေမာင့္ကို နမ္းပါဦး…မ”
အျပင္မွာ မိုးသံတို႔က တိုး၍စီးေမ်ာသြားခဲ့ေလၿပီ။
“လြမ္းေနပါေနာ္…. မ”
က်မ ၏ ခ်စ္ျခင္းတို႔သည္ သူႏွင့္အတူ ေသဆုံးခဲ့ေလၿပီ။
ခ်စ္ခင္စြာျဖင့္…
ေႏြဦးပန္း
ေဖေဖာ္ဝါရီ ၂၁၊ ၂၀၁၄
(ေ႐ႊေဒါင္းေတာင္ အြန္လိုင္းမဂၢဇင္း)
Comments