မိုးသက်လေဆန် ပေါက္ခရ၀ဿန်
- အိမ့်ချမ်းမြေ့
- Jan 2, 2021
- 7 min read
Updated: Jan 4, 2021
ဤမြို့ကလေးသည် တိတ်ဆိတ်ခြောက်သွေ့သော အစိုးရရုံးစိုက်ရာ ပင်လယ်ကမ်းခြေမြို့လေးဖြစ်သည်။ မြို့ ၏အရှေ့ဘက်တွင် ပင်လယ်ထဲသို့ စီး၀င်နေသော မြစ်ကြီးတစ်စင်းရှိပြီး အနောက်ဘက်တွင် ခြောက်သွေ့သော လွင်ပြင်ကြီးတစ်ခုရှိလေ၏။ လွင်ပြင်ကြီးအဆုံးတွင် ကျယ်ပြန့်လှသော ထန်းတောကြီးရှိလေသည်။ မြို့၏ တောင်ဘက်တွင်မတော့ ကမ်းမမြင် လမ်းမမြင် ပင်လယ်ကြီးက ၀န်းရံထားပြီး မြောက်ဘက်တွင်တော့ အခြားမြို့များသို့ သွားရာလမ်းဆုံလမ်းခွကြီးတစ်ခု။
သတင်းစာဆရာလေး မောင်မွှေးတစ်ယောက် ဤမြို့သို့ တာ၀န်ဖြင့် ပြောင်းရွှေ့လာသည်မှာ သိပ်မကြာသေး။ မောင်မွှေးသည် မြို့ကလေး၏ သာယာလှပမှုအပြင်၊ ငြိမ်းချမ်းသော မြို့နေလူတို့၏ ယဥ်ကျေးမှုကို နှစ်သက်သဘောကျနေမိသည်။ ဤမြို့ကလေးမှာ ဆိုး၀ါးသော မှုခင်းများ မဆိုထားနှင့် ခိုး၀ှက်မှုများတောင် မရှိသလောက်ပင်။ မိန်းကလေးများ အချိန်မရွေးသွားလိုသည့်နေရာသို့ သွားနိုင်ကြသည်။ မြို့ငယ်လေးထဲမှ အသက်ကြီးငယ် ယောက်ျားများက မိန်းကလေးများကို စခြင်း၊ နောက်ခြင်း၊ ရိခြင်း၊ ထေ့ခြင်းများ မရှိ။ လိုအပ်ရင်လိုအပ်သလို မောင်ရင်းနှမသဖွယ်ပင် စောင့်ရှောက်တတ်ကြသေး၏။
မောင်မွှေးပြောင်းရွှေ့လာပြီး မကြာခင်မှာပင် မြို့နေလူအချို့နှင့် ရင်းနှီးလာတော့သည်။ ထိုအထဲတွင် ဆိုက်ကားဆရာကြီး ဦးမှိုင်းတစ်ဦးလည်း အပါအ၀င်ဖြစ်လေသည်။ ဦးမှိုင်းသည် မောင်မွှေးကဲ့သို့ပင် တစ်ကိုယ်တည်း လူပျိုကြီးဖြစ်ပြီး ရံဖန်ရံခါတွင် အပျင်းပြေ အာဆွတ်ရုံသောက်တတ်သေးသည်။ လူပျိုကြီးဦးမှိုင်းသည် ရံဖန်ရံခါ ခပ်ထွေထွေဖြစ်ရုံ၊ ထန်းတောစပ်နားက တဲထဲတွင် အိပ်ပျော်နေတတ်ခြင်းထက်ပိုပြီး ရုပ်ပျက်ဆင်းပျက် မူးရူးခြင်း မရှိတတ်။
မောင်မွှေးကတော့ မသောက်တတ်သော်လည်း ဦးမှိုင်းနှင့်အတူ မြို့အနောက်ဘက် လွင်ပြင်ကြီးအစပ် ထန်းတောနားက တဲလေးတွင် အမြည်းကလေး ဘာလေးစားရင်း စကားစမြည် သွားပြောတတ်လေသည်။ အထူးသဖြင့် လသာသော ညများတွင် လွင်ပြင်ကြီးသည် လရောက်အောက်တွင် ညို့မှိုင်းမှိုင်းနှင့် လွမ်းမောဖွယ်ရာကောင်းလွန်းလှ၏။ ထို့အပြင် မြို့အနောက်ဘက်ပင်လယ်ပြင်ဘက်မှ ဖြတ်တိုက်လာသော ပင်လယ်ဆားငန်ရေနံ့နှင့် မြက်ခြောက်နံ့တို့ ရောယှက်သော ညလေပြေမှာ ကြည်နူးဆွတ်ပျံ့ဖွယ်ရာ ကောင်းလွန်းလှပေသည်။ ထို့ကြောင့်လည်း သတင်းစာဆရာလေးမောင်မွှေးမှာ ထိုနေရာသို့ မကြာခဏ ရောက်တတ်နေခြင်းပင်။
သတင်းစာဆရာလေးသည် အသားညိုညို၊ ပိန်ပိန်ပါးပါးဖြင့် တည်တံ့သူဖြစ်သည်။ ဆံပင်ကိုလည်း သပ်ရပ်စွာဖီးသင်ထားရုံမက၊ အ၀တ်အစားများကိုလည်း အမြဲသေသပ်စွာ မီးပူထိုးထားတတ်သေးသည်။ မောင်မွှေး၏ အ၀တ်အစားများနှင့် ဖိနပ်တို့သည် ဟောင်းနွမ်းနေတတ်သော်လည်း ညစ်ထေးပေရေနေခြင်း မရှိ။
မောင်မွှေးပြောင်းရွှေ့လာပြီးမကြာခင်မှာပင်၊ အရာရှိတစ်ဦးကလည်း ထိုမြို့လေးသို့ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ပြောင်းရွှေ့လာခဲ့သည်။ အရာရှိနေထိုင်သော ခြံ၀င်းကလေးသည် ပုံဏ္ဏရိပ်စည်းရိုးကလေးဖြင့် သပ်ရပ်လှစွာ။ ခြံထဲတွင်လည်း စံပယ်ခြုံများ၊ မြတ်လေးငုံများဖြင့် သာယာတင့်တယ်လှပေသည်။ ခြံ၏ အလယ်တည့်တည့်တွင်မတော့ သပ်ရပ်လှပသော အဖြူရောင်တိုက်ပုလေးတစ်လုံး ရှိနေလေသည်။
သတင်းစာဆရာလေးမောင်မွှေးကတော့ တိုက်ပုလေးနှင့် မလှမ်းမကမ်းက သွပ်မိုးပျဥ်ထောင်နှစ်ထပ်အိမ်ကြီး၏ အပေါ်ဘက်ညာဘက်ထောင့်ခန်းတွင် အခန်းငှား၍ နေခြင်းဖြစ်သည်။ အရာရှိကလေး ပြောင်းမလာခင်ကတည်းကပင် အဖြူရောင်တိုက်ပုလေးကို မောင်မွှေးက သတိထားမိနေပြီးသားဖြစ်သည်။ မောင်မွှေး၏ အိပ်ခန်းအပြင်ဘက်တွင် လေသာဆောင်ရှိလေသည်။ သွပ်မိုးပျဥ်ထောင်အိမ်က ရှေးခတ်ပျဥ်ထောင်အိမ်ဖြစ်သဖြင့် ကနုတ်ပန်းများဖြင့် ပုံဖော်ထားသော လေသာဆောင်ပင်။ လေသာဆောင်မှထွက်ပြီး တောင်ဘက်သို့ လှမ်းမျှော်ငေးလျှင် အဖြူရောင်တိုက်ပုလေးကို မြင်ရတတ်သည် မဟုတ်ပါလား။ တိုက်ပုလေး၏ အနောက်ဘက်မှာတော့ ညို့ညို့မှိုင်းမှိုင်း ပင်လယ်ပြာ။ တိုတိုက်ပုလေးကို မြင်တိုင်း မောင်မွှေးတစ်ယောက် တစ်စုံတရာကို အလိုလိုနေရင်း လွမ်းဆွတ်လာမိတတ်သည်။
သတင်းစာဆရာလေးမောင်မွှေးသည် အရာရှိလေးအိမ်သို့ သတင်းစားပို့ရန် တာ၀န်ကျလာသည်။ ထိုနေ့နံနက်ခင်းက နွေနံနက်ခင်းမြူတို့ အုံ့ဆိုင်း၀ေ့၀ဲနေသည်။ နေရောင်ဖျော့ဖျော့က အုန်းထန်းပင်တို့ထိပ်ဖျားတွင် ခိုတွဲနေလေ၏။ သတင်းစာဆရာလေးသည် အုတ်ခဲနီခင်းလမ်းကလေးအတိုင်း စက်ဘီးကိုတွန်း၍ အရာရှိငယ်လေး၏ တိုက်ပုလေးဘက်သို့ ထွက်ခွာလာခဲ့သည်။ ခြံတံခါးက ပွင့်နေသဖြင့် အသာတွန်း၍ ၀င်လာခဲ့သည်။ တိုက်ပုလေးနားက ပုံဏ္ဏရိပ်စည်းရိုးပေါ်မှာ ပန်းနီနီလေးတွေက ချစ်စရာခိုတွဲလို့။ ခြံထောင့်မန်ကျည်းပင်ပေါ်မှ ငှက်တစ်ကောင်ကလည်း သာယာချိုမြိန်စွာ တေးဆိုနေသံကိုလည်း သတင်းစာဆရာလေး ကြားနေရလေသည်။
သတင်းစာဆရာလေးသည် အိမ်ရှေ့ဆင်၀င်အောက်အထိ စက်ဘီးကိုတွန်း၀င်သွားသည်။ ဆင်၀င်အုတ်တိုင်နားတွင် စက်ဘီးကိုထောင်လိုက်ပြီး သတင်းစာလိပ်ကိုယူကာ အိမ်ထဲသို့လှမ်းကြည့်လိုက်သည်။ အိမ်ရှေ့တံခါးက သံပန်းတံခါးဖြစ်ပြီး လူတစ်ကိုယ်စာ ကောင်းကောင်း၀င်နိုင်ရုံ ပွင့်နေလေ၏။
“ဒီအိမ်ကတံခါးတွေကလည်း အကုန်ပွင့်နေတော့တာပဲ”
တစ်ယောက်တည်း ခပ်တိုးတိုး ရေရွတ်ကာ သတင်းစာလိပ်ကို အိမ်ထဲသို့ ပစ်သွင်းရန် ဟန်ပြင်လိုက်သည်။
ထိုအချိန်တွင် အိမ်ထဲမှ လှပသော အရိပ်လေးတစ်ခုက ကန့်လန့်ကာနောက်ကွယ်မှ လှစ်ကနဲ ပေါ်လာတော့သည်။ သတင်းစာဆရာသည် အံ့သြမှင်တက်မိကာ တဒင်္ဂ ငြိမ်သက်သွားသည်။ အသက်အစိတ်အရွယ်ခန့်ရှိ မိန်းကလေးတစ်ဦးက သူ့ထံသို့ သတင်းစာလာယူရန် လှမ်းလျှောက်လာနေသည်။
သြော်…. အရာရှိကတော်ထင်ရဲ့ ဟု စိတ်ထဲမှ ပြောလိုက်မိပြီး အရာရှိကတော်လေး၏ အလှတရားအောက်တွင် တခဏတာ ငေးငိုင်တွေ၀ေသွားမိသည်။
အဖြူရောင်ဇာဖောက်ရင်စေ့လက်စကလေးနှင့် မရမ်းစေ့ရောင်ချိတ်လုံချည်လေး၀တ်ဆင်ထားသော၊ အရွယ်နှင့်မလိုက်အောင် တည်ငြိမ်ဣန္ဒြေရလွန်းသော အရာရှိကတော်လေး၏ မျက်နှာသည် ကြည်လင်း၀င်းပနေလေသည်။ ဆံပင်ကိုလည်း တစ်ပတ်လျှိုတွဲလေးထုံးထားကာ စံပယ်ပန်းကုံးလေးကိုလည်း ပန်ဆင်းထားသေး၏။ သူမ၏ခြေလှမ်းတိုင်းသည် အမှန်တကယ်ပင် ကုဋေတစ်သန်း တန်နေနိုင်သည်ဟု သတင်းစာဆရာလေးက တွေးနေမိသည်။ အရာရှိကတော်လေး၏ ညင်သာသိမ်မွေ့သော အပြုံးတို့သည် သတင်းစာဆရာလေး၏ မျက်လုံးများပေါ်တွင် ဖွဖွညင်သာ နားခိုလေသည်။
သတင်းစာဆရာလေးက သတင်းစာကို ကမ်းပေးလိုက်သည်။ အရာရှိကတော်လေးက သတင်းစာကို လှမ်းယူအပြီး ကျေးဇူးတင်ကြောင်း ခေါင်းညိတ်ပြလေသည်။ ထို့နောက် အိမ်တွင်းသို့ ပြန်၀င်သွားပြီး ကန့်လန့်ကာတစ်ဘက်ခြမ်းသို့ ၀င်ရောက်ပျောက်ကွယ်သွားလေသည်။
“မြင်ဖူးလိုက်တာနော်….”
“လှလိုက်တဲ့ မိန်းကလေးရယ်…”
သတင်းစာဆရာလေးသည် သတိလက်လွတ် ငေးမောကျန်နေခဲ့ရာမှ ကန့်လန့်ကာလေးလွန့်လူးသွားပါမှ သတိပြန်၀င်သလိုဖြစ်သွားကာ စက်ဘီးကို ထောက်ဖြုတ်ပြီး ခပ်ဖြည်းဖြည်းတွန်းလျှက် ခြံ၀င်းထဲမှ ထွက်ခွာလာခဲ့သည်။ ထိုအချိန်တွင် ကောင်းကင်မှ မိုးဖွဲလေးတို့ ရုတ်တရက် တဖျောက်ဖျောက် ကျလာတော့သည်။
“ဒီရာသီကြီး မိုးကတော့ ဖောက်တော့မယင်ထင်တယ်”
သတင်းစာဆရာလေးသည် စက်ဘီးကို ခပ်သုတ်သုတ်မောင်းနှင်လျှက် လက်ကျန်သတင်းစာများကို ဆက်ချနေခဲ့သည်။ နှစ်အိမ်ခန့်လွန်လေသော် မိုးဖွဲလေးတို့သည် တိတ်၍သွားလေ၏။
************
ဤသို့ဖြင့် နံနက်ခင်းတိုင်း သတင်းစာသွားအချ၊ ယဥ်ကျေးသိမ်မွေ့သော ခြေလှမ်းတို့၏ပိုင်ရှင်ကို သတင်းစာဆရာလေးက မသိမသာမျှော်မိလာသည်။ အရာရှိကတော်လေးကလည်း နံနက်တိုင်းထွက်ထွက်လာပြီး သတင်းစာကို လာယူသည်။ အရာရှိကတော်လေးထံမှ စံပယ်နံ့ဟုထင်ရသော မွှေးပျံ့ထုံအီသော ရနံ့တစ်ခုနှင့်လည်း သတင်းစာဆရာလေးက ရင်းနှီးလာခဲ့ရသည်။
ထိုနေ့မှစ၍ အရာရှိကတော်လေးကို သတင်းစာဆရာလေးက အမှတ်တရရှိတတ်လာရပြီ။ ညဘက်လူသူတိတ်ဆိတ်ချိန်တွင် လေသာဆောင်ဘက်ထွက်ပြီးလည်း တိုက်ပုလေးဘက်သို့ မျှော်ငေးနေမိတတ်သည်။ အရာရှိကတော်လေး၏အကြောင်းကိုလည်း မကြာခဏတွေးမိလာသည်။ တွေးမိတိုင်းလည်း သတင်းစာဆရာလေး၏ ရင်ထဲတွင် မတွေးသင့်ဘူးဟူသော ဆန့်ကျင်ဘက်အတွေးတစ်ခုကလည်း တားဆီးနေခဲ့သည်။
အရာရှိလေးကိုသာ ဈေးနေ့များ၊ ဘောလုံးဖွင့်ပွဲနေ့များ၊ ဥယျာဉ်ခြံထွက်အသီးအနှံပြပွဲများ၊ ပွဲဈေးများတွင် တွေ့ရတတ်သော်လည်း အရာရှိကတော်လေးကိုမူ မတွေ့ရတတ်။
အိမ်တွင်းပုန်းပန်းကလေးနဲ့ တူပါရဲ့ဟု သတင်းစာဆရာလေးက တွေးမိလိုက်သည်။
ရာသီဥတုသာယာလှပသော နွေညတစ်ညတွင်မတော့ သတင်းစာဆရာလေးက သူ၏ကုတင်ပေါ်တွင် စာအုပ်တစ်အုပ်ဖြင့် လဲလျောင်းလျှက်နေလေသည်။ နွေဦးညလေက လေသာဆောင်မှဖြတ်လျှက် သတင်းစာဆရာလေး၏ အိပ်ခန်းအတွင်းသို့ တသုန်သုန်တိုက်ခတ်လျှက်။ နွေရာသီပန်းတို့၏ ရနံ့တို့ကလည်း ထုံသင်းလျှက်။ ခပ်၀ေး၀ေးမှ လူငယ်တစ်စု၏ ဂစ်တာသံတို့ကလည်း သာယာနာပျော်ဖွယ် ပျံ့လွင့်လျှက်။
သတင်းစာဆရာလေး မှေးကနဲဖြစ်သွားချိန်တွင် အခန်းပေါက်၀က ကန့်လန့်ကာ လှုပ်ခါသွားသလို မြင်မိလိုက်သဖြင့် မျက်စိဖွင့်ကြည့်လိုက်မိသည်။
“ဟင်….”
သတင်းစာဆရာလေး ကုတင်ပေါ်မှာ ငုတ်တုတ်ထထိုင်လိုက်မိ၏။
အရာရှိကတော်လေးက သူ့အခန်းထဲ ရောက်ရှိနေပြီ။ အရာရှိကတော်လေးက ကုတင်ဘေးမှာ မတ်တပ်ရပ်လျှက် သတင်းစာဆရာကို ပြုံးပြုံးလေးကြည့်နေလေ၏။ သူမ ၀တ်ဆင်နေကျ အဖြူဇာဖောက် ရင်စေ့လေးနှင့် ဣန္ဒြေရလှသည်။ သူမဆံထုံးလေးထဲမှာလည်း စံပယ်ကုံးလေးက ရစ်သီရီ၀ေလျှက်။
“မင်း…. မင်း………. အခန်းထဲကို ဘယ်လိုရောက်လာတာလဲ”
အရာရှိကတော်လေးက ဘာမှမဖြေဘဲ သတင်းစာဆရာကို ပြုံးပြုံးလေးဆက်ကြည့်ပြီးနောက် နောက်ပြန်ဆုတ်လျှက် အခန်းတွင်းမှ ထွက်ခွာသွားလေသည်။
“နေဦး………. ခဏလေး…”
သတင်းစာဆရာလေးကိုမွှေးတစ်ယောက် ကုတင်ပေါ်က ခုန်ဆင်းပြီး လိုက်ရန်ကြိုးစားသော်လည်း မရ။ သူ့ ခန္ဓာကိုယ်တစ်ခုလုံးကို တစ်စုံတရာက တုပ်နှောင်ထားသလို လှုပ်၍မရ။
“မိန်းကလေး……. ခဏလေးနေပါဦး”
ကိုမွှေးတစ်ယောက် နှုတ်မှလှမ်းအော်ခေါ်နေမိသည်။ ကုတင်ပေါ်မှ ဆင်းလိုက်ရန်လည်း အတင်းကြိုးစားနေမိသည်။
“မိန်းကလေး…. မိန်းကလေး” ဟူသော သူ့အသံကို ပဲ့တင်ထပ်လျှက် ကျယ်လောင်စွာ သူပြန်ကြားနေရသည်။ ထို့နောက် မျက်နှာကြက်ကို လှမ်းမြင်လိုက်ရသည်။ သတင်းစာဆရာလေး အိပ်ရာထဲမှ လူးလဲထလိုက်သည်။ တစ်ကိုယ်လုံးချွေးတွေနစ်နေသည်။
ထိုအချိန်တွင် အပြင်ဘက်မှ မိုးစက်မိုးပေါက်ရောသော လေတို့က အခန်းထဲသို့ တသုန်သုန်၀ေ့၀ဲတိုက်ခတ်လို့ လာနေသည်။
“ငါ….. ငါ….. အိပ်မက် မက်နေတာပါလား။ နွေရာသီမှာ မိုးကလည်း ရွာနေသေးတယ်”
သတင်းစာဆရာလေး ကုတင်ပေါ်မှာ ငုတ်တုတ်ဆက်ထိုင်နေမိသည်။ အသက်ကိုလည်း ပြင်းပြင်းရှုနေမိ၏။ သူ၏ အိပ်ခန်းတံခါးကတော့ ပိတ်လျှက်သား၊ ကန့်လန့်ကာကလည်း ဣန္ဒြေရစွာ။ မိုးငွေ့ရောယှက်သော နွေည၏ လေပြည်တို့ကတော့ ညင်သာစွာ အခန်းထဲသို့ တိုက်ခတ်နေဆဲ။
“ငါတော့ မဟုတ်တော့ဘူး ထင်တယ်၊ မဖြစ်သင့်ဘူး”
သတင်းစာဆရာလေးကိုမွှေးသည် အမျိုးသမီးပေါင်းများစွာကို မြင်ဖူးတွေ့ဖူးခဲ့သော်လည်း ယခုကဲ့သို့ အိပ်မက်မက်၍ ယောင်ယမ်းခေါ်မိလောက်သည်အထိ မည်သူ့ကိုမျှစွဲစွဲလမ်းလမ်း မရှိဘူးခဲ့။ အိပ်မက်မြင်မက်ရသည်အထိ ဖြစ်ရသူသည်လည်း ကာမပိုင်ရှိသော အမျိုးသမီးတစ်ဦးဖြစ်နေသည်က သူ့အတွက်ပိုပြီး ဆိုးရွားစေသောအဖြစ်။
************
ထိုသို့ဖြင့် သတင်းစာဆရာလေးကိုမွှေးသည် မိမိကိုယ်ကို စိတ်ပျက်စိတ်ကုန်မိလေသဖြင့် ဆိုက်ကားဆရာကြီးဦးမှိုင်းနှင့်အတူ လွင်ပြင်စပ်နားက တဲထဲတွင် မကြခဏထိုင်တတ်လာတော့သည်။
“မင်းကြည့်ရတာ ငူငူငိုင်ငိုင်နဲ့ ဘာဖြစ်နေတာလဲ ဟကောင်”
“ဘာမှမဖြစ်ပါဘူး ဘကြီးမှိုင်းရာ”
“ရော့ … ဒါလေးချလိုက်”
ဘကြီးမှိုင်းက လျှာလေးအာလေးကြီးဖြင့် ခွက်ကိုထိုးပေးလေသည်။
သတင်းစာဆရာလေးလည်း မကောင်းမှန်းသိသိဖြင့် တစ်ခွက်ပြီးတစ်ခွက် သောက်ပြီး ယိမ်းထိုးလာတော့သည်။
“ကျွန်တော်တော့ စွဲနေပြီထင်တယ် အဘ”
“ဟေ… အဟေး ကောင်းတယ်၊ ရော့ ထပ်ချလိုက်”
“အာ………… အဘကလည်း ဒါကိုစွဲတာမဟုတ်ဘူး။ မစွဲသင့် မစွဲထိုက်တာကို စွဲနေတာ၊ စွဲနေတာ၊ ဘယ်တော့မှ ဆုံနိုင်ခွင့် မရှိမယ့်အရာတစ်ခုကို ဆုံမိချင်နေတာ”
“ဟား ဟား ဟား….. အေး ကောင်းတယ်၊ အဲလေ……. မကောင်းဘူး”
“ဘ၀တွေကို ယုံလား အဘ” “အေ့ ……… မယုံဘူး။ ယုံဘူး၊ ဟား ဟား ဟား ဟား”
ဘကြီးမှိုင်းကော မောင်မွှေးပါ တော်တော်လေးမူးလာနေပေပြီ။ နေရောင်ကလည်း ထန်တောထဲသို့ ခပ်ဖြည်းဖြည်းနိမ့်ဆင်းသွားလေသည်။ ထိုအချိန်တွင် ထန်းတောထဲမှ ညနေခင်းငှက်တစ်ကောင်က လွမ်းမောဖွယ်ရာတေးဆိုသံကို ကြားလိုက်ရသည်။ မောင်မွှေးတစ်ယောက် ထန်းတောဘက်သို့ လှမ်းမျှော်ငေးလိုက်သည်။
“ဟင်…”.
“အေ့ .. ဘာလဲ ဟကောင်ရ”
“အဘ ……… ဟိုမှာ၊ တွေ့လား…..”
“အေး…..တွေ့တယ်၊ ချောတယ်ဟ၊ ဘယ်ကကောင်မလေးလဲ၊ ပင်လယ်နဲ့နီးတော့ ကလေးတွေ ဒီထန်းတောထဲ တစ်ခါတလေ လာလာကစားတယ်။ အေ့….. ဒါပေမယ့် ဒီအချိန်တော့ လာမယ်မထင်ဘူး”
“ကလေးမလေးတစ်ယောက်ယောက်မဟုတ်ဘူး အဘ။ ဟို……… ဟို… တိုက်ဖြူဖြူလေးမှာနေတဲ့ ကတော်လေး”
“အေ့……. ဘယ်က ကတော်လေးလဲ၊ ငါ မသိဘူး…”
မောင်မွှေးတစ်ယောက် ထန်းပင်တစ်ပင်အောက်တွင်ရပ်ကာ သူ့ကိုငေးကြည့်နေသော အရာရှိကတော်လေးကို ပြန်ငေးကြည့်နေမိသည်။
“သူ…… ဘာလို့ဒီအချိန်ကြီး ဒီနားကိုလာတာပါလိမ့်”
ထိုအချိန်တွင် မိုးဖွဲလေးတို့က မောင်မွှေးတို့တဲပေါ်သို့ တစ်ပေါက်ပေါက်ကျလာလေသည်။
ထန်းတောနားတစ်၀ိုက်တွင်တော့ ခြောက်သွေ့လျှက် ရှိလေသည်။
“မိုးကလည်း ဒီနားမှာမှ လာရွာနေတယ်”
“အိမ်း……… ပေါက္ခရ၀ဿမိုးပေါ့ကွာ၊ ရွာစေချင်တဲ့နေရာမှာ ရွာတယ်၊ မရွာစေချင်တဲ့ နေရာမှာ မရွာဘူး။ စိုလိုသူစိုစေ၍ မစိုစေလိုသူကို မစိုစေသောမိုးပေါ့ကွာ..”
မောင်မွှေးက အဘပြောနေသည့် ပေါက္ခရ၀ဿမိုးအကြောင်း စဥ်းစားနေရင်း ခွက်ကိုလှမ်းယူလိုက်ပြီး အရာရှိကတော်လေးရပ်နေရာ ထန်းပင်ဘက် ပြန်လှည့်ကြည့်လိုက်သည်။
“ဟင်… မရှိတော့ဘူး”
ရင်ထဲတွင် စိုးရိမ်စိတ်တို့က ကြီးစိုးလာသည်။ လိုက်သွားရရင် ကောင်းလေမလားမသိဘူးဟုလည်း တွေးနေမိသည်။ တစ်ယောက်တည်း နေ၀င်ရီတရော အိမ်ပြန်လို့အဆင်ပြေပါ့မလား၊ သိပ်တော့လည်း မ၀ေးပါဘူးလေ စသည်ဖြင့် တစ်ယောက်တည်းအတွေးစုံနေမိလေ၏။
အဘကတော့ ဘာကိုမှ စိတ်၀င်စားပုံမရဘဲ အမြည်းစားလိုက်၊ မော့လိုက်ဖြင့် ကျေနပ်နေလေသည်။ သတင်းစာဆရာလေးလည်း ထိုညက ညဥ့်နက်မှ အိမ်ပြန်ရောက်လေသည်။
************
နောက်တစ်နေ့တွင်မတော့ သတင်းစာဆရာလေးသည် ညကအရှိန်ဖြင့် ခေါင်းတွေအုံပြီး သတင်းစာလိုက်ပို့လေသည်။ အရင်ရက်များအတိုင်း စက်ဘီးကိုတွန်းပြီး တိုက်ဖြူဖြူလေးရှိရာသို့ ခပ်ဖြည်းဖြည်းလျှောက်လာခဲ့သည်။ သတင်းစာဖိုး မပေးသည်မှာလည်း တစ်လကျော်၍ နှစ်လတွင်းသို့ ချဥ်းနင်း၀င်ရောက်လာသည်ကို သတိရမိသဖြင့် ကနေ့တော့ သတင်းစာဖိုးတောင်းတော့မည်ဟု စိတ်ကူးမိလေသည်။ အရာရှိကတော်လေးက သတင်းစာသာထွက်ယူပြီး သတင်းစာဖိုး မပေးသည်ကိုလည်း စိတ်ထဲမှာ မတင်မကျ ဖြစ်မိလေသည်။
ခြံထဲသို့ရောက်သည်နှင့် ထုံးစံအတိုင်း စက်ဘီးလေးကို ထောက်ထားလိုက်သည်။ ထို့နောက် သတင်းစာကိုလိပ်ပြီး သံပန်းတံခါးနားသို့ လျှောက်သွားလေသည်။ သံပန်းတံခါးက ထုံးစံအတိုင်း ဟနေလေ၏။ အရာရှိကတော်လေးများ အရင်နံနက်ခင်းများကလို သတင်းစာလာယူမလားဟု ခေတ္တစောင့်နေသော်လည်း မည်သူမျှ ပေါ်မလာ။ သတင်းစာကို ချထားခဲ့ပြီး နောက်နေ့မှ သတင်းစာဖိုး တောင်းတော့မည်ဟု စိတ်ကူးမိလေသည်။ စက်ဘီးနားသို့ ပြန်လျှောက်လာသည်။ ထို့နောက် အိမ်ကိုပတ်ပြီး နောက်ဘက်သို့ သွားကာ ပန်းခြံအလုပ်သမားတစ်ဦးဦးကို စကားသွားပြောလျှင်ကောင်းလေမလားဟူ၍လည်း စဥ်းစားလိုက်မိသေး၏။ စက်ဘီးနားမှာ ယောင်ချာချာဖြစ်နေသည်။ ထို့နောက်ဆုံးဖြတ်ချက်တစ်ခုချကာ စက်ဘီးကို ဘဲလ်တီးလိုက်သည်။ ခေတ္တစောင့်သည်။ အိမ်ထဲမှ ဘာသံမှ မကြားသဖြင့် ထပ်ပြီးဘဲလ်တီးကြည့်သည်။ ဘာသံမှ မကြားရပြန်။
သတင်းစာဆရာလေးသည် အိမ်ပေါက်၀နားသို လမ်းလျှောက်သွားပြီး သံပန်းတံခါးနားမှာရပ်လျှက် အိမ်တွင်းသို့ လှမ်းခေါ်လေသည်။ အိမ်တွင်းမှ အရပ်ရှည်ရှည် လူလတ်တစ်ဦးက အပြေးအလွှား ထွက်လာလေ၏။
“ဘာကိစ္စရှိလို့လဲ”
“ကျွန်တော် သတင်းစာဖိုးဖြတ်ပိုင်း ရေးပေးမလို့ခင်ဗျ။ ကျန်ခဲ့တဲ့လအတွက်ပါ တစ်ပါတည်း ရေးပေးလိုက်မယ်”
“သတင်းစာ တစ်ခါမှ မရသေးဘူးလေ။ မင်းကကြိုဖြတ်ထားမလို့လား”
“ဗျာ…….။ ကျွန်တော်သတင်းစာလာပို့တာ နှစ်လနီးပါးရှိနေပြီဆရာ” “နှစ်လရှိပြီ ဟုတ်လား။ ငါတို့တော့ ဘာသတင်းစာမှ မရဘူး။ ဆရာ……… ဆရာ”
အရပ်ရှည်ရှည်လူက အိမ်တွင်းသို့လှမ်းမျှော်ကြည့်ကာ အရာရှိဖြစ်သူကို လှမ်းခေါ်လေ၏။ ရုံးသွားခါနီးဖြစ်၍ ကျနသေသပ်စွာ ၀တ်ဆင်ထားသော အရာရှိက ထွက်လာလေသည်။
“ဘာကိစ္စလဲခင်ဗျ” “ကျွန်တော် သတင်းစာဖိုးလာတောင်းတာပါ ဆရာ” “သတင်းစာ မလာဘူးလေ။ မှာထားတာတော့ တစ်လကျော်ပြီ။ ပေးဆိုလည်းကြိုပေးမယ်ဗျာ။ မှန်မှန်တော့ လာပို့”
သတင်းစာဆရာလေးသည် အလွန်ခေါင်းရှုပ်နေပေပြီ။ နေ့စဥ်လာပို့လျှက်နှင့် သတင်းစာမရဘူး ငြင်းနေကြသော အရာရှိနှင့် တပည့်ဖြစ်သူကိုလည်း စိတ်တိုလာနေမိပြီ။
“မဟုတ်ဘူးဆရာ။ ကျွန်တော်နေ့စဥ်လာပို့တယ်။ ဆရာကတော် ထွက်ယူတယ်လေ” “ဘာ……….” “ဗျာ……….”
အရာရှိနှင့် သူ၏တပည့်ဖြစ်သူတို့ တစ်ယောက်မျက်နှာတစ်ယောက် ပါးစပ်အဟောင်းသားဖြစ်နေလေသည်။ သတင်းစာဆရာမှာလည်း စိတ်ပိုရှုပ်လာနေပြီ။
“ဆရာကတော်သာ ခေါ်မေးကြည့်လိုက်ပါဆရာ။ သူ နေ့စဥ် ထွက်ယူနေကျပဲ” “ဟာ…….ဟေ့ကောင်။ မင်းဘာတွေလျှောက်ပြောနေတာလဲ” တပည့်ဖြစ်သူက အလန့်တကြားထအော်စဥ် အရာရှိလေးသည်လည်း အလွန်အံ့ဩမှင်တက်နေကာ ပါးစပ်အဟောင်းသား ဖြစ်နေလေ၏။
“ကျွန်တော်ပြောတာ ရှင်းရှင်းလေးပါ။ ကျွန်တော့ကို သတင်းစာမှန်မှန် လာမပို့ဘူးလို့ ဆရာတို့ပြောနေကြလို့။ ဆရာကတော်ကိုခေါ်မေးလိုက်ရင် ရှင်းသွားမှာပါ”
သတင်းစာဆရာမောင်မွှေးလည်း အလွန်စိတ်တိုလာသဖြင့် အသံပင် မာလာလေပြီ။
“ဟာ…ပြဿနာပဲ” “ဟေ့ကောင်…….. ငါ့ဆရာမှာ ဘာကတော်မှ မရှိဘူးကွ။ ငါ့ဆရာက လူပျို.. လူပျို။ ဒီအိမ်မှာ သတင်းစာထွက်ယူဖို့ ဘယ်မိန်းမမှ မရှိဘူး။ ငါနဲ့ငါဆရာ နှစ်ယောက်တည်းနေတာ” “ဗျာ…………”
သတင်းစာဆရာမောင်မွှေး၊ အရာရှိ နှင့် အရာရှိ၏တပည့် သုံးဦးလုံး မလှုပ်မယှက် မတ်တပ်ရပ်နေမိကြသည်။
“ဒါ………. ဒါဆို….” “အေး…….. အဲဒီသတင်းစာတွေက…”
အရာရှိ၏တပည့်ဖြစ်သူသည် အိမ်ရှေ့ခန်းလက်ဖက်ရည်စားပွဲ အံဆွဲကို အလျင်အမြန်သွားဖွင့်ကြည့်ပြီး ကျယ်လောင်လှသော အာမေဋိတ်သံကြီးကို ပြုလေသည်။ လက်ဖက်ရည်စားပွဲ အံဆွဲထဲတွင် အထပ်လိုက်စီရီထားသော သတင်းစာများကို တွေ့လိုက်ရသောကြောင့်ပင်။
သတင်းစာဆရာလေးလည်း ဘာစကားမှ မပြောတော့ဘဲ ထောင်ထားသော စက်ဘီးကို ဒေါက်ဖြုတ်လျှက် ခြံ၀င်းထဲမှ ထွက်လာခဲ့လေတော့သည်။ သူ၏ မျက်၀န်းများသည် အလွန်အမင်းရီ၀ေနေတော့သည်။
ကျောခိုင်းလာခဲ့ေသာ အိမ်ထဲမှာ အရာရှိနှင့် သူ၏တပည့်တို့ အပြန်အလှန်စကားပြောသံသဲ့သဲ့က ၀ေး၍ကျန်ခဲ့သည်။
သတင်းစာဆရာလေးသည် အမျိုးအမည်မသိသော ၀ေဒနာကို အသက်ရှုရပ်မတတ် ခံစားနေမိရင်း ခြံ၀င်းထဲမှ အထွက် မိုးဖွဲလေးတို့က တဖျောက်ဖျောက်ကျလာခဲ့ပြန်သည်။
ခြံတံခါးနားအရောက်တွင်လည်း မွှေးပျံ့သော ရနံ့တစ်ခုက သူ့အနားမှာ ရစ်၀ဲနေသည်ကိုလည်း သတိထားလိုက်မိသည်။ မချိပြုံး ပြုံးပြီး ခေါင်းကိုငုံ့ချလိုက်သည်တွင် ဖိနပ်ရှေ့ မြေပြင်ပေါ်တွင် စံပယ်ပွင့်ဖြူဖြူလေးနှစ်ပွင့်ကို လှမ်းတွေ့လိုက်ရလေသည်။
************
များမကြာမှီတွင် အရာရှိလေးနှင့် တပည့်ဖြစ်သူတို့ ထိုတိုက်ဖြူဖြူလေးမှ လူပျိုဆောင်သို့ ပြောင်းရွှေ့သွားသည်ကို သတင်းစာဆရာလေး ကြားသိလိုက်ရသည်။ အရာရှိလေး လူပျိုဆောင်သို့ ပြောင်းရွှေ့သွားပြီး မကြာခင်မှာပင် သတင်းစာဆရာလေးလည်း ထန်းတောစပ်နားက တဲတွင် မကြာခဏသွားထိုင်တတ်လာသည်ဟု ဆိုကြသည်။
မိုးအကုန် မြူဆိုင်းသော ဆောင်းဦးရောက်စ တစ်ရက်တွင် ထန်းတောစပ်နားက တဲထဲတွင် လဲကျနေသော သတင်းစာဆရာလေးကို ဘကြီးမှိုင်းတို့ တွေ့ကြရလေသည်။ သတင်းစာဆရာလေး၏ကိုယ်ခန္ဓာသည် အေးစက်နေခဲ့ပြီ။ သို့သော် သူ၏နှုတ်ခမ်းတို့သည် ပြုံးယောင်သန်းနေသည်ဟု ဆိုကြ၏။ ကျစ်ကျစ်ပါအောင်ဆုပ်ထားသော သူ၏လက်ထဲတွင်တော့ လတ်လတ်ဆတ်ဆတ် စံပယ်ပန်းပွင့်လေးများ ရှိနေသည်ဟုလည်း ဆိုကြလေသည်။
ဘကြီးမှိုင်းတစ်ယောက် ထန်းတောစပ်ကတဲတွင် တစ်ယောက်တည်းထိုင်ကာ ကျန်ရစ်ခဲ့ချိန်တွင် ဆောင်းဦးကောင်းကင်က မိုးရိပ်တွေ ညို့တက်လာတော့သည်။ ထို့နောက် မိုးပေါက်တို့က လေနှင့်အတူ တဖွဲဖွဲ။
“ဪ…………. တစ်မိုးပေါက် တဖျောက်ဖျောက်ကြွေလေတဲ့ ပေါက္ခရ၀ဿန်မိုးက ရွာလာပြီပဲ။ အခုတော့… မင်းတို့ဘ၀တွေတူသွားလို့ ပြန်ဆုံသွားကြပြီပေါ့ကွာ….”
သတင်းစာဆရာလေးကို သယ်ဆောင်သွားကြသူများ ၀ေးသွားကြချိန်တွင်…. ဘကြီးမှိုင်းကတော့ ရီ၀ေသော မျက်၀န်းများဖြင့် တတွတ်တွတ်ရေရွတ် ကျန်ရစ်လေတော့သည်။
အိမ့်ချမ်းမြေ့
ကကြိုးနှစ်ဆယ့်တစ် စာစုများမှ
-----------------------
မိုးသက္ေလဆန္ ေပါကၡရ၀ႆန္ (ZawGyi)
ဤၿမိဳ႕ကေလးသည္ တိတ္ဆိတ္ေျခာက္ေသြ႕ေသာ အစိုးရ႐ုံးစိုက္ရာ ပင္လယ္ကမ္းေျခၿမိဳ႕ေလးျဖစ္သည္။ ၿမိဳ႕ ၏အေရွ႕ဘက္တြင္ ပင္လယ္ထဲသို႔ စီး၀င္ေနေသာ ျမစ္ႀကီးတစ္စင္းရွိၿပီး အေနာက္ဘက္တြင္ ေျခာက္ေသြ႕ေသာ လြင္ျပင္ႀကီးတစ္ခုရွိေလသည္။ လြင္ျပင္ႀကီးအဆုံးတြင္ က်ယ္ျပန္႔လွေသာ ထန္းေတာႀကီးရွိေလ၏။ ၿမိဳ႕၏ ေတာင္ဘက္တြင္မေတာ့ ကမ္းမျမင္ လမ္းမျမင္ ပင္လယ္ႀကီးက ၀န္းရံထားၿပီး ေျမာက္ဘက္တြင္ေတာ့ အျခားၿမိဳ႕မ်ားသို႔ သြားရာလမ္းဆုံလမ္းခြႀကီးတစ္ခု ရွိေလသည္။
သတင္းစာဆရာေလး ေမာင္ေမႊးတစ္ေယာက္ ဤၿမိဳ႕သို႔ တာ၀န္ျဖင့္ ေျပာင္းေ႐ႊ႕လာသည္မွာ သိပ္မၾကာေသး။ ေမာင္ေမႊးသည္ ၿမိဳ႕ကေလး၏ သာယာလွပမႈအျပင္၊ ၿငိမ္းခ်မ္းေသာ ၿမိဳ႕ေနလူတို႔၏ ယဥ္ေက်းမႈကို ႏွစ္သက္သေဘာက်ေနမိသည္။ ဤၿမိဳ႕ကေလးမွာ ဆိုး၀ါးေသာ မႈခင္းမ်ား မဆိုထားႏွင့္ ခိုး၀ွက္မႈမ်ားေတာင္ မရွိသေလာက္ ရွားပါးေလသည္။ မိန္းကေလးမ်ား အခ်ိန္မေ႐ြးသြားလိုသည့္ေနရာသို႔ သြားႏိုင္ၾကသည္။ ၿမိဳ႕ငယ္ေလးထဲမွ အသက္ႀကီးငယ္ ေယာက္်ားမ်ားက မိန္းကေလးမ်ားကို စျခင္း၊ ေနာက္ျခင္း၊ ရိျခင္း၊ ေထ့ျခင္းမ်ား မရွိ။ လိုအပ္ရင္လိုအပ္သလို ေမာင္ရင္းႏွမသဖြယ္ပင္ ေစာင့္ေရွာက္တတ္ၾကေသး၏။
ေမာင္ေမႊးေျပာင္းေ႐ႊ႕လာၿပီး မၾကာခင္မွာပင္ ၿမိဳ႕ေနလူအခ်ိဳ႕ႏွင့္ ရင္းႏွီးလာေတာ့သည္။ ထိုအထဲတြင္ ဆိုက္ကားဆရာႀကီး ဦးမႈိင္းတစ္ဦးလည္း အပါအ၀င္ျဖစ္ေလသည္။ ဦးမႈိင္းသည္ ေမာင္ေမႊးကဲ့သို႔ပင္ တစ္ကိုယ္တည္း လူပ်ိဳႀကီးျဖစ္ၿပီး ရံဖန္ရံခါတြင္ အပ်င္းေျပ အာဆြတ္႐ုံေသာက္တတ္ေသးသည္။ လူပ်ိဳႀကီးဦးမႈိင္းသည္ ရံဖန္ရံခါ ခပ္ေထြေထြျဖစ္႐ုံ၊ ထန္းေတာစပ္နားက တဲထဲတယင္ အိပ္ေပ်ာ္ေနတတ္ျခင္းထက္ပိုၿပီး ႐ုပ္ပ်က္ဆင္းပ်က္ မူး႐ူးျခင္း မရွိတတ္။
ေမာင္ေမႊးကေတာ့ မေသာက္တတ္ေသာ္လည္း ဦးမႈိင္းႏွင့္အတူ ၿမိဳ႕အေနာက္ဘက္ လြင္ျပင္ႀကီးအစပ္ ထန္းေတာနားက တဲေလးတြင္ အျမည္းကေလး ဘာေလးစားရင္း စကားစျမည္ သြားေျပာတတ္ေလသည္။ အထူးသျဖင့္ လသာေသာ ညမ်ားတြင္ လြင္ျပင္ႀကီးသည္ လေရာက္ေအာက္တြင္ ညိဳ႕မႈိင္းမႈိင္းႏွင့္ လြမ္းေမာဖြယ္ရာေကာင္းလြန္းလွ၏။ ထို႔အျပင္ ၿမိဳ႕အေနာက္ဘက္ပင္လယ္ျပင္ဘက္မွ ျဖတ္တိုက္လာေသာ ပင္လယ္ဆားငန္ေရနံ႔ႏွင့္ ျမက္ေျခာက္နံ႔တို႔ ေရာယွက္ေသာ ညေလေျပမွာ ၾကည္ႏူးဆြတ္ပ်ံ႕ဖြယ္ရာ ေကာင္းလြန္းလွေပသည္။ ထို႔ေၾကာင့္လည္း သတင္းစာဆရာေလးေမာင္ေမႊးမွာ ထိုေနရာသို႔ မၾကာခဏ ေရာက္တတ္ေနျခင္းပင္။
သတင္းစာဆရာေလးသည္ အသားညိဳညိဳ၊ ပိန္ပိန္ပါးပါးျဖင့္ ႐ုပ္ရည္တည္တံ့သူျဖစ္သည္။ ဆံပင္ကိုလည္း သပ္ရပ္စြာဖီးသင္ထား႐ုံမက၊ အ၀တ္အစားမ်ားကိုလည္း အၿမဲေသသပ္စြာ မီးပူထိုးထားတတ္ေသးသည္။ ေမာင္ေမႊး၏ အ၀တ္အစားမ်ားႏွင့္ ဖိနပ္တို႔သည္ ေဟာင္းႏြမ္းေနတတ္ေသာ္လည္း ညစ္ေထးေပေရေနျခင္း မရွိ။
ေမာင္ေမႊးေျပာင္းေ႐ႊ႕လာၿပီးမၾကာခင္မွာပင္၊ အရာရွိတစ္ဦးကလည္း ထိုၿမိဳ႕ေလးသို႔ ေရွ႕ဆင့္ေနာက္ဆင့္ဆိုသလို ေျပာင္းေ႐ႊ႕လာခဲ့သည္။ အရာရွိေနထိုင္ေသာ ၿခံ၀င္းကေလးသည္ ပုံဏၰရိပ္စည္း႐ိုးကေလးျဖင့္ သပ္ရပ္လွစြာ။ ၿခံထဲတြင္လည္း စံပယ္ၿခဳံမ်ား၊ ျမတ္ေလးငုံမ်ားျဖင့္ သာယာတင့္တယ္လွေပသည္။ ၿခံ၏ အလယ္တည့္တည့္တြင္မေတာ့ သပ္ရပ္လွပေသာ အျဖဴေရာင္တိုက္ပုေလးတစ္လုံး ရွိေနေလသည္။
သတင္းစာဆရာေလးေမာင္ေမႊးကေတာ့ တိုက္ပုေလးႏွင့္ မလွမ္းမကမ္းက သြပ္မိုးပ်ဥ္ေထာင္ႏွစ္ထပ္အိမ္ႀကီး၏ အေပၚဘက္ညာဘက္ေထာင့္ခန္းတြင္ အခန္းငွား၍ ေနျခင္းျဖစ္သည္။ အရာရွိကေလး ေျပာင္းမလာခင္ကတည္းကပင္ အျဖဴေရာင္တိုက္ပုေလးကို ေမာင္ေမႊးက သတိထားမိေနၿပီးသားျဖစ္သည္။ ေမာင္ေမႊး၏ အိပ္ခန္းအျပင္ဘက္တြင္ ေလသာေဆာင္ရွိေလသည္။ သြပ္မိုးပ်ဥ္ေထာင္အိမ္က ေရွးခတ္ပ်ဥ္ေထာင္အိမ္ျဖစ္သျဖင့္ ကႏုတ္ပန္းမ်ားျဖင့္ ပုံေဖာ္ထားေသာ ေလသာေဆာင္ပင္။ ေလသာေဆာင္မွထြက္ၿပီး ေတာင္ဘက္သို႔ လွမ္းေမွ်ာ္ေငးလွ်င္ အျဖဴေရာင္တိုက္ပုေလးကို ျမင္ရတတ္သည္ မဟုတ္ပါလား။ တိုက္ပုေလး၏ အေနာက္ဘက္မွာေတာ့ ညိဳ႕ညိဳ႕မႈိင္းမႈိင္း ပင္လယ္ျပာ။ တိုတိုက္ပုေလးကို ျမင္တိုင္း ေမာင္ေမႊးတစ္ေယာက္ တစ္စုံတရာကို အလိုလိုေနရင္း လြမ္းဆြတ္လာမိတတ္သည္။
သတင္းစာဆရာေလးေမာင္ေမႊးသည္ အရာရွိေလးအိမ္သို႔ သတင္းစားပို႔ရန္ တာ၀န္က်လာသည္။ ထိုေန႔နံနက္ခင္းက ေႏြနံနက္ခင္းျမဴတို႔ အုံ႔ဆိုင္း၀ေ့၀ဲေနသည္။ ေနရာင္ေဖ်ာ့ေဖ်ာ့က အုန္းထန္းပင္တို႔ထိပ္ဖ်ားတြင္ ခိုတြဲေနေလသည္။ သတင္းစာဆရာေလးသည္ အုတ္ခဲနီခင္းလမ္းကေလးအတိုင္း စက္ဘီးကိုတြန္း၍ အရာရွိငယ္ေလး၏ တိုက္ပုေလးဘက္သို႔ ထြက္ခြာလာခဲ့သည္။ ၿခံတံခါးက ပြင့္ေနသျဖင့္ ေမာင္ေမႊးအသာတြန္း၍ ၀င္လာခဲ့သည္။ တိုက္ပုေလးနားက ပုံဏၰရိပ္စည္း႐ိုးေပၚမွာ ပန္းနီနီေလးေတြက ခ်စ္စရာခိုတြဲလို႔ ေနၾကသည္။ ၿခံေထာင့္မန္က်ည္းပင္ေပၚမွ ငွက္တစ္ေကာင္ သာယာခ်ိဳၿမိန္စြာ ေတးဆိုေနသံကိုလည္း ၾကားေနရေလသည္။
သတင္းစာဆရာေလးသည္ အိမ္ေရွ႕ဆင္၀င္ေအာက္အထိ စက္ဘီးကိုတြန္း၀င္သြားသည္။ ဆင္၀င္အုတ္တိုင္နားတြင္ စက္ဘီးကိုေထာင္လိုက္ၿပီး သတင္းစာလိပ္ကိုယူကာ အိမ္ထဲသို႔လွမ္းၾကည့္လိုက္သည္။ အိမ္ေရွ႕တံခါးက သံပန္းတံခါးျဖစ္ၿပီး လူတစ္ကိုယ္စာ ေကာင္းေကာင္း၀င္ႏိုင္႐ုံ ပြင့္ေနေလ၏။
“ဒီအိမ္ကတံခါးေတြကလည္း အကုန္ပြင့္ေနေတာ့တာပဲ”
တစ္ေယာက္တည္း ခပ္တိုးတိုး ေရ႐ြတ္ကာ သတင္းစာလိပ္ကို အိမ္ထဲသို႔ ပစ္သြင္းရန္ ဟန္ျပင္လိုက္သည္။
ထိုအခ်ိန္တြင္ အိမ္ထဲမွ လွပေသာ အရိပ္ေလးတစ္ခုက ကန္႔လန္႔ကာေနာက္ကြယ္မွ လွစ္ကနဲ ေပၚလာေတာ့သည္။ သတင္းစာဆရာသည္ အံ့ၾသမွင္တက္မိကာ တဒဂၤ ၿငိမ္သက္သြားသည္။ အသက္အစိတ္အ႐ြယ္ခန္႔ရွိ မိန္းကေလးတစ္ဦးက သူ႔ထံသို႔ သတင္းစာလာယူရန္ လွမ္းေလွ်ာက္လာေနသည္။
ေၾသာ္…. အရာရွိကေတာ္ထင္ရဲ႕ ဟု စိတ္ထဲမွ ေျပာလိုက္မိၿပီး အရာရွိကေတာ္ေလး၏ အလွတရားေအာက္တြင္ တခဏတာ ေငးငိုင္ေတြ၀ေသြားမိသည္။
အျဖဴေရာင္ဇာေဖာက္ရင္ေစ့လက္စကေလးႏွင့္ မရမ္းေစ့ေရာင္ခ်ိတ္လုံခ်ည္ေလး၀တ္ဆင္ထားေသာ၊ အ႐ြယ္ႏွင့္မလိုက္ေအာင္ တည္ၿငိမ္ဣေျႏၵရလြန္းေသာ အရာရွိကေတာ္ေလး၏ မ်က္ႏွာသည္ ၾကည္လင္း၀င္းပေနေလသည္။ ဆံပင္ကိုလည္း တစ္ပတ္လွ်ိဳတြဲေလးထုံးထားကာ စံပယ္ပန္းကုံးေလးကိုလည္း ပန္ဆင္းထားေသး၏။ သူမ၏ေျခလွမ္းတိုင္းသည္ အမွန္တကယ္ပင္ ကုေဋတစ္သန္း တန္ေနႏိုင္သည္ဟု သတင္းစာဆရာေလးက ေတြးေနမိသည္။ အရာရွိကေတာ္ေလး၏ ညင္သာသိမ္ေမြ႕ေသာ အၿပဳံးတို႔သည္ သတင္းစာဆရာေလး၏ မ်က္လုံးမ်ားေပၚတြင္ ဖြဖြညင္သာ နားခိုေလသည္။
သတင္းစာဆရာေလးက သတင္းစာကို ကမ္းေပးလိုက္သည္။ အရာရွိကေတာ္ေလးက သတင္းစာကို လွမ္းယူအၿပီး ေက်းဇူးတင္ေၾကာင္း ေခါင္းညိတ္ျပေလသည္။ ထို႔ေနာက္ အိမ္တြင္းသို႔ ျပန္၀င္သြားၿပီး ကန္႔လန္႔ကာတစ္ဘက္ျခမ္းသို႔ ၀င္ေရာက္ေပ်ာက္ကြယ္သြားေလသည္။
“ျမင္ဖူးလိုက္တာေနာ္….”
“လွလိုက္တဲ့ မိန္းကေလးရယ္…”
သတင္းစာဆရာေလးသည္ သတိလက္လြတ္ ေငးေမာက်န္ေနခဲ့ရာမွ ကန္႔လန္႔ကာေလးလြန္႔လူးသြားပါမွ သတိျပန္၀င္သလိုျဖစ္သြားကာ စက္ဘီးကို ေထာက္ျဖဳတ္ၿပီး ခပ္ျဖည္းျဖည္းတြန္းလွ်က္ ၿခံ၀င္းထဲမွ ထြက္ခြာလာခဲ့သည္။ ထိုအခ်ိန္တြင္ ေကာင္းကင္မွ မိုးဖြဲေလးတို႔ ႐ုတ္တရက္ တေဖ်ာက္ေဖ်ာက္ က်လာေတာ့သည္။
“ဒီရာသီႀကီး မိုးကေတာ့ ေဖာက္ေတာ့မယင္ထင္တယ္”
သတင္းစာဆရာေလးသည္ စက္ဘီးကို ခပ္သုတ္သုတ္ေမာင္းႏွင္လွ်က္ လက္က်န္သတင္းစာမ်ားကို ဆက္ခ်ေနခဲ့သည္။ ႏွစ္အိမ္ခန္႔လြန္ေလေသာ္ မိုးဖြဲေလးတို႔သည္ တိတ္၍သြားေလ၏။
************
ဤသို႔ျဖင့္ နံနက္ခင္းတိုင္း သတင္းစာသြားအခ်၊ ယဥ္ေက်းသိမ္ေမြ႕ေသာ ေျခလွမ္းတို႔၏ပိုင္ရွင္ကို သတင္းစာဆရာေလးက မသိမသာေမွ်ာ္မိလာသည္။ အရာရွိကေတာ္ေလးကလည္း နံနက္တိုင္းထြက္ထြက္လာၿပီး သတင္းစာကို လာယူသည္။ အရာရွိကေတာ္ေလးထံမွ စံပယ္နံ႔ဟုထင္ရေသာ ေမႊးပ်ံ႕ထုံအီေသာ ရနံ႔တစ္ခုႏွင့္လည္း သတင္းစာဆရာေလးက ရင္းႏွီးလာခဲ့ရသည္။
ထိုေန႔မွစ၍ အရာရွိကေတာ္ေလးကို သတင္းစာဆရာေလးက အမွတ္တရရွိတတ္လာရၿပီ။ ညဘက္လူသူတိတ္ဆိတ္ခ်ိန္တြင္ ေလသာေဆာင္ဘက္ထြက္ၿပီးလည္း တိုက္ပုေလးဘက္သို႔ ေမွ်ာ္ေငးေနမိတတ္သည္။ အရာရွိကေတာ္ေလး၏အေၾကာင္းကိုလည္း မၾကာခဏေတြးမိလာသည္။ ေတြးမိတိုင္းလည္း သတင္းစာဆရာေလး၏ ရင္ထဲတြင္ မေတြးသင့္ဘူးဟူေသာ ဆန္႔က်င္ဘက္အေတြးတစ္ခုကလည္း တားဆီးေနခဲ့သည္။
အရာရွိေလးကိုသာ ေဈးေန႔မ်ား၊ ေဘာလုံးဖြင့္ပြဲေန႔မ်ား၊ ဥယ်ာဥ္ၿခံထြက္အသီးအႏွံျပပြဲမ်ား၊ ပြဲေဈးမ်ားတြင္ ေတြ႕ရတတ္ေသာ္လည္း အရာရွိကေတာ္ေလးကိုမူ မေတြ႕ရတတ္။
အိမ္တြင္းပုန္းပန္းကေလးနဲ႔ တူပါရဲ႕ဟု သတင္းစာဆရာေလးက ေတြးမိလိုက္သည္။
ရာသီဥတုသာယာလွပေသာ ေႏြညတစ္ညတြင္မေတာ့ သတင္းစာဆရာေလးက သူ၏ကုတင္ေပၚတြင္ စာအုပ္တစ္အုပ္ျဖင့္ လဲေလ်ာင္းလွ်က္ေနေလသည္။ ေႏြဦးညေလက ေလသာေဆာင္မွျဖတ္လွ်က္ သတင္းစာဆရာေလး၏ အိပ္ခန္းအတြင္းသို႔ တသုန္သုန္တိုက္ခတ္လွ်က္။ ေႏြရာသီးပန္းတို႔၏ ရနံ႔တို႔ကလည္း ထုံသင္းလွ်က္။ ခပ္၀ေး၀ေးမွ လူငယ္တစ္စု၏ ဂစ္တာသံတို႔ကလည္း သာယာနာေပ်ာ္ဖြယ္ ပ်ံ႕လြင့္လွ်က္။
သတင္းစာဆရာေလး ေမွးကနဲျဖစ္သြားခ်ိန္တြင္ အခန္းေပါက္၀က ကန္႔လန္႔ကာ လႈပ္ခါသြားသလို ျမင္မိလိုက္သျဖင့္ မ်က္စိဖြင့္ၾကည့္လိုက္မိသည္။
“ဟင္….”
သတင္းစာဆရာေလး ကုတင္ေပၚမွာ ငုတ္တုတ္ထထိုင္လိုက္မိ၏။
အရာရွိကေတာ္ေလးက သူ႔အခန္းထဲ ေရာက္ရွိေနၿပီ။ အရာရွိကေတာ္ေလးက ကုတင္ေဘးမွာ မတ္တပ္ရပ္လွ်က္ သတင္းစာဆရာကို ၿပဳံးၿပဳံးေလးၾကည့္ေနေလ၏။ သူမ ၀တ္ဆင္ေနက် အျဖဴဇာေဖာက္ ရင္ေစ့ေလးႏွင့္ ဣေျႏၵရလွသည္။ သူမဆံထုံးေလးထဲမွာလည္း စံပယ္ကုံးေလးက ရစ္သီရီ၀ေလွ်က္။
“မင္း…. မင္း………. အခန္းထဲကို ဘယ္လိုေရာက္လာတာလဲ”
အရာရွိကေတာ္ေလးက ဘာမွမေျဖဘဲ သတင္းစာဆရာကို ၿပဳံးၿပဳံးေလးဆက္ၾကည့္ၿပီးေနာက္ ေနာက္ျပန္ဆုတ္လွ်က္ အခန္းတြင္းမွ ထြက္ခြာသြားေလသည္။
“ေနဦး………. ခဏေလး…”
သတင္းစာဆရာေလးကိုေမႊးတစ္ေယာက္ ကုတင္ေပၚက ခုန္ဆင္းၿပီး လိုက္ရန္ႀကိဳးစားေသာ္လည္း မရ။ သူ႔ ခႏၶာကိုယ္တစ္ခုလုံးကို တစ္စုံတရာက တုပ္ေႏွာင္ထားသလို လႈပ္၍မရ။
“မိန္းကေလး……. ခဏေလးေနပါဦး”
ကိုေမႊးတစ္ေယာက္ ႏႈတ္မွလွမ္းေအာ္ေခၚေနမိသည္။ ကုတင္ေပၚမွ ဆင္းလိုက္ရန္လည္း အတင္းႀကိဳးစားေနမိသည္။
“မိန္းကေလး…. မိန္းကေလး” ဟူေသာ သူ႔အသံကို ပဲ့တင္ထပ္လွ်က္ က်ယ္ေလာင္စြာ သူျပန္ၾကားေနရသည္။ ထို႔ေနာက္ မ်က္ႏွာၾကက္ကို လွမ္းျမင္လိုက္ရသည္။ သတင္းစာဆရာေလး အိပ္ရာထဲမွ လူးလဲထလိုက္သည္။ တစ္ကိုယ္လုံးေခြၽးေတြနစ္ေနသည္။
ထိုအခ်ိန္တြင္ အျပင္ဘက္မွ မိုးစက္မိုးေပါက္ေရာေသာ ေလတို႔က အခန္းထဲသို႔ တသုန္သုန္၀ေ့၀ဲတိုက္ခတ္လို႔ လာေနသည္။
“ငါ….. ငါ….. အိပ္မက္ မက္ေနတာပါလား။ ေႏြရာသီမွာ မိုးကလည္း ႐ြာေနေသးတယ္”
သတင္းစာဆရာေလး ကုတင္ေပၚမွာ ငုတ္တုတ္ဆက္ထိုင္ေနမိသည္။ အသက္ကိုလည္း ျပင္းျပင္းရႈေနမိ၏။ သူ၏ အိပ္ခန္းတံခါးကေတာ့ ပိတ္လွ်က္သား၊ ကန္႔လန္႔ကာကလည္း ဣေျႏၵရစြာ။ မိုးေငြ႕ေရာယွက္ေသာ ေႏြည၏ ေလျပည္တို႔ကေတာ့ ညင္သာစြာ အခန္းထဲသို႔ တိုက္ခတ္ေနဆဲ။
“ငါေတာ့ မဟုတ္ေတာ့ဘူး ထင္တယ္၊ မျဖစ္သင့္ဘူး”
သတင္းစာဆရာေလးကိုေမႊးသည္ အမ်ိဳးသမီးေပါင္းမ်ားစြာကို ျမင္ဖူးေတြ႕ဖူးခဲ့ေသာ္လည္း ယခုကဲ့သို႔ အိပ္မက္မက္၍ ေယာင္ယမ္းေခၚမိေလာက္သည္အထိ မည္သူ႔ကိုမွ်စြဲစြဲလမ္းလမ္း မရွိဘူးခဲ့။ အိပ္မက္ျမင္မက္ရသည္အထိ ျဖစ္ရသူသည္လည္း ကာမပိုင္ရွိေသာ အမ်ိဳးသမီးတစ္ဦးျဖစ္ေနသည္က သူ႔အတြက္ပိုၿပီး ဆိုး႐ြားေစေသာအျဖစ္။
************
ထိုသို႔ျဖင့္ သတင္းစာဆရာေလးကိုေမႊးသည္ မိမိကိုယ္ကို စိတ္ပ်က္စိတ္ကုန္မိေလသျဖင့္ ဆိုက္ကားဆရာႀကီးဦးမႈိင္းႏွင့္အတူ လြင္ျပင္စပ္နားက တဲထဲတြင္ မၾကခဏထိုင္တတ္လာေတာ့သည္။
“မင္းၾကည့္ရတာ ငူငူငိုင္ငိုင္နဲ႔ ဘာျဖစ္ေနတာလဲ ဟေကာင္”
“ဘာမွမျဖစ္ပါဘူး ဘႀကီးမႈိင္းရာ”
“ေရာ့ … ဒါေလးခ်လိုက္”
ဘႀကီးမႈိင္းက လွ်ာေလးအာေလးႀကီးျဖင့္ ခြက္ကိုထိုးေပးေလသည္။
သတင္းစာဆရာေလးလည္း မေကာင္းမွန္းသိသိျဖင့္ တစ္ခြက္ၿပီးတစ္ခြက္ ေသာက္ၿပီးယိမ္းထိုးလာေတာ့သည္။
“ကြၽန္ေတာ္ေတာ့ စြဲေနၿပီထင္တယ္ အဘ”
“ေဟ… အေဟး ေကာင္းတယ္၊ ေရာ့ ထပ္ခ်လိုက္”
“အာ………… အဘကလည္း ဒါကိုစြဲတာမဟုတ္ဘူး။ မစြဲသင့္ မစြဲထိုက္တာကို စြဲေနတာ၊ စြဲေနတာ၊ ဘယ္ေတာ့မွ ဆုံႏိုင္ခြင့္ မရွိမယ့္အရာတစ္ခုကို ဆုံမိခ်င္ေနတာ”
“ဟား ဟား ဟား….. ေအး ေကာင္းတယ္၊ အဲေလ……. မေကာင္းဘူး”
“ဘ၀ေတြကို ယုံလား အဘ”
“ေအ့ ……… မယုံဘူး။ ယုံဘူး၊ ဟား ဟား ဟား ဟား”
ဘႀကီးမႈိင္းေကာ ေမာင္ေမႊးပါ ေတာ္ေတာ္ေလးမူးလာေနေပၿပီ။ ေနေရာင္ကလည္း ထန္ေတာထဲသို႔ ခပ္ျဖည္းျဖည္းနိမ့္ဆင္းသြားေလသည္။ ထိုအခ်ိန္တြင္ ထန္းေတာထဲမွ ညေနခင္းငွက္တစ္ေကာင္က လြမ္းေမာဖြယ္ရာေတးဆိုသံကို ၾကားလိုက္ရသည္။ ေမာင္ေမႊးတစ္ေယာက္ ထန္းေတာဘက္သို႔ လွမ္းေမွ်ာ္ေငးလိုက္သည္။
“ဟင္…”.
“ေအ့ .. ဘာလဲ ဟေကာင္ရ”
“အဘ ……… ဟိုမွာ၊ ေတြ႕လား…..”
“ေအး…..ေတြ႕တယ္၊ ေခ်ာတယ္ဟ၊ ဘယ္ကေကာင္မေလးလဲ၊ ပင္လယ္နဲ႔နီးေတာ့ ကေလးေတြ ဒီထန္းေတာထဲ တစ္ခါတေလ လာလာကစားတယ္။ ေအ့….. ဒါေပမယ့္ ဒီအခ်ိန္ေတာ့ လာမယ္မထင္ဘူး”
“ကေလးမေလးတစ္ေယာက္ေယာက္မဟုတ္ဘူး အဘ။ ဟို……… ဟို… တိုက္ျဖဴျဖဴေလးမွာေနတဲ့ ကေတာ္ေလး”
“ေအ့……. ဘယ္က ကေတာ္ေလးလဲ၊ ငါ မသိဘူး…”
ေမာင္ေမႊးတစ္ေယာက္ ထန္းပင္တစ္ပင္ေအာက္တြင္ရပ္ကာ သူ႔ကိုေငးၾကည့္ေနေသာ အရာရွိကေတာ္ေလးကို ျပန္ေငးၾကည့္ေနမိသည္။
“သူ…… ဘာလို႔ဒီအခ်ိန္ႀကီး ဒီနားကိုလာတာပါလိမ့္”
ထိုအခ်ိန္တြင္ မိုးဖြဲေလးတို႔က ေမာင္ေမႊးတို႔တဲေပၚသို႔ တစ္ေပါက္ေပါက္က်လာေလသည္။ ထန္းေတာနားတစ္၀ိုက္တြင္ေတာ့ ေျခာက္ေသြ႕လွ်က္ ရွိေလသည္။
“မိုးကလည္း ဒီနားမွာမွ လာ႐ြာေနတယ္”
“အိမ္း……… ေပါကၡရ၀ႆမိုးေပါ့ကြာ၊ ႐ြာေစခ်င္တဲ့ေနရာမွာ ႐ြာတယ္၊ မ႐ြာေစခ်င္တဲ့ ေနရာမွာ မ႐ြာဘူး။ စိုလိုသူစိုေစ၍ မစိုေစလိုသူကို မစိုေစေသာမိုးေပါ့ကြာ..”
ေမာင္ေမႊးက အဘေျပာေနသည့္ ေပါကၡရ၀ႆမိုးအေၾကာင္း စဥ္းစားေနရင္း ခြက္ကိုလွမ္းယူလိုက္ၿပီး အရာရွိကေတာ္ေလးရပ္ေနရာ ထန္းပင္ဘက္ ျပန္လွည့္ၾကည့္လိုက္သည္။
“ဟင္… မရွိေတာ့ဘူး”
ရင္ထဲတြင္ စိုးရိမ္စိတ္တို႔က ႀကီးစိုးလာသည္။ လိုက္သြားရရင္ ေကာင္းေလမလားမသိဘူးဟုလည္း ေတြးေနမိသည္။ တစ္ေယာက္တည္း ေန၀င္ရီတေရာ အိမ္ျပန္လို႔အဆင္ေျပပါ့မလား၊ သိပ္ေတာ့လည္း မ၀ေးပါဘူးေလ စသည္ျဖင့္ တစ္ေယာက္တည္းအေတြးစုံေနမိေလ၏။
အဘကေတာ့ ဘာကိုမွ စိတ္၀င္စားပုံမရဘဲ အျမည္းစားလိုက္၊ ေမာ့လိုက္ျဖင့္ ေက်နပ္ေနေလသည္။ သတင္းစာဆရာေလးလည္း ထိုညက ညဥ့္နက္မွ အိမ္ျပန္ေရာက္ေလသည္။
************
ေနာက္တစ္ေန႔တြင္မေတာ့ သတင္းစာဆရာေလးသည္ ညကအရွိန္ျဖင့္ ေခါင္းေတြအုံၿပီး သတင္းစာလိုက္ပို႔ေလသည္။ အရင္ရက္မ်ားအတိုင္း စက္ဘီးကိုတြန္းၿပီး တိုက္ျဖဴျဖဴေလးရွိရာသို႔ ခပ္ျဖည္းျဖည္းေလွ်ာက္လာခဲ့သည္။ သတင္းစာဖိုး မေပးသည္မွာလည္း တစ္လေက်ာ္၍ ႏွစ္လတြင္းသို႔ ခ်ဥ္းနင္း၀င္ေရာက္လာသည္ကို သတိရမိသျဖင့္ ကေန႔ေတာ့ သတင္းစာဖိုးေတာင္ေတာ့မည္ဟု စိတ္ကူးမိေလသည္။ အရာရွိကေတာ္ေလးက သတင္းစာသာထြက္ယူၿပီး သတင္းစာဖိုး မေပးသည္ကိုလည္း စိတ္ထဲမွာ မတင္မက် ျဖစ္မိေလသည္။
ၿခံထဲသို႔ေရာက္သည္ႏွင့္ ထုံးစံအတိုင္း စက္ဘီးေလးကို ေထာက္ထားလိုက္သည္။ ထို႔ေနာက္ သတင္းစာကိုလိပ္ၿပီး သံပန္းတံခါးနားသို႔ ေလွ်ာက္သြားေလသည္။ သံပန္းတံခါးက ထုံးစံအတိုင္း ဟေနေလ၏။ အရာရွိကေတာ္ေလးမ်ား အရင္နံနက္ခင္းမ်ားကလို သတင္းစာလာယူမလားဟု ေခတၱေစာင့္ေနေသာ္လည္း မည္သူမွ် ေပၚမလာ။ သတင္းစာကို ခ်ထားခဲ့ၿပီး ေနာက္ေန႔မွ သတင္းစာဖိုး ေတာင္းေတာ့မည္ဟု စိတ္ကူးမိေလသည္။ စက္ဘီးနားသို႔ ျပန္ေလွ်ာက္လာသည္။ ထို႔ေနာက္ အိမ္ကိုပတ္ၿပီး ေနာက္ဘက္သို႔ သြားကာ ပန္းၿခံအလုပ္သမားတစ္ဦးဦးကို စကားသြားေျပာလွ်င္ေကာင္းေလမလားဟူ၍လည္း စဥ္းစားလိုက္မိေသး၏။ စက္ဘီးနားမွာ ေယာင္ခ်ာခ်ာျဖစ္ေနသည္။ ထို႔ေနာက္ဆုံးျဖတ္ခ်က္တစ္ခုခ်ကာ စက္ဘီးကို ဘဲလ္တီးလိုက္သည္။ ေခတၱေစာင့္သည္။ အိမ္ထဲမွ ဘာသံမွ မၾကားသျဖင့္ ထပ္ၿပီးဘဲလ္တီးၾကည့္သည္။ ဘာသံမွ မၾကားရျပန္။
သတင္းစာဆရာေလးသည္ အိမ္ေပါက္၀နားသို လမ္းေလွ်ာက္သြားၿပီး သံပန္းတံခါးနားမွာရပ္လွ်က္ အိမ္တြင္းသို႔ လွမ္းေခၚေလသည္။ အိမ္တြင္းမွ အရပ္ရွည္ရွည္ လူလတ္တစ္ဦးက အေျပးအလႊား ထြက္လာေလ၏။
“ဘာကိစၥရွိလို႔လဲ”
“ေၾသာ္… ကြၽန္ေတာ္ သတင္းစာဖိုးျဖတ္ပိုင္း ေရးေပးမလို႔ခင္ဗ်။ က်န္ခဲ့တဲ့လအတြက္ပါ တစ္ပါတည္း ေရးေပးလိုက္မယ္”
“သတင္းစာ တစ္ခါမွ မရေသးဘူးေလ။ မင္းကႀကိဳျဖတ္ထားမလို႔လား”
“ဗ်ာ…….။ ကြၽန္ေတာ္သတင္းစာလာပို႔တာ ႏွစ္လနီးပါးရွိေနၿပီဆရာ”
“ႏွစ္လရွိၿပီ ဟုတ္လား။ ငါတို႔ေတာ့ ဘာသတင္းစာမွ မရဘူး။ ဆရာ……… ဆရာ”
အရပ္ရွည္ရွည္လူက အိမ္တြင္းသို႔လွမ္းေမွ်ာ္ၾကည့္ကာ အရာရွိျဖစ္သူကို လွမ္းေခၚေလ၏။
႐ုံးသြားခါနီးျဖစ္၍ က်နေသသပ္စြာ ၀တ္ဆင္ထားေသာ အရာရွိက ထြက္လာေလသည္။
“ဘာကိစၥလဲခင္ဗ်”
“ကြၽန္ေတာ္ သတင္းစာဖိုးလာေတာင္းတာပါ ဆရာ”
“သတင္းစာ မလာဘူးေလ။ မွာထားတာေတာ့ တစ္လေက်ာ္ၿပီ။ ေပးဆိုလည္းႀကိဳေပးမယ္ဗ်ာ။ မွန္မွန္ေတာ့ လာပို႔”
သတင္းစာဆရာေလးသည္ အလြန္ေခါင္းရႈပ္ေနေပၿပီ။ ေန႔စဥ္လာပို႔လွ်က္ႏွင့္ သတင္းစာမရဘူး ျငင္းေနၾကေသာ အရာရွိႏွင့္ တပည့္ျဖစ္သူကိုလည္း စိတ္တိုလာေနမိၿပီ။
“မဟုတ္ဘူးဆရာ။ ကြၽန္ေတာ္ေန႔စဥ္လာပို႔တယ္။ ဆရာကေတာ္ထြက္ထြက္ယူတယ္ေလ”
“ဘာ……….”
“ဗ်ာ……….”
အရာရွိႏွင့္ သူ၏တပည့္ျဖစ္သူတို႔ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ပါးစပ္အေဟာင္းသားျဖစ္ေနေလသည္။ သတင္းစာဆရာမွာလည္း စိတ္ပိုရႈပ္လာေနၿပီ။
“ဆရာကေတာ္သာ ေခၚေမးၾကည့္လိုက္ပါဆရာ။ သူ ေန႔စဥ္ ထြက္ထြက္ယူေနက်ပဲ”
“ဟာ…….ေဟ့ေကာင္။ မင္းဘာေတြေလွ်ာက္ေျပာေနတာလဲ”
တပည့္ျဖစ္သူက အလန္႔တၾကားထေအာင္စဥ္ အရာရွိေလးသည္လည္း အလြန္အံ့ၾသမွင္တက္ေနကာ ပါးစပ္အေဟာင္းသား ျဖစ္ေနေလ၏။
“ကြၽန္ေတာ္ေျပာတာ ရွင္းရွင္းေလးပါ။ ကြၽန္ေတာ့ကို သတင္းစာမွန္မွန္ လာမပို႔ဘူးလို႔ ဆရာတို႔ေျပာေနၾကလို႔။ ဆရာကေတာ္ကိုေခၚေမးလိုက္ရင္ ရွင္းသြားမွာပါ”
သတင္းစာဆရာေမာင္ေမႊးလည္း အလြန္စိတ္တိုလာသျဖင့္ အသံပင္ မာလာေလၿပီ။
“ဟာ…”
“ေဟ့ေကာင္…….. ငါ့ဆရာမွာ ဘာကေတာ္မွ မရွိဘူးကြ။ ငါ့ဆရာက လူပ်ိဳ.. လူပ်ိဳ။ ဒီအိမ္မွာ သတင္းစာထြက္ယူဖို႔ ဘယ္မိန္းမမွ မရွိဘူး။ ငါနဲ႔ငါဆရာ ႏွစ္ေယာက္တည္းေနတာ”
“ဗ်ာ…………”
သတင္းစာဆရာေမာင္ေမႊး၊ အရာရွိ ႏွင့္ အရာရွိ၏တပည့္ သုံးဦးလုံး မလႈပ္မယွက္ မတ္တပ္ရပ္ေနမိၾကသည္။
“ဒါ………. ဒါဆို….”
“ေအး…….. အဲဒီသတင္းစာေတြက…”
အရာရွိ၏တပည့္ျဖစ္သူသည္ အိမ္ေရွ႕ခန္းလက္ဖက္ရည္စားပြဲ အံဆြဲကို အလ်င္အျမန္သြားဖြင့္ၾကည့္ၿပီး က်ယ္ေလာင္လွေသာ အာေမဋိတ္သံႀကီးကို ျပဳေလသည္။ လက္ဖက္ရည္စားပြဲ အံဆြဲထဲတြင္ အထပ္လိုက္စီရီထားေသာ သတင္းစာမ်ားကို ေတြ႕လိုက္ရေသာေၾကာင့္ပင္။
သတင္းစာဆရာေလးလည္း ဘာစကားမွ မေျပာေတာ့ဘဲ ေထာင္ထားေသာ စက္ဘီးကို ေဒါက္ျဖဳတ္လွ်က္ ၿခံ၀င္းထဲမွ ထြက္လာခဲ့ေလေတာ့သည္။ သူ၏ မ်က္၀န္းမ်ားသည္ အလြန္အမင္းရီ၀ေေနေတာ့သည္။
ေက်ာခိုင္းလာခဲ့ေသာ အိမ္ထဲမွာ အရာရွိႏွင့္ သူ၏တပည့္တို႔ အျပန္အလွန္စကားေျပာသံသဲ့သဲ့က ၀ေး၍က်န္ခဲ့သည္။
သတင္းစာဆရာေလးသည္ အမ်ိဳးအမည္မသိေသာ ၀ေဒနာကို အသက္ရႈရပ္မတတ္ ခံစားေနမိရင္း ၿခံ၀င္းထဲမွ အထြက္ မိုးဖြဲေလးတို႔က တေဖ်ာက္ေဖ်ာက္က်လာခဲ့ျပန္သည္။
ၿခံတံခါးနားအေရာက္တြင္လည္း ေမႊးပ်ံ႕ေသာ ရနံ႔တစ္ခုက သူ႔အနားမွာ ရစ္၀ဲေနသည္ကိုလည္း သတိထားလိုက္မိသည္။ မခ်ိၿပဳံး ၿပဳံးၿပီး ေခါင္းကိုငုံ႔ခ်လိုက္သည္တြင္ ဖိနပ္ေရွ႕ ေျမျပင္ေပၚတြင္ စံပယ္ပြင့္ျဖဴျဖဴေလးႏွစ္ပြင့္ကို လွမ္းေတြ႕လိုက္ရေလသည္။
************
မ်ားမၾကာမွီတြင္ အရာရွိေလးႏွင့္ တပည့္ျဖစ္သူတို႔ ထိုတိုက္ျဖဴျဖဴေလးမွ လူပ်ိဳေဆာင္သို႔ ေျပာင္းေ႐ႊ႕သြားသည္ကို သတင္းစာဆရာေလး ၾကားသိလိုက္ရသည္။ အရာရွိေလး လူပ်ိဳေဆာင္သို႔ ေျပာင္းေ႐ႊ႕သြားၿပီး မၾကာခင္မွာပင္ သတင္းစာဆရာေလးလည္း ထန္းေတာစပ္နားက တဲတြင္ မၾကာခဏသြားထိုင္တတ္လာသည္ဟု ဆိုၾကသည္။
မိုးအကုန္ ျမဴဆိုင္းေသာ ေဆာင္းဦးေရာက္စတစ္ရက္တြင္ ထန္းေတာစပ္နားက တဲထဲတြင္ လဲက်ေနေသာ သတင္းစာဆရာေလးကို ဘႀကီးမႈိင္းတို႔ ေတြ႕ၾကရေလသည္။ သတင္းစာဆရာေလး၏ကိုယ္ခႏၶာသည္ ေအးစက္ေနခဲ့ၿပီ။ သို႔ေသာ္ သူ၏ႏႈတ္ခမ္းတို႔သည္ ၿပဳံးေယာင္သန္းေနသည္ဟု ဆိုၾက၏။ က်စ္က်စ္ပါေအာင္ဆုပ္ထားေသာ သူ၏လက္ထဲတြင္ေတာ့ လတ္လတ္ဆတ္ဆတ္ စံပယ္ပန္းပြင့္ေလးမ်ား ရွိေနသည္ဟုလည္း ဆိုၾကေလသည္။
ဘႀကီးမႈိင္းတစ္ေယာက္ ထန္းေတာစပ္ကတဲတြင္ တစ္ေယာက္တည္းထိုင္ကာ က်န္ရစ္ခဲ့ခ်ိန္တြင္ ေဆာင္းဦးေကာင္းကင္က မိုးရိပ္ေတြ ညိဳ႕တက္လာေတာ့သည္။ ထို႔ေနာက္ မိုးေပါက္တို႔က ေလႏွင့္အတူ တဖြဲဖြဲ။
"ဪ…………. တစ္မိုးေပါက္ တေဖ်ာက္ေဖ်ာက္ေႂကြေလတဲ့ ေပါကၡရ၀ႆန္မိုးက ႐ြာလာၿပီပဲ။ အခုေတာ့… မင္းတို႔ဘ၀ေတြတူသြားလို႔ ျပန္ဆုံသြားၾကၿပီေပါ့ကြာ….”
သတင္းစာဆရာေလးကို သယ္ေဆာင္သြားၾကသူမ်ား ၀ေးသြားၾကခ်ိန္တြင္…. ဘႀကီးမႈိင္းကေတာ့ ရီ၀ေေသာ မ်က္၀န္းမ်ားျဖင့္ တတြတ္တြတ္ေရ႐ြတ္ က်န္ရစ္ေလေတာ့သည္။
အိမ့္ခ်မ္းေျမ့
ကႀကိဳးႏွစ္ဆယ့္တစ္ စာစုမ်ားမွ

Comments