top of page

နေရစ်ခဲ့တော့ သရပါ

  • Writer: အိမ့်ချမ်းမြေ့
    အိမ့်ချမ်းမြေ့
  • Dec 22, 2020
  • 5 min read

ကျဉ်းမြောင်းသော၊ အကွေ့အကောက်များသော၊ လေပူတွေ တရကြမ်းတိုက်နေသော ကျောက်ပန်းတောင်းမြို့၏ ကားလမ်းဘေးက ထမင်းဆိုင်လေးတစ်ဆိုင်ထဲတွင် သူနှင့်သူမ အမှတ်မထင်ဆုံခဲ့ကြသည်။ ဓနိမိုး၊ ထရံကာ ထမင်းဆိုင်လေးထဲမှာ မှာထားသော ထမင်းနှင့်ဟင်းကိုစောင့်ရင်း မည်းညစ်ညစ်ရေနွေးကြမ်းအိုးထဲမှ ရေနွေးကို ရေဆာဆာနှင့် မော့သောက်လိုက်သော သူမကို ခပ်လှမ်းလှမ်းစားပွဲမှာ ထိုင်နေသောသူက ခပ်တည်တည်နှင့်ကြည့်နေခဲ့သည်။


ရှပ်အင်္ကျီတပတ်နွမ်း၊ ကွက်စိပ်ပုဆိုးနှင့် သူ့အနားမှာ သူတို့အရွယ် လူငယ်တစ်စု ဝိုင်းထိုင်နေသည်။ လွယ်အိတ်ကို စလွယ်သိုင်းထားသော ပိန်ပိန်ပါးပါး သူ၏ပုံပန်းက စိတ်ဝင်စားဖွယ်ကောင်းနေသည်။


“ဒါနဲ့ အစ်ကို.. မေရှင်ကိုကော သိလား”


သူ့ကို မေးလိုက်သည့်စကားကြောင့် သူမ အံ့ဩသွားမိသည်။ သူ့တို့ဝိုင်းကို ဖျတ်ကနဲခေါင်းမော့ပြီး လှမ်းကြည့်လိုက်မိသည်။


“ဟာ.. ကောင်းကောင်းသိတာပေါ့ဗျာ”

သွက်လက်နေသည့်စကားသံက အနည်းငယ်တော့ ဝဲနေသည်။


သူ၏ ဖြေသံကိုကြားတော့ သူမ သောက်လက်စ ရေနွေးတောင်သီးခမန်းဖြစ်သွားသည်။ သူမဘေးက သူ့သူငယ်ချင်းကလဲ သူမကို မျက်ခုံးမြှင့်ပြသည်။


သူ့ကိုတော့ ထပ်မော့မကြည့်အောင် သူမကြိုးစားနေလိုက်သည်။


“အစ်ကို.. အစ်ကို့ကားအဆင်မပြေရင် အခုဒီကားနဲ့ပဲ ညောင်ဦးကိုလိုက်သွားလိုက်လေ”


“ဟုတ်တယ်… ကျွန်တော်တို့ စီစဉ်ပေးမယ်”


“အင်းပေါ့ဗျာ.. အခြေအနေအရ မီးစင်ကြည့်ကရမှာပဲ”

သူက အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။


သူမ သူငယ်ချင်းက မအံ့ဩတော့ပါဘူးဆိုသည့်ပုံစံနှင့် ပခုံးတွန့်ပြသည်။


ဒီလိုနဲ့ သူမတို့စီးလာသော အဝေးပြေးကားနှင့် သူတို့အုပ်စုပါလာကြသည်။ လမ်းရှိ သဲချောင်းလေးများ၊ ခြောက်သွေ့ လွင်ပြင်များကို ငေးရင်း သူမ အိပ်ပျော်သွားခဲ့သည်ထင်သည်။ နားထဲမှာ ဆူဆူညံညံအသံတွေကြောင့် သူမလန့်နိုးလာခဲ့သည်။

ညောင်ဦးမရောက်ခင် အမည်မသိ မြို့လေးတစ်မြို့မှာ ကားကရပ်ထားခြင်းဖြစ်၏။

ကားနောက်ပိုင်းမှ အသံများက ပိုကျယ်လောင်လာသည်။


“ခင်ဗျားတို့ ကျွန်တော့ကို နိုင်ငံခြားသားမှန်းသိရက်နဲ့ တင်ခေါ်လာတုန်းက ခေါ်လာပြီးတော့၊ အခုလို လမ်းတဝက်မှ ဆင်းခိုင်းတာတော့ ဘယ်ကောင်းမလဲဗျ”


“ဟုတ်ပါတယ်အစ်ကိုရယ်.. ခုနတုန်းကတော့ အစ်ကိုပဲသဘောတူခဲ့တာပဲလေ”

သူ့ဘေးမှ လူတစ်ယောက်က သူ့ဘက်မှ အသနားခံနေသည်။


“မဖြစ်ဘူးဗျ”

ကားမောင်းသူက အသံနှိမ့်ပြီးပြောလိုက်သည်။


“မဖြစ်လို့မရဘူး။ ကျွန်တော့ကို လမ်းမှာ ဒီလိုချခဲ့လို့တော့၊ သက်ဆိုင်ရာကို တိုင်မယ်”

သူ အသံဝဲ၀ဲနှင့် မြန်မာစကားကို ရေလည်စွာ ပြောနေသည်။


“ကြည့်စီစဉ်ပေးလိုက်ပါအစ်ကိုရာ”


“အင်းလေ.. ကြည့်လုပ်ရမှာပဲ”

ကားမောင်းသူ၏ အသံက ပိုလို့တိုးသွားသည်။


နောက်ဆုံးတော့ သူတို့အားလုံး အဆင်ပြေသွားကြသည်ထင်သည်။ ခရီးဆက်၍ ထွက်ခွာလာကြသည်၀ယ် ညောင်ဦးမြို့လေးကို ဆိုက်ရောက်လာခဲ့သည်။


--------------------


ဧရာဝတီမြစ်ပြင်ကို ဖြတ်တိုက်လာသော နံနက်ခင်းလေပြေက လတ်ဆတ်နေသည်။ မြက်ခင်းစိမ်းပေါ်က စားပွဲလေးမှာထိုင်ရင်း ငှက်ကလေးတွေ ခပ်တိုးတိုးသီချင်းဆိုနေသံကို သူမ နားစွင့်ရင်း မွှေးပျံ့သည့် လက်ဘက်ရည်ပူပူကို ပန်းကန်းထဲသို့ငှဲ့လိုက်သည်။ သူမ သူငယ်ချင်းက လှပသွယ်လျသော လက်ချောင်းလေးများကို နံနက်ခင်းတွင် လိမ်းရသည့် လိုးရှင်းလိမ်းရင်း နံနက်စာကို တို့ကနန်းဆိတ်ကနန်းစားနေသည်။ ထမင်းဟင်း ကောင်းကောင်း မစားခြင်း၊ ခရီးပန်းခြင်းများကြောင့်

သူမ သူငယ်ချင်း၏ မျက်နှာ ချောင်ကျသွားသည်ကို သတိထားလိုက်မိသည်။ သူမကတော့ သေသေချာချာ ညကတည်းက ကြိုတင်မှာထားသည့် ပဲပြုတ်ထမင်းကြော်ကို မြိန်ရည်ရှက်ရည် စားနေခဲ့မိသည်။


သူငယ်ချင်းကို သူမ အားမနာနိုင်တော့။ ဒီပဲပြုတ်စင်စစ်ကို မစားရသည်မှာ နှစ်ချီနေခဲ့ပြီမဟုတ်ပါလား။ သူမတို့ဘေးက စားပွဲမှာ လူတစ်ယောက် ဝင်ထိုင်လိုက်သည်မို့စောင်းငဲ့ကြည့်လိုက်သည်။ ဖြူဖွေးနေသည့် ရှပ်အဖြူရောင်၊ အပြာနုကွက်စိပ်ပုဆိုးနှင့် သူက သူမတို့ကို ပြုံးပြလိုက်သည်။


“မင်္ဂလာပါ”

ဒီတစ်ခါတော့ သူမ ချောင်းမသီးတော့။


“မင်္ဂလာပါရှင့်”

အပြာနောက်ခံမှာ အစိမ်းရောင်လဲ့နေသော မျက်လုံးများကို ကြည့်ရင်း သူမနှုတ်ဆက်လိုက်သည်။


“မင်းဂလာပါရှမ်”

သူမ သူငယ်ချင်းကလဲ အသံဝဲ၀ဲလေးနဲ့ ပြန်နှုတ်ဆက်လိုက်သည်။


လွတ်နေသည့် ခုံပေါ်သို့ ကျောပိုးအိတ်ကို သူတင်လိုက်သည်။ ကျောပိုးအိတ်ပေါ်မှာ ရင်းနှီးနေသည့် တံဆိပ်လေးတစ်ခု။

အဖြူပေါ်မှာ အနီရဲရဲ သစ်ရွက်တံဆိပ်။


သူကလဲ ခုံပေါ်မှ သူမတို့၏ကျောပိုးအိတ်များပေါ်မှ အဖြူခံမှာ အနီရဲရဲသစ်ရွက်တံဆိပ်ကို လှမ်းကြည့်လိုက်သည်။ ပြီးတော့ ပြုံးလိုက်သည်။


“ဒါကြောင့် နယ်ခံတွေနဲ့မတူဘူးလို့ တွေးနေသေးတယ်”


“အစ်ကိုလဲ နယ်ခံနဲ့ မတူပါဘူး”

မရင်းနှီးသေးသော တစိမ်းများ ရင်းနှီးစွာ ရယ်မောလိုက်ကြသည်။


“ဒါနဲ့ ဘယ်ပြည်နယ်ကလဲ”


“ဘီစီကပါ”


“ကျွန်တော်က အွန်တေရီယိုက၊ တိုရန်တို ယူနီကလေ၊ ပုဂံကို လေ့လာနေသူတစ်ယောက်ပါ”


“ကောင်းလိုက်တာ၊ နေရာချင်းလဲမလား” သူမအပြောကြောင့် သူရယ်မောလိုက်သည်။


“မြန်မာလို တော်တော်ကျွမ်းကျင်နေတာပဲ။ ရောက်တာဘယ်လောက်ကြာပြီလဲ၊ ဘယ်လိုသင်တာလဲဟင်”

သူမ သူငယ်ချင်းက သူ့ကို အင်္ဂလိပ်လို လှမ်းမေးလိုက်သည်။


“ရောက်တာသုံးနှစ်ရှိပြီလေ၊ လက်ဘက်ရည်ဆိုင် များများထိုင်တယ်။ အဲဒီလိုနဲ့ဗမာစကားတတ်တာ” သူက ဗမာလိုပြန်ဖြေလိုက်သည်။


“ကနေဒါမှာ ဘာလုပ်နေတာလဲ၊ ကျောင်းလား၊ အလုပ်လား”


“ကျွန်မတို့က အဲဒီမှာ နေတာပါ” သူမအသံက တိုးတိမ်၊ ခြောက်ကပ်စွာထွက်လာသည်။


“ဪ.. ”

ပုဂံသမိုင်းကို လေ့လာနေသော၊ မြန်မာစကားကို ရေလည်အောင်ပြောနေသော၊ ပုဆိုးဝတ်လူဖြူတစ်ယောက်ရှေ့မှာ၊ သူမ အနေရခက်စွာခေါင်းငုံ့နေခဲ့မိသည်။


ထိုနေ့က နံနက်စာဝိုင်းမှာ သူနဲ့ သူမ သူငယ်ချင်းတို့ စကားတွေ ဖောင်ဖွဲ့နေခဲ့သည်။ သူမသူငယ်ချင်းက သိုးဆောင်းစကား များများသုံးပြီးပြောသည်။ သူကတော့ ဗမာလိုပဲ ပြောသည်။ သူမကတော့ နားထောင်သူ သက်သက်။


ဒီလိုနှင့် ကမ္ဘာရဲ့ ဟိုဘက်ခြမ်းမှာတုန်းက မဆုံဖြစ်ခဲ့ကြပဲနှင့် ပုဂံမြို့လေးရဲ့ တည်းခိုခန်းတစ်ခုမှာ အတူတည်းခိုဖြစ်ကြသည့် သူတို့သုံးဦး ခင်မင်ရင်းနှီးသွားကြသည်။ သူအလုပ်အားသည့် နေ့များတွင် ခရီးတိုလေးတွေ အတူတကွ ထွက်ဖြစ်ခဲ့ကြသည်။ လွတ်လပ်မှုကို ခုံမင်နှစ်သက်တဲ့ သူမသူငယ်ချင်းက ကျောပိုးအိတ်တစ်လုံး၊ စက်ဘီးတစ်စီးနှင့် နံနက်စောစောကတည်းက ပျောက်သွားတတ်သည့်နေ့များ၊ စားနေကျအစားများမဟုတ်သည့်အတွက် ဗိုက်ရစ်ပြီးနာတယ်ဆိုကာ အခန်းထဲမှာ စာအုပ်တစ်အုပ်နှင့် ကျန်ရစ်ခဲ့တတ်သည့် နေ့များတွင်တော့ သူနှင့် သူမ နှစ်ဦးတည်း စက်ဘီးကိုယ်စီနှင့် စေတီပုထိုးတွေဆီ၊ ရွာလေးတွေဆီ၊ ခြေဦးတည့်ရာ ထွက်ဖြစ်ခဲ့ကြသည်။


ဓမ္မယံကြီးဘက်သို့ သူနှင့် သူမ ထွက်လာဖြစ်ခဲ့ကြသည့်နေ့။ ပူစပ်စပ်နေရောင်အောက်မှာ ထနောင်းနံ့က သင်းပျံ့နေသည်။ ခပ်ဝေးဝေးက ခပ်ဖြည်းဖြည်း ရွေ့နေတဲ့ ခင်တန်း၊ တာရိုးလေးတွေကို ငေးရင်း မြင်းလှည်းလေးပေါ်မှာ ဂနာမငြိမ်ဖြစ်နေတဲ့ သူမကို သူပြုံးကြည့်နေခဲ့သည်။


“အဆင်မပြေဘူးလား”


“လမ်းဆင်းလျှောက်ရင် ကောင်းမယ်ထင်တယ်”


“ဘာဖြစ်လို့လဲ”


“မြင်းလေးကိုကြည့်လေ။ သိပ်ပိန်တယ်။ မနည်းဆွဲနေရတယ် မစီးရက်ဘူး”


မြင်းလှည်းသမား မကြားအောင် သူမ အသံကို နိမ့်ပြီး ခပ်တိုးတိုးပြောလိုက်သည်။


“ဒီလိုမျိုးသာဆို မြင်းလှည်းသမား ပိုက်ဆံမရရင်၊ သူ့မိသားစုတင်မက ဒီမြင်းလေးပါ ငတ်နိုင်တာပေါ့”


ထိုအချိန်မှာ မြင်းလေးက အလေးသွားလိုက်သည်။ ခံထားသည့် အကာက မလုံလှ၍ မညီညာသည့် လမ်းများပေါ်မှာ မြင်းချေးများ ကြဲပြန့်သွားသည်။ ဒါကို သူမ ခပ်ငေးငေးကြည့်နေမိသည်။


ဒီလိုနှင့် အတိတ်ထဲမှာ အိပ်မောကျနေခဲ့သည့် ပျက္ခရွေတောင်တန်း၊ အရိမဒ္ဒနပူရ၊ သဒ္ဒနီတိ၊ ဂမ္ဘီရပညာ၊ ဂန္ဒာရီအတတ်၊ စသည်တို့ကို အတိတ်ထဲက ဆွဲခေါ်လာနေသည့် သူနှင့် မြို့ပြ၏ ဖိစီးမှုများထဲမှ အဝေးကိုပြေးလာခဲ့သည့် သူမတို့၊ ပုဂံမြို့၏ လမ်းများပေါ်မှာ၊ ဖုတ်တထောင်းထောင်းထတဲ့ လေပူတွေကြားမှာ၊ သံတော်ကြားစေတီလေးနားက ပန်းရုံလေးနားမှာ၊

လေတွေတိုက်နေတဲ့ ဗူးဘုရား ရင်ပြင်ပေါ်မှာ၊ အာရုံဦးရဲ့ ကြည်ပြာရောင် မြူတွေကြားမှာ၊ ရွှေရောင်လက်တဲ့ ဧရာဝတီရဲ့ လှိုင်းကြက်ခွပ်တွေကြားမှာ အတွေးတွေ၊ ခံယူချက်တွေ ဖလှယ်ဖြစ်ခဲ့ကြသည်။


--------------------


ထိုညကတော့ လရောင်က ဖိတ်ဖိတ်တောက် သာနေသောည။ မြစ်ပြင်ထဲမှာ လှေကလေးတွေ ခပ်ဖြည်းဖြည်းလှော်ခတ်နေသောည၊ တောင်တန်းများ မှုန်ပြနေကာ၊ သစ်ရွက်များ အရောက်တောက်နေသော၊ သင်းပျံ့သည့် ညလေတွေ လွန့်လူးနေသော၊ ကဗျာဆရာများ၏ရင်ထဲမှ ကဗျာများ ထွက်ကျလာနိုင်သည့်ည။


လှပလွန်းသည့်ညမို့ အိပ်မပစ်ရက်နိုင်သဖြင့် တည်းခိုခန်း ပန်းခြံထဲက ခုံတန်းလေးမှနေပြီး မြစ်ပြင်ဘက်သို့ ငုတ်တုပ်ထိုင်ငေးနေခဲ့မိသည်။ ညင်သာသည့် ခြေသံတစ်စုံက ခုံတန်းဘေးမှာ ရပ်တံ့သွားခဲ့သည်။

ထိုင်ခွင့်ပြုလိုက်တဲ့ သူမဘေးမှာ သူ ဝင်ထိုင်ရင်း ထုံးစံအတိုင်း အတွေးတွေ ဖလှယ်ဖြစ်ခဲ့သေး၏။


“တကယ်တော့ ဒီဒေသမှာ လုပ်စရာတွေ အများကြီးရှိနေတယ်”


“ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်လုပ်ချင်တယ်ဆို ဖြစ်ပါတယ်”


“ကျွန်တော်လား၊ ဒီနေရာမှာ တစ်နှစ်ကြာရင်လဲကြာမယ်။ နှစ်ပေါင်းများစွာ ကြာသွားရင်လဲ ကြာသွားမယ်”


“ဂရန့်ရနေသမျှ ဘန်ကောက်သွားပြီး ဗီဇာတင်တင်ပြီး ဒီပုဂံမှာ ဆက်နေရင် နေဖြစ်မယ်”


“ဒီလောက်လှတဲ့ လုပ်စရာတွေအများကြီးရှိတဲ့ တိုင်းပြည်မှာ ဘာလို့မနေတာလဲဟင်”


“ကျွန်တော်နဲ့……. ကျွန်တော်နဲ့… ဒီပုဂံမှာ အလုပ်အတူတူလုပ်ပါလား။ တစ်ခုခုပေ့ါ”

………..

………..

“ခင်ဗျားကိုစိတ်၀င်စားတဲ့ ခင်ဗျားကလည်း ပြန်ပြီးစိတ်ဝင်စားနိုင်တဲ့ မြန်မာပြည်ကယောက်ျားအချို့ထက် ကျွန်တော်က မြန်မာပြည်အကြောင်း၊ ပုဂံအကြောင်း၊ မြန်မာ့အနုပညာတွေ ဂီတတွေအကြောင်း၊ သမိုင်း၊ ပထဝီအကြောင်း.. ဒီမှာမွေးပြီးကြီးတဲ့သူတွေထက် ပိုသိပြီး ဒီကယဥ်ကျေးမှုကို သူတို့ထက်ပိုမြတ်နိုတယ်ဆိုရင်ကော.. ခင်ဗျား ဒီမြို့မှာ နေမလား”


“ခင်ဗျားပြောတယ်မို့လား၊ ဗမာကိုယူမှ ခရေအကြောင်း၊ ငုဝါအကြောင်း၊ ချိုင့်ခွက်တွေပေါတဲ့ အနီရောင်လမ်းလေးတွေအကြောင်း ပြောလို့ရမှာဆိုတာ၊ တစ်ကယ်တော့ ခင်ဗျားပြောချင်တဲ့ မြန်မာ့စာပေ၊ ဂီတ၊ နောက်ပြီး မြန်မာပြည်ရဲ့ ရာသီပန်းမျိုးစုံအကြောင်းလဲ ဒီကသာမန်လူတွေထက်တောင် ပိုသိပါတယ်။ အနီရောင်လမ်းတွေပေါ်မှာလဲ ပုဆိုးဝတ်ပြီး ကျွန်တော်လျှောက်တတ်ပါတယ်”


“မော်ဒန်လွန် ကဗျာတွေအကြောင်းပြောချင်တယ်ဆိုရင်တော့ ကျွန်တော်လေ့လာရဦးမှာပေါ့လေ”


အဲဒီညက လေတိုက်လို့ လွင့်သွားသည့် သူမနဖူးစပ်က ဆံနွယ်လေးကို သူက လက်နဲ့ သပ်တင်ပေးရင်း

သူမကို ငေးကြည့်နေခဲ့သည့် သူ့မျက်ဝန်းတွေထဲမှာတော့ မျှော်လင့်ခြင်းအရောင်တွေ။


သူမလည်း သူ့မျက်ဝန်းတွေထဲကို စိုက်ကြည့်နေခဲ့မိသည်။ လရောင်အောက်က သူ့ရဲ့ အစိမ်းရောင်သန်းသည့် ကြည်ပြာရောင်မျက်လုံးများကို သူမ ငေးကြည့်နေခဲ့လိုက်သည်။


“ရှင်..သိပ်လှပါတယ်။ ဆံပင်တွေ၊ မျက်လုံးတွေ၊ နှာတံတွေ၊ နဖူးပြင်တွေ။ ယောက်ျား ပီသပါတယ်။ ဉာဏ်ပညာကြီးပါတယ်၊ လူတွေကို ကူညီချင်တဲ့ လူသားအကျိုးပြုစိတ်ဓတ်နဲ့လဲ ပြည့်ဝပါတယ်။ လူတွေချထားတဲ့ ဘာသာရေး၊ လူမျိုးရေး၊ စတဲ့ စည်းတွေနဲ့ ကိုယ့်ကိုကိုယ် ဘောင်မခတ်ထားပဲ ကျယ်ပြန့်တဲ့ စိတ်ထား၊ သိမ်မွေ့လှပတဲ့ စိတ်ထားနဲ့လဲ ပြည့်စုံပါတယ်။ ကျွန်မကို တစ်သက်လုံးပျော်အောင်ထားနိုင်မယ်ဆိုတာလဲ ယုံပါတယ်။ ဒါပေမယ့် ကျွန်မ ရှင့်ကို ဘယ်လိုမှ ခံစားလို့ မရဘူး။ ရင်ထဲမှာ ဘာမှ ခံစားလို့မရလို့ပါနော်၊ ကျွန်မကိုခွင့်လွှတ်ပါ”


ထိုနေ့က ခုနှစ်စင်ကြယ် အမြီးထောင်ချိန်ရောက်ခါနီးအထိ သူတို့ စကားတွေပြောဖြစ်ခဲ့ကြသည်။ နောက်ရက်တွင်တော့ သူတို့ ရန်ကုန်ကို ပြန်လည်ထွက်ခွာခဲ့ကြသည်။ သူမနှင့် သူမသူငယ်ချင်းကတော့ ရန်ကုန်မှာ ဆက်နေဖြစ်ဦးမည်။ သူကတော့ ဘန်ကောက်ကို ဆက်လက်ထွက်ခွာမည်။ ဗီဇာတင်မည်။ ပြီးမှ ရန်ကုန်ကို ပြန်ဝင်မည်ဟုဆိုသည်။


နေချစ်ချစ်တောက်ပူနေသော အင်းစိန်ဘက် အဝေးပြေး ကားဂိတ်နားက စားသောက်ဆိုင်တစ်ခုထဲမှာ သူတို့ ခရီးတစ်ထောက်နားဖြစ်သည်။ သူက လိုင်းကာနှင့် ရန်ကုန်မြို့ထဲကို ဆက်ထွက်မည်ပြောတုန်းက သူမ အနည်းငယ်စိတ်ပူသွားမိခဲ့သည်။ သူက စီးနေကျပါဟု ခပ်ပြုံးပြုံးပြောသည်။ သူသွားတော့မည်ဆိုတော့ ကားဂိတ်နားအထိ သူမ လိုက်ပို့ပေးမိသည်။ သူမသူငယ်ချင်းက အလိုက်တသိ ထမင်းဆိုင်ထဲမှာ နေရစ်ခဲ့သည်။ ကားဂိတ်ရောက်တော့ ပူပြင်းသည့် နေရောင်အောက်မှာ လေပူတွေက ထပ်ဆင့်တိုက်ခတ်နေသေးသည်။


“လူဆိုတာ ခံစားချက်နဲ့ အသက်ရှင်တယ်ဆိုတာ ကျွန်တော်သဘောပေါက်ပါတယ်။ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်လေးစားရမှာပေါ့ဗျာ၊ ခက်တာက ကျွန်တော်ကလဲ ပုဂံမှာ ပျော်တဲ့သူဗျ”


“ကောသလမင်းအိပ်မက်ထဲကလိုပေါ့ရှင်။ ပြည့်နေတဲ့ ရေအိုးတွေကို ထပ်ဖြည့်နေသူက ကျွန်မပဲထားပါတော့။ ရှင်ကတော့ မပြည့်သေးတဲ့ ရေအိုးတွေကို ဆက်လက်ဖြည့်ဆည်းပေးနေတာလေ။ ကျွန်မဒီမှာနေရင်လဲ ကျွန်မဟာ ရေအိုးတွေထဲက နောက်ထပ်ရေအိုးတစ်လုံးပဲဖြစ်မှာမို့ ရေဖြည့်ခွင့် ရမယ်လို့ မထင်ဘူး။ ရှင်ဖြည့်ပေးနေတဲ့ ရေအိုးတွေကိုယ်စား ကျွန်မ ရှင့်ကို ကျေးဇူးတင်တယ်လို့ ရိုးသားစွာ ပြောခွင့်ပြုပါ”

သူ.. သူမကို စိုက်ကြည့်နေခဲ့သည်။


ခပ်လှမ်းလှမ်းမှာ လိုင်းကားတစ်စီးက ခပ်ဖြည်းဖြည်း မောင်းနှင်လာသည်။ ပုဆိုးကို သူပြင်ဝတ်လိုက်သည်။


“ကျွန်တော် ပုဂံမှာ ရှိနေမယ်”


စိမ်းပြာရောင်မျက်လုံးများနှင့် ရင်မဆိုင်ရဲ၍ သူမခေါင်းငုံ့ချလိုက်မိသည်။ လိုင်းကားက သူတို့ရှေ့တည့်တည့်သို့ ဆိုက်လာသည်။ ကားပေါ်ကို သွက်လက်ကျွမ်းကျင်စွာ သူ ခုန်တက်လိုက်သည်။

တွဲလောင်းခိုစီးရင်း သူမ မြင်ကွင်းထဲမှ သူ.. လိုင်းကားနှင့်အတူ တရွေ့ရွေ့၀ေဝါးမှုန်ရီ ကွယ်ပျောက်သွားပါတော့သည်။


(တစ်ထောင့်ကိုးရာကိုးဆယ်နှောင်းပိုင်းက ပုဂံရက်များသို့)


+++++++++++++++++++++++


ေနရစ္ခဲ့ေတာ့ သရပါ (ZawGyi font)


က်ဥ္းေျမာင္းေသာ၊ အေကြ႕အေကာက္မ်ားေသာ၊ ေလပူေတြ တရၾကမ္းတိုက္ေနေသာ ေက်ာက္ပန္းေတာင္းၿမိဳ႕၏ ကားလမ္းေဘးက ထမင္းဆိုင္ေလးတစ္ဆိုင္ထဲတြင္ သူႏွင့္သူမ အမွတ္မထင္ဆုံခဲ့ၾကသည္။ ဓနိမိုး၊ ထရံကာ ထမင္းဆိုင္ေလးထဲမွာ မွာထားေသာ ထမင္းႏွင့္ဟင္းကိုေစာင့္ရင္း မည္းညစ္ညစ္ေရေႏြးၾကမ္းအိုးထဲမွ ေရေႏြးကို ေရဆာဆာႏွင့္ ေမာ့ေသာက္လိုက္ေသာ သူမကို ခပ္လွမ္းလွမ္းစားပြဲမွာ ထိုင္ေနေသာသူက ခပ္တည္တည္ႏွင့္ၾကည့္ေနခဲ့သည္။


ရွပ္အက်ႌတပတ္ႏြမ္း၊ ကြက္စိပ္ပုဆိုးႏွင့္ သူ႔အနားမွာ သူတို႔အ႐ြယ္ လူငယ္တစ္စု ဝိုင္းထိုင္ေနသည္။ လြယ္အိတ္ကို စလြယ္သိုင္းထားေသာ ပိန္ပိန္ပါးပါး သူ၏ပုံပန္းက စိတ္ဝင္စားဖြယ္ေကာင္းေနသည္။


“ဒါနဲ႔ အစ္ကို.. ေမရွင္ကိုေကာသိလား”


သူ႔ကို ေမးလိုက္သည့္စကားေၾကာင့္ သူမ အံ့ၾသသြားမိသည္။ သူ႔တို႔ဝိုင္းကို ဖ်တ္ကနဲေခါင္းေမာ့ၿပီး လွမ္းၾကည့္လိုက္မိသည္။


“ဟာ.. ေကာင္းေကာင္းသိတာေပါ့ဗ်ာ”

သြက္လက္ေနသည့္စကားသံက အနည္းငယ္ေတာ့ ဝဲေနသည္။


သူ၏ ေျဖသံကိုၾကားေတာ့ သူမ ေသာက္လက္စ ေရေႏြးေတာင္သီးခမန္းျဖစ္သြားသည္။ သူမေဘးက သူ႔သူငယ္ခ်င္းကလဲ သူမကို မ်က္ခုံးျမႇင့္ျပသည္။


သူ႔ကိုေတာ့ ထပ္ေမာ့မၾကည့္ေအာင္ သူမႀကိဳးစားေနလိုက္သည္။


“အစ္ကို.. အစ္ကို႔ကားအဆင္မေျပရင္ အခုဒီကားနဲ႔ပဲ ေညာင္ဦးကိုလိုက္သြားလိုက္ေလ”


“ဟုတ္တယ္… ကြၽန္ေတာ္တို႔ စီစဥ္ေပးမယ္”


“အင္းေပါ့ဗ်ာ.. အေျခအေနအရ မီးစင္ၾကည့္ကရမွာပဲ”

သူက ေအးေဆးတည္ၿငိမ္စြာေျပာလိုက္သည္။


သူမ သူငယ္ခ်င္းက မအံ့ၾသေတာ့ပါဘူးဆိုသည့္ပုံစံႏွင့္ ပခုံးတြန႔္ျပသည္။


ဒီလိုနဲ႔ သူမတို႔စီးလာေသာ အေဝးေျပးကားႏွင့္ သူတို႔အုပ္စုပါလာၾကသည္။ လမ္းရွိ သဲေခ်ာင္းေလးမ်ား၊ ေျခာက္ေသြ႕ လြင္ျပင္မ်ားကို ေငးရင္း သူမ အိပ္ေပ်ာ္သြားခဲ့သည္ထင္သည္။ နားထဲမွာ ဆူဆူညံညံအသံေတြေၾကာင့္ သူမလန႔္ႏိုးလာခဲ့သည္။

ေညာင္ဦးမေရာက္ခင္ အမည္မသိ ၿမိဳ႕ေလးတစ္ၿမိဳ႕မွာ ကားကရပ္ထားျခင္းျဖစ္၏။

ကားေနာက္ပိုင္းမွ အသံမ်ားက ပိုက်ယ္ေလာင္လာသည္။


“ခင္ဗ်ားတို႔ ကြၽန္ေတာ့ကို ႏိုင္ငံျခားသားမွန္းသိရက္နဲ႔ တင္ေခၚလာတုန္းက ေခၚလာၿပီးေတာ့၊ အခုလို လမ္းတဝက္မွ ဆင္းခိုင္းတာေတာ့ ဘယ္ေကာင္းမလဲဗ်”


“ဟုတ္ပါတယ္အစ္ကိုရယ္.. ခုနတုန္းကေတာ့ အစ္ကိုပဲသေဘာတူခဲ့တာပဲေလ”

သူ႔ေဘးမွ လူတစ္ေယာက္က သူ႔ဘက္မွ အသနားခံေနသည္။


“မျဖစ္ဘူးဗ်”

ကားေမာင္းသူက အသံႏွိမ့္ၿပီးေျပာလိုက္သည္။


“မျဖစ္လို႔မရဘူး။ ကြၽန္ေတာ့ကို လမ္းမွာ ဒီလိုခ်ခဲ့လို႔ေတာ့၊ သက္ဆိုင္ရာကို တိုင္မယ္”

သူ အသံဝဲ၀ဲႏွင့္ ျမန္မာစကားကို ေရလည္စြာ ေျပာေနသည္။


“ၾကည့္စီစဥ္ေပးလိုက္ပါအစ္ကိုရာ”


“အင္းေလ.. ၾကည့္လုပ္ရမွာပဲ”

ကားေမာင္းသူ၏ အသံက ပိုလို႔တိုးသြားသည္။


ေနာက္ဆုံးေတာ့ သူတို႔အားလုံး အဆင္ေျပသြားၾကသည္ထင္သည္။ ခရီးဆက္၍ ထြက္ခြာလာၾကသည္၀ယ္ ေညာင္ဦးၿမိဳ႕ေလးကို ဆိုက္ေရာက္လာခဲ့သည္။


--------------------


ဧရာဝတီျမစ္ျပင္ကို ျဖတ္တိုက္လာေသာ နံနက္ခင္းေလေျပက လတ္ဆတ္ေနသည္။ ျမက္ခင္းစိမ္းေပၚက စားပြဲေလးမွာထိုင္ရင္း ငွက္ကေလးေတြ ခပ္တိုးတိုးသီခ်င္းဆိုေနသံကို သူမ နားစြင့္ရင္း ေမႊးပ်ံ႕သည့္ လက္ဘက္ရည္ပူပူကို ပန္းကန္းထဲသို႔ငွဲ႔လိုက္သည္။ သူမ သူငယ္ခ်င္းက လွပသြယ္လ်ေသာ လက္ေခ်ာင္းေလးမ်ားကို နံနက္ခင္းတြင္ လိမ္းရသည့္ လိုးရွင္းလိမ္းရင္း နံနက္စာကို တို႔ကနန္းဆိတ္ကနန္းစားေနသည္။ ထမင္းဟင္း ေကာင္းေကာင္း မစားျခင္း၊ ခရီးပန္းျခင္းမ်ားေၾကာင့္

သူမ သူငယ္ခ်င္း၏ မ်က္ႏွာ ေခ်ာင္က်သြားသည္ကို သတိထားလိုက္မိသည္။ သူမကေတာ့ ေသေသခ်ာခ်ာ ညကတည္းက ႀကိဳတင္မွာထားသည့္ ပဲျပဳတ္ထမင္းေၾကာ္ကို ၿမိန္ရည္ရွက္ရည္ စားေနခဲ့မိသည္။


သူငယ္ခ်င္းကို သူမ အားမနာႏိုင္ေတာ့။ ဒီပဲျပဳတ္စင္စစ္ကို မစားရသည္မွာ ႏွစ္ခ်ီေနခဲ့ၿပီမဟုတ္ပါလား။ သူမတို႔ေဘးက စားပြဲမွာ လူတစ္ေယာက္ ဝင္ထိုင္လိုက္သည္မို႔ေစာင္းငဲ့ၾကည့္လိုက္သည္။ ျဖဴေဖြးေနသည့္ ရွပ္အျဖဴေရာင္၊ အျပာႏုကြက္စိပ္ပုဆိုးႏွင့္ သူက သူမတို႔ကို ၿပဳံးျပလိုက္သည္။


“မဂၤလာပါ”

ဒီတစ္ခါေတာ့ သူမ ေခ်ာင္းမသီးေတာ့။


“မဂၤလာပါရွင့္”

အျပာေနာက္ခံမွာ အစိမ္းေရာင္လဲ့ေနေသာ မ်က္လုံးမ်ားကို ၾကည့္ရင္း သူမႏႈတ္ဆက္လိုက္သည္။


“မင္းဂလာပါရွမ္”

သူမ သူငယ္ခ်င္းကလဲ အသံဝဲ၀ဲေလးနဲ႔ ျပန္ႏႈတ္ဆက္လိုက္သည္။


လြတ္ေနသည့္ ခုံေပၚသို႔ ေက်ာပိုးအိတ္ကို သူတင္လိုက္သည္။ ေက်ာပိုးအိတ္ေပၚမွာ ရင္းႏွီးေနသည့္ တံဆိပ္ေလးတစ္ခု။

အျဖဴေပၚမွာ အနီရဲရဲ သစ္႐ြက္တံဆိပ္။


သူကလဲ ခုံေပၚမွ သူမတို႔၏ေက်ာပိုးအိတ္မ်ားေပၚမွ အျဖဴခံမွာ အနီရဲရဲသစ္႐ြက္တံဆိပ္ကို လွမ္းၾကည့္လိုက္သည္။ ၿပီးေတာ့ ၿပဳံးလိုက္သည္။


“ဒါေၾကာင့္ နယ္ခံေတြနဲ႔မတူဘူးလို႔ ေတြးေနေသးတယ္”


“အစ္ကိုလဲ နယ္ခံနဲ႔ မတူပါဘူး”

မရင္းႏွီးေသးေသာ တစိမ္းမ်ား ရင္းႏွီးစြာ ရယ္ေမာလိုက္ၾကသည္။


“ဒါနဲ႔ ဘယ္ျပည္နယ္ကလဲ”


“ဘီစီကပါ”


“ေၾသာ္.. ကြၽန္ေတာ္က အြန္ေတရီယိုက၊ တိုရန္တို ယူနီကေလ၊ ပုဂံကို ေလ့လာေနသူတစ္ေယာက္ပါ”


“ေကာင္းလိုက္တာ၊ ေနရာခ်င္းလဲမလား” သူမအေျပာေၾကာင့္ သူရယ္ေမာလိုက္သည္။


“ျမန္မာလို ေတာ္ေတာ္ကြၽမ္းက်င္ေနတာပဲ။ ေရာက္တာဘယ္ေလာက္ၾကာၿပီလဲ၊ ဘယ္လိုသင္တာလဲဟင္”

သူမ သူငယ္ခ်င္းက သူ႔ကို အဂၤလိပ္လို လွမ္းေမးလိုက္သည္။


“ေရာက္တာသုံးႏွစ္ရွိၿပီေလ၊ လက္ဘက္ရည္ဆိုင္ မ်ားမ်ားထိုင္တယ္။ အဲဒီလိုနဲ႔ဗမာစကားတတ္တာ” သူက ဗမာလိုျပန္ေျဖလိုက္သည္။


“ကေနဒါမွာ ဘာလုပ္ေနတာလဲ၊ ေက်ာင္းလား၊ အလုပ္လား”


“ကြၽန္မတို႔က အဲဒီမွာ ေနတာပါ” သူမအသံက တိုးတိမ္၊ ေျခာက္ကပ္စြာထြက္လာသည္။


“ေၾသာ္..….. ”

ပုဂံသမိုင္းကို ေလ့လာေနေသာ၊ ျမန္မာစကားကို ေရလည္ေအာင္ေျပာေနေသာ၊ ပုဆိုးဝတ္လူျဖဴတစ္ေယာက္ေရွ႕မွာ၊ သူမ အေနရခက္စြာေခါင္းငုံ႔ေနခဲ့မိသည္။


ထိုေန႔က နံနက္စာဝိုင္းမွာ သူနဲ႔ သူမ သူငယ္ခ်င္းတို႔ စကားေတြ ေဖာင္ဖြဲ႕ေနခဲ့သည္။ သူမသူငယ္ခ်င္းက သိုးေဆာင္းစကား မ်ားမ်ားသုံးၿပီးေျပာသည္။ သူကေတာ့ ဗမာလိုပဲ ေျပာသည္။ သူမကေတာ့ နားေထာင္သူ သက္သက္။


ဒီလိုႏွင့္ ကမာၻရဲ႕ ဟိုဘက္ျခမ္းမွာတုန္းက မဆုံျဖစ္ခဲ့ၾကပဲႏွင့္ ပုဂံၿမိဳ႕ေလးရဲ႕ တည္းခိုခန္းတစ္ခုမွာ အတူတည္းခိုျဖစ္ၾကသည့္ သူတို႔သုံးဦး ခင္မင္ရင္းႏွီးသြားၾကသည္။ သူအလုပ္အားသည့္ ေန႔မ်ားတြင္ ခရီးတိုေလးေတြ အတူတကြ ထြက္ျဖစ္ခဲ့ၾကသည္။ လြတ္လပ္မႈကို ခုံမင္ႏွစ္သက္တဲ့ သူမသူငယ္ခ်င္းက ေက်ာပိုးအိတ္တစ္လုံး၊ စက္ဘီးတစ္စီးႏွင့္ နံနက္ေစာေစာကတည္းက ေပ်ာက္သြားတတ္သည့္ေန႔မ်ား၊ စားေနက်အစားမ်ားမဟုတ္သည့္အတြက္ ဗိုက္ရစ္ၿပီးနာတယ္ဆိုကာ အခန္းထဲမွာ စာအုပ္တစ္အုပ္ႏွင့္ က်န္ရစ္ခဲ့တတ္သည့္ ေန႔မ်ားတြင္ေတာ့ သူႏွင့္ သူမ ႏွစ္ဦးတည္း စက္ဘီးကိုယ္စီႏွင့္ ေစတီပုထိုးေတြဆီ၊ ႐ြာေလးေတြဆီ၊ ေျခဦးတည့္ရာ ထြက္ျဖစ္ခဲ့ၾကသည္။


ဓမၼယံႀကီးဘက္သို႔ သူႏွင့္ သူမ ထြက္လာျဖစ္ခဲ့ၾကသည့္ေန႔။

ပူစပ္စပ္ေနေရာင္ေအာက္မွာ ထေနာင္းနံ႔က သင္းပ်ံ႕ေနသည္။ ခပ္ေဝးေဝးက ခပ္ျဖည္းျဖည္း ေ႐ြ႕ေနတဲ့ ခင္တန္း၊ တာ႐ိုးေလးေတြကို ေငးရင္း ျမင္းလွည္းေလးေပၚမွာ ဂနာမၿငိမ္ျဖစ္ေနတဲ့ သူမကို သူၿပဳံးၾကည့္ေနခဲ့သည္။


“အဆင္မေျပဘူးလား”


“လမ္းဆင္းေလွ်ာက္ရင္ ေကာင္းမယ္ထင္တယ္”


“ဘာျဖစ္လို႔လဲ”


“ျမင္းေလးကိုၾကည့္ေလ။ သိပ္ပိန္တယ္။ မနဲဆြဲေနရတယ္ မစီးရက္ဘူး”


ျမင္းလွည္းသမား မၾကားေအာင္ သူမ အသံကို နိမ့္ၿပီး ခပ္တိုးတိုးေျပာလိုက္သည္။


“ဒီလိုမ်ိဳးသာဆို ျမင္းလွည္းသမား ပိုက္ဆံမရရင္၊ သူ႔မိသားစုတင္မက ဒီျမင္းေလးပါ ငတ္ႏိုင္တာေပါ့”


ထိုအခ်ိန္မွာ ျမင္းေလးက အေလးသြားလိုက္သည္။ ခံထားသည့္ အကာက မလုံလွ၍ မညီညာသည့္ လမ္းမ်ားေပၚမွာ ျမင္းေခ်းမ်ား ႀကဲျပန႔္သြားသည္။ ဒါကို သူမ ခပ္ေငးေငးၾကည့္ေနမိသည္။


ဒီလိုႏွင့္ အတိတ္ထဲမွာ အိပ္ေမာက်ေနခဲ့သည့္ ပ်ကၡေ႐ြေတာင္တန္း၊ အရိမဒၵနပူရ၊ သဒၵနီတိ၊ ဂမၻီရပညာ၊ ဂႏၵာရီအတတ္၊ စသည္တို႔ကို အတိတ္ထဲက ဆြဲေခၚလာေနသည့္ သူႏွင့္ ၿမိဳ႕ျပ၏ ဖိစီးမႈမ်ားထဲမွ အေဝးကိုေျပးလာခဲ့သည့္ သူမတို႔၊ ပုဂံၿမိဳ႕၏ လမ္းမ်ားေပၚမွာ၊ ဖုတ္တေထာင္းေထာင္းထတဲ့ ေလပူေတြၾကားမွာ၊ သံေတာ္ၾကားေစတီေလးနားက ပန္း႐ုံေလးနားမွာ၊

ေလေတြတိုက္ေနတဲ့ ဗူးဘုရား ရင္ျပင္ေပၚမွာ၊ အာ႐ုံဦးရဲ႕ ၾကည္ျပာေရာင္ ျမဴေတြၾကားမွာ၊ ေ႐ႊေရာင္လက္တဲ့ ဧရာဝတီရဲ႕ လႈိင္းၾကက္ခြပ္ေတြၾကားမွာ အေတြးေတြ၊ ခံယူခ်က္ေတြ ဖလွယ္ျဖစ္ခဲ့ၾကသည္။


--------------------


ထိုညကေတာ့ လေရာင္က ဖိတ္ဖိတ္ေတာက္ သာေနေသာည။ ျမစ္ျပင္ထဲမွာ ေလွကေလးေတြ ခပ္ျဖည္းျဖည္းေလွာ္ခတ္ေနေသာည၊ ေတာင္တန္းမ်ား မႈန္ျပေနကာ၊ သစ္႐ြက္မ်ား အေရာက္ေတာက္ေနေသာ၊ သင္းပ်ံ႕သည့္ ညေလေတြ လြန႔္လူးေနေသာ၊ ကဗ်ာဆရာမ်ား၏ရင္ထဲမွ ကဗ်ာမ်ား ထြက္က်လာႏိုင္သည့္ည။


လွပလြန္းသည့္ညမို႔ အိပ္မပစ္ရက္ႏိုင္သျဖင့္ တည္းခိုခန္း ပန္းၿခံထဲက ခုံတန္းေလးမွေနၿပီး ျမစ္ျပင္ဘက္သို႔ ငုတ္တုပ္ထိုင္ေငးေနခဲ့မိသည္။ ညင္သာသည့္ ေျခသံတစ္စုံက ခုံတန္းေဘးမွာ ရပ္တံ့သြားခဲ့သည္။

ထိုင္ခြင့္ျပဳလိုက္တဲ့ သူမေဘးမွာ သူ ဝင္ထိုင္ရင္း ထုံးစံအတိုင္း အေတြးေတြ ဖလွယ္ျဖစ္ခဲ့ေသး၏။


“တကယ္ေတာ့ ဒီေဒသမွာ လုပ္စရာေတြ အမ်ားႀကီးရွိေနတယ္”


“ဘယ္လိုပဲ ျဖစ္ျဖစ္ ကိုယ္လုပ္ခ်င္တယ္ဆို ျဖစ္ပါတယ္”


“ကြၽန္ေတာ္လား၊ ဒီေနရာမွာ တစ္ႏွစ္ၾကာရင္လဲၾကာမယ္။ ႏွစ္ေပါင္းမ်ားစြာ ၾကာသြားရင္လဲ ၾကာသြားမယ္”


“ဂရန႔္ရေနသမွ် ဘန္ေကာက္သြားၿပီး ဗီဇာတင္တင္ၿပီး ဒီပုဂံမွာ ဆက္ေနရင္ ေနျဖစ္မယ္”


“ဒီေလာက္လွတဲ့ လုပ္စရာေတြအမ်ားႀကီးရွိတဲ့ တိုင္းျပည္မွာ ဘာလို႔မေနတာလဲဟင္”


“ကြၽန္ေတာ္နဲ႔……. ကြၽန္ေတာ္နဲ႔… ဒီပုဂံမွာ အလုပ္အတူတူလုပ္ပါလား။ တစ္ခုခုေပ့ါ”

………..

………..

“ခင္ဗ်ားကိုစိတ္၀င္စားတဲ့ ခင္ဗ်ားကလည္း ျပန္ၿပီးစိတ္ဝင္စားႏိုင္တဲ့ ျမန္မာျပည္ကေယာက္်ားအခ်ိဳ႕ထက္ ကြၽန္ေတာ္က ျမန္မာျပည္အေၾကာင္း၊ ပုဂံအေၾကာင္း၊ ျမန္မာ့အႏုပညာေတြ ဂီတေတြအေၾကာင္း၊ သမိုင္း၊ ပထဝီအေၾကာင္း.. ဒီမွာေမြးၿပီးႀကီးတဲ့သူေတြထက္ ပိုသိၿပီး ဒီကယဥ္ေက်းမႈကို သူတို႔ထက္ပိုျမတ္ႏိုတယ္ဆိုရင္ေကာ.. ခင္ဗ်ား ဒီၿမိဳ႕မွာ ေနမလား”


“ခင္ဗ်ားေျပာတယ္မို႔လား၊ ဗမာကိုယူမွ ခေရအေၾကာင္း၊ ငုဝါအေၾကာင္း၊ ခ်ိဳင့္ခြက္ေတြေပါတဲ့ အနီေရာင္လမ္းေလးေတြအေၾကာင္း ေျပာလို႔ရမွာဆိုတာ၊ တစ္ကယ္ေတာ့ ခင္ဗ်ားေျပာခ်င္တဲ့ ျမန္မာ့စာေပ၊ ဂီတ၊ ေနာက္ၿပီး ျမန္မာျပည္ရဲ႕ ရာသီပန္းမ်ိဳးစုံအေၾကာင္းလဲ ဒီကသာမန္လူေတြထက္ေတာင္ ပိုသိပါတယ္။ အနီေရာင္လမ္းေတြေပၚမွာလဲ ပုဆိုးဝတ္ၿပီး ကြၽန္ေတာ္ေလွ်ာက္တတ္ပါတယ္”


“ေမာ္ဒန္လြန္ ကဗ်ာေတြအေၾကာင္းေျပာခ်င္တယ္ဆိုရင္ေတာ့ ကြၽန္ေတာ္ေလ့လာရဦးမွာေပါ့ေလ”

အဲဒီညက ေလတိုက္လို႔ လြင့္သြားသည့္ သူမနဖူးစပ္က ဆံႏြယ္ေလးကို သူက လက္နဲ႔ သပ္တင္ေပးရင္း

သူမကို ေငးၾကည့္ေနခဲ့သည့္ သူ႔မ်က္ဝန္းေတြထဲမွာေတာ့ ေမွ်ာ္လင့္ျခင္းအေရာင္ေတြ။


သူမလည္း သူ႔မ်က္ဝန္းေတြထဲကို စိုက္ၾကည့္ေနခဲ့မိသည္။ လေရာင္ေအာက္က သူ႔ရဲ႕ အစိမ္းေရာင္သန္းသည့္ ၾကည္ျပာေရာင္မ်က္လုံးမ်ားကို သူမ ေငးၾကည့္ေနခဲ့လိုက္သည္။


“ရွင္..သိပ္လွပါတယ္။ ဆံပင္ေတြ၊ မ်က္လုံးေတြ၊ ႏွာတံေတြ၊ နဖူးျပင္ေတြ။ ေယာက္်ား ပီသပါတယ္။ ဉာဏ္ပညာႀကီးပါတယ္၊ လူေတြကို ကူညီခ်င္တဲ့ လူသားအက်ိဳးျပဳစိတ္ဓတ္နဲ႔လဲ ျပည့္ဝပါတယ္။ လူေတြခ်ထားတဲ့ ဘာသာေရး၊ လူမ်ိဳးေရး၊ စတဲ့ စည္းေတြနဲ႔ ကိုယ့္ကိုကိုယ္ ေဘာင္မခတ္ထားပဲ က်ယ္ျပန႔္တဲ့ စိတ္ထား၊ သိမ္ေမြ႕လွပတဲ့ စိတ္ထားနဲ႔လဲ ျပည့္စုံပါတယ္။ ကြၽန္မကို တစ္သက္လုံးေပ်ာ္ေအာင္ထားႏိုင္မယ္ဆိုတာလဲ ယုံပါတယ္။ ဒါေပမယ့္ ကြၽန္မ ရွင့္ကို ဘယ္လိုမွ ခံစားလို႔ မရဘူး။ ရင္ထဲမွာ ဘာမွ ခံစားလို႔မရလို႔ပါေနာ္၊ ကြၽန္မကိုခြင့္လႊတ္ပါ”


ထိုေန႔က ခုႏွစ္စင္ၾကယ္ အၿမီးေထာင္ခ်ိန္ေရာက္ခါနီးအထိ သူတို႔ စကားေတြေျပာျဖစ္ခဲ့ၾကသည္။ ေနာက္ရက္တြင္ေတာ့ သူတို႔ ရန္ကုန္ကို ျပန္လည္ထြက္ခြာခဲ့ၾကသည္။ သူမႏွင့္ သူမသူငယ္ခ်င္းကေတာ့ ရန္ကုန္မွာ ဆက္ေနျဖစ္ဦးမည္။ သူကေတာ့ ဘန္ေကာက္ကို ဆက္လက္ထြက္ခြာမည္။ ဗီဇာတင္မည္။ ၿပီးမွ ရန္ကုန္ကို ျပန္ဝင္မည္ဟုဆိုသည္။


ေနခ်စ္ခ်စ္ေတာက္ပူေနေသာ အင္းစိန္ဘက္ အေဝးေျပး ကားဂိတ္နားက စားေသာက္ဆိုင္တစ္ခုထဲမွာ သူတို႔ ခရီးတစ္ေထာက္နားျဖစ္သည္။ သူက လိုင္းကာႏွင့္ ရန္ကုန္ၿမိဳ႕ထဲကို ဆက္ထြက္မည္ေျပာတုန္းက သူမ အနည္းငယ္စိတ္ပူသြားမိခဲ့သည္။ သူက စီးေနက်ပါဟု ခပ္ၿပဳံးၿပဳံးေျပာသည္။ သူသြားေတာ့မည္ဆိုေတာ့ ကားဂိတ္နားအထိ သူမ လိုက္ပို႔ေပးမိသည္။ သူမသူငယ္ခ်င္းက အလိုက္တသိ ထမင္းဆိုင္ထဲမွာ ေနရစ္ခဲ့သည္။ ကားဂိတ္ေရာက္ေတာ့ ပူျပင္းသည့္ ေနေရာင္ေအာက္မွာ ေလပူေတြက ထပ္ဆင့္တိုက္ခတ္ေနေသးသည္။


“လူဆိုတာ ခံစားခ်က္နဲ႔ အသက္ရွင္တယ္ဆိုတာ ကြၽန္ေတာ္သေဘာေပါက္ပါတယ္။ ခင္ဗ်ားရဲ႕ ဆုံးျဖတ္ခ်က္ကို ကြၽန္ေတာ္ေလးစားရမွာေပါ့ဗ်ာ၊ ခက္တာက ကြၽန္ေတာ္ကလဲ ပုဂံမွာ ေပ်ာ္တဲ့သူဗ်”


“ေကာသလမင္းအိပ္မက္ထဲကလိုေပါ့ရွင္။ ျပည့္ေနတဲ့ ေရအိုးေတြကို ထပ္ျဖည့္ေနသူက ကြၽန္မပဲထားပါေတာ့။ ရွင္ကေတာ့ မျပည့္ေသးတဲ့ ေရအိုးေတြကို ဆက္လက္ျဖည့္ဆည္းေပးေနတာေလ။ ကြၽန္မဒီမွာေနရင္လဲ ကြၽန္မဟာ ေရအိုးေတြထဲက ေနာက္ထပ္ေရအိုးတစ္လုံးပဲျဖစ္မွာမို႔ ေရျဖည့္ခြင့္ ရမယ္လို႔ မထင္ဘူး။ ရွင္ျဖည့္ေပးေနတဲ့ ေရအိုးေတြကိုယ္စား ကြၽန္မ ရွင့္ကို ေက်းဇူးတင္တယ္လို႔ ႐ိုးသားစြာ ေျပာခြင့္ျပဳပါ”

သူ.. သူမကို စိုက္ၾကည့္ေနခဲ့သည္။


ခပ္လွမ္းလွမ္းမွာ လိုင္းကားတစ္စီးက ခပ္ျဖည္းျဖည္း ေမာင္းႏွင္လာသည္။ ပုဆိုးကို သူျပင္ဝတ္လိုက္သည္။


“ကြၽန္ေတာ္ ပုဂံမွာ ရွိေနမယ္”


စိမ္းျပာေရာင္မ်က္လုံးမ်ားႏွင့္ ရင္မဆိုင္ရဲ၍ သူမေခါင္းငုံ႔ခ်လိုက္မိသည္။ လိုင္းကားက သူတို႔ေရွ႕တည့္တည့္သို႔ ဆိုက္လာသည္။ ကားေပၚကို သြက္လက္ကြၽမ္းက်င္စြာ သူ ခုန္တက္လိုက္သည္။

တြဲေလာင္းခိုစီးရင္း သူမ ျမင္ကြင္းထဲမွ သူ.. လိုင္းကားႏွင့္အတူ တေ႐ြ႕ေ႐ြ႕၀ေဝါးမႈန္ရီ ကြယ္ေပ်ာက္သြားပါေတာ့သည္။


(တစ္ေထာင့္ကိုးရာကိုးဆယ္ေႏွာင္းပိုင္းက ပုဂံရက္မ်ားသို႔)


"Bagan-Myanmar" painting by Ryan Fox

Comments


အီးမေးနှင့်လည်း ရယူဖတ်ရှုနိုင်ပါတယ်..

ကျေးဇူးတင်ပါတယ်ရှင်..

© 2023 by အိမ့်ချမ်းမြေ့

bottom of page