top of page

သိုက်တူးသူ

  • Writer: အိမ့်ချမ်းမြေ့
    အိမ့်ချမ်းမြေ့
  • Sep 10, 2020
  • 8 min read

Updated: Sep 25, 2020

ထိုမိန်းမက မျက်နှာလှလှ၊ အရပ်ရှည်ရှည်၊ ကိုယ်လုံးကိုယ်ပေါက် တောင့်တောင့်တင်းတင်းနဲ့ အလွန်ဆွဲဆောင်မှု ရှိသူ။ လူသူကင်းမဲ့တဲ့ လမ်းမကြီးပေါ်မှာ အရှိန်ပြင်းပြင်းသွားနေတဲ့ ဆိုက်ကယ်နောက်ခုံမှာ ထိုင်ပြီး၊ သူ့ရည်းစားကောင်လေးရဲ့ ခါးကိုဖက်လို့ လိုက်လာတယ်။ လမ်းဆုံက ခြောက်ကပ်ကပ် ဆိုင်လေးရှေ့မှာ ဆိုင်ကယ်က ထိုးရပ်လိုက်တော့ ဖုန်လိပ်တွေက တထောင်းထောင်း တက်သွားတယ်။ သူမက ဆိုင်ကယ်ခုံပေါ်ကနေ ဟန်ပါပါနဲ့ ခြေကိုလွှဲဆင်းလိုက်ပြီး သူမရဲ့ရည်းစားနဲ့ ကျယ်ကျယ်လောင်လောင် ငြင်းခုံလိုက်တယ်။ ကောင်လေးရဲ့ ပခုံးကို သူမလက်နဲ့ အရှိန်ပြင်းပြင်းလွှဲရိုက်လိုက်ပြီး မျက်နှာထားတင်းတင်းနဲ့ ဆိုင်ထဲကို ဝင်သွားတယ်။ ဆိုင်အပြင်ဘက် နံရံကို မှီရပ်နေတဲ့ ကောင်လေးနှစ်ယောက်က သူမဖြတ်လျှောက်သွားတာကို မျက်လုံးတွေ ကျွတ်ကျမတတ် ကြည့်နေကြတယ်။


သူမက ဆိုင်အပြင်ကို ဘီယာနှစ်ပုလင်းကိုင်ပြီး ထွက်လာတယ်။ အဲဒီအချိန်မှာပဲ သူမရဲ့ ရည်းစားက သူမကို လှည့်တောင် မကြည့်တော့ဘဲ ဆိုင်ကယ်ကို မိုင်ကုန်မောင်းပြီး သူမ ကိုထားလို့ ထွက်ပြေးသွားခဲ့တာကို တွေ့လိုက်ရတယ်။


သူမကတော့ ထီမထင်နဲ့ မျက်နှာနဲ့ လူသူပြတ်လပ်တဲ့ လမ်းမကြီးအတိုင်း ခြေဦးတည့်ရာ လျှောက်လာခဲ့တယ်။ တစ်နေရာရောက်တော့ မြက်ခင်းစိမ်းတွေ၊ လှပတဲ့ သစ်ပင်တွေ၊ တောင်ကမူတွေ၊ ကမူတွေပေါ်မှာ အေးအေးချမ်းချမ်းမြက်စားနေတဲ့ အလွန်လှပတဲ့ မြင်းကြီး၊ ကမူတွေတောင်ကုန်းတွေနောက်က ကုန်းမြင့်ထိပ်မှာ ရဲတိုက်ကြီးတမျှ လှပတဲ့ အိမ်ကြီးတစ်အိမ်ကို သူမ လှမ်းတွေ့လိုက်တယ်။ သူမ ခြေလှမ်းတွေ တုန့်သွားပြီး အဲဒီအိမ်ကြီးကို လမ်းမကြီးပေါ်ကနေ အကြာကြီး ရပ်ကြည့်နေခဲ့တယ်။


“ဒီလို အိမ်ကြီးမျိုးနဲ့သာ ငါ… နေရရင်…”

သူမ နှုတ်က ခပ်တိုးတိုး ရေရွတ်လိုက်တယ်။


နှစ်တွေကြာတော့ သူမ သူနာပြုသင်တန်းအောင်လက်မှတ်တစ်စောင် ရလာခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူမ အလုပ်ရှာနေစဉ်ကာလမှာ အဲဒီအိမ်ကြီးကနေ သူနာပြုတစ်ဦး အလိုရှိတဲ့ ကြေငြာကို သူမ တွေ့လိုက်တယ်။ အိမ်ကြီးဆီကို ကားအိုကလေးကို မောင်းလို့ ထွက်လာခဲ့တယ်။ အိမ်ကြီးရှေ့ကို ရောက်တော့ အသက်ခြောက်ဆယ်နီးပါး အဘိုးကြီးတစ်ဦးက သူမကို ခရီးဦးကြိုတယ်။


အိမ်ကြီးဟာ ကြီးမားခန့်ထည်ပြီး နံရံတွေပေါ်မှာလည်း ဆွေမျိုးအဆက်ဆက်ရဲ့ ဓာတ်ပုံတွေကို ၀ေ၀ေဆာဆာ ချိတ်ဆွဲထားသေးတယ်။


“ငါ့မိန်းမ အိမ်အပေါ်ထပ်မှာပါ”


လူနာရှိရာ အပေါ်ထပ်ကို သူမ တက်လာတော့ လှေကားထိပ်မှာ အဘိုးကြီးရဲ့ သမီးနှစ်ယောက်ထဲက သမီးအငယ်မ နဲ့ တွေ့တယ်။ အသက်က ၂၀ ဝန်းကျင်။ အငယ်မရဲ့ မျက်လုံးတွေက စူးစူးရှရှနဲ့ သူမကို လေ့လာနေခဲ့တယ်။


လူနာအမျိုးသမီး အဘွားကြီးရဲ့ အခန်းဟာ ခမ်းနားထယ်ဝါလို့၊ ပြူတင်းအပြင်ဘက်မှာလည်း ခြံကြယ်ကြီး၊ မြက်ခင်းစိမ်း၊ ရောင်စုံသစ်ပင်တွေ၊ နောက်ပြီး သန်မာထွားကျိုင်းလှတဲ့ မြင်းတွေနဲ့ ရှုခင်းဟာ အံ့မခန်း လှပလွန်းတယ်။ လူနာအမျိုးသမီးကို သွေးတိုင်းနေရင်း လူနာအမျိုးသမီးနဲ့ သူမ စကားစမြည်ပြောဖြစ်တယ်။


လူနာအမျိုးသမီးအိမ်ကြီးရှင်မဟာ နောက်ဆုံးအချိန်ရောက်နေပြီမို့ သူ့ ယောက်ျားတစ်ဦးတည်း ကျန်ခဲ့မှာကို စိတ်ပူကြောင်း၊ သမီးမိန်းကလေးနှစ်ဦးမှာ တစ်ဦးက အိမ်ထောင်ကျသွားလို့ စိတ်ချရပေမယ့် အငယ်မကိုတော့ စိတ်မချနိုင်ကြောင်း၊ သမီးအငယ်မဟာ တက္ကသိုလ်ပညာရေးကို အလေးမထား၊ ပညာတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်ထားကြောင်း၊ ရံဖန်ရံခါလည်း အရက်သေစာတောင် သောက်စားမူးယစ်တတ်သေးကြောင်း၊ စသည်တို့ကို ပြောပြရင်း၊ သူနာပြု မိန်းကလေးရဲ့ အလှကိုလည်း ချီးကျူးလိုက်သေးတယ်။


အဘွားကြီး သေဆုံးခါနီးကာလတွေမှာ သူမဟာ အဘိုးကြီးကို စိတ်ချမ်းသာအောင် အားပေးစကားအမျိုးမျိုးပြောတယ်။ ဒါပေမယ့် သူနာပြုနဲ့ မတူအောင် အလှအပတွေ ချယ်မှုန်းရုံမက လည်ဟိုက်အင်္ကျီအမျိုးမျိုးကို ဝတ်ဆင်ပြီး အဘိုးကြီးကို တစ်ချိန်လုံး ပွတ်သပ်အားပေးနေတာကို သမီးအငယ်မက မျက်စိစပါးမွှေး စူးနေတယ်။ တစ်ခါကတော့ မီးဖိုချောင်ထဲမှာ အဘိုးကြီးက သူမရင်ခွင်ထဲ မျက်နှာအပ်ငိုနေတာကို သမီးငယ်က ဒေါသမီးခိုးတွေဝေနေတဲ့ မျက်လုံးကြီးနဲ့ စိုက်ကြည့်နေခဲ့တယ်။ သမီးအကြီးမကတော့ ညီမဖြစ်သူကို စိတ်ကောင်းမွေးဖို့ မှာနေတယ်။


ဒီလိုနဲ့ အဘွားကြီး သေဆုံးသွားတယ်။ အဘွားကြီးရဲ့ ဈာပန မှာလည်း အဘိုးကြီးရယ်၊ သမီးနှစ်ဦးရယ်က အိန္ဒြေသိက္ခာနဲ့ အဆင့်မြင့်စွာ ဝတ်စားဆင်ယင်ထားပေမယ့် သူမကတော့ ဇာဖောက်အင်္ကျီလည်ဟိုက်အနက်နဲ့ အဘိုးကြီးနားက မခွာဖြစ်နေခဲ့တယ်။


အဘွားကြီးဆုံးပြီး လအနည်းငယ်မှာ အဘိုးကြီးကိုဖိတ်တဲ့ ညစာစားပွဲတစ်ခုကို သူမကပါ လိုက်ပါလာခဲ့တယ်။ ညစာစားပွဲကအပြန် သူမရဲ့ နုံချာနေတဲ့ ကားအိမ် ကလေးဆီကို အဘိုးကြီးကိုခေါ်သွားပြီး မြူဆွယ်ခဲ့တယ်။ နောက်တော့လည်း အဘိုးကြီးက သူမကို ကောင်းမွန်စွာ လက်ထပ်ထိမ်းမြားယူခဲ့တယ်။ သမီးအငယ်တွက် သေသေချာချာ ချန်ထားခဲ့တဲ့ အဘွားကြီးရဲ့ နီလာလက်စွပ်ကြီးကို ထိုမိန်းမရဲ့ လက်မှာ ပြူးနေအောင် တွေ့နေရတယ်။


သူမ ဘဝမှာ မမြင်ဖူးတာတွေမြင်ရ၊ မစားဖူးတာတွေစားရ၊ အခြွေအရံတွေများစွာနဲ့ အဘိုးကြီးရဲ့ အရိပ်အောက်မှာ လုံခြုံစွာနေနေခဲ့တယ်။ ဆံပင်တွေ တလွှားလွှားလေမှာလွင့်လို့ မြင်းကြီးတွေ စီးနေချိန်မှာ သမီးအငယ်မကတော့ အဘိုးကြီးပေးတဲ့ အမွေအနည်းငယ်နဲ့ အနီးအနားမှာ ဆိုင်လေး မ တည်ပြီး စီးပွားရေး လုပ်စားနေတယ်။ သူ့အဖေရဲ့ မြင်းစောင်းက အလုပ်သမားတွေရယ်၊ အနီးနားက အလုပ်သမားတွေက သူ့ရဲ့ ဖောက်သည်တွေပေါ့။


သူမဟာ ဒီလိုကောင်းကောင်း နေနေရတာတောင်မှ မြင်းစောင်းက ကောင်လေးတစ်ယောက်နဲ့ လွန်ကြူးခဲ့တယ်။ တားမြစ်ဖို့ ကြိုးစားတဲ့ အဘိုးကြီးရဲ့ မိတ်ဆွေ အသက်ခပ်ငယ်ငယ်လူတစ်ဦးကိုပါ ဖျားယောင်းခဲ့တယ်။ ဒါကို အဘိုးကြီးက မသိဘူး။ တစ်ရပ်ကွက်လုံးသိနေပေမယ့် အဘိုးကြီးက မသိလို့ သမီးအငယ်မ က မနေနိုင်တဲ့အဆုံး အဘိုးကြီးကို အသိပေးလိုက်တယ်။

အဘိုးကြီးက သမီးငယ် မနာလိုစိတ်တွေနဲ့ မမှန်တာတွေ လာပြောနေတယ်ဆိုပြီး ဆူဟောက်တယ်။ ဒီမိန်းမကို သူ ချစ်ကြောင်း၊ သူ့ မိန်းမဖြစ်နေပြီဖြစ်တဲ့အတွက် သမီးတွေ လက်ခံရန်အချိန်သင့်ပြီဖြစ်ကြောင်း၊ ဒီမိန်းမကို လမ်းပေါ်ကိုနှင်ချစေချင်လို့ ဒီလိုမဟုတ်တာတွေ မပြောသင့်ကြောင်း ပြောဆိုပြီး မြင်းစောင်းကနေ အိမ်ထဲကို စိတ်ဆိုးဆိုးနဲ့ ဝင်သွားတယ်။


ဒါပေမယ့် အဘိုးကြီးက သူ့မိန်းမကို စောင့်ကြည့်နေခဲ့တယ်။ တစ်နေ့တော့ သူ့မိန်းမနဲ့ မြင်းစောင်းကကောင်လေး ညကြီးအပြင်က ပြန်လာပြီး ကားထဲမှာ နှုတ်ဆက်အနမ်းပေးနေတာကို ဂိုဒေါင်ထဲမှာ အလုပ်လုပ်နေရင်း အကဲခတ်နေခဲ့တယ်။ အိမ်ထဲရောက်တော့ သူ့မိန်းမကို မေးတယ်။ သူ့မိန်းမကလည်း သွေးအေးအေးနဲ့ ပြန်ဖြေတယ်။


“ရှင်.. လူတွေပြောတိုင်း မယုံသင့်ဘူး။ ဘာလည်း ရှင့်သမီးအငယ်မက ကုန်းချောလိုက်ပြန်ပြီလား၊ ရှင့် သမီးအငယ်မက ကျမကိုဆိုရင် သုံးမရတဲ့ လမ်းဘေးအမှိုက်လို့ မြင်နေတာပဲ”


သူမက အဲသလို ပြောတော့ အဘိုးကြီးက နှုတ်ခမ်းကို တွန့်ပြုံးပြီး ပြန်ပြောလိုက်တယ်။


“ဟုတ်တယ်..ငါ့သမီးအငယ်မ မြင်တဲ့အတိုင်း…. မင်းဟာ အမှိုက်ပဲ”


“ဟင်… ရှင်…ရှင်… ရှင်တို့ ဟိုမိန်းမကြီး သေခါနီးတုန်းက ကျမကို ဒါမျိုး ဆက်ဆံရဲကြလို့လား…”


“မင်း.. ငါ့ မိန်းမ ကို တစ်ချက်မှ မထိနဲ့”


“ဟင်.. ကျမက ရှင့်မိန်းမ မဟုတ်ဘူးလား၊ ရှင် ကျမကို နှင်ချတော့ မလို့လား”


“ဟုတ်တယ်.. မင်းကို ငါ့ဘဝထဲကကော၊ ငါ့မိသားစု အသိုင်းအဝိုင်း တစ်ခုလုံးထဲကနေ ပျောက်ကွယ်သွားစေချင်တယ်။ မင်းလာခဲ့တဲ့ မင်းရဲ့ နုံချာလှတဲ့ ကားအိမ် ကလေးဆီ မင်းပြန်သွားပါတော့”


အဲသလို အဘိုးကြီးပြောပြီး အခန်းထဲက လှည့်ထွက်သွားချိန်မှာ သူမက ကောက်ကျစ်စွာ တစ်ချက်ပြုံးလိုက်တယ်။


နောက်ရက်မှာ သူမဟာ အဘိုးကြီးရဲ့ ခြေကို ဖက်မတတ် တောင်းပန်တယ်။ အဘိုးကြီးက ဒီလိုပဲ မှန်တန်းပဲ ဆက်ဆံနေခဲ့တယ်။ တစ်ရက်မှာ အဘိုးကြီးဟာ သမီးအငယ်ဆုံးရဲ့ ဆိုင်ကို လိုက်သွားပြီး သူ့မိန်းမနဲ့အကျွမ်းဝင်နေတဲ့ မြင်းစောင်းက သူ့အလုပ်သမားလေး ထမင်းစားနေတဲ့ခုံမှာ ပြုံးပြုံးလေး ဝင်ထိုင်တယ်။


“ကျနော့ကို အလုပ်ဖြုတ်တော့မှာလား” လို့ မြင်းစောင်းကောင်လေးက မျက်နှာငယ်လေးနဲ့မေးတယ်။


“အိုး.. မဖြုတ်ပါဘူးကွာ.. ငါ့မြင်းစောင်းမှာ လုပ်စရာတွေ တစ်ပုံကြီး၊ ဒါနဲ့ မနက်ဖြန် ဟိုဘက်ကမူအောက်က မြင်းစောင်းမှာ မြေသယ်စရာတွေတောင် ရှိသေးတယ်ကွ၊ မင်းလာခဲ့ ဟုတ်ပြီလား”


“ဟုတ်ကဲ့”


“အေး.. ဒါနဲ့ မင်း ငါ့ မိန်းမကိုတော့ မထိနဲ့ပေါ့ကွာ.. ထိရင်တော့ မင်းကို ငါ သတ်ရလိမ့်မယ်၊ ဟုတ်ပြီလား”


“ဟုတ်ကဲ့..”


သမီးအငယ်မကတော့ ကောင်တာနောက်ကနေ စိုးရိမ်တဲ့ မျက်လုံးလေးတွေနဲ့ ကြည့်နေတယ်။ အဘိုးကြီးက အားရအောင် ရာဇသံပေးပြီ မတ်တပ်အရပ်မှာ ဝုန်းဆို ပြိုလဲကျသွားတယ်။ အဘိုးကြီး အိပ်ရာထဲလဲတော့ သူ့မိန်းမနဲ့ ကွဲဖို့ ကိစ္စတွေလည်း ရပ်ဆိုင်းထားရတာပေါ့။ ဒီလိုနဲ့ အိပ်ရာထဲလဲနေတဲ့ အဘိုးကြီးဟာ ညနေခင်းတစ်ခုမှာ ရုတ်တရက် သေဆုံးသွားတော့တယ်။


အဘိုးကြီးရဲ့ ရုပ်ကလပ်ကို ခမ်းနားလှတဲ့ အိမ်ရှေ့ခန်းကြီးမှာ သေသေချာချာ ထားထားတယ်။ သမီးအကြီးမလည်း မိသားစုနဲ့ရောက်လာတယ်။ အဘိုးကြီးရဲ့မိန်းမဟာ အဘိုးကြီးကို နောက်တစ်နေ့ အစောကြီးမှာကို မီးသင်္ဂြိုဟ်ဖို့ စီစဉ်ပြီးပြီဖြစ်ကြောင်းပြောတော့ သမီးနှစ်ဦးလုံးက ပါးစပ်အဟောင်းသားနဲ့ မယုံနိုင်အောင်ဖြစ်နေခဲ့ရတယ်။


“ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဖေဖေဟာ မီးသင်္ဂြိုဟ်တာ ကို ဘယ်လိုမှ နှစ်သက်လိမ့်မယ် မဟုတ်ဘူး။ သူဟာ ဘိုးဘိုးဘွားဘွား၊ ဆွေမျိုးစဉ်ဆက်မြှုပ်တဲ့ မြေနေရာမှာ မေမေ့ဘေးမှာဘဲ မြုပ်နှံစေချင်လိမ့်မှာ၊ မီးသင်္ဂြိုဟ်ဖို့ တစ်ခါမှ ပြောမသွားပါဘူး”


“မင်းတို့ သမီးနှစ်ယောက်ကို ပြောမသွားတာက၊ မင်းတို့ဟာ သူ့မိန်းမတွေမှ မဟုတ်တာ၊ သူ့မိန်းမဖြစ်တဲ့ ငါ့ကိုပဲ သူ့ကိုဘယ်လို သင်္ဂြိုဟ်စေချင်လည်း ပြောသွားတာပေါ့”


သမီးနှစ်ယောက်ဟာ ရုတ်တရက်အသွင်ပြောင်းလာနေတဲ့ ရိုင်းစိုင်းလွန်းတဲ့ မိထွေးမ အပြောကြောင့် ရှူးရှူးရှားရှားဖြစ်နေတယ်။


“ရှင် ဒီအိမ်မှာ ဒီလို ရိုင်းစိုင်းနိမ့်ကျတဲ့ အသုံးနှုန်းတွေနဲ့ မပြောပါနဲ့”


“ဒါ.. ငါ့အိမ်၊ ငါကြိုက်သလိုပြောမယ်”


“ဒါ ရှင့်အိမ်မဟုတ်ဘူး၊ ကျမတို့ ညီအစ်မနှစ်ယောက်ရဲ့အိမ်”


“ဟင်းဟင်း.. မဟုတ်ဘူး၊ ဒီအိမ်ဟာ မင်းတို့နဲ့ဘာမှ မပတ်သက်တော့ဘူး။ ငါ့ယောက်ျားက ငါ့ကို အကုန်ပေးသွားတာကွဲ့”


“မဖြစ်နိုင်ဘူး။ ဖေဖေဟာ ကျမတို့ကို အလွန်ချစ်တာ၊ နောက်ပြီးဒီခြံကြီးနဲ့ဒီအိမ်ကြီးဟာ ဆွေစဉ်မျိုးဆက် ပိုင်လာတာ”


“မယုံရင် သေတမ်းစာ ပြရတာပေါ့၊ ကဲပါလေ… မနက်ဖြန်ကို မင်းတို့အဖေကို မီးမသင်္ဂြိုဟ်ခင်မှာ ပြပါ့မယ်”


“ကဲ… အခြားကိစ္စတွေကို ခဏထားပါဦး။ ဒီမီးသင်္ဂြိုဟ်တဲ့ ကိစ္စကိုတော့ ကာယကံရှင်ရဲ့ သမီးတွေနဲ့ အရင်တိုင်ပင်သင့်တယ်”


အကြီးမရဲ့ အမျိုးသားက ဝင်ပြောတယ်။


“ဘာပဲဖြစ်ဖြစ် ကျမ စီစဉ်ပြီးပြီ။ ကဲ…ကဲ.. ရှင်တို့ ဒီအခန်းထဲက ထွက်သွားပေးပါ။ ကျမယောက်ျားနဲ့ကျမ အေးအေးဆေးဆေးနေပါရစေရှင်။ ထွက်သွားကြပါ”


သမီးနှစ်ဦးနဲ့ သမီးအကြီးရဲ့ အမျိုးသားတို့ လေးတွဲ့တဲ့ခြေလှမ်းတွေနဲ့ အိမ်အပြင်ကိုထွက်လာခဲ့တယ်။ အဲဒီမှာ သမီးအငယ်မက ပေါက်ကွဲတော့တာပါပဲ။


“ဖေဖေ့ကို သူသတ်တာ…. ဒါကြောင့် မီးသဂြိုလ်မှာ.. ဒါမှ ဘာမှ မပေါ်အောင်။ ဆေးရုံကနေ ဆေးတစ်ခုခုခိုးလာပြီး၊ ဖေဖေ့ကို ဆေးတိုက်သတ်လိုက်တာ”


“ညီမလေး..တော်တော့၊ မင်း မဟုတ်တာတွေ မပြောနဲ့၊ သတ်လောက်အောင်တော့ လုပ်မယ်မထင်ဘူး”


“ဒီမှာ မမ၊ မမတို့ သာ မျက်စိရှေ့မှာ ဖြစ်ပျက်နေတာတွေ ဘာတွေလည်းကို မမြင်နိုင်အောင် ကန်းနေတာ၊ ကိုယ့်အဖေ၊ ကိုယ့်အိမ်၊ ကိုယ့်ခြံတွေကို အပိုင်သိမ်းနေတာကို မသိကြဘူးလား။ ကိုယ့်အဖေတစ်ယောက်လုံးကို သတ်ပစ်လိုက်တာကို မမြင်နိုင်လောက်အောင်ဖြစ်နေကြတာလား။ မမ ဒီမှာပဲ ဘာမှမလုပ်ဘဲ နေခဲ့တော့၊ ကျမတော့ တခုခုလုပ်ရတော့မယ်”


ဇာတ်လမ်းကို အတိုချုပ်ရမယ်ဆိုရင်တော့ သမီးအငယ်မရဲ့ လုပ်ဆောင်မှုကြောင့် အဘိုးကြီးရဲ့ ရုပ်အလောင်းကို သေမှုသေခင်းစစ်တဲ့ ဌာနမှာ ဘာကြောင့်သေတယ်ဆိုတာကို စုံစမ်းရန် ခွဲစိတ်ခွင့်ရလိုက်တယ်။ မိထွေးမကတော့ ဟန်မပျက်ရုံမက မနက်တိုင်း ဝရံတာကိုထွက်ထွက်ပြီး သူအပိုင်ရလိုက်တဲ့ ခြံကြီးကို ငေးကြည့်ပြီး ပီတိတွေဖြာနေတယ်။ ဒီကြားထဲမှာလည်း အနီးအနားက ဘုရားကျောင်းမှာ ဂုဏ်သရေရှိ ကျောင်းဒါယိကာမ လည်း လုပ်နေလိုက်သေးတယ်။ သူမရဲ့ အပြင်အဆင်တွေနဲ့ နေထိုင်ပြောဆိုပုံတွေဟာလည်း အလွန်အဆင့်တန်းရှိသော အထက်တန်းလွှာတွေရဲ့ လမ်းလျှောက်ပုံ၊ စားသောက်ပုံတွေ ဖြစ်လာနေတယ်။ သူမကို အခုမှ တွေ့ကြုံသိရှိလာမယ့် သူတွေအနေနဲ့ သူမဟာ ကားအိမ် ကလေးထဲမှာ နေခဲ့ရသူလို့ ဘယ်သူမှ ထင်မိမှာ မဟုတ်ဘူး၊ ဆွေစဉ်မျိုးဆက် အဆင့်ရှိခဲ့တဲ့ ပုံစံမျိုး နေ့ချင်းညချင်းပြောင်းသွားတာ။


ဒီကြားမှာ မိထွေးမနဲ့ ကျူးလွန်ခဲ့ဖူးတဲ့ အဘိုးကြီးရဲ့ မိတ်ဆွေဟာ မနေနိုင်တဲ့အဆုံးတော့ သမီးငယ်မကို ရင်ဖွင့်တယ်။ မိထွေးမနဲ့ ကျူးလွန်ဖူးကြောင်း၊ သူကိုယ်တိုင်လည်း အဘိုးကြီး အသတ်ခံရတယ်လို့ ယုံကြည်ကြောင်း၊ အဘိုးကြီးသေဆုံးတဲ့ ညက သူနဲ့မြင်းစောင်းက ကောင်လေးကို မိထွေးမက ညစာဖိတ်ကျွေးကြောင်း၊ အဘိုးကြီးကို ဆွပ်ပြုတ်သွားတိုက်မယ်ဆိုပြီး မီးဖိုချောင်ထဲကိုဝင်သွားပြီး ဆွပ်ပြုတ်ခပ်နေတာကိုမြင်ကြောင်း၊ ခပ်ပြီးသားဆွပ်ပြုတ်ပန်းကန်ကို ချက်ချင်းအပေါ်ထပ်ကို ယူမသွားဘဲ အိမ်နောက်ဖေးက ကြက်သွန်၊ ငရုတ်လှောင်တဲ့ အခန်းထဲကို ဝင်သွားကြောင်း၊ ပြီးမှ အပေါ်ထပ်ကို တက်သွားကြောင်း၊ သူမ အောက်ပြန်ဆင်းလာပြီး သူတို့နဲ့အတူ ညစာဆက်စားနေကြောင်း၊ ခဏနေတော့ အဘိုးကြီး ကုတင်ပေါ်က ပြုတ်ကျသံအကျယ်ကြီးကြားကြောင်း၊ အကုန်ပြေး တက်သွားတော့ မိထွေးမက သူနာပြုဖြစ်ရဲ့သားနဲ့ ယောက်ျားတစ်ယောက်လုံး အသက်ရှုရပ်တာကို အရေးပေါ်အသက်ကယ်တဲ့ နည်းလမ်းတွေကို ဘာမှ မလုပ်ဘဲ ဘေးမှာပဲ ရပ်ကြည့်နေကြောင်း၊ အိမ်နောက်ဖေးက ကြက်သွန်၊ ငရုတ်လှောင်တဲ့ အခန်းထဲမှာ တခုခုရှိနိုင်ကြောင်း၊ စတာတွေကို ပြောပြတယ်။


ဒီလိုနဲ့ သမီးနှစ်ဦးဟာ ကြက်သွန်၊ ငရုတ်လှောင်တဲ့ အခန်းထဲကို ဝင်မွှေတော့တာပါပဲ။ အမကြီးကတော့ ညီမအငယ်ကို ဒီမိန်းမ မကောင်းမှန်းသိပေမယ့် သည်လောက် ယုတ်မာလိမ့်မှာ မဟုတ်ကြောင်း၊ ဒီထဲမှာ ဘာမှ ရှိလိမ့်မှာ မဟုတ်ကြောင်း၊ မိထွေးအပေါ်မှာ ဒီလို မကောင်းတဲ့စိတ် မမွေးဘဲ၊ ရင့်ကျက်သင့်ပြီဖြစ်ကြောင်း တတွတ်တွတ်ဆုံးမရင်း ပုလင်းတွေကို ဖယ်ပြီး ရှာနေတော့တယ်။ အဲသည်မှာ ဆီပုလင်းတွေနောက်မှာ မော်ဖင်းတွေ အထုပ်လိုက် တွေ့တော့တာပါပဲ။


အဲ့သည်အချိန်မှာ မိထွေးက မီးဖိုထဲကို ဝင်လာတော့ ညီအစ်မနှစ်ယောက်က ဘာမှ မဖြစ်သလို နေနေလိုက်တယ်။ အမကြီးကတော့ ဒေါသကြောင့် တဆတ်ဆတ်တုန်နေပြီ၊ ညီမအငယ်က အစ်မကို ဘာမှမဖြစ်သလိုနေဖို့ မျက်ရိပ်ပြလိုက်တယ်။ မိထွေးကတော့ သူ့ကို ကောင်းကောင်းမဆက်ဆံရင် သူပိုင်ဆိုင်သွားတဲ့ ဒီအိမ်ကြီးပေါ်ကို ညီအစ်မနှစ်ယောက်ကို ဘယ်တော့မှာ လက်ခံလိမ့်တော့မှာ မဟုတ်ဘူးဆိုတာကိုလည်း ပြုံးပြုံးကလေးနဲ့ ချိန်းခြောက်လိုက်သေးတယ်။


နောက်ဆုံးတော့ မိထွေးဟာ သူ့ခင်ပွန်းကို မော်ဖင်းတွေ အလွန်အကျွံသုံးစေပြီး အဆုံးစီရင်မှုနဲ့ တရားရုံးကို တက်ရတယ်။ ဒီနိုင်ငံတွေရဲ့ ထုံးစံအတိုင်း ပြစ်မှုမထင်ရှားမခြင်း၊ အပြစ်မရှိသူမို့ အလှပတွေ ချယ်မှုန်းလို့ အလွန်အဆင့်အတန်းမြင့်မားတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ အိမ်ကြီးပေါ်က ဆင်းစရာ မလိုဘဲ၊ အခြွေအရံတွေနဲ့ ပိုနေမြဲ ကျားနေမြဲ နေနေဆဲအချိန်မှာ၊ အမွေဆိုင် သမီးနှစ်ယောက်ကတော့ အိမ်ကြီးနားကို ကပ်ခွင့်တောင် မရတော့ပါဘူး။


“သူများရဲ့ အိမ်ကြီးပေါ်မှာ သူများမိသားစုတွေ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းလာတဲ့ ပစ္စည်းအမွေအနှစ်တွေ၊ ငါတို့ မိဘဘိုးဘွားတွေရဲ့ ဓာတ်ပုံတွေနဲ့ပြည့်နေတဲ့ ဒီအိမ်ကြီးနဲ့ ခြံကြီးပေါ်မှာ ခုလို တက်နေတာကို သဒီ သလား” လို့ သမီးတွေက ပြောစဉ်က…

မိထွေးတော် ပြောလိုက်တဲ့ စကားလေးကို ကျမ နားထဲက မထွက်ဘူး။


“မင်းတို့ တန်ဘိုးမထားတဲ့ အရာတွေကို ငါတန်ဘိုးထားလို့ ထိုက်တန်သူက ရလိုက်တာပဲ….”

ဇာတ်လမ်းအဆုံးကတော့ အဘိုးကြီးရဲ့ သမီးတွေက ဒီအမျိုးသမီးကို မီလျှံပေါင်းများစွာ တန်တဲ့ အမွေမှုနဲ့ တရားစွဲထားတယ်၊ သမီးအငယ်မက အိမ်ထောင်ကျပြီး တစ်နယ်တစ်ကျေးကို ပြောင်းသွားတယ်၊ အဲဒီအမျိုးသမီးဟာ ဘုရားကျောင်းမှာ ဂုဏ်သရေရှိကျောင်းထိုင်ဖြစ်အောင်တောင် ကောလိပ်ပြန်တက်နေလိုက်သေးတယ် ဆိုတာနဲ့ အဆုံးသတ်ထားပါတယ်။


♫••·˙˙·••♫ ♫••·˙˙·••♫ ♫••·˙˙·••♫


ဒီလိုအဖြစ်မျိုးတွေလည်း မြန်မာပြည်တုန်းက ကြားခဲ့ဖူးပါတယ်။ မျက်စိနဲ့လည်း မြင်ခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်ဟာလည်း Somerville မိသားစုရဲ့ တစ်ကယ့်အဖြစ်ကို အခြေခံပြီး ရိုက်ထားတာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်မှာ ၂၀၀၁-၂၀၀၃ လောက်တုန်းက အကြီးအကျယ်ဖြစ်သွားတဲ့ အဖြစ်တစ်ခုကို ကနေဒါနိုင်ငံ တိုရန်တိုမှာ ရိုက်ကွင်းယူပြီး window on the hill အမည်နဲ့ ရိုက်ထားတာဖြစ်ပါတယ်။ ကျမက ဒီအမျိုးသမီးကိုကြည့်ပြီး gold digger ဆိုတဲ့ အသုံးအနှုန်းကို တွေးမိလို့ မြန်မာလို တိုက်ရိုက်ပြန်လိုက်တာပါ။ မြန်မာအခေါ်မှာတော့ သိုက်တူးသူပေါ့နော်…။ Somerville မိသားစုဟာ ဗာဂျီးနီးယားပြည်နယ်မှာ လယ်ဧက ၃၄၅ ဧကပိုင်တယ်၊ ဝါရှင်တန်ဒီစီရဲ့ အနောက်တောင်ဘက်ရဲ့ ၇၅မိုင်ရှည်လျားတဲ့ လယ်မြေတွေဟာ ရွှေရောင်ဆံပင်နဲ့သူနာပြုလူသတ်သမားမိထွေးလက်ထဲကို ရောက်ရှိသွားတဲ့ ရင်နင့်စရာအဖြစ်ပါ။ သေဆုံးသွားတဲ့ ညမှာပဲ မိန်းမလုပ်သူဟာ နောက်နေ့ချက်ခြင်းမီးသဂြိုလ်ဖို့ကို စီစဉ်တော့တာပါပဲ။ နောက်တော့ မိသားစုဆရာဝန် သောက်ခွင့်ပေးမထားတဲ့ (prescriptions) မော်ဖင်းနဲ့ကိုဒီးန် အလွန်အကျွံသုံးစွဲထားမှုနဲ့ သေဆုံးသွားတာဖြစ်တယ်လို့ autopsy report အရ သိရပါတယ်။ အပြင်မှာတော့ တရားစွဲဆိုမှုတွေ အပြီးမှာ လယ်ပိုင်ရှင်သူဌေးအဘိုးကြီးရဲ့ သမီးတွေ (အပြင်မှာတော့ ၃ယောက်ပါ) ဘိုးဘွားစဉ်ဆက်ပိုင်လာတဲ့ မြေတွေ၊ လယ်တွေ၊ မြင်းစောင်းတွေ တန်ဘိုးကြီးလှတဲ့ မြင်းတွေကို အကုန် ဆုံးရှုံးသွားပါတယ်။ မိဘလက်ငုပ်လက်ရင်းတွေ တစ်စိမ်းတစ်ရံစာလက်ထဲ အကုန်ပါသွားတော့တာပါပဲ၊ အဘိုးကြီးကို သတ်မှုမှလည်း ထိုမိန်းမဟာ ကွင်းလုံးကျွတ် လွတ်သွားပါတယ်။


(မြင်းဆိုလို့ ကျမရုံးက သူငယ်ချင်းမြင်းသမားတွေ=မိန်းကလေးတွေ ပြောပြချက်အရ မြင်းတစ်ကောင်ဟာ အမျိုးအစားပေါ် မူတည်ပြီး ကားတစ်စင်းထက် (ကားအမျိုးအစားပေါ်မူတည်ပြီး) တန်ဘိုးရှိပါတယ်ဆိုတာ သိရတယ်။ မြင်းကုန်းနီးတစ်ခုကကို ဒေါ်လာတစ်သောင်းကနေ သုံးသောင်းတန်အထိ ရှိပါတယ်။ မြင်းတစ်ကောင်ဝယ်ပြီး မြို့ပြင်မြင်းစောင်းမှာ စောင့်ရှောက်ခကကို တစ်လကို Cdn$တစ်ထောင်၊ ထောင့်ငါးရာပေးရတယ်၊ အဲ့ဒါ.. စောင့်လျှောက်ခပဲ ရှိပါသေးတယ်။ ကျမရုံးသွားတက်တယ်ဆိုတာ ထမင်းစားရဖို့ပါ။ ရုံးမှာ အချို့တွေ ရုံးလာတက်တယ်ဆိုတာ အပျင်းပြေချင်လို့၊ အိမ်မှာ မနေချင်လို့၊ social interactions လုပ်ဖို့၊ နှစ်ပတ်ကို ကားတစ်စင်းလဲပြီး၊ တစ်ပတ်မှာ ၂ရက်လောက် အလုပ်လာပြနေတာတွေလည်း ရှိပါတယ်။ အသက်မပြည့်ခင်မို့ အမွေတွေ ဆက်ခံခွင့် မရသေးလို့၊ အဘိုးက အပြင်မှာ အလုပ်မလုပ်ရင် အမွေမပေးဘူးဆိုလို့ ကျောင်းတက်ရင်း ဟန်ပြလုပ်နေသူတွေကိုလည်း ကြုံခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီတိုင်းပြည်တွေမှာ .. လူလူချင်းညီမျှတယ်၊ တန်းတူတယ်၊ အဆင့်အတန်းမခွဲဘူး၊ အကုန်တူတူပဲ.. လူဟာလူပဲ၊ ဘာမဆိုအကုန်ဖြစ်တယ်၊ သူတို့ဒိန်ခဲစားလည်း ကိုယ်စားရတယ်၊ သူတို့ဒီကားစီးလည်း ကိုယ်စီးနိုင်တာပဲ.. ဆိုတဲ့အပြောတွေကို ကျမ တတ်နိုင်သမျှ ရှောင်ပါတယ်။


ဘာဖြစ်လို့လည်းဆိုတော့ ဒီတိုင်းပြည်တွေဟာ အဆင့်အတန်းခွဲစရာမလိုအောင်ကို လူနေမှုအဆင့်ဟာ စနစ်တကျနဲ့ ခုနှစ်ဆင့်တိတိကွဲနေပြီးဖြစ်နေလို့ပါပဲ… အဲ့.. မြင်းတွေအကြောင်းတော့ နောက်မှ ပြောပါတော့မယ်


ဒီရုပ်ရှင်ကို တစ်ခါပြန် ကြည့်မိတိုင်း သင်ခဏ်းစာ တစ်ခုစီရတယ်။ ရုပ်ရှင်ထဲမှာ သမီးတွေကို မိဘပစ္စည်းတွေကို တန်ဘိုးမထားတတ်သူတွေအဖြစ် မသိမသာ ပုံဖော်ထားတယ်။ လူ့သဘာဝအရ ရှိနေတဲ့အရာတွေကို တန်ဘိုးမထားတတ်ကြပါဘူး။ ဆုံးရှုံးသွားမှ တမ်းတတတ်ကြပါတယ်။ မိဘ အမွှေအနှစ်တွေပဲဖြစ်ဖြစ်၊ မိဘလက်ငုပ်လက်ရင်း စီးပွားရေးကိုပဲဖြစ်ဖြစ်၊ အထူးသဖြင့် အဆက်ဆက်ချမ်းသာလာတယ်ဆိုရင် တော်ရုံက ဂရုမစိုက်ကြဘူး။ ဒီဘက်တွေမှာဆိုရင် မိဘရဲ့ လက်ငုပ်လက်ရင်း အောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းတစ်ခုဟာဆိုရင် အများဆုံး ဂျင်နရေးရှင်း သုံးဆက်ထက်(ယေဘူယျအားဖြင့်) ပို မခံတတ်ကြဘူးလို့ လေ့လာသူတွေက ဆိုပါတယ်။


မိဘတွေကြိုးစားထားတဲ့ စီးပွားရေးလုပ်ငန်းကို ရိုးအီသွားလို့ စိတ်မဝင်စားတာကော၊ အထင်မကြီးတာကော၊ အခြားအသစ်အဆန်းကို ဖန်တီးချင်ကြတဲ့ လူ့သဘာဝတွေကြောင့် ဖြစ်တယ်လို့ ဆိုကြတယ်။


တစ်ခါတစ်လေလည်း ငယ်ရွယ်သူတွေပီပီ.. ဒါတွေ မမက်ဘူးတို့၊ ကိုယ့်ဟာကိုယ်ရှာမယ် ဆိုတာတို့လည်း ဖြစ်တတ်ကြမှာပါပဲ။ တစ်ကယ်တမ်းကျတော့ ကိုယ်တန်ဘိုး မထားတဲ့ အရာတစ်ခုဟာ ဆုံးရှုံးသွားမှ၊ ပြန်မရနိုင်တော့မှ တန်ဘိုးတွေ ပို တက်လာတတ်တော့တာပါပဲ။ အနည်းဆုံးတော့ မိဘတွေ ကြိုးစား မတည်ထားတဲ့ အရာတွေ၊ ရှာဖွေထားတာတွေကို အသိမှတ်ပြုပြီး တန်ဘိုးထားသင့်ပါတယ်။

မိဘ တွေလက်ဆင့်ကမ်းပေးခဲ့တဲ့ (ကိုင်တွယ်လို့ရတဲ့အရာတွေကော၊ ကိုင်တွယ်လို့ မရတဲ့အဘိုးထိုက်လွန်းတဲ့ ဆုံးမစကားတွေ) ဟာ တန်ဘိုးထားအပ်တဲ့ အရာတွေပါပဲဆိုတာ.. ကျမ သင်ခန်းစာ ရမိလို့ပါ…။


အိမ့်ချမ်းမြေ့


♫••·˙˙·••♫ ♫••·˙˙·••♫ ♫••·˙˙·••♫


(ZawGyi Code)


ထိုမိန္းမက မ်က္ႏွာလွလွ၊ အရပ္ရွည္ရွည္၊ ကိုယ္လုံးကိုယ္ေပါက္ ေတာင့္ေတာင့္တင္းတင္းနဲ႔ အလြန္ဆြဲေဆာင္မႈ ရွိသူ။ လူသူကင္းမဲ့တဲ့ လမ္းမႀကီးေပၚမွာ အရွိန္ျပင္းျပင္းသြားေနတဲ့ ဆိုက္ကယ္ေနာက္ခုံမွာ ထိုင္ၿပီး၊ သူ႔ရည္းစားေကာင္ေလးရဲ႕ ခါးကိုဖက္လို႔ လိုက္လာတယ္။ လမ္းဆုံက ေျခာက္ကပ္ကပ္ ဆိုင္ေလးေရွ႕မွာ ဆိုင္ကယ္က ထိုးရပ္လိုက္ေတာ့ ဖုန္လိပ္ေတြက တေထာင္းေထာင္း တက္သြားတယ္။ သူမက ဆိုင္ကယ္ခုံေပၚကေန ဟန္ပါပါနဲ႔ ေျခကိုလႊဲဆင္းလိုက္ၿပီး သူမရဲ႕ရည္းစားနဲ႔ က်ယ္က်ယ္ေလာင္ေလာင္ ျငင္းခုံလိုက္တယ္။ ေကာင္ေလးရဲ႕ ပခုံးကို သူမလက္နဲ႔ အရွိန္ျပင္းျပင္းလႊဲ႐ိုက္လိုက္ၿပီး မ်က္ႏွာထားတင္းတင္းနဲ႔ ဆိုင္ထဲကို ဝင္သြားတယ္။ ဆိုင္အျပင္ဘက္ နံရံကို မွီရပ္ေနတဲ့ ေကာင္ေလးႏွစ္ေယာက္က သူမျဖတ္ေလွ်ာက္သြားတာကို မ်က္လုံးေတြ ကြၽတ္က်မတတ္ ၾကည့္ေနၾကတယ္။


သူမက ဆိုင္အျပင္ကို ဘီယာႏွစ္ပုလင္းကိုင္ၿပီး ထြက္လာတယ္။ အဲဒီအခ်ိန္မွာပဲ သူမရဲ႕ ရည္းစားက သူမကို လွည့္ေတာင္ မၾကည့္ေတာ့ဘဲ ဆိုင္ကယ္ကို မိုင္ကုန္ေမာင္းၿပီး သူမ ကိုထားလို႔ ထြက္ေျပးသြားခဲ့တာကို ေတြ႕လိုက္ရတယ္။


သူမကေတာ့ ထီမထင္နဲ႔ မ်က္ႏွာနဲ႔ လူသူျပတ္လပ္တဲ့ လမ္းမႀကီးအတိုင္း ေျခဦးတည့္ရာ ေလွ်ာက္လာခဲ့တယ္။ တစ္ေနရာေရာက္ေတာ့ ျမက္ခင္းစိမ္းေတြ၊ လွပတဲ့ သစ္ပင္ေတြ၊ ေတာင္ကမူေတြ၊ ကမူေတြေပၚမွာ ေအးေအးခ်မ္းခ်မ္းျမက္စားေနတဲ့ အလြန္လွပတဲ့ ျမင္းႀကီး၊ ကမူေတြေတာင္ကုန္းေတြေနာက္က ကုန္းျမင့္ထိပ္မွာ ရဲတိုက္ႀကီးတမွ် လွပတဲ့ အိမ္ႀကီးတစ္အိမ္ကို သူမ လွမ္းေတြ႕လိုက္တယ္။ သူမ ေျခလွမ္းေတြ တုန႔္သြားၿပီး အဲဒီအိမ္ႀကီးကို လမ္းမႀကီးေပၚကေန အၾကာႀကီး ရပ္ၾကည့္ေနခဲ့တယ္။


“ဒီလို အိမ္ႀကီးမ်ိဳးနဲ႔သာ ငါ… ေနရရင္…”

သူမ ႏႈတ္က ခပ္တိုးတိုး ေရ႐ြတ္လိုက္တယ္။


ႏွစ္ေတြၾကာေတာ့ သူမ သူနာျပဳသင္တန္းေအာင္လက္မွတ္တစ္ေစာင္ ရလာခဲ့တယ္။ တိုက္တိုက္ဆိုင္ဆိုင္ပဲ သူမ အလုပ္ရွာေနစဥ္ကာလမွာ အဲဒီအိမ္ႀကီးကေန သူနာျပဳတစ္ဦး အလိုရွိတဲ့ ေၾကျငာကို သူမ ေတြ႕လိုက္တယ္။ အိမ္ႀကီးဆီကို ကားအိုကေလးကို ေမာင္းလို႔ ထြက္လာခဲ့တယ္။ အိမ္ႀကီးေရွ႕ကို ေရာက္ေတာ့ အသက္ေျခာက္ဆယ္နီးပါး အဘိုးႀကီးတစ္ဦးက သူမကို ခရီးဦးႀကိဳတယ္။


အိမ္ႀကီးဟာ ႀကီးမားခန႔္ထည္ၿပီး နံရံေတြေပၚမွာလည္း ေဆြမ်ိဳးအဆက္ဆက္ရဲ႕ ဓာတ္ပုံေတြကို ၀ေ၀ေဆာဆာ ခ်ိတ္ဆြဲထားေသးတယ္။


“ငါ့မိန္းမ အိမ္အေပၚထပ္မွာပါ”


လူနာရွိရာ အေပၚထပ္ကို သူမ တက္လာေတာ့ ေလွကားထိပ္မွာ အဘိုးႀကီးရဲ႕ သမီးႏွစ္ေယာက္ထဲက သမီးအငယ္မ နဲ႔ ေတြ႕တယ္။ အသက္က ၂၀ ဝန္းက်င္။ အငယ္မရဲ႕ မ်က္လုံးေတြက စူးစူးရွရွနဲ႔ သူမကို ေလ့လာေနခဲ့တယ္။


လူနာအမ်ိဳးသမီး အဘြားႀကီးရဲ႕ အခန္းဟာ ခမ္းနားထယ္ဝါလို႔၊ ျပဴတင္းအျပင္ဘက္မွာလည္း ၿခံၾကယ္ႀကီး၊ ျမက္ခင္းစိမ္း၊ ေရာင္စုံသစ္ပင္ေတြ၊ ေနာက္ၿပီး သန္မာထြားက်ိဳင္းလွတဲ့ ျမင္းေတြနဲ႔ ရႈခင္းဟာ အံ့မခန္း လွပလြန္းတယ္။ လူနာအမ်ိဳးသမီးကို ေသြးတိုင္းေနရင္း လူနာအမ်ိဳးသမီးနဲ႔ သူမ စကားစျမည္ေျပာျဖစ္တယ္။


လူနာအမ်ိဳးသမီးအိမ္ႀကီးရွင္မဟာ ေနာက္ဆုံးအခ်ိန္ေရာက္ေနၿပီမို႔ သူ႔ ေယာက္်ားတစ္ဦးတည္း က်န္ခဲ့မွာကို စိတ္ပူေၾကာင္း၊ သမီးမိန္းကေလးႏွစ္ဦးမွာ တစ္ဦးက အိမ္ေထာင္က်သြားလို႔ စိတ္ခ်ရေပမယ့္ အငယ္မကိုေတာ့ စိတ္မခ်ႏိုင္ေၾကာင္း၊ သမီးအငယ္မဟာ တကၠသိုလ္ပညာေရးကို အေလးမထား၊ ပညာတစ္ပိုင္းတစ္စနဲ႔ ေက်ာင္းထြက္ထားေၾကာင္း၊ ရံဖန္ရံခါလည္း အရက္ေသစာေတာင္ ေသာက္စားမူးယစ္တတ္ေသးေၾကာင္း၊ စသည္တို႔ကို ေျပာျပရင္း၊ သူနာျပဳ မိန္းကေလးရဲ႕ အလွကိုလည္း ခ်ီးက်ဴးလိုက္ေသးတယ္။


အဘြားႀကီး ေသဆုံးခါနီးကာလေတြမွာ သူမဟာ အဘိုးႀကီးကို စိတ္ခ်မ္းသာေအာင္ အားေပးစကားအမ်ိဳးမ်ိဳးေျပာတယ္။ ဒါေပမယ့္ သူနာျပဳနဲ႔ မတူေအာင္ အလွအပေတြ ခ်ယ္မႈန္း႐ုံမက လည္ဟိုက္အက်ႌအမ်ိဳးမ်ိဳးကို ဝတ္ဆင္ၿပီး အဘိုးႀကီးကို တစ္ခ်ိန္လုံး ပြတ္သပ္အားေပးေနတာကို သမီးအငယ္မက မ်က္စိစပါးေမႊး စူးေနတယ္။ တစ္ခါကေတာ့ မီးဖိုေခ်ာင္ထဲမွာ အဘိုးႀကီးက သူမရင္ခြင္ထဲ မ်က္ႏွာအပ္ငိုေနတာကို သမီးငယ္က ေဒါသမီးခိုးေတြေဝေနတဲ့ မ်က္လုံးႀကီးနဲ႔ စိုက္ၾကည့္ေနခဲ့တယ္။ သမီးအႀကီးမကေတာ့ ညီမျဖစ္သူကို စိတ္ေကာင္းေမြးဖို႔ မွာေနတယ္။


ဒီလိုနဲ႔ အဘြားႀကီး ေသဆုံးသြားတယ္။ အဘြားႀကီးရဲ႕ ဈာပန မွာလည္း အဘိုးႀကီးရယ္၊ သမီးႏွစ္ဦးရယ္က အိေျႏၵသိကၡာနဲ႔ အဆင့္ျမင့္စြာ ဝတ္စားဆင္ယင္ထားေပမယ့္ သူမကေတာ့ ဇာေဖာက္အက်ႌလည္ဟိုက္အနက္နဲ႔ အဘိုးႀကီးနားက မခြာျဖစ္ေနခဲ့တယ္။


အဘြားႀကီးဆုံးၿပီး လအနည္းငယ္မွာ အဘိုးႀကီးကိုဖိတ္တဲ့ ညစာစားပြဲတစ္ခုကို သူမကပါ လိုက္ပါလာခဲ့တယ္။ ညစာစားပြဲကအျပန္ သူမရဲ႕ ႏုံခ်ာေနတဲ့ ကားအိမ္ ကေလးဆီကို အဘိုးႀကီးကိုေခၚသြားၿပီး ျမဴဆြယ္ခဲ့တယ္။ ေနာက္ေတာ့လည္း အဘိုးႀကီးက သူမကို ေကာင္းမြန္စြာ လက္ထပ္ထိမ္းျမားယူခဲ့တယ္။ သမီးအငယ္တြက္ ေသေသခ်ာခ်ာ ခ်န္ထားခဲ့တဲ့ အဘြားႀကီးရဲ႕ နီလာလက္စြပ္ႀကီးကို ထိုမိန္းမရဲ႕ လက္မွာ ျပဴးေနေအာင္ ေတြ႕ေနရတယ္။


သူမ ဘဝမွာ မျမင္ဖူးတာေတြျမင္ရ၊ မစားဖူးတာေတြစားရ၊ အေႁခြအရံေတြမ်ားစြာနဲ႔ အဘိုးႀကီးရဲ႕ အရိပ္ေအာက္မွာ လုံၿခဳံစြာေနေနခဲ့တယ္။ ဆံပင္ေတြ တလႊားလႊားေလမွာလြင့္လို႔ ျမင္းႀကီးေတြ စီးေနခ်ိန္မွာ သမီးအငယ္မကေတာ့ အဘိုးႀကီးေပးတဲ့ အေမြအနည္းငယ္နဲ႔ အနီးအနားမွာ ဆိုင္ေလး မ တည္ၿပီး စီးပြားေရး လုပ္စားေနတယ္။ သူ႔အေဖရဲ႕ ျမင္းေစာင္းက အလုပ္သမားေတြရယ္၊ အနီးနားက အလုပ္သမားေတြက သူ႔ရဲ႕ ေဖာက္သည္ေတြေပါ့။


သူမဟာ ဒီလိုေကာင္းေကာင္း ေနေနရတာေတာင္မွ ျမင္းေစာင္းက ေကာင္ေလးတစ္ေယာက္နဲ႔ လြန္ၾကဴးခဲ့တယ္။ တားျမစ္ဖို႔ ႀကိဳးစားတဲ့ အဘိုးႀကီးရဲ႕ မိတ္ေဆြ အသက္ခပ္ငယ္ငယ္လူတစ္ဦးကိုပါ ဖ်ားေယာင္းခဲ့တယ္။ ဒါကို အဘိုးႀကီးက မသိဘူး။ တစ္ရပ္ကြက္လုံးသိေနေပမယ့္ အဘိုးႀကီးက မသိလို႔ သမီးအငယ္မ က မေနႏိုင္တဲ့အဆုံး အဘိုးႀကီးကို အသိေပးလိုက္တယ္။

အဘိုးႀကီးက သမီးငယ္ မနာလိုစိတ္ေတြနဲ႔ မမွန္တာေတြ လာေျပာေနတယ္ဆိုၿပီး ဆူေဟာက္တယ္။ ဒီမိန္းမကို သူ ခ်စ္ေၾကာင္း၊ သူ႔ မိန္းမျဖစ္ေနၿပီျဖစ္တဲ့အတြက္ သမီးေတြ လက္ခံရန္အခ်ိန္သင့္ၿပီျဖစ္ေၾကာင္း၊ ဒီမိန္းမကို လမ္းေပၚကိုႏွင္ခ်ေစခ်င္လို႔ ဒီလိုမဟုတ္တာေတြ မေျပာသင့္ေၾကာင္း ေျပာဆိုၿပီး ျမင္းေစာင္းကေန အိမ္ထဲကို စိတ္ဆိုးဆိုးနဲ႔ ဝင္သြားတယ္။


ဒါေပမယ့္ အဘိုးႀကီးက သူ႔မိန္းမကို ေစာင့္ၾကည့္ေနခဲ့တယ္။ တစ္ေန႔ေတာ့ သူ႔မိန္းမနဲ႔ ျမင္းေစာင္းကေကာင္ေလး ညႀကီးအျပင္က ျပန္လာၿပီး ကားထဲမွာ ႏႈတ္ဆက္အနမ္းေပးေနတာကို ဂိုေဒါင္ထဲမွာ အလုပ္လုပ္ေနရင္း အကဲခတ္ေနခဲ့တယ္။ အိမ္ထဲေရာက္ေတာ့ သူ႔မိန္းမကို ေမးတယ္။ သူ႔မိန္းမကလည္း ေသြးေအးေအးနဲ႔ ျပန္ေျဖတယ္။


“ရွင္.. လူေတြေျပာတိုင္း မယုံသင့္ဘူး။ ဘာလည္း ရွင့္သမီးအငယ္မက ကုန္းေခ်ာလိုက္ျပန္ၿပီလား၊ ရွင့္ သမီးအငယ္မက က်မကိုဆိုရင္ သုံးမရတဲ့ လမ္းေဘးအမႈိက္လို႔ ျမင္ေနတာပဲ”


သူမက အဲသလို ေျပာေတာ့ အဘိုးႀကီးက ႏႈတ္ခမ္းကို တြန႔္ၿပဳံးၿပီး ျပန္ေျပာလိုက္တယ္။


“ဟုတ္တယ္..ငါ့သမီးအငယ္မ ျမင္တဲ့အတိုင္း…. မင္းဟာ အမႈိက္ပဲ”


“ဟင္… ရွင္…ရွင္… ရွင္တို႔ ဟိုမိန္းမႀကီး ေသခါနီးတုန္းက က်မကို ဒါမ်ိဳး ဆက္ဆံရဲၾကလို႔လား…”


“မင္း.. ငါ့ မိန္းမ ကို တစ္ခ်က္မွ မထိနဲ႔”


“ဟင္.. က်မက ရွင့္မိန္းမ မဟုတ္ဘူးလား၊ ရွင္ က်မကို ႏွင္ခ်ေတာ့ မလို႔လား”


“ဟုတ္တယ္.. မင္းကို ငါ့ဘဝထဲကေကာ၊ ငါ့မိသားစု အသိုင္းအဝိုင္း တစ္ခုလုံးထဲကေန ေပ်ာက္ကြယ္သြားေစခ်င္တယ္။ မင္းလာခဲ့တဲ့ မင္းရဲ႕ ႏုံခ်ာလွတဲ့ ကားအိမ္ ကေလးဆီ မင္းျပန္သြားပါေတာ့”


အဲသလို အဘိုးႀကီးေျပာၿပီး အခန္းထဲက လွည့္ထြက္သြားခ်ိန္မွာ သူမက ေကာက္က်စ္စြာ တစ္ခ်က္ၿပဳံးလိုက္တယ္။


ေနာက္ရက္မွာ သူမဟာ အဘိုးႀကီးရဲ႕ ေျခကို ဖက္မတတ္ ေတာင္းပန္တယ္။ အဘိုးႀကီးက ဒီလိုပဲ မွန္တန္းပဲ ဆက္ဆံေနခဲ့တယ္။ တစ္ရက္မွာ အဘိုးႀကီးဟာ သမီးအငယ္ဆုံးရဲ႕ ဆိုင္ကို လိုက္သြားၿပီး သူ႔မိန္းမနဲ႔အကြၽမ္းဝင္ေနတဲ့ ျမင္းေစာင္းက သူ႔အလုပ္သမားေလး ထမင္းစားေနတဲ့ခုံမွာ ၿပဳံးၿပဳံးေလး ဝင္ထိုင္တယ္။


“က်ေနာ့ကို အလုပ္ျဖဳတ္ေတာ့မွာလား” လို႔ ျမင္းေစာင္းေကာင္ေလးက မ်က္ႏွာငယ္ေလးနဲ႔ေမးတယ္။


“အိုး.. မျဖဳတ္ပါဘူးကြာ.. ငါ့ျမင္းေစာင္းမွာ လုပ္စရာေတြ တစ္ပုံႀကီး၊ ဒါနဲ႔ မနက္ျဖန္ ဟိုဘက္ကမူေအာက္က ျမင္းေစာင္းမွာ ေျမသယ္စရာေတြေတာင္ ရွိေသးတယ္ကြ၊ မင္းလာခဲ့ ဟုတ္ၿပီလား”


“ဟုတ္ကဲ့”


“ေအး.. ဒါနဲ႔ မင္း ငါ့ မိန္းမကိုေတာ့ မထိနဲ႔ေပါ့ကြာ.. ထိရင္ေတာ့ မင္းကို ငါ သတ္ရလိမ့္မယ္၊ ဟုတ္ၿပီလား”


“ဟုတ္ကဲ့..”


သမီးအငယ္မကေတာ့ ေကာင္တာေနာက္ကေန စိုးရိမ္တဲ့ မ်က္လုံးေလးေတြနဲ႔ ၾကည့္ေနတယ္။ အဘိုးႀကီးက အားရေအာင္ ရာဇသံေပးၿပီ မတ္တပ္အရပ္မွာ ဝုန္းဆို ၿပိဳလဲက်သြားတယ္။ အဘိုးႀကီး အိပ္ရာထဲလဲေတာ့ သူ႔မိန္းမနဲ႔ ကြဲဖို႔ ကိစၥေတြလည္း ရပ္ဆိုင္းထားရတာေပါ့။ ဒီလိုနဲ႔ အိပ္ရာထဲလဲေနတဲ့ အဘိုးႀကီးဟာ ညေနခင္းတစ္ခုမွာ ႐ုတ္တရက္ ေသဆုံးသြားေတာ့တယ္။


အဘိုးႀကီးရဲ႕ ႐ုပ္ကလပ္ကို ခမ္းနားလွတဲ့ အိမ္ေရွ႕ခန္းႀကီးမွာ ေသေသခ်ာခ်ာ ထားထားတယ္။ သမီးအႀကီးမလည္း မိသားစုနဲ႔ေရာက္လာတယ္။ အဘိုးႀကီးရဲ႕မိန္းမဟာ အဘိုးႀကီးကို ေနာက္တစ္ေန႔ အေစာႀကီးမွာကို မီးသၿဂႋဳဟ္ဖို႔ စီစဥ္ၿပီးၿပီျဖစ္ေၾကာင္းေျပာေတာ့ သမီးႏွစ္ဦးလုံးက ပါးစပ္အေဟာင္းသားနဲ႔ မယုံႏိုင္ေအာင္ျဖစ္ေနခဲ့ရတယ္။


“ဘယ္လိုမွ မျဖစ္ႏိုင္ဘူး။ ေဖေဖဟာ မီးသၿဂႋဳဟ္တာ ကို ဘယ္လိုမွ ႏွစ္သက္လိမ့္မယ္ မဟုတ္ဘူး။ သူဟာ ဘိုးဘိုးဘြားဘြား၊ ေဆြမ်ိဳးစဥ္ဆက္ျမႇဳပ္တဲ့ ေျမေနရာမွာ ေမေမ့ေဘးမွာဘဲ ျမဳပ္ႏွံေစခ်င္လိမ့္မွာ၊ မီးသၿဂႋဳဟ္ဖို႔ တစ္ခါမွ ေျပာမသြားပါဘူး”


“မင္းတို႔ သမီးႏွစ္ေယာက္ကို ေျပာမသြားတာက၊ မင္းတို႔ဟာ သူ႔မိန္းမေတြမွ မဟုတ္တာ၊ သူ႔မိန္းမျဖစ္တဲ့ ငါ့ကိုပဲ သူ႔ကိုဘယ္လို သၿဂႋဳဟ္ေစခ်င္လည္း ေျပာသြားတာေပါ့”


သမီးႏွစ္ေယာက္ဟာ ႐ုတ္တရက္အသြင္ေျပာင္းလာေနတဲ့ ႐ိုင္းစိုင္းလြန္းတဲ့ မိေထြးမ အေျပာေၾကာင့္ ရႉးရႉးရွားရွားျဖစ္ေနတယ္။


“ရွင္ ဒီအိမ္မွာ ဒီလို ႐ိုင္းစိုင္းနိမ့္က်တဲ့ အသုံးႏႈန္းေတြနဲ႔ မေျပာပါနဲ႔”


“ဒါ.. ငါ့အိမ္၊ ငါႀကိဳက္သလိုေျပာမယ္”


“ဒါ ရွင့္အိမ္မဟုတ္ဘူး၊ က်မတို႔ ညီအစ္မႏွစ္ေယာက္ရဲ႕အိမ္”


“ဟင္းဟင္း.. မဟုတ္ဘူး၊ ဒီအိမ္ဟာ မင္းတို႔နဲ႔ဘာမွ မပတ္သက္ေတာ့ဘူး။ ငါ့ေယာက္်ားက ငါ့ကို အကုန္ေပးသြားတာကြဲ႕”


“မျဖစ္ႏိုင္ဘူး။ ေဖေဖဟာ က်မတို႔ကို အလြန္ခ်စ္တာ၊ ေနာက္ၿပီးဒီၿခံႀကီးနဲ႔ဒီအိမ္ႀကီးဟာ ေဆြစဥ္မ်ိဳးဆက္ ပိုင္လာတာ”


“မယုံရင္ ေသတမ္းစာ ျပရတာေပါ့၊ ကဲပါေလ… မနက္ျဖန္ကို မင္းတို႔အေဖကို မီးမသၿဂႋဳဟ္ခင္မွာ ျပပါ့မယ္”


“ကဲ… အျခားကိစၥေတြကို ခဏထားပါဦး။ ဒီမီးသၿဂႋဳဟ္တဲ့ ကိစၥကိုေတာ့ ကာယကံရွင္ရဲ႕ သမီးေတြနဲ႔ အရင္တိုင္ပင္သင့္တယ္”


အႀကီးမရဲ႕ အမ်ိဳးသားက ဝင္ေျပာတယ္။


“ဘာပဲျဖစ္ျဖစ္ က်မ စီစဥ္ၿပီးၿပီ။ ကဲ…ကဲ.. ရွင္တို႔ ဒီအခန္းထဲက ထြက္သြားေပးပါ။ က်မေယာက္်ားနဲ႔က်မ ေအးေအးေဆးေဆးေနပါရေစရွင္။ ထြက္သြားၾကပါ”


သမီးႏွစ္ဦးနဲ႔ သမီးအႀကီးရဲ႕ အမ်ိဳးသားတို႔ ေလးတြဲ႕တဲ့ေျခလွမ္းေတြနဲ႔ အိမ္အျပင္ကိုထြက္လာခဲ့တယ္။ အဲဒီမွာ သမီးအငယ္မက ေပါက္ကြဲေတာ့တာပါပဲ။


“ေဖေဖ့ကို သူသတ္တာ…. ဒါေၾကာင့္ မီးသၿဂိဳလ္မွာ.. ဒါမွ ဘာမွ မေပၚေအာင္။ ေဆး႐ုံကေန ေဆးတစ္ခုခုခိုးလာၿပီး၊ ေဖေဖ့ကို ေဆးတိုက္သတ္လိုက္တာ”


“ညီမေလး..ေတာ္ေတာ့၊ မင္း မဟုတ္တာေတြ မေျပာနဲ႔၊ သတ္ေလာက္ေအာင္ေတာ့ လုပ္မယ္မထင္ဘူး”


“ဒီမွာ မမ၊ မမတို႔ သာ မ်က္စိေရွ႕မွာ ျဖစ္ပ်က္ေနတာေတြ ဘာေတြလည္းကို မျမင္ႏိုင္ေအာင္ ကန္းေနတာ၊ ကိုယ့္အေဖ၊ ကိုယ့္အိမ္၊ ကိုယ့္ၿခံေတြကို အပိုင္သိမ္းေနတာကို မသိၾကဘူးလား။ ကိုယ့္အေဖတစ္ေယာက္လုံးကို သတ္ပစ္လိုက္တာကို မျမင္ႏိုင္ေလာက္ေအာင္ျဖစ္ေနၾကတာလား။ မမ ဒီမွာပဲ ဘာမွမလုပ္ဘဲ ေနခဲ့ေတာ့၊ က်မေတာ့ တခုခုလုပ္ရေတာ့မယ္”


ဇာတ္လမ္းကို အတိုခ်ဳပ္ရမယ္ဆိုရင္ေတာ့ သမီးအငယ္မရဲ႕ လုပ္ေဆာင္မႈေၾကာင့္ အဘိုးႀကီးရဲ႕ ႐ုပ္အေလာင္းကို ေသမႈေသခင္းစစ္တဲ့ ဌာနမွာ ဘာေၾကာင့္ေသတယ္ဆိုတာကို စုံစမ္းရန္ ခြဲစိတ္ခြင့္ရလိုက္တယ္။ မိေထြးမကေတာ့ ဟန္မပ်က္႐ုံမက မနက္တိုင္း ဝရံတာကိုထြက္ထြက္ၿပီး သူအပိုင္ရလိုက္တဲ့ ၿခံႀကီးကို ေငးၾကည့္ၿပီး ပီတိေတြျဖာေနတယ္။ ဒီၾကားထဲမွာလည္း အနီးအနားက ဘုရားေက်ာင္းမွာ ဂုဏ္သေရရွိ ေက်ာင္းဒါယိကာမ လည္း လုပ္ေနလိုက္ေသးတယ္။ သူမရဲ႕ အျပင္အဆင္ေတြနဲ႔ ေနထိုင္ေျပာဆိုပုံေတြဟာလည္း အလြန္အဆင့္တန္းရွိေသာ အထက္တန္းလႊာေတြရဲ႕ လမ္းေလွ်ာက္ပုံ၊ စားေသာက္ပုံေတြ ျဖစ္လာေနတယ္။ သူမကို အခုမွ ေတြ႕ႀကဳံသိရွိလာမယ့္ သူေတြအေနနဲ႔ သူမဟာ ကားအိမ္ ကေလးထဲမွာ ေနခဲ့ရသူလို႔ ဘယ္သူမွ ထင္မိမွာ မဟုတ္ဘူး၊ ေဆြစဥ္မ်ိဳးဆက္ အဆင့္ရွိခဲ့တဲ့ ပုံစံမ်ိဳး ေန႔ခ်င္းညခ်င္းေျပာင္းသြားတာ။


ဒီၾကားမွာ မိေထြးမနဲ႔ က်ဴးလြန္ခဲ့ဖူးတဲ့ အဘိုးႀကီးရဲ႕ မိတ္ေဆြဟာ မေနႏိုင္တဲ့အဆုံးေတာ့ သမီးငယ္မကို ရင္ဖြင့္တယ္။ မိေထြးမနဲ႔ က်ဴးလြန္ဖူးေၾကာင္း၊ သူကိုယ္တိုင္လည္း အဘိုးႀကီး အသတ္ခံရတယ္လို႔ ယုံၾကည္ေၾကာင္း၊ အဘိုးႀကီးေသဆုံးတဲ့ ညက သူနဲ႔ျမင္းေစာင္းက ေကာင္ေလးကို မိေထြးမက ညစာဖိတ္ေကြၽးေၾကာင္း၊ အဘိုးႀကီးကို ဆြပ္ျပဳတ္သြားတိုက္မယ္ဆိုၿပီး မီးဖိုေခ်ာင္ထဲကိုဝင္သြားၿပီး ဆြပ္ျပဳတ္ခပ္ေနတာကိုျမင္ေၾကာင္း၊ ခပ္ၿပီးသားဆြပ္ျပဳတ္ပန္းကန္ကို ခ်က္ခ်င္းအေပၚထပ္ကို ယူမသြားဘဲ အိမ္ေနာက္ေဖးက ၾကက္သြန္၊ င႐ုတ္ေလွာင္တဲ့ အခန္းထဲကို ဝင္သြားေၾကာင္း၊ ၿပီးမွ အေပၚထပ္ကို တက္သြားေၾကာင္း၊ သူမ ေအာက္ျပန္ဆင္းလာၿပီး သူတို႔နဲ႔အတူ ညစာဆက္စားေနေၾကာင္း၊ ခဏေနေတာ့ အဘိုးႀကီး ကုတင္ေပၚက ျပဳတ္က်သံအက်ယ္ႀကီးၾကားေၾကာင္း၊ အကုန္ေျပး တက္သြားေတာ့ မိေထြးမက သူနာျပဳျဖစ္ရဲ႕သားနဲ႔ ေယာက္်ားတစ္ေယာက္လုံး အသက္ရႈရပ္တာကို အေရးေပၚအသက္ကယ္တဲ့ နည္းလမ္းေတြကို ဘာမွ မလုပ္ဘဲ ေဘးမွာပဲ ရပ္ၾကည့္ေနေၾကာင္း၊ အိမ္ေနာက္ေဖးက ၾကက္သြန္၊ င႐ုတ္ေလွာင္တဲ့ အခန္းထဲမွာ တခုခုရွိႏိုင္ေၾကာင္း၊ စတာေတြကို ေျပာျပတယ္။


ဒီလိုနဲ႔ သမီးႏွစ္ဦးဟာ ၾကက္သြန္၊ င႐ုတ္ေလွာင္တဲ့ အခန္းထဲကို ဝင္ေမႊေတာ့တာပါပဲ။ အမႀကီးကေတာ့ ညီမအငယ္ကို ဒီမိန္းမ မေကာင္းမွန္းသိေပမယ့္ သည္ေလာက္ ယုတ္မာလိမ့္မွာ မဟုတ္ေၾကာင္း၊ ဒီထဲမွာ ဘာမွ ရွိလိမ့္မွာ မဟုတ္ေၾကာင္း၊ မိေထြးအေပၚမွာ ဒီလို မေကာင္းတဲ့စိတ္ မေမြးဘဲ၊ ရင့္က်က္သင့္ၿပီျဖစ္ေၾကာင္း တတြတ္တြတ္ဆုံးမရင္း ပုလင္းေတြကို ဖယ္ၿပီး ရွာေနေတာ့တယ္။ အဲသည္မွာ ဆီပုလင္းေတြေနာက္မွာ ေမာ္ဖင္းေတြ အထုပ္လိုက္ ေတြ႕ေတာ့တာပါပဲ။


အဲ့သည္အခ်ိန္မွာ မိေထြးက မီးဖိုထဲကို ဝင္လာေတာ့ ညီအစ္မႏွစ္ေယာက္က ဘာမွ မျဖစ္သလို ေနေနလိုက္တယ္။ အမႀကီးကေတာ့ ေဒါသေၾကာင့္ တဆတ္ဆတ္တုန္ေနၿပီ၊ ညီမအငယ္က အစ္မကို ဘာမွမျဖစ္သလိုေနဖို႔ မ်က္ရိပ္ျပလိုက္တယ္။ မိေထြးကေတာ့ သူ႔ကို ေကာင္းေကာင္းမဆက္ဆံရင္ သူပိုင္ဆိုင္သြားတဲ့ ဒီအိမ္ႀကီးေပၚကို ညီအစ္မႏွစ္ေယာက္ကို ဘယ္ေတာ့မွာ လက္ခံလိမ့္ေတာ့မွာ မဟုတ္ဘူးဆိုတာကိုလည္း ၿပဳံးၿပဳံးကေလးနဲ႔ ခ်ိန္းေျခာက္လိုက္ေသးတယ္။


ေနာက္ဆုံးေတာ့ မိေထြးဟာ သူ႔ခင္ပြန္းကို ေမာ္ဖင္းေတြ အလြန္အကြၽံသုံးေစၿပီး အဆုံးစီရင္မႈနဲ႔ တရား႐ုံးကို တက္ရတယ္။ ဒီႏိုင္ငံေတြရဲ႕ ထုံးစံအတိုင္း ျပစ္မႈမထင္ရွားမျခင္း၊ အျပစ္မရွိသူမို႔ အလွပေတြ ခ်ယ္မႈန္းလို႔ အလြန္အဆင့္အတန္းျမင့္မားတဲ့ အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ အိမ္ႀကီးေပၚက ဆင္းစရာ မလိုဘဲ၊ အေႁခြအရံေတြနဲ႔ ပိုေနၿမဲ က်ားေနၿမဲ ေနေနဆဲအခ်ိန္မွာ၊ အေမြဆိုင္ သမီးႏွစ္ေယာက္ကေတာ့ အိမ္ႀကီးနားကို ကပ္ခြင့္ေတာင္ မရေတာ့ပါဘူး။


“သူမ်ားရဲ႕ အိမ္ႀကီးေပၚမွာ သူမ်ားမိသားစုေတြ ဘိုးစဥ္ေဘာင္ဆက္ လက္ဆင့္ကမ္းလာတဲ့ ပစၥည္းအေမြအႏွစ္ေတြ၊ ငါတို႔ မိဘဘိုးဘြားေတြရဲ႕ ဓာတ္ပုံေတြနဲ႔ျပည့္ေနတဲ့ ဒီအိမ္ႀကီးနဲ႔ ၿခံႀကီးေပၚမွာ ခုလို တက္ေနတာကို သဒီ သလား” လို႔ သမီးေတြက ေျပာစဥ္က…

မိေထြးေတာ္ ေျပာလိုက္တဲ့ စကားေလးကို က်မ နားထဲက မထြက္ဘူး။


“မင္းတို႔ တန္ဘိုးမထားတဲ့ အရာေတြကို ငါတန္ဘိုးထားလို႔ ထိုက္တန္သူက ရလိုက္တာပဲ….”

ဇာတ္လမ္းအဆုံးကေတာ့ အဘိုးႀကီးရဲ႕ သမီးေတြက ဒီအမ်ိဳးသမီးကို မီလွ်ံေပါင္းမ်ားစြာ တန္တဲ့ အေမြမႈနဲ႔ တရားစြဲထားတယ္၊ သမီးအငယ္မက အိမ္ေထာင္က်ၿပီး တစ္နယ္တစ္ေက်းကို ေျပာင္းသြားတယ္၊ အဲဒီအမ်ိဳးသမီးဟာ ဘုရားေက်ာင္းမွာ ဂုဏ္သေရရွိေက်ာင္းထိုင္ျဖစ္ေအာင္ေတာင္ ေကာလိပ္ျပန္တက္ေနလိုက္ေသးတယ္ ဆိုတာနဲ႔ အဆုံးသတ္ထားပါတယ္။


♫••·˙˙·••♫ ♫••·˙˙·••♫ ♫••·˙˙·••♫


ဒီလိုအျဖစ္မ်ိဳးေတြလည္း ျမန္မာျပည္တုန္းက ၾကားခဲ့ဖူးပါတယ္။ မ်က္စိနဲ႔လည္း ျမင္ခဲ့ဖူးပါတယ္။ ဒီ႐ုပ္ရွင္ဟာလည္း Somerville မိသားစုရဲ႕ တစ္ကယ့္အျဖစ္ကို အေျခခံၿပီး ႐ိုက္ထားတာျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံ ဗာဂ်ီးနီးယားျပည္နယ္မွာ ၂၀၀၁-၂၀၀၃ ေလာက္တုန္းက အႀကီးအက်ယ္ျဖစ္သြားတဲ့ အျဖစ္တစ္ခုကို ကေနဒါႏိုင္ငံ တိုရန္တိုမွာ ႐ိုက္ကြင္းယူၿပီး window on the hill အမည္နဲ႔ ႐ိုက္ထားတာျဖစ္ပါတယ္။ က်မက ဒီအမ်ိဳးသမီးကိုၾကည့္ၿပီး gold digger ဆိုတဲ့ အသုံးအႏႈန္းကို ေတြးမိလို႔ ျမန္မာလို တိုက္႐ိုက္ျပန္လိုက္တာပါ။ ျမန္မာအေခၚမွာေတာ့ သိုက္တူးသူေပါ့ေနာ္…။ Somerville မိသားစုဟာ ဗာဂ်ီးနီးယားျပည္နယ္မွာ လယ္ဧက ၃၄၅ ဧကပိုင္တယ္၊ ဝါရွင္တန္ဒီစီရဲ႕ အေနာက္ေတာင္ဘက္ရဲ႕ ၇၅မိုင္ရွည္လ်ားတဲ့ လယ္ေျမေတြဟာ ေ႐ႊေရာင္ဆံပင္နဲ႔သူနာျပဳလူသတ္သမားမိေထြးလက္ထဲကို ေရာက္ရွိသြားတဲ့ ရင္နင့္စရာအျဖစ္ပါ။ ေသဆုံးသြားတဲ့ ညမွာပဲ မိန္းမလုပ္သူဟာ ေနာက္ေန႔ခ်က္ျခင္းမီးသၿဂိဳလ္ဖို႔ကို စီစဥ္ေတာ့တာပါပဲ။ ေနာက္ေတာ့ မိသားစုဆရာဝန္ ေသာက္ခြင့္ေပးမထားတဲ့ (prescriptions) ေမာ္ဖင္းနဲ႔ကိုဒီးန္ အလြန္အကြၽံသုံးစြဲထားမႈနဲ႔ ေသဆုံးသြားတာျဖစ္တယ္လို႔ autopsy report အရ သိရပါတယ္။ အျပင္မွာေတာ့ တရားစြဲဆိုမႈေတြ အၿပီးမွာ လယ္ပိုင္ရွင္သူေဌးအဘိုးႀကီးရဲ႕ သမီးေတြ (အျပင္မွာေတာ့ ၃ေယာက္ပါ) ဘိုးဘြားစဥ္ဆက္ပိုင္လာတဲ့ ေျမေတြ၊ လယ္ေတြ၊ ျမင္းေစာင္းေတြ တန္ဘိုးႀကီးလွတဲ့ ျမင္းေတြကို အကုန္ ဆုံးရႈံးသြားပါတယ္။ မိဘလက္ငုပ္လက္ရင္းေတြ တစ္စိမ္းတစ္ရံစာလက္ထဲ အကုန္ပါသြားေတာ့တာပါပဲ၊ အဘိုးႀကီးကို သတ္မႈမွလည္း ထိုမိန္းမဟာ ကြင္းလုံးကြၽတ္ လြတ္သြားပါတယ္။


(ျမင္းဆိုလို႔ က်မ႐ုံးက သူငယ္ခ်င္းျမင္းသမားေတြ=မိန္းကေလးေတြ ေျပာျပခ်က္အရ ျမင္းတစ္ေကာင္ဟာ အမ်ိဳးအစားေပၚ မူတည္ၿပီး ကားတစ္စင္းထက္ (ကားအမ်ိဳးအစားေပၚမူတည္ၿပီး) တန္ဘိုးရွိပါတယ္ဆိုတာ သိရတယ္။ ျမင္းကုန္းနီးတစ္ခုကကို ေဒၚလာတစ္ေသာင္းကေန သုံးေသာင္းတန္အထိ ရွိပါတယ္။ ျမင္းတစ္ေကာင္ဝယ္ၿပီး ၿမိဳ႕ျပင္ျမင္းေစာင္းမွာ ေစာင့္ေရွာက္ခကကို တစ္လကို Cdn$တစ္ေထာင္၊ ေထာင့္ငါးရာေပးရတယ္၊ အဲ့ဒါ.. ေစာင့္ေလွ်ာက္ခပဲ ရွိပါေသးတယ္။ က်မ႐ုံးသြားတက္တယ္ဆိုတာ ထမင္းစားရဖို႔ပါ။ ႐ုံးမွာ အခ်ိဳ႕ေတြ ႐ုံးလာတက္တယ္ဆိုတာ အပ်င္းေျပခ်င္လို႔၊ အိမ္မွာ မေနခ်င္လို႔၊ social interactions လုပ္ဖို႔၊ ႏွစ္ပတ္ကို ကားတစ္စင္းလဲၿပီး၊ တစ္ပတ္မွာ ၂ရက္ေလာက္ အလုပ္လာျပေနတာေတြလည္း ရွိပါတယ္။ အသက္မျပည့္ခင္မို႔ အေမြေတြ ဆက္ခံခြင့္ မရေသးလို႔၊ အဘိုးက အျပင္မွာ အလုပ္မလုပ္ရင္ အေမြမေပးဘူးဆိုလို႔ ေက်ာင္းတက္ရင္း ဟန္ျပလုပ္ေနသူေတြကိုလည္း ႀကဳံခဲ့ဖူးပါတယ္။ ဒါေၾကာင့္ ဒီတိုင္းျပည္ေတြမွာ .. လူလူခ်င္းညီမွ်တယ္၊ တန္းတူတယ္၊ အဆင့္အတန္းမခြဲဘူး၊ အကုန္တူတူပဲ.. လူဟာလူပဲ၊ ဘာမဆိုအကုန္ျဖစ္တယ္၊ သူတို႔ဒိန္ခဲစားလည္း ကိုယ္စားရတယ္၊ သူတို႔ဒီကားစီးလည္း ကိုယ္စီးႏိုင္တာပဲ.. ဆိုတဲ့အေျပာေတြကို က်မ တတ္ႏိုင္သမွ် ေရွာင္ပါတယ္။


ဘာျဖစ္လို႔လည္းဆိုေတာ့ ဒီတိုင္းျပည္ေတြဟာ အဆင့္အတန္းခြဲစရာမလိုေအာင္ကို လူေနမႈအဆင့္ဟာ စနစ္တက်နဲ႔ ခုႏွစ္ဆင့္တိတိကြဲေနၿပီးျဖစ္ေနလို႔ပါပဲ… အဲ့.. ျမင္းေတြအေၾကာင္းေတာ့ ေနာက္မွ ေျပာပါေတာ့မယ္


ဒီ႐ုပ္ရွင္ကို တစ္ခါျပန္ ၾကည့္မိတိုင္း သင္ခဏ္းစာ တစ္ခုစီရတယ္။ ႐ုပ္ရွင္ထဲမွာ သမီးေတြကို မိဘပစၥည္းေတြကို တန္ဘိုးမထားတတ္သူေတြအျဖစ္ မသိမသာ ပုံေဖာ္ထားတယ္။ လူ႔သဘာဝအရ ရွိေနတဲ့အရာေတြကို တန္ဘိုးမထားတတ္ၾကပါဘူး။ ဆုံးရႈံးသြားမွ တမ္းတတတ္ၾကပါတယ္။ မိဘ အေမႊအႏွစ္ေတြပဲျဖစ္ျဖစ္၊ မိဘလက္ငုပ္လက္ရင္း စီးပြားေရးကိုပဲျဖစ္ျဖစ္၊ အထူးသျဖင့္ အဆက္ဆက္ခ်မ္းသာလာတယ္ဆိုရင္ ေတာ္႐ုံက ဂ႐ုမစိုက္ၾကဘူး။ ဒီဘက္ေတြမွာဆိုရင္ မိဘရဲ႕ လက္ငုပ္လက္ရင္း ေအာင္ျမင္ေနတဲ့စီးပြားေရးလုပ္ငန္းတစ္ခုဟာဆိုရင္ အမ်ားဆုံး ဂ်င္နေရးရွင္း သုံးဆက္ထက္(ေယဘူယ်အားျဖင့္) ပို မခံတတ္ၾကဘူးလို႔ ေလ့လာသူေတြက ဆိုပါတယ္။


မိဘေတြႀကိဳးစားထားတဲ့ စီးပြားေရးလုပ္ငန္းကို ႐ိုးအီသြားလို႔ စိတ္မဝင္စားတာေကာ၊ အထင္မႀကီးတာေကာ၊ အျခားအသစ္အဆန္းကို ဖန္တီးခ်င္ၾကတဲ့ လူ႔သဘာဝေတြေၾကာင့္ ျဖစ္တယ္လို႔ ဆိုၾကတယ္။


တစ္ခါတစ္ေလလည္း ငယ္႐ြယ္သူေတြပီပီ.. ဒါေတြ မမက္ဘူးတို႔၊ ကိုယ့္ဟာကိုယ္ရွာမယ္ ဆိုတာတို႔လည္း ျဖစ္တတ္ၾကမွာပါပဲ။ တစ္ကယ္တမ္းက်ေတာ့ ကိုယ္တန္ဘိုး မထားတဲ့ အရာတစ္ခုဟာ ဆုံးရႈံးသြားမွ၊ ျပန္မရႏိုင္ေတာ့မွ တန္ဘိုးေတြ ပို တက္လာတတ္ေတာ့တာပါပဲ။ အနည္းဆုံးေတာ့ မိဘေတြ ႀကိဳးစား မတည္ထားတဲ့ အရာေတြ၊ ရွာေဖြထားတာေတြကို အသိမွတ္ျပဳၿပီး တန္ဘိုးထားသင့္ပါတယ္။

မိဘ ေတြလက္ဆင့္ကမ္းေပးခဲ့တဲ့ (ကိုင္တြယ္လို႔ရတဲ့အရာေတြေကာ၊ ကိုင္တြယ္လို႔ မရတဲ့အဘိုးထိုက္လြန္းတဲ့ ဆုံးမစကားေတြ) ဟာ တန္ဘိုးထားအပ္တဲ့ အရာေတြပါပဲဆိုတာ.. က်မ သင္ခန္းစာ ရမိလို႔ပါ…။

Kommentare


အီးမေးနှင့်လည်း ရယူဖတ်ရှုနိုင်ပါတယ်..

ကျေးဇူးတင်ပါတယ်ရှင်..

© 2023 by အိမ့်ချမ်းမြေ့

bottom of page