top of page

♫••·˙တယ်လီဖုန်း˙·••♫

  • Writer: အိမ့်ချမ်းမြေ့
    အိမ့်ချမ်းမြေ့
  • Aug 30, 2020
  • 8 min read

Updated: Sep 25, 2020

ဘုရားရှင်... သူအခုကို ကျွန်မကို ဖုန်းခေါ်စေပါ။ ဒီဆုတစ်ခုကလွဲပြီး ဘာဆုကိုမှ ကျွန်မ မတောင်းတော့ပါဘူး။ ဘဝမှာ အများကြီးလည်း မလိုချင်ပါဘူး၊ မလိုအပ်ပါဘူး။ ဘုရားရှင်အတွက် ဒီဆုလေးတစ်ခု ကျွန်မကိုပေးလိုက်ဖို့လည်း ခက်ခဲမှာမဟုတ်ဘူးဆိုတာ သိပါတယ်။ အို.. ဘုရား.. သူ ကျွန်မကို ဖုန်းခေါ်စေတော်မူပါ။


ဒီအကြောင်းကို ငါ တွေးမနေဘူးဆိုရင်၊ ဖုန်းဘယ်တော့ မြည်လာမှာလဲဆိုတာကို တွေးမနေဘူးဆိုရင်၊ ဒီဖုန်းက မြည်လာမှာ။ တစ်ခါတလေ ဖြစ်တတ်တယ်၊ သိပ်မျှော်လင့်မထားဘူးဆိုရင် ဖြစ်လာတတ်တယ်။ ငါး.. တစ်ဆယ်.. တစ်ဆယ့်ငါး.. နှစ်ဆယ် ဆိုပြီး ငါးရာအထိရောက်အောင် ရေတွက်ကြည့်လိုက်မယ်။ ငါးရာအထိရောက်ရင်တော့ ဖုန်းလေးက မြည်လာကောင်းပါရဲ့။ ဖြည်းဖြည်းလေးပဲ ရေတွက်ကြည့်ရင်ကောင်းမလား။ ဟုတ်ပြီ။ ငါးရာအထိရောက်အောင် မှတ်နေမယ်။ ဒီကြားထဲ ဖုန်းမြည်လာရင်၊ ဥပမာ သုံးရာလောက်မှာ ဖုန်းမြည်လာမယ်ဆိုရင် ဖုန်းမကိုင်သေးဘူး။ ငါးရာအထိရောက်အောင်ကို မှတ်နေလိုက်ပြီးမှ ဖုန်းကိုင်မယ်။

ငါး.. တစ်ဆယ်.. တစ်ဆယ့်ငါး.. နှစ်ဆယ်.. နှစ်ဆယ့်ငါး.. သုံးဆယ်... သုံးဆယ့်ငါး.. လေးဆယ်.. လေးဆယ့်ငါး.. ငါးဆယ်..


အို.. ဖုန်းရယ်.. မြည်လာပါတော့။

ဖုန်းရယ် မြည်လိုက်ပါတော့နော်။


နာရီကို တစ်ချိန်လုံးဘာလို့ ငါ ကြည့်မိနေတာပါလိမ့်။ တော်ပြီ။ ဒါနောက်ဆုံးအကြိမ်ဘဲ။ ဒီနာရီကိုဘယ်တော့မှာ ငါ မကြည့်တော့ဘူး။ ခုနှစ်နာရီထိုးပြီးလို့ ဆယ်မိနစ်တောင် ရှိသွားပြီ။ သူပြောတော့ ငါးနာရီထိုးရင် ဖုန်းဆက်လိုက်မယ်ဆိုပြီး အခု ခုနှစ်နာရီကျော်နေပြီ။

“ငါးနာရီထိုးရင် ကိုယ်ဖုန်းခေါ်လိုက်မယ်နော်.. ချစ်”

ဟုတ်ပါတယ်။ သူ.. ငါ့ကို ‘ချစ်’ လို့ ခေါ်လိုက်တာ။ ‘ဖုန်းခေါ်လိုက်မယ်’ လို့ ပြောတဲ့အခါရယ် ‘ဒါပဲနော်...’ ဆိုပြီး နှုတ်ဆက်တဲ့အခါတွေမှာ သူကငါ့ကို ‘ချစ်’ လို့ ခေါ်တတ်တာ။



သူက အလုပ်ကလည်း အများသား။ ရုံးထဲမှာလည်း တစ်ချိန်လုံးမှ ရှိမနေနိုင်တာ။ ငါကလည်း သူ့ရုံးကို ဖုန်းဆက်လိုက်မိတယ်။ ဒါပေမဲ့ .. သူ စိတ်တော့ ဆိုးမယ် မထင်ဘူး။

တကယ်ဆို ငါ သူ့ကို ဖုန်းမခေါ်သင့်ဘူး။ မိန်းမတွေဟာ ယောင်္ကျားတွေကို ဘယ်တော့မှ စပြီး ဖုန်းမခေါ်သင့်ဘူး။


အဲသလိုဖုန်းတွေခေါ်နေရင် သူတို့အကြောင်းကို တွေးနေတာ၊ သူတို့ကိုလွမ်းနေတာကို သူတို့သိသွားမှာပေါ့။ အဲဒါဆိုရင် မိန်းမတွေကို ယောင်္ကျားတွေက တန်ဘိုးမထားတော့ဘူး။ ဒါပေမဲ့ သူ့ကို ဖုန်းမဆက်ဖြစ်တာ သုံးရက်တောင် ရှိသွားပြီ။ သူနဲ့စကားမပြောရတာ သုံးရက်တောင် ရှိသွားပြီ။ သူနေကောင်းလား ဘာလားလို့ပဲ မေးချင်တာပါ။ အခြားသူ့မိတ်ဆွေတွေလည်း သူ့ကိုဒီလိုပဲ နေကောင်းလား ဘာလား ဖုန်းဆက်မေးကြသလိုမျိုးပဲလေ။ သူဘယ်လိုမှ စိတ်မရှိလောက်ပါဘူး။ ငါ သူ့ကိုနှောင့်ယှက်တယ်လို့လည်း သူထင်မှာ မဟုတ်ပါဘူး။


‘အနှောင့်အယှက်ဖြစ်သွားလား’လို့ မေးမိတုန်းက ‘ဟင့်အင်း လုံးဝ မဖြစ်ပါဘူး’ လို့တောင် သူဖြေသေးတာပဲ။ နောက်တော့လည်း ဖုန်းပြန်ဆက်မယ်လို့တောင် ဆိုသေးတာ မဟုတ်လား။ သူမဆက်ဘဲနဲ့ ဆက်မယ်လို့တော့ ဘယ်ပြောပါ့မလဲ။ အို… ဘုရားရှင်၊ ဖုန်းမဆက်ဘဲ ဆက်မယ်ဆိုပြီး ပြောတတ်တဲ့ ယောင်္ကျားမျိုးတစ်ယောက် သူ မဖြစ်ပါစေနဲ့ ဘုရား။

သူက ရုံးကနေတောင် ငါ့ကို ‘ချစ်’ လို့ နှစ်ခါ ခေါ်လိုက်သေးတာပဲ။ ဟုတ်တယ်။ အနားမှာ လူတွေအများကြီး ရှိနေတာတောင်မှ ‘ညနေ ငါးနာရီလောက် ဖုန်းခေါ်လိုက်မယ်နော် ချစ်၊ ဒါပဲနော်.. ချစ်’ ဆိုပြီး ‘ချစ်’ လို့ နှစ်ခါကြီးများတောင် ခေါ်လိုက်တာ။


သူ ငါ့ကိုခေါ်တဲ့ ‘ချစ်’ ဆိုတာလေးကိုတော့ ငါပိုင်ဆိုင်တယ်။ တကယ်လို့ သူနဲ့ငါ တစ်သက်လုံး မဆုံကြတော့ဘူးဆိုရင်တောင်မှ အဲဒီ ‘ချစ်’ ဆိုတာလေးကို ငါပိုင်ဆိုင်ခွင့် ရနေဦးမှာ။ ငါ့အတွက် တစ်သက်စာ လုံလောက်နေမှာ။


အို.. တကယ်တော့ သူ့ဆီက ‘ချစ်’ ဆိုတဲ့ စကားလုံးလေးတစ်လုံးဟာ ငါ့အတွက် မလုံလောက်ပါဘူး။ ငါ သူနဲ့နီးစပ်ချင်တယ်။ သူနဲ့ ပေါင်းဆုံချင်တယ်။ ငါ သူ့ကို မခွဲနိုင်ဘူး။ ဟုတ်တယ် သူနဲ့ဆုံချင်ပါသေးတယ် ဘုရား။ ဆုံခွင့်ပေးပါ။ ကျွန်တော်မျိုးမ လိမ်လိမ်မာမာနေပါမယ်။ အခုလည်း ကျွန်တော်မျိုးမဆီကို ဖုန်းဆက်စေတော်မူပါ။ အခုကို ဖုန်းဆက်လာစေပါ ဘုရား။


ဘုရားရှင်.. ကျွန်တော်မျိုးမရဲ့ ဆုတောင်းသံဟာ ဘုရားရှင်အတွက် ရယ်စရာမဖြစ်ပါစေနဲ့။ ဘုရားရှင်ဟာ ကြီးကျယ်မြင့်မြတ်လှပါတယ်။ ကျွန်တော်မျိုးမ တောင်းပန်သံကို ပြက်ရယ်ပြုတော်မမူပါနဲ့။ ကျွန်တော်မျိုးမ ခံစားနေရတာကို ဘုရားရှင် ဘယ်လိုမှ သိနိုင်မှာ မဟုတ်ဘူး၊ နားလည်နိုင်မှာလည်း မဟုတ်ပါဘူး။ ကျွန်တော်မျိုးမ ခံစားနေရပါတယ် ဘုရား။ ဆိုးလိုက်တာ ဘုရား၊ ခံစားလိုက်ရတာ ဘုရား။ ကျွန်တော်မျိုးမကို မကယ်နိုင်တော့ဘူးလား ဘုရား။


အို... ဒီကိစ္စကို ငါ ရပ်တန့်ပစ်ရတော့မယ်။ ဒီလိုဆက်သွားနေလို့ မဖြစ်တော့ဘူး။ ယောင်္ကျားတစ်ယောက်က မိန်းမတစ်ယောက်ကို ဖုန်းခေါ်မယ်လို့ ပြောပြီးတော့ ဖုန်းမခေါ်ဘူးဆိုတာ ကိစ္စတစ်ခုခုဖြစ်နေလို့ ဖြစ်ကောင်းဖြစ်မယ်။ အဲဒါ ဆိုးလှတဲ့ အကြောင်းမှ မဟုတ်ဘဲ။ ဖြစ်တတ်ကြတာပဲ။ ကမ္ဘာကြီးမှာ ဒီထက်ဆိုးဝါးတဲ့ အဖြစ်တွေတောင်ဖြစ်နေတာပဲ။ ဖုန်းလေး မမြည်တာ ဘာအကြောင်းလဲ။

ဟာ.. တစ်လောကလုံး ဘာဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ ဒီဖုန်းက ဘာဖြစ်လို့ မမြည်ရတာလဲ။ ပြောစမ်း... ပြောစမ်း။ နင်က ဘာလို့ မမြည်ရတာလဲ ဖုန်းရဲ့။ ဟင်.. ပြောစမ်းပါ။ တစ်ချက်လေး မြည်လိုက်တော့ ဘာဖြစ်သွားမှာ မို့လို့လဲ။ တောက်.. ငါ ဒီဖုန်းကို ပလပ်ကနေ ဆွဲဖြုတ်ပြီး တစ်စစီဖြစ်အောင် ရိုက်ခွဲပစ်ချင်လာပြီ။


မဟုတ်သေးပါဘူးလေ။ ငါ့စိတ်ကို ငါထိန်းမှပါပဲ။ ဒီအကြောင်းကို မတွေးဘဲ အခြားအကြောင်းတွေ တွေးနေလိုက်မယ်။ ဟုတ်တယ်။ ဒါကို မတွေးတော့ဘူး။ နာရီကိုလည်းဖြုတ်ပြီး ဟိုဘက်ခန်းကို ရွေ့ထားလိုက်မယ်။ အဲဒါမှ နာရီကို တကြည့်ကြည့် ဖြစ်မနေမှာ။ နာရီကြည့်ချင်ရင် အဲဒီဘက်အိပ်ခန်းအထိ သွားကြည့်ရမှာ ဆိုတော့ တော်ရုံနဲ့ သွားဖြစ်တော့မှာ မဟုတ်ဘူး။ ရွေ့ထားလိုက်ပြီး သွားမကြည့်နိုင်ခင် သူဖုန်းခေါ်ရင်လည်း ခေါ်မှာပေါ့။ တကယ်လို့ သူဖုန်းဆက်လာခဲ့ရင် ငါ သူ့ကို ချိုချိုသာသာဆက်ဆံမယ်။ ဒီည မတွေ့နိုင်ဘူးဆိုလာခဲ့ရင်ကော။


“ဟင်.. ဘာဖြစ်လို့လဲ။ ကိစ္စမရှိဘူး ရပါတယ် ကို” လို့ပဲ ပြောလိုက်မယ်။

သူနဲ့စတွေ့ခါစ အချိန်တွေတုန်းကလို ပြန်နေမယ်။ ချိုချိုသာသာပြောမယ်။ အဲဒါဆိုရင် ဟိုတုန်းကလို သူ ငါ့ကို ပြန်ချစ်လာမယ်ထင်တယ်။ မိန်းမတွေဟာ ယောင်္ကျားတစ်ယောက်ယောက်နဲ့ ချစ်သူ မဖြစ်ခင်က သူတို့အပေါ်မှာ ချိုချိုသာသာ ဆက်ဆံဖို့ သိပ်လွယ်ကူတာ ဘာကြောင့်များပါလိမ့်။

သူကတော့ ငါ့ကို အရင်ကလို ချစ်နေသေးတာ သေချာပါတယ်။ ဒီနေ့ ငါ့ကို ‘ချစ်’ လို့ နှစ်ခါတောင် ခေါ်တာပဲ။ အရင်ကလို မချစ်တော့ဘူးဆိုရင်တောင် နည်းနည်းလေးတော့ ချစ်နေဦးမှာပါ။ ဟုတ်တယ်။ နည်းနည်းလေးပဲဖြစ်ဖြစ် ချစ်နေသေးတာ သေချာပါတယ်။

ဘုရားရှင်.. သူ့ကိုဖုန်းဆက်စေတော်မူပါ။ သူသာဖုန်းဆက်လာရင် ကျွန်မဘဝမှာ အရာရာပြည့်စုံပါပြီ။ ဘုရားရှင်ထံမှလည်း ကျွန်တော်မျိုးမ ဘာမှ တောင်းဆိုစရာ မလိုတော့ပါဘူး။ သူ ဖုန်းဆက်လာရင် အရင်ကလိုပဲ ကျွန်မ သူကို ချိုချိုသာသာဆက်ဆံမယ်။ သူကလည်း အရင်ကလိုပဲ ပြန်ချစ်မယ်။ အဲဒီအခါကျရင် အားလုံးပြည့်စုံပြီမို့ ဘုရားရှင်ထံက ကျွန်တော်မျိုးမ ဘာဆုမှ မတောင်းတော့ပါဘူးလို့ ကတိပေးပါတယ်။ ဒါကြောင့် သူ့ကို ကျွန်မဆီကို ဖုန်းဆက်ခိုင်းပေးပါ ဘုရား။ ဘုရားရှင် ကျွန်မကို စိတ်ဆိုးနေလို့လား။


ဟုတ်တယ်။ သူဖုန်းဆက်မလာတာ ဘုရားက ငါ့ကို စိတ်ဆိုးနေလို့ပဲဖြစ်မယ်။ ဘုရားက ငါ့ကို မကူနိုင် မကယ်နိုင်တော့ဘူးလား။ အို မဟုတ်သေးပါဘူး။ လူတွေက သူတို့ဘာသာ သူတို့လုပ်ပြီး ဘုရားကိုပဲ ပုံချတတ်ကြတာပဲ။

‘ငါး.. တစ်ဆယ်.. တစ်ဆယ့်ငါး.. နှစ်ဆယ်.. နှစ်ဆယ့်ငါး.. သုံးဆယ်... သုံးဆယ့်ငါး.. လေးဆယ်.. လေးဆယ့်ငါး... ငါးဆယ်...’


ငါ့အခြေအနေ အတော်ဆိုးနေပြီ။

ငါသိတယ်။ အတော်ကို ဆိုးနေပြီ။ ဘုရား ငါ့ကို ငရဲကိုသာ ပစ်ချလိုက်တာပဲ အေးမယ်။ ဒါပေမဲ့ ဘုရားရဲ့ငရဲက အခုငါခံစားနေရတဲ့ ငရဲထက် ဆိုးနေမှာကိုလည်း ငါသိနေတယ်။

မဖြစ်သင့်ဘူး။ မလုပ်သင့်ဘူး။ သူ နည်းနည်းလေးနောက်ကျနေတာဖြစ်မှာပါ။ ငါ စိတ်တွေ ဒီလောက် ကစဉ့်ကလျား မဖြစ်သင့်ဘူး။ သူ ငါ့ကိုဖုန်းမဆက်တော့ဘဲ ငါ့ဆီတန်းလာနေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ငါငိုနေတာ သူမြင်ရင် သူက တစ်လှည့် ပြန်စိတ်ကောက်ချင်ကောက်မှာ။ ယောင်္ကျားတွေက မိန်းမတွေ ငိုတာကို မကြိုက်တတ်ကြဘူး။ သူလည်း ဘယ်တုန်းကမှ မငိုဘူး။ သူ့ကိုငိုအောင်လုပ်နိုင်တဲ့ မိန်းမ တစ်ခါလောက်တော့ ဖြစ်ချင်တယ်။ ဟုတ်တယ်။ ငါငိုသလို သင်းကို ငိုစေချင်တယ်။ ငါငိုရသလို သင်းမျက်ရည်တွေအိုင်ထွန်းသွားအောင် ငါလုပ်ပစ်ချင်လာပြီ။


သူကတော့ ငါ့ကို ငိုပါစေတော့ရယ်ဆိုပြီး တမင်လုပ်တာတော့ မဟုတ်လောက်ပါဘူးလေ။ ဒါပေမဲ့ သူ့လုပ်ရပ်တွေကြောင့် ငါဘယ်လောက်ခံစားရတယ်ဆိုတာ သူ သိရင်ကောင်းမယ်။ ငါ ဘာမှ မပြောရဘဲ သူအလိုလိုသိရင်ကောင်းမယ်။ ယောင်္ကျားတွေဟာ သူတို့ကြောင့်ငိုရတယ်လို့ ပြောပြရင်လည်း ကြိုက်တာ မဟုတ်ပြန်ဘူး။ သိသွားရင် အဲဒီမိန်းမက သူတို့အပေါ် ကုတ်ကတ်တွယ်တက်နေတယ်ထင်ရင် ထင်နေနိုင်သေးတယ်။ အဲဒါဆိုရင်တော့ သွားပြီ။ ငါ့သိက္ခာတွေတော့ ကုန်ပြီ။ မိန်းမတွေမှာ ရင်ထဲမှာ ရှိတိုင်းပြောတာကိုလည်း သင်းတို့တွေ ကြိုက်ချင်မှ ကြိုက်မှာ။


ဟုတ်တယ်။ မိန်းမတွေဟာ ယောင်္ကျားတွေကို ရင်ထဲရှိတာ ဘွင်းဘွင်းကြီး အကုန်မပြောဘဲ၊ ဟိုလိုလို ဒီလိုလိုလေး လုပ်နေမှ သူတို့က ပိုကြိုက်တတ်တာ။ ရှင်းရှင်းဘွင်းဘွင်းကြီးနဲ့ ရိုးရိုးအအကြီးတွေထက် လှည့်ပတ်လိမ်လည်နေတဲ့ မိန်းမမျိုးတွေ၊ အီလည်လည်လေးတွေနဲ့ ဟိုလိုလို ဒီလိုလို လုပ်ပြနေတဲ့ မိန်းမမျိုးတွေကိုမှ သင်းတို့က ကြိုက်တတ်ကြတာ။ ဒီလိုဟာမမျိုးတွေနဲ့ပဲ သင်းတို့ကလည်း တန်တယ်။

အခုလိုမျိုး ဖုန်းဆက်မယ်ပြောပြီး မဆက်တာမျိုးက သူတို့အတွက် အသေးအမွှားကိစ္စဖြစ်နိုင်ပေမယ့် မိန်းမတွေအတွက်က ရေးကြီးခွင်ကျယ်ကိစ္စဆိုတာကို ရင်ထဲရှိသမျှ ပြောပြီး ရန်တွေ့ပစ်ချင်လိုက်တာ။ ဒါပေမဲ့ မလုပ်သင့်ဘူး၊ မပြောသင့်ဘူး။ ခုနေခါ သူဖုန်းဆက်လာရင် သူ့ကြောင့် အရမ်းဝမ်းနည်းနေခဲ့ရတဲ့ အကြောင်းကို ငါ သူ့ကို လုံးဝ မပြောသင့်ဘူး။ ယောင်္ကျားတွေက တစ်ချိန်လုံး ဝမ်းနည်းနေတတ်တဲ့ မိန်းမတွေကို ဘယ်လိုကြိုက်နိုင်မှာလဲ။ ပျော်ရွှင်တက်ကြွနေတဲ့ မိန်းမတွေကိုပဲ ကြိုက်မှာပေ့ါ။ အခုလည်း သူ ငါ့ဆီလာနေတာပဲ ဖြစ်မယ်။ သူများ တစ်ခုခုဖြစ်နေလား။ အို.. ဘာမှ မဖြစ်နိုင်ပါဘူးလေ။ သူတစ်ခုခုဖြစ်နေတယ်လို့ စိတ်ကူးလို့တောင် မရဘူး။


သူ ကားလမ်းကူးရင်း သေရင်လည်း သေပါစေဟယ်။ ဟုတ်တယ် သေသွားလည်း အေးတယ်။

အို… ဒီလိုစိတ်မျိုး မထားကောင်းပါဘူးလေ။ သူသာ သေသွားရင် သူ့ကိုဘယ်သူမှ မပိုင်ဆိုင်နိုင်တော့ဘဲ ငါလုံးဝ ပိုင်ဆိုင်သွားတာပေါ့။ တစ်မျိုးလည်း ကောင်းတာပဲ။ အခုနေ သူသေသွားရင် အခုအချိန်တွေနဲ့ လွန်ခဲ့တဲ့နှစ်ပတ်လောက်ကတည်းက အဆင်မပြေဖြစ်နေတဲ့ အချိန်တွေကို ငါဘယ်တော့မှ ပြန်မတွေးဘူး။ ချစ်စခင်စကြင်နာစအချိန်တွေကိုပဲ ငါ တစ်သက်လုံး တစိမ့်စိမ့်လေးပဲ တွေးနေတော့မယ်။ ဟုတ်တယ် သူသေပါစေ၊ သူသေသွားပါစေ၊ သူသေသွားပါစေတော့။


ငါရူးနေပြီ။ ဟုတ်တယ် ငါရူးသွားပြီ။ လူတစ်ယောက်က ဖုန်းဆက်မယ်ဆိုပြီး မဆက်တာလေးလောက်နဲ့ အဲဒီလူကို သေစေချင်တဲ့ စိတ်ဆန္ဒဖြစ်လောက်အောင် ဖြစ်နေရတယ်ဆိုကတည်းက ငါရူးသွားတာဖြစ်မယ်။ ဒါနဲ့ နာရီက အချိန်မှ မှန်ရဲ့လား။ နာရီမြန်နေတယ်ထင်တယ်။ သူဘယ်တုန်းကမှ နောက်ကျတဲ့လူတစ်ယောက် မဟုတ်ဘူး။ အကြောင်းတစ်ခုခုကြောင့် နောက်ကျနေတာဖြစ်မှာပေါ့။ ရုံးမှာ ဆက်အလုပ်လုပ်နေပေးရလို့လား။ အိမ်ပြန်သွားတာလား။ အိမ်ကနေများ ဖုန်းခေါ်မလို့လား။ ဖုန်းဆက်မလို့လုပ်နေတုန်း အသိတစ်ယောက်ယောက် ရောက်လာလို့လည်းဖြစ်နိုင်တာပဲ။ သူက လူတွေရှေ့မှာ ငါ့ကိုဖုန်းမဆက်တတ်ဘူး။ ငါ သူ့ဖုန်းကိုစောင့်နေတာကို သူများ စိတ်ပူနေမလား။ သူ စိတ်နည်းနည်းလေးတော့ ပူမှာပါ။ ငါ့ဖုန်းကိုများ သူစောင့်နေမလား။ သူမခေါ်ဖြစ်တာကို ငါ့အနေနဲ့ ခေါ်သင့်သလား။


ဟုတ်တာပဲ။ သူမဆက်လည်း ငါသူ့ကို ဖုန်းဆက်လို့ ရတာပဲ။

ဟင့်အင်း။ ငါမဆက်သင့်ဘူး။ ငါ သူ့ဆီလုံးဝ ဖုန်းမဆက်သင့်ဘူး။ ဘုရားသခင် ကျွန်မသူ့ဆီ ဖုန်းမဆက်ပါရစေနဲ့။ ကျွန်တော်မျိုးမကို သူ့ဆီကို လုံးဝ ဖုန်းမဆက်ပါစေနဲ့။ ကျွန်မကို ဖုန်းဆီကို သွားခြင်းမှ ကာကွယ်ပါ၊ တားဆီးတော်မူပါ။ သူသာ ငါ့ကို တကယ် စိတ်ပူတယ်ဆိုရင် ဘယ်နေရာပဲ ရောက်ရောက် ဘယ်သူတွေနဲ့ပဲ ရှိနေရှိနေ ဖုန်းဆက်မှာပေါ့။ ဟုတ်တယ်။ ငါ သူ့ဆီ လုံးဝ ဖုန်းမဆက်ဘူး။ ငါဘယ်တော့မှ ဖုန်းမဆက်တော့ဘူး။ ငါ အသက်ရှင်နေသ၍ ဒီလူဆီကို ဘယ်တော့မှ ဖုန်းမဆက်တော့ဘူး။ ဘုရားရှင် ကျွန်မကို ခွန်အားသတ္တိပေးစရာ မလိုတော့ပါဘူး။ ကျွန်မမှာ ခွန်အားသတ္တိတွေရှိပါတယ်။ မလိုဘူး။ သူ ငါ့ကို တကယ်ချစ်တယ် ပိုင်ဆိုင်ချင်တယ်ဆိုရင် သူ ငါ့ကို ရယူပိုင်ဆိုင်လို့ရအောင် လုပ်မှာပေါ့။ ငါ ဘယ်မှာနေလဲဆိုတာလည်း သူသိနေတာပဲ။ ဒီနေရာကနေ သူ့ကိုစောင့်နေတယ်ဆိုတာလည်း သူသိနေတာပဲ။


သူသိတယ်။ သူသိနေတယ်။ ဟုတ်တယ်။ ငါ သူ့ကို မျှော်လင့်စောင့်စားနေတယ်ဆိုတာ သူသိနေတယ်။ အဲသလိုသိနေတယ်ဆိုကတည်းက ငါ သွားပြီပေါ့။ ဘယ်လိုလုပ် ဒီယောင်္ကျားက ငါ့ကို တန်ဘိုးထားတော့မလဲ။


ဒါပေမဲ့ သူ့ကိုဖုန်းဆက်လိုက်ရရင် ငါ အားလုံးအဆင်ပြေသွားလိမ့်မယ်။ အနည်းဆုံး တော့ သူဘာဖြစ်နေလဲဆိုတာတော့ သိနိုင်တယ်။ သူ့ဆီဖုန်းဆက်လိုက်တာဟာ အမှားတစ်ခု ကျူးလွန်လိုက်တာမှ မဟုတ်ဘဲ။ သူကတောင် သဘောကျချင် ကျနေမှာ။ သူငါ့ကို ဖုန်းဆက်နေတာ ဒီဘက်က ဖုန်းမမြည်တာလည်း ဖြစ်ချင်ဖြစ်နေနိုင်တယ်။ ဟုတ်တယ်။ တစ်ခါတလေဖြစ်တတ်တယ်။ ဟိုဘက်က ဖုန်းတွေ တောက်လျှောက်ခေါ်နေပေမယ့် ဒီဘက်မှာက ဖုန်းတစ်ခုခုဖြစ်နေပြီး အသံမမြည်တာမျိူး။ ဒီလိုတွေ တွေးနေတာဟာ ငါ့ကိုယ်ငါ ဆင်ခြေပေးနေတာမျိုး မဟုတ်ပါဘူး။ တကယ်ဖြစ်တတ်တာမျိုးတွေကို ငါ တွေးနေတာပါ။


အို ဘုရားရှင်။ ကျွန်မကို ဖုန်းအနားကို မသွားပါစေနဲ့။ ကျွန်တော်မျိုးမကို မာနတရားပေးသနားတော်မူပါ။ ကျွန်တော်မျိုးမမှာ မာနတရား ဆိုတဲ့အရာ အထူးပဲ လိုအပ်နေပါတယ်။ ပေးသနားတော်မူပါ။

အို မာနတရားဆိုတာလည်း မထားသင့်တဲ့ အရာပါလေ။ သူနဲ့စကားမပြောရရင် မနေနိုင်ဖြစ်နေရတဲ့ ငါ့ဘဝမှာ မာနတရားဆိုတာ ဘာအရေးကြီးဦးမှာလဲ။ မာနတရားဆိုတာဟာလည်း တကယ်တော့ ရူးပေါပေါ အရာတစ်ခုပါ။ စစ်မှန်တဲ့ မာနတရားဆိုတာ တကယ်တော့ မာနကို ချနိုင်တဲ့ စိတ်ဓာတ်ကမှ စစ်မှန်တဲ့ မာနတရား။ ဒါဟာ သူ့ကိုဖုန်းခေါ်ချင်လို့ ငါ့ကိုယ်ငါလှည့်စားနေတဲ့ အတွေးတွေ မဟုတ်ဘူး။ တကယ်တော့ စစ်မှန်တဲ့ မာနတရားဆိုတာ မာနလုံးဝမရှိတဲ့၊ မြင့်မြတ်တဲ့ စိတ်ထားဆိုတာကို ငါ သိနေတာပဲ။ ဟုတ်တယ်။ ငါသိနေတယ်။ ငါဟာ ချစ်သူအပေါ်မှာ မာနထားလိုက်မယ်ဆိုတဲ့ သေးသိမ်တဲ့စိတ်မျိုး ရှိမယ့် မိန်းမတစ်ယောက် မဟုတ်ဘူး။


ဘာပဲဖြစ်ဖြစ်ပါ ဘုရားရယ်။ ကျွန်တော်မျိုးမကိုတော့ ဒီဖုန်းကနေ အဝေးကြီးမှာ ထားပေးတော်မူပါ။

ဘာမဟုတ်တဲ့ မာနတွေနဲ့ ငါ့ကိုယ်ငါ စိတ်ညစ်အောင် ငါ လုပ်နေမိတာပဲ။ ငါးနာရီမှာ သူခေါ်မယ်လို့ ပြောတာ မဟုတ်ဘဲ၊ ငါးနာရီမှာ ပြန်ခေါ်ပါလို့ ပြောလိုက်တာများလား၊ အဲလိုပြောလိုက်တာကို ငါ နားကြားလည်း လွဲတာများလား။ အို.... သူအဲလိုပြောတာ မဟုတ်ပါဘူး။ ငါးနာရီမှာ ဖုန်းခေါ်လိုက်မယ်လို့ ပြောတာ။

ငါ ဘာတွေတွေးနေမိတာပါလိမ့်။


တော်ပြီ။ ဒီအကြောင်း လုံးဝ မတွေးတော့ဘူး။ အခြားအကြောင်းတွေပဲ တွေးတော့မယ်။ တစ်နေရာရာမှာ ငြိမ်ငြိမ်လေးထိုင်နေပြီး စာအုပ်တစ်အုပ်ပဲ ဖတ်နေတော့မယ်။ ရှိသမျှစာအုပ်တွေကလည်း ချစ်သူနှစ်ဦး တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ချစ်၊ ဘယ်လောက်သစ္စာရှိတယ်ဆိုတဲ့ အကြောင်းတွေချည်းပဲ။ ဝတ္ထုတွေကလည်း တစ်ခါလာလည်း ဒါတွေချည်းပဲ။


စာရေးဆရာတွေကလည်း ဘာဖြစ်လို့ ဒီအချစ်အကြောင်းတွေပဲ တစ်ချိန်လုံး ရေးနေတာလဲ မသိဘူး။ အချစ်စစ်အချစ်မှန်ဆိုတာ ဇာတ်လမ်းတွေထဲမှာပဲ ရှိတယ်ဆိုတာလည်း သူတို့ သိရဲ့သားနဲ့။ ချစ်သူနှစ်ဦး တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ချစ်၊ ဘယ်လောက်သစ္စာရှိတယ်ဆိုတဲ့ အကြောင်းတွေကိုရေးနေတာ သူတို့လိမ်နေညာနေတာ။ အလကား စာရေးဆရာတွေ။ အားအားရှိ အချစ်အကြောင်းပဲ ရေးနေကြတာပဲ။ ဟုတ်တာလည်း မဟုတ်ဘူး။

တော်ပြီ။ အေးအေးဆေးဆေး တည်တည်တံ့တံ့ပဲ နေတော့မယ်။ သူ့ဟာသူ ဖုန်းဆက်ဆက်၊ မဆက်ဆက်။ ငါ့အနေနဲ့က ဘာမှ စိတ်လှုပ်ရှားစရာ အကြောင်းမှ မရှိတာ။ သူ့နေရာမှာ အခြား သူငယ်ချင်းတစ်ယောက်ယောက်၊ ဒါမှမဟုတ် မိန်းကလေးတစ်ယောက်ယောက်ဆိုရင် ဖုန်းကိုကောက်လှည့်လိုက်ပြီး “ဟဲ့..... ဖုန်းဆက်မယ်ဆိုပြီး မဆက်ဘူး။ တစ်ခုခုများဖြစ်နေသလားလို့ ငါ့မှာ စိတ်ပူလိုက်ရတာ” လို့ လှမ်းပြောလိုက်ရုံပဲ။ ခုလိုတွေ တောင်တွေးမြောက်တွေး တွေးနေမိမှာ မဟုတ်ဘူး။ တယ်လီဖုန်းလေး တစ်ချက်ကောက်နှိပ်လိုက်ရုံပဲ။


ဟုတ်တယ်လေ။ အခြားသူငယ်ချင်းတစ်ယောက်ယောက်ကို ဖုန်းခေါ်သလို ခေါ်လိုက်ပြီး ပေါ့ပေါ့ပါးပါးလေး မေးလိုက်ရုံပဲ။ ခုလိုတွေဖြစ်နေရတာ ငါ သူ့ကို ချစ်နေလို့ပေါ့။ ဟုတ်တယ်၊ သင်းကို ချစ်နေလို့ ဖြစ်နေရတာ။ အို …. ဘုရား၊ ကျွန်မကို ဖုန်းအနားကို လုံးဝ မသွားပါစေနဲ့ ဘုရား၊ တားမြစ်တော်မူပါ။ ဟုတ်တယ်။ ဖုန်းမခေါ်နဲ့။ ဖုန်းမခေါ်ရဘူး။ အဲဒီလူကို နင်လုံးဝ ဖုန်းမခေါ်ရဘူး။

ဘုရားသခင် တကယ်ကိုပဲ ကျွန်မကို သူဖုန်းဆက်လာအောင် မလုပ်ပေးတော့ဘူးလား။ ကျွန်တော်မျိုးမကို မကူညီတော့ဘူးဆိုတာ သေချာသွားပြီပေါ့။ အခုချက်ချင်း သူဖုန်းမခေါ်နိုင်ရင်တောင် ခဏလေးနေရင်တော့ သူ ဖုန်းခေါ်လာပါစေ။ ငါး.. တစ်ဆယ်.. တစ်ဆယ့်ငါး.. နှစ်ဆယ် ဆိုပြီး ငါးရာအထိရောက်အောင် ရေတွက်ကြည့်လိုက်မယ်။ ငါးရာအထိရောက်လို့ သူဖုန်းဆက်မလာရင်တော့ ငါ သူ့ကို ဆက်လိုက်တော့မယ်။ ဘုရားရှင်... ငါးရာမပြည့်ခင်တော့ သူဖုန်းဆက်လာပါစေ။

ငါး.. တစ်ဆယ်.. တစ်ဆယ့်ငါး.. နှစ်ဆယ်.. နှစ်ဆယ့်ငါး.. သုံးဆယ်... သုံးဆယ့်ငါး.. ..


အိမ့်ချမ်းမြေ့

Dorothy Parker ၏ A Telephone Call ကို ပြန်ဆိုပါသည်။

လယ်တောထဲက မိန်းကလေး စာစုများ



♫••·˙တယ္လီဖုန္း˙·••♫


ဘုရားရွင္... သူအခုကို ကြၽန္မကို ဖုန္းေခၚေစပါ။ ဒီဆုတစ္ခုကလြဲၿပီး ဘာဆုကိုမွ ကြၽန္မ မေတာင္းေတာ့ပါဘူး။ ဘဝမွာ အမ်ားႀကီးလည္း မလိုခ်င္ပါဘူး၊ မလိုအပ္ပါဘူး။ ဘုရားရွင္အတြက္ ဒီဆုေလးတစ္ခု ကြၽန္မကိုေပးလိုက္ဖို႔လည္း ခက္ခဲမွာမဟုတ္ဘူးဆိုတာ သိပါတယ္။ အို.. ဘုရား.. သူ ကြၽန္မကို ဖုန္းေခၚေစေတာ္မူပါ။


ဒီအေၾကာင္းကို ငါ ေတြးမေနဘူးဆိုရင္၊ ဖုန္းဘယ္ေတာ့ ျမည္လာမွာလဲဆိုတာကို ေတြးမေနဘူးဆိုရင္၊ ဒီဖုန္းက ျမည္လာမွာ။ တစ္ခါတေလ ျဖစ္တတ္တယ္၊ သိပ္ေမွ်ာ္လင့္မထားဘူးဆိုရင္ ျဖစ္လာတတ္တယ္။ ငါး.. တစ္ဆယ္.. တစ္ဆယ့္ငါး.. ႏွစ္ဆယ္ ဆိုၿပီး ငါးရာအထိေရာက္ေအာင္ ေရတြက္ၾကည့္လိုက္မယ္။ ငါးရာအထိေရာက္ရင္ေတာ့ ဖုန္းေလးက ျမည္လာေကာင္းပါရဲ႕။ ျဖည္းျဖည္းေလးပဲ ေရတြက္ၾကည့္ရင္ေကာင္းမလား။ ဟုတ္ၿပီ။ ငါးရာအထိေရာက္ေအာင္ မွတ္ေနမယ္။ ဒီၾကားထဲ ဖုန္းျမည္လာရင္၊ ဥပမာ သုံးရာေလာက္မွာ ဖုန္းျမည္လာမယ္ဆိုရင္ ဖုန္းမကိုင္ေသးဘူး။ ငါးရာအထိေရာက္ေအာင္ကို မွတ္ေနလိုက္ၿပီးမွ ဖုန္းကိုင္မယ္။

ငါး.. တစ္ဆယ္.. တစ္ဆယ့္ငါး.. ႏွစ္ဆယ္.. ႏွစ္ဆယ့္ငါး.. သုံးဆယ္... သုံးဆယ့္ငါး.. ေလးဆယ္.. ေလးဆယ့္ငါး.. ငါးဆယ္..


အို.. ဖုန္းရယ္.. ျမည္လာပါေတာ့။

ဖုန္းရယ္ ျမည္လိုက္ပါေတာ့ေနာ္။


နာရီကို တစ္ခ်ိန္လုံးဘာလို႔ ငါ ၾကည့္မိေနတာပါလိမ့္။ ေတာ္ၿပီ။ ဒါေနာက္ဆုံးအႀကိမ္ဘဲ။ ဒီနာရီကိုဘယ္ေတာ့မွာ ငါ မၾကည့္ေတာ့ဘူး။ ခုႏွစ္နာရီထိုးၿပီးလို႔ ဆယ္မိနစ္ေတာင္ ရွိသြားၿပီ။ သူေျပာေတာ့ ငါးနာရီထိုးရင္ ဖုန္းဆက္လိုက္မယ္ဆိုၿပီး အခု ခုႏွစ္နာရီေက်ာ္ေနၿပီ။

“ငါးနာရီထိုးရင္ ကိုယ္ဖုန္းေခၚလိုက္မယ္ေနာ္.. ခ်စ္”

ဟုတ္ပါတယ္။ သူ.. ငါ့ကို ‘ခ်စ္’ လို႔ ေခၚလိုက္တာ။ ‘ဖုန္းေခၚလိုက္မယ္’ လို႔ ေျပာတဲ့အခါရယ္ ‘ဒါပဲေနာ္...’ ဆိုၿပီး ႏႈတ္ဆက္တဲ့အခါေတြမွာ သူကငါ့ကို ‘ခ်စ္’ လို႔ ေခၚတတ္တာ။



သူက အလုပ္ကလည္း အမ်ားသား။ ႐ုံးထဲမွာလည္း တစ္ခ်ိန္လုံးမွ ရွိမေနႏိုင္တာ။ ငါကလည္း သူ႔႐ုံးကို ဖုန္းဆက္လိုက္မိတယ္။ ဒါေပမဲ့ .. သူ စိတ္ေတာ့ ဆိုးမယ္ မထင္ဘူး။

တကယ္ဆို ငါ သူ႔ကို ဖုန္းမေခၚသင့္ဘူး။ မိန္းမေတြဟာ ေယာက်ၤားေတြကို ဘယ္ေတာ့မွ စၿပီး ဖုန္းမေခၚသင့္ဘူး။


အဲသလိုဖုန္းေတြေခၚေနရင္ သူတို႔အေၾကာင္းကို ေတြးေနတာ၊ သူတို႔ကိုလြမ္းေနတာကို သူတို႔သိသြားမွာေပါ့။ အဲဒါဆိုရင္ မိန္းမေတြကို ေယာက်ၤားေတြက တန္ဘိုးမထားေတာ့ဘူး။ ဒါေပမဲ့ သူ႔ကို ဖုန္းမဆက္ျဖစ္တာ သုံးရက္ေတာင္ ရွိသြားၿပီ။ သူနဲ႔စကားမေျပာရတာ သုံးရက္ေတာင္ ရွိသြားၿပီ။ သူေနေကာင္းလား ဘာလားလို႔ပဲ ေမးခ်င္တာပါ။ အျခားသူ႔မိတ္ေဆြေတြလည္း သူ႔ကိုဒီလိုပဲ ေနေကာင္းလား ဘာလား ဖုန္းဆက္ေမးၾကသလိုမ်ိဳးပဲေလ။ သူဘယ္လိုမွ စိတ္မရွိေလာက္ပါဘူး။ ငါ သူ႔ကိုေႏွာင့္ယွက္တယ္လို႔လည္း သူထင္မွာ မဟုတ္ပါဘူး။


‘အေႏွာင့္အယွက္ျဖစ္သြားလား’လို႔ ေမးမိတုန္းက ‘ဟင့္အင္း လုံးဝ မျဖစ္ပါဘူး’ လို႔ေတာင္ သူေျဖေသးတာပဲ။ ေနာက္ေတာ့လည္း ဖုန္းျပန္ဆက္မယ္လို႔ေတာင္ ဆိုေသးတာ မဟုတ္လား။ သူမဆက္ဘဲနဲ႔ ဆက္မယ္လို႔ေတာ့ ဘယ္ေျပာပါ့မလဲ။ အို… ဘုရားရွင္၊ ဖုန္းမဆက္ဘဲ ဆက္မယ္ဆိုၿပီး ေျပာတတ္တဲ့ ေယာက်ၤားမ်ိဳးတစ္ေယာက္ သူ မျဖစ္ပါေစနဲ႔ ဘုရား။

သူက ႐ုံးကေနေတာင္ ငါ့ကို ‘ခ်စ္’ လို႔ ႏွစ္ခါ ေခၚလိုက္ေသးတာပဲ။ ဟုတ္တယ္။ အနားမွာ လူေတြအမ်ားႀကီး ရွိေနတာေတာင္မွ ‘ညေန ငါးနာရီေလာက္ ဖုန္းေခၚလိုက္မယ္ေနာ္ ခ်စ္၊ ဒါပဲေနာ္.. ခ်စ္’ ဆိုၿပီး ‘ခ်စ္’ လို႔ ႏွစ္ခါႀကီးမ်ားေတာင္ ေခၚလိုက္တာ။


သူ ငါ့ကိုေခၚတဲ့ ‘ခ်စ္’ ဆိုတာေလးကိုေတာ့ ငါပိုင္ဆိုင္တယ္။ တကယ္လို႔ သူနဲ႔ငါ တစ္သက္လုံး မဆုံၾကေတာ့ဘူးဆိုရင္ေတာင္မွ အဲဒီ ‘ခ်စ္’ ဆိုတာေလးကို ငါပိုင္ဆိုင္ခြင့္ ရေနဦးမွာ။ ငါ့အတြက္ တစ္သက္စာ လုံေလာက္ေနမွာ။


အို.. တကယ္ေတာ့ သူ႔ဆီက ‘ခ်စ္’ ဆိုတဲ့ စကားလုံးေလးတစ္လုံးဟာ ငါ့အတြက္ မလုံေလာက္ပါဘူး။ ငါ သူနဲ႔နီးစပ္ခ်င္တယ္။ သူနဲ႔ ေပါင္းဆုံခ်င္တယ္။ ငါ သူ႔ကို မခြဲႏိုင္ဘူး။ ဟုတ္တယ္ သူနဲ႔ဆုံခ်င္ပါေသးတယ္ ဘုရား။ ဆုံခြင့္ေပးပါ။ ကြၽန္ေတာ္မ်ိဳးမ လိမ္လိမ္မာမာေနပါမယ္။ အခုလည္း ကြၽန္ေတာ္မ်ိဳးမဆီကို ဖုန္းဆက္ေစေတာ္မူပါ။ အခုကို ဖုန္းဆက္လာေစပါ ဘုရား။


ဘုရားရွင္.. ကြၽန္ေတာ္မ်ိဳးမရဲ႕ ဆုေတာင္းသံဟာ ဘုရားရွင္အတြက္ ရယ္စရာမျဖစ္ပါေစနဲ႔။ ဘုရားရွင္ဟာ ႀကီးက်ယ္ျမင့္ျမတ္လွပါတယ္။ ကြၽန္ေတာ္မ်ိဳးမ ေတာင္းပန္သံကို ျပက္ရယ္ျပဳေတာ္မမူပါနဲ႔။ ကြၽန္ေတာ္မ်ိဳးမ ခံစားေနရတာကို ဘုရားရွင္ ဘယ္လိုမွ သိႏိုင္မွာ မဟုတ္ဘူး၊ နားလည္ႏိုင္မွာလည္း မဟုတ္ပါဘူး။ ကြၽန္ေတာ္မ်ိဳးမ ခံစားေနရပါတယ္ ဘုရား။ ဆိုးလိုက္တာ ဘုရား၊ ခံစားလိုက္ရတာ ဘုရား။ ကြၽန္ေတာ္မ်ိဳးမကို မကယ္ႏိုင္ေတာ့ဘူးလား ဘုရား။


အို... ဒီကိစၥကို ငါ ရပ္တန႔္ပစ္ရေတာ့မယ္။ ဒီလိုဆက္သြားေနလို႔ မျဖစ္ေတာ့ဘူး။ ေယာက်ၤားတစ္ေယာက္က မိန္းမတစ္ေယာက္ကို ဖုန္းေခၚမယ္လို႔ ေျပာၿပီးေတာ့ ဖုန္းမေခၚဘူးဆိုတာ ကိစၥတစ္ခုခုျဖစ္ေနလို႔ ျဖစ္ေကာင္းျဖစ္မယ္။ အဲဒါ ဆိုးလွတဲ့ အေၾကာင္းမွ မဟုတ္ဘဲ။ ျဖစ္တတ္ၾကတာပဲ။ ကမာၻႀကီးမွာ ဒီထက္ဆိုးဝါးတဲ့ အျဖစ္ေတြေတာင္ျဖစ္ေနတာပဲ။ ဖုန္းေလး မျမည္တာ ဘာအေၾကာင္းလဲ။

ဟာ.. တစ္ေလာကလုံး ဘာျဖစ္ျဖစ္ ငါ ဂ႐ုမစိုက္ဘူး။ ဒီဖုန္းက ဘာျဖစ္လို႔ မျမည္ရတာလဲ။ ေျပာစမ္း... ေျပာစမ္း။ နင္က ဘာလို႔ မျမည္ရတာလဲ ဖုန္းရဲ႕။ ဟင္.. ေျပာစမ္းပါ။ တစ္ခ်က္ေလး ျမည္လိုက္ေတာ့ ဘာျဖစ္သြားမွာ မို႔လို႔လဲ။ ေတာက္.. ငါ ဒီဖုန္းကို ပလပ္ကေန ဆြဲျဖဳတ္ၿပီး တစ္စစီျဖစ္ေအာင္ ႐ိုက္ခြဲပစ္ခ်င္လာၿပီ။


မဟုတ္ေသးပါဘူးေလ။ ငါ့စိတ္ကို ငါထိန္းမွပါပဲ။ ဒီအေၾကာင္းကို မေတြးဘဲ အျခားအေၾကာင္းေတြ ေတြးေနလိုက္မယ္။ ဟုတ္တယ္။ ဒါကို မေတြးေတာ့ဘူး။ နာရီကိုလည္းျဖဳတ္ၿပီး ဟိုဘက္ခန္းကို ေ႐ြ႕ထားလိုက္မယ္။ အဲဒါမွ နာရီကို တၾကည့္ၾကည့္ ျဖစ္မေနမွာ။ နာရီၾကည့္ခ်င္ရင္ အဲဒီဘက္အိပ္ခန္းအထိ သြားၾကည့္ရမွာ ဆိုေတာ့ ေတာ္႐ုံနဲ႔ သြားျဖစ္ေတာ့မွာ မဟုတ္ဘူး။ ေ႐ြ႕ထားလိုက္ၿပီး သြားမၾကည့္ႏိုင္ခင္ သူဖုန္းေခၚရင္လည္း ေခၚမွာေပါ့။ တကယ္လို႔ သူဖုန္းဆက္လာခဲ့ရင္ ငါ သူ႔ကို ခ်ိဳခ်ိဳသာသာဆက္ဆံမယ္။ ဒီည မေတြ႕ႏိုင္ဘူးဆိုလာခဲ့ရင္ေကာ။


“ဟင္.. ဘာျဖစ္လို႔လဲ။ ကိစၥမရွိဘူး ရပါတယ္ ကို” လို႔ပဲ ေျပာလိုက္မယ္။

သူနဲ႔စေတြ႕ခါစ အခ်ိန္ေတြတုန္းကလို ျပန္ေနမယ္။ ခ်ိဳခ်ိဳသာသာေျပာမယ္။ အဲဒါဆိုရင္ ဟိုတုန္းကလို သူ ငါ့ကို ျပန္ခ်စ္လာမယ္ထင္တယ္။ မိန္းမေတြဟာ ေယာက်ၤားတစ္ေယာက္ေယာက္နဲ႔ ခ်စ္သူ မျဖစ္ခင္က သူတို႔အေပၚမွာ ခ်ိဳခ်ိဳသာသာ ဆက္ဆံဖို႔ သိပ္လြယ္ကူတာ ဘာေၾကာင့္မ်ားပါလိမ့္။

သူကေတာ့ ငါ့ကို အရင္ကလို ခ်စ္ေနေသးတာ ေသခ်ာပါတယ္။ ဒီေန႔ ငါ့ကို ‘ခ်စ္’ လို႔ ႏွစ္ခါေတာင္ ေခၚတာပဲ။ အရင္ကလို မခ်စ္ေတာ့ဘူးဆိုရင္ေတာင္ နည္းနည္းေလးေတာ့ ခ်စ္ေနဦးမွာပါ။ ဟုတ္တယ္။ နည္းနည္းေလးပဲျဖစ္ျဖစ္ ခ်စ္ေနေသးတာ ေသခ်ာပါတယ္။

ဘုရားရွင္.. သူ႔ကိုဖုန္းဆက္ေစေတာ္မူပါ။ သူသာဖုန္းဆက္လာရင္ ကြၽန္မဘဝမွာ အရာရာျပည့္စုံပါၿပီ။ ဘုရားရွင္ထံမွလည္း ကြၽန္ေတာ္မ်ိဳးမ ဘာမွ ေတာင္းဆိုစရာ မလိုေတာ့ပါဘူး။ သူ ဖုန္းဆက္လာရင္ အရင္ကလိုပဲ ကြၽန္မ သူကို ခ်ိဳခ်ိဳသာသာဆက္ဆံမယ္။ သူကလည္း အရင္ကလိုပဲ ျပန္ခ်စ္မယ္။ အဲဒီအခါက်ရင္ အားလုံးျပည့္စုံၿပီမို႔ ဘုရားရွင္ထံက ကြၽန္ေတာ္မ်ိဳးမ ဘာဆုမွ မေတာင္းေတာ့ပါဘူးလို႔ ကတိေပးပါတယ္။ ဒါေၾကာင့္ သူ႔ကို ကြၽန္မဆီကို ဖုန္းဆက္ခိုင္းေပးပါ ဘုရား။ ဘုရားရွင္ ကြၽန္မကို စိတ္ဆိုးေနလို႔လား။


ဟုတ္တယ္။ သူဖုန္းဆက္မလာတာ ဘုရားက ငါ့ကို စိတ္ဆိုးေနလို႔ပဲျဖစ္မယ္။ ဘုရားက ငါ့ကို မကူႏိုင္ မကယ္ႏိုင္ေတာ့ဘူးလား။ အို မဟုတ္ေသးပါဘူး။ လူေတြက သူတို႔ဘာသာ သူတို႔လုပ္ၿပီး ဘုရားကိုပဲ ပုံခ်တတ္ၾကတာပဲ။

‘ငါး.. တစ္ဆယ္.. တစ္ဆယ့္ငါး.. ႏွစ္ဆယ္.. ႏွစ္ဆယ့္ငါး.. သုံးဆယ္... သုံးဆယ့္ငါး.. ေလးဆယ္.. ေလးဆယ့္ငါး... ငါးဆယ္...’


ငါ့အေျခအေန အေတာ္ဆိုးေနၿပီ။

ငါသိတယ္။ အေတာ္ကို ဆိုးေနၿပီ။ ဘုရား ငါ့ကို ငရဲကိုသာ ပစ္ခ်လိုက္တာပဲ ေအးမယ္။ ဒါေပမဲ့ ဘုရားရဲ႕ငရဲက အခုငါခံစားေနရတဲ့ ငရဲထက္ ဆိုးေနမွာကိုလည္း ငါသိေနတယ္။

မျဖစ္သင့္ဘူး။ မလုပ္သင့္ဘူး။ သူ နည္းနည္းေလးေနာက္က်ေနတာျဖစ္မွာပါ။ ငါ စိတ္ေတြ ဒီေလာက္ ကစဥ့္ကလ်ား မျဖစ္သင့္ဘူး။ သူ ငါ့ကိုဖုန္းမဆက္ေတာ့ဘဲ ငါ့ဆီတန္းလာေနတာလည္း ျဖစ္ခ်င္ျဖစ္မွာေပါ့။ ငါငိုေနတာ သူျမင္ရင္ သူက တစ္လွည့္ ျပန္စိတ္ေကာက္ခ်င္ေကာက္မွာ။ ေယာက်ၤားေတြက မိန္းမေတြ ငိုတာကို မႀကိဳက္တတ္ၾကဘူး။ သူလည္း ဘယ္တုန္းကမွ မငိုဘူး။ သူ႔ကိုငိုေအာင္လုပ္ႏိုင္တဲ့ မိန္းမ တစ္ခါေလာက္ေတာ့ ျဖစ္ခ်င္တယ္။ ဟုတ္တယ္။ ငါငိုသလို သင္းကို ငိုေစခ်င္တယ္။ ငါငိုရသလို သင္းမ်က္ရည္ေတြအိုင္ထြန္းသြားေအာင္ ငါလုပ္ပစ္ခ်င္လာၿပီ။


သူကေတာ့ ငါ့ကို ငိုပါေစေတာ့ရယ္ဆိုၿပီး တမင္လုပ္တာေတာ့ မဟုတ္ေလာက္ပါဘူးေလ။ ဒါေပမဲ့ သူ႔လုပ္ရပ္ေတြေၾကာင့္ ငါဘယ္ေလာက္ခံစားရတယ္ဆိုတာ သူ သိရင္ေကာင္းမယ္။ ငါ ဘာမွ မေျပာရဘဲ သူအလိုလိုသိရင္ေကာင္းမယ္။ ေယာက်ၤားေတြဟာ သူတို႔ေၾကာင့္ငိုရတယ္လို႔ ေျပာျပရင္လည္း ႀကိဳက္တာ မဟုတ္ျပန္ဘူး။ သိသြားရင္ အဲဒီမိန္းမက သူတို႔အေပၚ ကုတ္ကတ္တြယ္တက္ေနတယ္ထင္ရင္ ထင္ေနႏိုင္ေသးတယ္။ အဲဒါဆိုရင္ေတာ့ သြားၿပီ။ ငါ့သိကၡာေတြေတာ့ ကုန္ၿပီ။ မိန္းမေတြမွာ ရင္ထဲမွာ ရွိတိုင္းေျပာတာကိုလည္း သင္းတို႔ေတြ ႀကိဳက္ခ်င္မွ ႀကိဳက္မွာ။


ဟုတ္တယ္။ မိန္းမေတြဟာ ေယာက်ၤားေတြကို ရင္ထဲရွိတာ ဘြင္းဘြင္းႀကီး အကုန္မေျပာဘဲ၊ ဟိုလိုလို ဒီလိုလိုေလး လုပ္ေနမွ သူတို႔က ပိုႀကိဳက္တတ္တာ။ ရွင္းရွင္းဘြင္းဘြင္းႀကီးနဲ႔ ႐ိုး႐ိုးအအႀကီးေတြထက္ လွည့္ပတ္လိမ္လည္ေနတဲ့ မိန္းမမ်ိဳးေတြ၊ အီလည္လည္ေလးေတြနဲ႔ ဟိုလိုလို ဒီလိုလို လုပ္ျပေနတဲ့ မိန္းမမ်ိဳးေတြကိုမွ သင္းတို႔က ႀကိဳက္တတ္ၾကတာ။ ဒီလိုဟာမမ်ိဳးေတြနဲ႔ပဲ သင္းတို႔ကလည္း တန္တယ္။

အခုလိုမ်ိဳး ဖုန္းဆက္မယ္ေျပာၿပီး မဆက္တာမ်ိဳးက သူတို႔အတြက္ အေသးအမႊားကိစၥျဖစ္ႏိုင္ေပမယ့္ မိန္းမေတြအတြက္က ေရးႀကီးခြင္က်ယ္ကိစၥဆိုတာကို ရင္ထဲရွိသမွ် ေျပာၿပီး ရန္ေတြ႕ပစ္ခ်င္လိုက္တာ။ ဒါေပမဲ့ မလုပ္သင့္ဘူး၊ မေျပာသင့္ဘူး။ ခုေနခါ သူဖုန္းဆက္လာရင္ သူ႔ေၾကာင့္ အရမ္းဝမ္းနည္းေနခဲ့ရတဲ့ အေၾကာင္းကို ငါ သူ႔ကို လုံးဝ မေျပာသင့္ဘူး။ ေယာက်ၤားေတြက တစ္ခ်ိန္လုံး ဝမ္းနည္းေနတတ္တဲ့ မိန္းမေတြကို ဘယ္လိုႀကိဳက္ႏိုင္မွာလဲ။ ေပ်ာ္႐ႊင္တက္ႂကြေနတဲ့ မိန္းမေတြကိုပဲ ႀကိဳက္မွာေပ့ါ။ အခုလည္း သူ ငါ့ဆီလာေနတာပဲ ျဖစ္မယ္။ သူမ်ား တစ္ခုခုျဖစ္ေနလား။ အို.. ဘာမွ မျဖစ္ႏိုင္ပါဘူးေလ။ သူတစ္ခုခုျဖစ္ေနတယ္လို႔ စိတ္ကူးလို႔ေတာင္ မရဘူး။


သူ ကားလမ္းကူးရင္း ေသရင္လည္း ေသပါေစဟယ္။ ဟုတ္တယ္ ေသသြားလည္း ေအးတယ္။

အို… ဒီလိုစိတ္မ်ိဳး မထားေကာင္းပါဘူးေလ။ သူသာ ေသသြားရင္ သူ႔ကိုဘယ္သူမွ မပိုင္ဆိုင္ႏိုင္ေတာ့ဘဲ ငါလုံးဝ ပိုင္ဆိုင္သြားတာေပါ့။ တစ္မ်ိဳးလည္း ေကာင္းတာပဲ။ အခုေန သူေသသြားရင္ အခုအခ်ိန္ေတြနဲ႔ လြန္ခဲ့တဲ့ႏွစ္ပတ္ေလာက္ကတည္းက အဆင္မေျပျဖစ္ေနတဲ့ အခ်ိန္ေတြကို ငါဘယ္ေတာ့မွ ျပန္မေတြးဘူး။ ခ်စ္စခင္စၾကင္နာစအခ်ိန္ေတြကိုပဲ ငါ တစ္သက္လုံး တစိမ့္စိမ့္ေလးပဲ ေတြးေနေတာ့မယ္။ ဟုတ္တယ္ သူေသပါေစ၊ သူေသသြားပါေစ၊ သူေသသြားပါေစေတာ့။


ငါ႐ူးေနၿပီ။ ဟုတ္တယ္ ငါ႐ူးသြားၿပီ။ လူတစ္ေယာက္က ဖုန္းဆက္မယ္ဆိုၿပီး မဆက္တာေလးေလာက္နဲ႔ အဲဒီလူကို ေသေစခ်င္တဲ့ စိတ္ဆႏၵျဖစ္ေလာက္ေအာင္ ျဖစ္ေနရတယ္ဆိုကတည္းက ငါ႐ူးသြားတာျဖစ္မယ္။ ဒါနဲ႔ နာရီက အခ်ိန္မွ မွန္ရဲ႕လား။ နာရီျမန္ေနတယ္ထင္တယ္။ သူဘယ္တုန္းကမွ ေနာက္က်တဲ့လူတစ္ေယာက္ မဟုတ္ဘူး။ အေၾကာင္းတစ္ခုခုေၾကာင့္ ေနာက္က်ေနတာျဖစ္မွာေပါ့။ ႐ုံးမွာ ဆက္အလုပ္လုပ္ေနေပးရလို႔လား။ အိမ္ျပန္သြားတာလား။ အိမ္ကေနမ်ား ဖုန္းေခၚမလို႔လား။ ဖုန္းဆက္မလို႔လုပ္ေနတုန္း အသိတစ္ေယာက္ေယာက္ ေရာက္လာလို႔လည္းျဖစ္ႏိုင္တာပဲ။ သူက လူေတြေရွ႕မွာ ငါ့ကိုဖုန္းမဆက္တတ္ဘူး။ ငါ သူ႔ဖုန္းကိုေစာင့္ေနတာကို သူမ်ား စိတ္ပူေနမလား။ သူ စိတ္နည္းနည္းေလးေတာ့ ပူမွာပါ။ ငါ့ဖုန္းကိုမ်ား သူေစာင့္ေနမလား။ သူမေခၚျဖစ္တာကို ငါ့အေနနဲ႔ ေခၚသင့္သလား။


ဟုတ္တာပဲ။ သူမဆက္လည္း ငါသူ႔ကို ဖုန္းဆက္လို႔ ရတာပဲ။

ဟင့္အင္း။ ငါမဆက္သင့္ဘူး။ ငါ သူ႔ဆီလုံးဝ ဖုန္းမဆက္သင့္ဘူး။ ဘုရားသခင္ ကြၽန္မသူ႔ဆီ ဖုန္းမဆက္ပါရေစနဲ႔။ ကြၽန္ေတာ္မ်ိဳးမကို သူ႔ဆီကို လုံးဝ ဖုန္းမဆက္ပါေစနဲ႔။ ကြၽန္မကို ဖုန္းဆီကို သြားျခင္းမွ ကာကြယ္ပါ၊ တားဆီးေတာ္မူပါ။ သူသာ ငါ့ကို တကယ္ စိတ္ပူတယ္ဆိုရင္ ဘယ္ေနရာပဲ ေရာက္ေရာက္ ဘယ္သူေတြနဲ႔ပဲ ရွိေနရွိေန ဖုန္းဆက္မွာေပါ့။ ဟုတ္တယ္။ ငါ သူ႔ဆီ လုံးဝ ဖုန္းမဆက္ဘူး။ ငါဘယ္ေတာ့မွ ဖုန္းမဆက္ေတာ့ဘူး။ ငါ အသက္ရွင္ေနသ၍ ဒီလူဆီကို ဘယ္ေတာ့မွ ဖုန္းမဆက္ေတာ့ဘူး။ ဘုရားရွင္ ကြၽန္မကို ခြန္အားသတၱိေပးစရာ မလိုေတာ့ပါဘူး။ ကြၽန္မမွာ ခြန္အားသတၱိေတြရွိပါတယ္။ မလိုဘူး။ သူ ငါ့ကို တကယ္ခ်စ္တယ္ ပိုင္ဆိုင္ခ်င္တယ္ဆိုရင္ သူ ငါ့ကို ရယူပိုင္ဆိုင္လို႔ရေအာင္ လုပ္မွာေပါ့။ ငါ ဘယ္မွာေနလဲဆိုတာလည္း သူသိေနတာပဲ။ ဒီေနရာကေန သူ႔ကိုေစာင့္ေနတယ္ဆိုတာလည္း သူသိေနတာပဲ။


သူသိတယ္။ သူသိေနတယ္။ ဟုတ္တယ္။ ငါ သူ႔ကို ေမွ်ာ္လင့္ေစာင့္စားေနတယ္ဆိုတာ သူသိေနတယ္။ အဲသလိုသိေနတယ္ဆိုကတည္းက ငါ သြားၿပီေပါ့။ ဘယ္လိုလုပ္ ဒီေယာက်ၤားက ငါ့ကို တန္ဘိုးထားေတာ့မလဲ။


ဒါေပမဲ့ သူ႔ကိုဖုန္းဆက္လိုက္ရရင္ ငါ အားလုံးအဆင္ေျပသြားလိမ့္မယ္။ အနည္းဆုံး ေတာ့ သူဘာျဖစ္ေနလဲဆိုတာေတာ့ သိႏိုင္တယ္။ သူ႔ဆီဖုန္းဆက္လိုက္တာဟာ အမွားတစ္ခု က်ဴးလြန္လိုက္တာမွ မဟုတ္ဘဲ။ သူကေတာင္ သေဘာက်ခ်င္ က်ေနမွာ။ သူငါ့ကို ဖုန္းဆက္ေနတာ ဒီဘက္က ဖုန္းမျမည္တာလည္း ျဖစ္ခ်င္ျဖစ္ေနႏိုင္တယ္။ ဟုတ္တယ္။ တစ္ခါတေလျဖစ္တတ္တယ္။ ဟိုဘက္က ဖုန္းေတြ ေတာက္ေလွ်ာက္ေခၚေနေပမယ့္ ဒီဘက္မွာက ဖုန္းတစ္ခုခုျဖစ္ေနၿပီး အသံမျမည္တာမ်ိဴး။ ဒီလိုေတြ ေတြးေနတာဟာ ငါ့ကိုယ္ငါ ဆင္ေျခေပးေနတာမ်ိဳး မဟုတ္ပါဘူး။ တကယ္ျဖစ္တတ္တာမ်ိဳးေတြကို ငါ ေတြးေနတာပါ။


အို ဘုရားရွင္။ ကြၽန္မကို ဖုန္းအနားကို မသြားပါေစနဲ႔။ ကြၽန္ေတာ္မ်ိဳးမကို မာနတရားေပးသနားေတာ္မူပါ။ ကြၽန္ေတာ္မ်ိဳးမမွာ မာနတရား ဆိုတဲ့အရာ အထူးပဲ လိုအပ္ေနပါတယ္။ ေပးသနားေတာ္မူပါ။

အို မာနတရားဆိုတာလည္း မထားသင့္တဲ့ အရာပါေလ။ သူနဲ႔စကားမေျပာရရင္ မေနႏိုင္ျဖစ္ေနရတဲ့ ငါ့ဘဝမွာ မာနတရားဆိုတာ ဘာအေရးႀကီးဦးမွာလဲ။ မာနတရားဆိုတာဟာလည္း တကယ္ေတာ့ ႐ူးေပါေပါ အရာတစ္ခုပါ။ စစ္မွန္တဲ့ မာနတရားဆိုတာ တကယ္ေတာ့ မာနကို ခ်ႏိုင္တဲ့ စိတ္ဓာတ္ကမွ စစ္မွန္တဲ့ မာနတရား။ ဒါဟာ သူ႔ကိုဖုန္းေခၚခ်င္လို႔ ငါ့ကိုယ္ငါလွည့္စားေနတဲ့ အေတြးေတြ မဟုတ္ဘူး။ တကယ္ေတာ့ စစ္မွန္တဲ့ မာနတရားဆိုတာ မာနလုံးဝမရွိတဲ့၊ ျမင့္ျမတ္တဲ့ စိတ္ထားဆိုတာကို ငါ သိေနတာပဲ။ ဟုတ္တယ္။ ငါသိေနတယ္။ ငါဟာ ခ်စ္သူအေပၚမွာ မာနထားလိုက္မယ္ဆိုတဲ့ ေသးသိမ္တဲ့စိတ္မ်ိဳး ရွိမယ့္ မိန္းမတစ္ေယာက္ မဟုတ္ဘူး။


ဘာပဲျဖစ္ျဖစ္ပါ ဘုရားရယ္။ ကြၽန္ေတာ္မ်ိဳးမကိုေတာ့ ဒီဖုန္းကေန အေဝးႀကီးမွာ ထားေပးေတာ္မူပါ။

ဘာမဟုတ္တဲ့ မာနေတြနဲ႔ ငါ့ကိုယ္ငါ စိတ္ညစ္ေအာင္ ငါ လုပ္ေနမိတာပဲ။ ငါးနာရီမွာ သူေခၚမယ္လို႔ ေျပာတာ မဟုတ္ဘဲ၊ ငါးနာရီမွာ ျပန္ေခၚပါလို႔ ေျပာလိုက္တာမ်ားလား၊ အဲလိုေျပာလိုက္တာကို ငါ နားၾကားလည္း လြဲတာမ်ားလား။ အို.... သူအဲလိုေျပာတာ မဟုတ္ပါဘူး။ ငါးနာရီမွာ ဖုန္းေခၚလိုက္မယ္လို႔ ေျပာတာ။

ငါ ဘာေတြေတြးေနမိတာပါလိမ့္။


ေတာ္ၿပီ။ ဒီအေၾကာင္း လုံးဝ မေတြးေတာ့ဘူး။ အျခားအေၾကာင္းေတြပဲ ေတြးေတာ့မယ္။ တစ္ေနရာရာမွာ ၿငိမ္ၿငိမ္ေလးထိုင္ေနၿပီး စာအုပ္တစ္အုပ္ပဲ ဖတ္ေနေတာ့မယ္။ ရွိသမွ်စာအုပ္ေတြကလည္း ခ်စ္သူႏွစ္ဦး တစ္ေယာက္ကိုတစ္ေယာက္ ဘယ္ေလာက္ခ်စ္၊ ဘယ္ေလာက္သစၥာရွိတယ္ဆိုတဲ့ အေၾကာင္းေတြခ်ည္းပဲ။ ဝတၳဳေတြကလည္း တစ္ခါလာလည္း ဒါေတြခ်ည္းပဲ။


စာေရးဆရာေတြကလည္း ဘာျဖစ္လို႔ ဒီအခ်စ္အေၾကာင္းေတြပဲ တစ္ခ်ိန္လုံး ေရးေနတာလဲ မသိဘူး။ အခ်စ္စစ္အခ်စ္မွန္ဆိုတာ ဇာတ္လမ္းေတြထဲမွာပဲ ရွိတယ္ဆိုတာလည္း သူတို႔ သိရဲ႕သားနဲ႔။ ခ်စ္သူႏွစ္ဦး တစ္ေယာက္ကိုတစ္ေယာက္ ဘယ္ေလာက္ခ်စ္၊ ဘယ္ေလာက္သစၥာရွိတယ္ဆိုတဲ့ အေၾကာင္းေတြကိုေရးေနတာ သူတို႔လိမ္ေနညာေနတာ။ အလကား စာေရးဆရာေတြ။ အားအားရွိ အခ်စ္အေၾကာင္းပဲ ေရးေနၾကတာပဲ။ ဟုတ္တာလည္း မဟုတ္ဘူး။

ေတာ္ၿပီ။ ေအးေအးေဆးေဆး တည္တည္တံ့တံ့ပဲ ေနေတာ့မယ္။ သူ႔ဟာသူ ဖုန္းဆက္ဆက္၊ မဆက္ဆက္။ ငါ့အေနနဲ႔က ဘာမွ စိတ္လႈပ္ရွားစရာ အေၾကာင္းမွ မရွိတာ။ သူ႔ေနရာမွာ အျခား သူငယ္ခ်င္းတစ္ေယာက္ေယာက္၊ ဒါမွမဟုတ္ မိန္းကေလးတစ္ေယာက္ေယာက္ဆိုရင္ ဖုန္းကိုေကာက္လွည့္လိုက္ၿပီး “ဟဲ့..... ဖုန္းဆက္မယ္ဆိုၿပီး မဆက္ဘူး။ တစ္ခုခုမ်ားျဖစ္ေနသလားလို႔ ငါ့မွာ စိတ္ပူလိုက္ရတာ” လို႔ လွမ္းေျပာလိုက္႐ုံပဲ။ ခုလိုေတြ ေတာင္ေတြးေျမာက္ေတြး ေတြးေနမိမွာ မဟုတ္ဘူး။ တယ္လီဖုန္းေလး တစ္ခ်က္ေကာက္ႏွိပ္လိုက္႐ုံပဲ။


ဟုတ္တယ္ေလ။ အျခားသူငယ္ခ်င္းတစ္ေယာက္ေယာက္ကို ဖုန္းေခၚသလို ေခၚလိုက္ၿပီး ေပါ့ေပါ့ပါးပါးေလး ေမးလိုက္႐ုံပဲ။ ခုလိုေတြျဖစ္ေနရတာ ငါ သူ႔ကို ခ်စ္ေနလို႔ေပါ့။ ဟုတ္တယ္၊ သင္းကို ခ်စ္ေနလို႔ ျဖစ္ေနရတာ။ အို …. ဘုရား၊ ကြၽန္မကို ဖုန္းအနားကို လုံးဝ မသြားပါေစနဲ႔ ဘုရား၊ တားျမစ္ေတာ္မူပါ။ ဟုတ္တယ္။ ဖုန္းမေခၚနဲ႔။ ဖုန္းမေခၚရဘူး။ အဲဒီလူကို နင္လုံးဝ ဖုန္းမေခၚရဘူး။

ဘုရားသခင္ တကယ္ကိုပဲ ကြၽန္မကို သူဖုန္းဆက္လာေအာင္ မလုပ္ေပးေတာ့ဘူးလား။ ကြၽန္ေတာ္မ်ိဳးမကို မကူညီေတာ့ဘူးဆိုတာ ေသခ်ာသြားၿပီေပါ့။ အခုခ်က္ခ်င္း သူဖုန္းမေခၚႏိုင္ရင္ေတာင္ ခဏေလးေနရင္ေတာ့ သူ ဖုန္းေခၚလာပါေစ။ ငါး.. တစ္ဆယ္.. တစ္ဆယ့္ငါး.. ႏွစ္ဆယ္ ဆိုၿပီး ငါးရာအထိေရာက္ေအာင္ ေရတြက္ၾကည့္လိုက္မယ္။ ငါးရာအထိေရာက္လို႔ သူဖုန္းဆက္မလာရင္ေတာ့ ငါ သူ႔ကို ဆက္လိုက္ေတာ့မယ္။ ဘုရားရွင္... ငါးရာမျပည့္ခင္ေတာ့ သူဖုန္းဆက္လာပါေစ။

ငါး.. တစ္ဆယ္.. တစ္ဆယ့္ငါး.. ႏွစ္ဆယ္.. ႏွစ္ဆယ့္ငါး.. သုံးဆယ္... သုံးဆယ့္ငါး.. ..


အိမ့္ခ်မ္းေျမ့

Dorothy Parker ၏ A Telephone Call ကို ျပန္ဆိုပါသည္။

လယ္ေတာထဲက မိန္းကေလး စာစုမ်ား

Comments


အီးမေးနှင့်လည်း ရယူဖတ်ရှုနိုင်ပါတယ်..

ကျေးဇူးတင်ပါတယ်ရှင်..

© 2023 by အိမ့်ချမ်းမြေ့

bottom of page