top of page

နှစ်လုံးသား ခုနှစ်လွှာ

  • Writer: အိမ့်ချမ်းမြေ့
    အိမ့်ချမ်းမြေ့
  • Sep 1, 2020
  • 1 min read

Updated: Sep 25, 2020

မသိစိတ်တွေထဲက အတွေးအခေါ်တွေထဲမှာ

အစစ်အမှန်ထဲကဆိုတာထက် စိတ်ကူးထဲက

လက်တွေ့မကျတဲ့ ဘဝထဲမှာ....


ဟုတ်တယ်....


အချစ်ဆိုတဲ့အရာတစ်ခုနဲ့

လက်တွေ့ မဆန်လွန်းစွာ

တစ်ယောက်တည်း...

ရူးမူးစွာချစ်နေမိခြင်းပါပဲ....


မင်းနဲ့သူ့ကြားကလို

ခိုင်ခံ့မှုတွေ...

အတိတ်တွေထဲက ရင်းနှီးခဲ့မှုတွေ....

ပစ္စုပန်ထဲက နွေးထွေးမှုတွေ...

အနာဂတ်ထဲက

မျှော်လင့်နိုင်စရာအကြောင်းတွေနဲ့....

ဝေးလွန်းလှသူတစ်ယောက်ပါ... အချစ်ရယ်...


ကိုယ်ဟာ....

လွမ်းလို့လွမ်းကြောင်း

လွမ်းမှုသက်သေ

အရိပ်အရောင်လေးတောင်မှ

မပြနိုင်သူတစ်ယောက်မို့...


နှစ်လုံးသားခုနှစ်လွှာထဲမှာ

စိတ်ကူးယဉ်ဆန်စွာ

ဘယ်သူနဲ့မှ တွဲဖက်မထားတဲ့

အချစ်ဆိုသောအရာနဲ့ .... တစ်ယောက်တည်းသာ ..

ချစ် ကျွမ်း ဝင် နေ မိ သူ။


♫••·˙အိမ့်ချမ်းမြေ့ ˙·••♫







ဟုတ်တယ်....


လက်တွေ့ မဆန်လွန်းစွာ

တစ်ယောက်တည်း...


မင်းနဲ့သူ့ကြားကလို

ခိုင်ခံ့မှုတွေ...



အနာဂတ်ထဲက



ကိုယ်ဟာ....


လွမ်းမှုသက်သေ




စိတ်ကူးယဉ်ဆန်စွာ


အချစ်ဆိုသောအရာနဲ့ ....

တစ်ယောက်တည်းသာ ..

ချစ် ကျွမ်း ဝင် နေ မိ သူ။

♫••·˙အိမ့်ချမ်းမြေ့ ˙·••♫

 
 
 

Recent Posts

See All

Comments


အီးမေးနှင့်လည်း ရယူဖတ်ရှုနိုင်ပါတယ်..

ကျေးဇူးတင်ပါတယ်ရှင်..

© 2023 by အိမ့်ချမ်းမြေ့

bottom of page