♪••·˙ပန်းမျှောလှေ˙·••♪
- အိမ့်ချမ်းမြေ့
- Sep 4, 2020
- 6 min read
Updated: Sep 25, 2020
ညနေခင်းနေရောင်ခြည်က ညိုးရော်သွားခဲ့ပြီ။ လေပြေကလေး တသုန်သုန်တိုက်ခတ်လာတော့ တောင်ပေါ်မှ မီးခိုးငွေ့ဖြူဖြူလေးများက ပုဝါကလေးလို လွင့်ပါးသွားလေပြီ။ နေ့လည်ပိုင်းတုန်းကတော့ ခြစ်ခြစ်တောက် ပူနေသည့် နေကြောင့် ရမ်ဂျူလာ ကြိုးတံတားအောက်က မြစ်ရေပြင်ဟာ ပွက်ပွက်ထပြီး ဆူတော့မယောင်။
ယခုလည်း မြစ်ရေလျှံတက်လာနေလို့ လှေကားထစ် သုံးဆင့်လောက်ပဲ မြင်ရတော့သည့် လှေကားထစ်တွေပေါ်တ္ငင် ခွေးကလေးတွေ၊ မျောက်တွေ၊ နွားတွေသာမက၊ လူကြီးလူငယ်တွေနဲ့ ဆာဒူးတွေတောင် ပျော်ပါးနေလိုက်ကြတာ။ ညနေခင်းရဲ့ ရွှေအိုရောင်ကို သောက်သုံးနေတဲ့ မြစ်ရေပြင်ထဲမှာလည်း လှိုင်းလုံးတွေဟာ လူးလိမ့်ပျော်ပါးနေလိုက်တာ။ အဝေးကလှမ်းမြင်နေရတဲ့ ရမ်ဂျူလာကြိုးတံတားပေါ်မှာတော့ ဥဒဟိုသွားလာနေတဲ့ လူတွေ။ သူတို့ရဲ့ ဝတ်စုံတွေက အရောင်တောက်ပံလွန်းတဲ့ အနီရောင်၊ အဝါရောင်၊ လိမ္မော်ရင့်ရောင်၊ ခရမ်းရောင်တွေ။
မကြာမှီ ဂင်္ဂါမြစ်ကမ်းနဖူးမှာ ဆုတောင်းပွဲတွေ ကျင်းပတော့မည်။ ခပ်လှမ်းလှမ်းမှာ ဖျာချပ်ကလေးကိုချပြီး ပန်းဆီမီးခွက်ကလေးတွေကိုရောင်းနေသော ကလေးလေးတွေ။ ကျူခွက်ကလေးထဲမှာ ဖြူ၊နီ၊ဝါ ရောင်စုံပန်းကလေးတွေက ဆီမီးကလေးကို ဝိုင်းရံထားသည်။ ပန်းရောင်းတဲ့ကလေးတွေက မီးခြစ်ကလေးနှင့်အကြွေဗူးကို အဆင်သင့်ချထားသည်။ ပန်းဆီမီးခွက်ကို လာဝယ်သူလက်ထဲရောက်မှ မီးခြစ်လေးနှင့်ဆီးမီးလေးကို မီးအဆင်သင့်ညှိပေးမည်။ မြစ်ကမ်းပါးတလျှောက်မှာ လင်းကွင်းသံ၊ တူရိယာသံတွေ၊ နတ်ဘုရားတွေကို ပူဇော်သီဆိုသံတွေနှင့် စည်ကားသိုက်မြိုက်လာတော့မည်။
လွမ်းမိသည်…
……… ဓိရာ…
♫ ••·˙ ˙·••♫
ကွမ်းတံတွေးများ၊ အမှိုက်စများ၊ ရေသန့်ဗူးအခွံတို့ဖြင့် ပေပွနေသည့် လှေကားထိပ်တွင် ထိုင်ရင်း၊ လက်ထဲတွင် ဆီမီးထွန်းထားသည့် ပန်းလှေကလေးတစ်စင်းကို ကိုင်ထားရင်း၊ လေထဲမှာ ပျံ့လွင့်လာနေသည့် အကြော်နံ့များနှင့်၊ သစ်မွှေးနံ့များရယ်ကို ရူရှိုက်ရင်း၊ တောင်ပေါ်တွင် ဝေ့၀ဲပျံသန်းနေသယောင် မြူခိုးများကို ငေးမောရင်း ဓိရာ ကို လွမ်းဆွတ်နေမိသည်။ ဟိုတုန်းကဆို အခုလို ရွှေရောင်လွှမ်းတဲ့ ညနေခင်းများမှာ၊ သူမဟာ.. ဒီပ အနားကို အရိပ်ကလေးတစ်ခုပမာ၊ သစ်ရွက်ကလေးပမာ လွင့်ကနဲ ဖြုတ်ကနဲ စွေ့ကနဲ ကြွေလာတတ်သည်မဟုတ်ပါလား။
“ရော့… ကြက်သားပလာတာ ကြိုက်တတ်တယ်ဆိုလို့. မရ ရအောင် လု လာရတာ”
အရယ်ကလေး သော့သော့ဖြင့် ပြောတတ်တော့ ချစ်မြတ်နိုးသည့် မျက်ဝန်းများနှင့် ဓိရာ ကို ဒီပ ကြည့်တတ်သည်။ ဒီလိုနေရာမှာ အသားပါသော ပလာတာကို မရ၊ ရအောင် ရှာလာပေးနိုင်တဲ့ သူမကို အံ့သြမိန်းမူးစွာ ငေးကြည့်လိုက်မိရင်း ဒီပ ရင်ထဲမှာ စိုးရိမ်ပူပန်မှုတွေကလည်း အပြည့်။
“ဟင့်အင်း…”
သူမအနားကိုကပ်ကာ ပြောလိုက်မိသည်။
“ဘာဟင့်အင်းလည်း”
“ဒီတိုင်း မစားဘူးလေ”
“လုပ်ပြီ.. ကိုယ့်ဟာကိုယ်စားလေလို့၊ ယူလာပေးတာပဲ တော်ပြီပေ့ါ”
ဓိရာ က နှုတ်ခမ်းကို စူပွပွလုပ်လျှက် မျက်လုံးကလေး ထောင့်ကပ်ကာ ကြည့်သည်။
“အထဲမှာ ကြက်သားနဲ့နော်၊ အသားနဲ့ ပလာတာကို ဘယ်လိုရအောင် ယူလာတာလည်းဟင်”
နှုတ်ကခပ်တိုးတိုးမေးရင်း သူမ အနားကို တိုးကပ်သွားသည်။
“တိုးရစ်တွေဆီက လုလာတာပါလို့ ဆို.. ကဲ… ပါးစပ်ဟလေ”
သူမလက်ကလေး ပါးစပ်နားရောက်လာတော့ အလိုက်သင့်ဟ ပေးလိုက်သည်။
ဘယ်တုန်းကမှ မနှစ်သက်ခဲ့သော ပလာတာတစ်ချပ်သည် သူမ ခွံ့ကျွေးတိုင်း ချိုမြလွန်းနေသည်။
ဓိရာ ကလည်း ဒီပ ကို အသားလေးတွေကိုသာ ရွေး၍ ခွံ့သည်။
“ဒီနယ်မြေဟာ သက်သတ်လွတ်နယ်မြေနော်.. မြန်မြန်စား”
ခေါင်းငြိမ့်ပြရင်း ဓိရာ လက်ဖမိုးလေးကို ဖြတ်ကနဲ နမ်းခဲ့ဖူးသည်။
“ချိုမြိန်လိုက်တဲ့ ပလာတာလေး၊ ကျေးဇူးတင်လိုက်တာ အချစ်ရယ်…”
ဓိရာ အနားမှာ ကပ်လို့ တဖွဖွ ရွတ်ဆိုဖူးခဲ့ဖူးသော ညနေစောင်းများသည် ဒီပ အတွက် လွမ်းမောဖွယ်ရာ ညနေစောင်းများသာတည့်။
♫ ••·˙ ˙·••♫
တစ်ကယ်ဆို သူတို့ ဘဝက ကြမ်းတမ်းလွန်းပါသည်။
တောင်ထိပ်ဖျားတွေမှာ အညှိုးကြီးကြီးနဲ့ ပရမ်းပတာ ရွာတဲ့ မိုးကြောင့် ပြိုကျလာရတဲ့ မြေဆွေးတွေလို….
ကြမ်းကြမ်းတမ်းတမ်းတိုက်ခတ်တဲ့ လေကြောင့် အဝေးကြီးဆီ နှင်ခံလိုက်ရတဲ့ မြူခိုးပိုးပုဝါတွေလို …
မိုးကြီးလာလို့ အရှိန်မသတ်နိုင်ပဲ ကတိုက်ကရိုက်စီးဆင်းလို့ သယ်ဆောင်သွားခံရတတ်တဲ့ ဂင်္ဂါထဲက သဲမှုန်တွေလို ….
နှစ်ရက်လောက် ထမင်းကောင်းကောင်း မစားရသေးသည့် ဆေးရောင်စုံမျက်နှာနှင့် ဆာဒူးတစ်ယောက်လို….
ညမှောင်မှောင် ချောင်ကုတ်နေတာတောင်မှ လူသူတွေ ဂရုမပြုမိလို့ တက်နင်းခံရတဲ့ နွားချေးပုံလို…
ကပိုကယို၊ ကပျက်ကယက်နဲ့…. ဖုတ်ဖက်ခါထနေတတ်ခဲ့သည် မဟုတ်ပါလား။
ဆာဒူးတွေရဲ့ ဘဝကတော့ အနည်းငယ် ပိုသာသည်ဟု ပြောလို့ရနိုင်သည်။ အဆင်သင့်လျှင် ဆိုင်တစ်ဆိုင်ရှေ့က ခုံတစ်ခုံမှာ တစ်နေကုန်ထိုင်နေရုံဖြင့် မုန့်ပဲသားရေစာ၊ လှူဘွယ်ငွေစအနည်းငယ် ရတတ်သည်။ သူတို့ ဘဝကတော့ လေလှိုင်းကြမ်းပုတ်တဲ့ ရွက်လှေလို တည်ငြိမ်မှုမဲ့စွာ…။
ဒီပ ဘဝထဲကို ဓိရာ ဝင်လာတဲ့နေ့က မိုးတွေသည်းထန်စွာ ရွာသွန်းနေသည်။ လေတွေကလည်း ပြင်းထန်လွန်းသဖြင့် ရမ်ဂျူလာ တံတားကြီးတောင် ဂင်္ဂါမြစ်ထဲ မျောသွားတော့ မယောင်။ မိုးရွာနေတာတောင် လူသူထူထပ်နေတဲ့ လမ်းကြိုလမ်းကြားတစ်ခုမှာ ငိုယိုနေသော ရွယ်တူဂါဝန်မကလေးကို တွေ့ခဲ့ရသောနေ့။ ထိုကောင်မလေးကို ဒီပက သူခိုကိုးရာ ဗစ်ရှနူး နတ်ဘုရားရုပ်ကြီး နောက်ကို ခေါ်ဆောင်လာခဲ့သည်။ ဆာလောင်ကြောက်ရွံ့ထိတ်လန့်နေသော ကောင်မလေးက ဒီပ စုဆောင်းဖွက်သိမ်းထားသော သစ်သီးဝလံများကို စားသောက်ပြီး ဒီပ ပေါင်ပေါ်မှာ အိပ်ပျော်သွားခဲ့သည်။
ဒီလိုနှင့် ဒီပ နှင့် ဓိရာ.. ဒီရမ်ဂျူလာ ကြိုးတံတားတဝိုက်မှာ ကျင်လည်ကျက်စားခဲ့ကြသည်။
အိုဟောင်းလာတဲ့ နှစ်တွေထဲမှာ.. တောင်းယမ်းစားသောက်ကြတဲ့ နေ့တွေ၊ ပန်းကလေးတွေကောက်လို့ ရောင်းစားကြရတဲ့ နေ့တွေ၊ နယ်ခံတွေ၊ တိုးရစ်တွေ အနှိပ်သယ်တွေ၊ ဟင်းရွက်သယ်များထံမှ လစ်ရင်လစ်သလို လုစားတဲ့ နေ့တွေ ရှိခဲ့သည်။ မိုးကြီးတဲ့နေ့တွေမှာ.. ဒီကြိုးတံတားကြီးရဲ့ တစ်ဘက်တစ်ချက်မှာ ရှိသော ဘုရားကျောင်းကန်တွေရဲ့ ချောင်ကြိုချောင်ကြားတွေမှာ၊ ရှီဗာနဲ့ ဗစ်ရှနူး နတ်ဘုရားရုပ်တုတွေ ကြားထဲမှာ ပုန်းခိုခဲ့ကြရသော နေ့တွေလည်းရှိသည်။
ဒီပ မိုးမိပြီး အပြင်းဖျားနေခဲ့သော ရက်တွေမှာ ဆိုရင်.. ဟိန္ဒူကျောင်းဆောင်တွေနောက်နားက အဖီကလေးတစ်ခုအောက်မှာ ဒီပကို ပြုစုရင်း ဓိရာတစ်ယောက် အနားကကို မခွာတော့။ ရမ်ဂျူလာတဝိုက်.. ဝါးလှည်းကလေးတွေပေါ်က ငှက်ပျောသီး၊ သင်္ဘောသီး၊ သရက်သီး၊ စပျစ်သီး၊ အုန်းသီး စတဲ့ သစ်သီးသစ်နှံတွေ၊ ချိုပေ့မွှေးပေ့ အချိုမုန့်တွေကို လူအလစ်မှာခိုးယူလို့ ဒီပ ကို ဓိရာက ကြင်နာစွာ ခွံ့ကျွေးခဲ့ဖူးသည်။
“အန္တာရာယ် ကြီးလှပါတယ် ဓိရာရယ်.. မသွားပါနဲ့”
“ဓိရာရယ်.. ကိုယ့်ကို ကြင်နာလိုက်တာ”
“ဓိရာကို မချစ်တတ်ဘူးလို့ ထင်ထားတာ.. ဒါပေမယ့် ဓိရာက ချစ်တတ်တယ်နော်”
ဒီပ တစ်ယောက် တဖွဖွ ရွတ်ဆိုနေခဲ့တော့ ဓိရာက နှုတ်ခမ်းထောင့်ကို ကွေးကာ ပြုံးနေခဲ့သည်။
“ဓိရာ ချစ်တတ်တာ မဟုတ်ပါဘူး… သိလားဟင် ဒီပ”
“ ………..”
“ဓိရာ…. ဒီပ ကို ချစ်တာပါ”
ထိုညက အဖျားတွေတက်နေသော ဒီပ.. ဓိရာ၏ ရင်ခွင်ထဲမှာ မှေးမှိတ်အိပ်ပျော်ခဲ့သည်။ ဓိရာ လည်ပင်းက မွှေးညှင်းနူးနူးညံ့ညံ့လေး ရှိနေတဲ့ အညိုရောင်အမှတ်ကလေးသည်လည်း ဒီပ အမြင်အာရုံထဲမှာ ဝေးသွားလိုက် နီးလာလိုက်နှင့်။
••••·˙♫˙·•••·˙♫˙·••••
ညနေစောင်းလာပြီ။
နေလုံးနီနီက ဂင်္ဂါမြစ်နောက်က တောင်တန်းစိမ်းတွေပေါ်ကို မေးတင်နေပြီ။ မကြာခင် မြုပ်ဝင်ပျောက်ကွယ်သွားတော့မည်။ ဒီလိုအချိန်တွေမှာဆိုလျှင်… ဂင်္ဂါမြစ်ကမ်းနဖူးမှာ ဝတ်ပြုဆုတောင်းသူတွေ အုံကျလာတတ်သည်။ လူတွေရဲ့ အာရုံတွေက ဆီမီးတွေ၊ ပန်းတွေ၊ နံ့သာမွှေးတိုင်တွေ၊ ရောင်စုံစက္ကူတွေ တလူလူလွင့်နေတဲ့ ဘုန်းတော်ကြီးတွေရဲ့ စင်မြင့်တွေပေါ် သဲသဲလှုပ်လို့၊ အုတ်လှေကားထစ်တွေပေါ်က ဝတ်ပြုလာသူတွေဟာလည်း ထောပတ်နဲ့ပြုစုထားတဲ့ ဆီမီးတွေကို ဝှေ့ယမ်းလို့၊ ခေါင်းမီးခြုံ မိန်းကလေးတွေကလည်း မြစ်ထဲမှာ ဆီမီးတွေ ပန်းတွေ မျောလို့…။
ဒီလိုမြင်ကွင်းတွေကို ဟိုးတောင်တွေပေါ်က ဟိန္ဒူကျောင်းဆောင်ကြီး တစ်ခုရဲ့ မှန်ခန်းသေးသေးလေးထဲကနေ သူတို့ ငုံ့ကြည့်လေ့ရှိသည်။ ဒီကျောင်းဆောင်ကြီးတွေဟာ နေ့ကြီးရက်ကြီးမှာမှ ဖွင့်လေ့ရှိသည့်အတွက် လူသူကင်းရှင်းနေတတ်သည်။ ကျောင်းဆောင်ကြီးရဲ့ အမြင့်ဆုံးနီးပါး မုခ်ပြာသာဒ်နားက အခန်းကလေးထဲအထိ တက်သွားတတ်သော ဒီပ နောက်ကို ဓိရာက မရ-ရအောင် လိုက်သွားတတ်သည်။ လှေကားကျဉ်းကျဉ်းကလေးတွေကြားက ခဲရာခဲစစ်လိုက်လာနေရသော ဓိရာ အဖြစ်က ဒီပအတွက် ပိုမိုချစ်မြတ်နိုးမိစေသော အဖြစ်တစ်ခု ဖြစ်ပေလိမ့်မည်။ လှေကားလက်ရန်းတစ်ခုကို အားပြုပြီး သူမတက်လိုက်တော့ ခါးမှာပတ်ထားသော ပုဝါစက မတော်တဆ သူမ ဒူးအောက်နားကို ပြုတ်ကျသွားခဲ့ဖူးသည်။ ဒီပ မျက်နှာကို လွှဲထားခဲ့သည်။
ဓိရာနှင့်အတူတူ သွယ်ဝိုက်စီးနေသော ဂင်္ဂါမြစ်ကို ကျောင်းဆောင်မှန်ခန်းထဲက ငုံ့ကြည့်ရတာလောက် စိတ်အေးချမ်းသာဖွယ်ရာ မရှိခဲ့။ ဂင်္ဂါမြစ်အထက်ခပ်လှမ်းလှမ်း ကမ်းပါးပေါ်မှာ စီရရီကျောက်တုံးတွေ ရှိနေသည်။ ပန်းလှေတွေမျောချတတ်သော ကျောက်တုံးကြီးတစ်ခုနားမှာ ချိုသွေးနေသော နွားတစ်ကောင်ကို လှမ်းမြင်ရတတ်သည်။ အနီးက အခြားကျောက်တုံးတစ်ခုပေါ်မှာ တရားထိုင်နေသော ရှီဗာနတ်ဘုရားရုပ်တုကြီးရှိနေသည်။ နတ်ဘုရားရုပ်ကြီးလည်ပင်းမှာ မြွေတစ်ကောင်က ရစ်ပတ်နေသည်။ ခွေလိမ်နေသောဆံပင်ဖျားမှာ နားကပ်ရှည်ရှည်က တွဲလောင်းကျနေသည်။
“ရမ်ဂျူလာတံတားလည်း လူတွေကိုကြိတ်ကြိတ်တိုးလို့နော်…”
ပခုံးမှာ နွဲ့မှီနေသော ဓိရာ့ထံမှ စကားသံခပ်တိုးတိုးထွက်လာသည်။ သူမ စပျစ်သီးကလေးများကို တစ်လုံးချင်း ဖြည်းဖြည်းဝါးနေသည်။ နီးကပ်နေသောကြောင့် သူမနှုတ်ခမ်းက စပျစ်သီးရနံ့လေးကိုတောင် ဒီပ ရ နေသည်။ ဆင်းရဲမွဲတေလွန်းကြပေမယ့် ညညလူခြေတိတ်ချိန်တွေမှာ မြစ်အထက်ပိုင်းက ကျောက်တုံးများကို အကာကွယ်ယူလို့ သန့်ရှင်းသမှု ပြုတတ်သူ ဓိရာ့ ကိုယ်မှ ဂင်္ဂါပန်းရနံ့တို့ သင်းပျံ့တတ်သည်ဟု ဒီပက ထင်နေတတ်သေးသည်။ ဓိရာရဲ့ နဖူးပြင်မှာ ဒီပ တစ်ယောက်ပါးအပ်ကာ သူမပြောသည့် ရမ်ဂျူလာတံတားဘက်ကို ငေးကြည့်နေမိသည်။
တံတားက နေဝင်ဖျိူးဖျမှာ မှုန်ပြာနေသည်။ သွယ်ကျနေသော ကြိုးတန်းတွေကို လှမ်းမြင်နေရသည်။ ရမ်ဂျူလာ တံတားက လမ်းလျှောက်ဖြတ်သူများအတွက်သာ ဖြစ်ပေမယ့်လည်း နွားတွေ၊ မော်တော်ဆိုက်ကယ်တွေ၊ ခွေးတွေကလည်း ဒီတံတားကြီးကို အသုံးပြုတတ်သေးသည်။ တစ်ခါတစ်ရံ မြစ်ဘက်ကို ငေးမောပြီး ဆက်မလျှောက်တော့သော နွားများ၊ စက်နှိုးမရတော့သော ဆိုက်ကယ်များကြောင့် လမ်းကြောင်းတွေ ပိတ်နေတတ်သေးသည်။ ကြိုးတန်းတွေမှာ တွဲလွဲခိုနေတတ်သော မျောက်တွေကလည်း လစ်ရင်လစ်သလို စားစရာတွေကို ခိုးယူတတ်သေးသည်။
“ဒီနေရာမှာ ရာမမင်းသားရဲ့ ညီတော် လက္ခဏမင်းသားက ဂင်္ဂါကို ဖြတ်ခဲ့ဖူးတယ်လို့ ဒဏရီတွေထဲမှာ ဆိုကြတယ်။ လက္ခဏမင်းသား ဖြတ်ခဲ့တုန်းကတော့ ကျူတံတားပေါ့.. အခုတော့ ကျူတံတားနေရာမှာ ကြိုးတံတားဖြစ်နေပြီ”
“ရာမတို့ လက္ခဏမင်းသားတို့တွေက ဘယ်သူတွေလည်းဟင်”
“ရစ်ရှီဗလ်မီကီ ဆိုတဲ့ ကဗျာစာဆိုရှင်ကြီးရဲ့ လျှမ်းလျှမ်းတောက် စာတွေထဲက ဒဏ္ဍာရီ သူရဲကောင်းတွေပေါ့၊ လေးစားစရာကောင်းလောက်တဲ့ စာဆိုရှင်တွေဟာ ဘယ်တောက်တော်တန်တက်မြောက်လိုက်သလည်းဆိုရင် သူတို့ရဲ့စာတွေ ကဗျာတွေဟာ နိုင်ငံတော်သီချင်းတွေ ဖြစ်သွားတတ်တယ်၊ ဘုရားဟောကျမ်းတွေ ဖြစ်သွားတတ်တယ်။
အခြားနိုင်ငံတွေကလည်း တို့တွေရဲ့ စာတွေ ကဗျာတွေကို သူတို့ဘာသာစကားနဲ့ ပြန်ဆိုလို့ အမြတ်တနိုးထား ကိုးကွယ်တတ်ကြသေးတယ်။ အာရှတစ်ခွင်မှာ ရစ်ရှီဗလ်မီကီရဲ့ စာတွေဟာ ဘာသာအမျိုးမျိုးကို ပြန်ဆိုခြင်းခံရတယ်”
“ဒါတွေကို ဘယ်လိုသိလည်းဟင်”
“ကိုယ့်အဘိုး ကိုယ့်ကိုပြောပြဖူးခဲ့တဲ့ ဒဏ္ဍာရီ နောက်တစ်ခုလို့ပဲ မှတ်ထားလိုက်တော့နော်…”
သူမ ဒီပ မျက်နှာကို မြတ်နိုးခြင်း၊ လေးစားအထင်ကြီးခြင်းအပြည့်နှင့် ငေးကြည့်နေခဲ့သည်။ သူတို့နှစ်ယောက်၏ မျက်ဝန်းများထဲတွင် ဂင်္ဂါမြစ်ကမ်းမှ ဆီမီးများ ကခုန်မြူတူးနေသလားတောင် ထင်ရတတ်သည်။
ညက ပိုနက်လာခဲ့သည်။ ဂင်္ဂါမြစ်ကမ်းနဖူးက ဟိန္ဒူဘုန်းကြီးတွေ ဝတ်ပြုဆုတောင်းတဲ့ စင်များသည်လည်း ရောင်စုံပန်းများ၊ ဆီမီးအမွှေးနံ့သာများနှင့် ထုံမွှန်းလို့နေသည်။ ဆီမီးရောင်များကြောင့် မြစ်ရေပြင်သည်လည်း မီးဟုန်းဟုန်တောက်လို့နေ၏။ မြစ်ရေသည်လည်း ပန်းပေါင်းစုံရနံ့ ထုံသင်းမွှေးပျံ့ကာ၊ တောင်နံရံများတွင်လည်း နတ်ဘုရားများကို ပူဇော်ပသသည့် တေးသီချင်းသံများက ပဲ့တင်ထပ်လို့နေ၏။
သူနှင့်သူမ၏ မှန်နန်းဆောင်အခန်းကလေးက အပြင်မှလေအေးတိုက်ခတ်မှုကြောင့် မှုန်ဝါးလာနေသည်။ ပတ်ပတ်လည်မှန်တွေက မြူတွေနဲ့ပတ်ရစ်ထားသလို မှိုင်းလာသည်။ အပြင်ကရှုခင်းတွေကို သူတို့ မမြင်ရကြတော့။
“မှန်တွေက မှုန်နေပြီး အပြင်ကို ဘာမှ မမြင်ရတော့ဘူးနော်”
မြူခိုးတွေက အပြင်ကနေ ဝိုင်းလို့ပိတ်နေတော့တာ၊ ဖြူပြီး အခန်းတစ်ခုလုံးကလည်း လင်းနေလိုက်တာ”
“အခုလိုဆိုတော့ လောကကြီးတစ်ခုလုံးမှာ ၂ယောက်ထဲလိုပဲနော်၊ အိပ်မက် ကမ္ဘာကြီးထဲ ရောက်နေသလိုပဲ”
“နှစ်ယောက်တည်း မဟုတ်လို့လားကွယ်”
“ဒါဟာ အိပ်မက်တစ်ခုကော ဖြစ်မနေနိုင်ဘူးလား”
ထိုနေ့က ဓိရာ လည်ပင်းက မွှေးညှင်းနူးနူးညံ့ညံ့လေး ရှိနေသည့် အညိုရောင်အမှတ်ကလေးကို သူ မြတ်နိုးစွာ နမ်းရှိုက်ခဲ့လေသည်။
♫••·˙ ˙·••♫
ဓိရာနှင့် အတူနေခဲ့ရသော နေ့များသည် ကြည်နူးလွမ်းဆွတ်စရာကောင်းသလောက် ကျူမျှင်တွေနဲ့ရစ်ပတ်ထားသော.. တိုတောင်းလွန်းသော…အိပ်မက်တစ်ခုသာ ဖြစ်ခဲ့သည်။ ကျူမျှင်တွေ ပြတ်ထွက်သွားတော့လည်း ထိုအိပ်မက်သည်လည်း ဒဏ္ဍာရီတစ်ခု ဖြစ်သွားခဲ့ရပေပြီ။
မမျှော်လင့်သော တစ်နေ့တွင် ကံကြမ္မာသည် ဒီပနဲ့ ဓိရာကို အဝေးဆုံးကို တွန်းပို့ခဲ့လေပြီ။
ထိုနေ့က မိုးသက်လေနုအေးက တသုန်သုန်တိုက်ခတ်နေခဲ့သည်။ ဂင်္ဂါမြစ်ရေက နွဲ့နောင်းစွာ စီးဆင်းနေသည်။
မိဘမရှိသော ဘဝတူတွေမို့ အပျော်ကြီးပျော်နေခဲ့သော နှစ်ယောက်တစ်ဘ၀လေးသည် ဓိရာ၏ လည်ပင်းမှ အမှတ်ကလေးကြောင့် အ၀ေးကြီးသို့ ၀ေးခဲ့ကြရလေပြီ။
ဒီအမှတ်ကလေးကြောင့် ဓိရာ မိဘအရင်းတွေနှင့် ပြန်လည်တွေ့ဆုံသွားကြလေသည်။ ဓိရာကို ရမ်ဂျူလာနှင့် အဝေးဆုံးနေရာကို ခေါ်ဆောင်သွားကြသည့်နေ့က ဒီပ အတွက် ကြိုးမိန့်ကျသည့် နေ့တစ်နေ့ ဖြစ်ခဲ့သည်။ ဗစ်ရှနူးနတ်ဘုရားရုပ်ကြီး နောက်မှာ တင်းကြပ်စွာဖက်ရင်း သည်းထန်စွာ ငိုကြွေးခဲ့ကြသည်။
“ဒီပဆီကို ဓိရာ ပြန်လာခဲ့မယ်နော်..။ အခုတော့ ခဏ လိုက်သွားလိုက်ဦးမယ်”
မျက်ရည်တွေ ဝိုင်းနေသော ဓိရာ၏ မျက်လုံးများနှင့် တဆတ်ဆတ်တုန်နေတဲ့ ဓိရာ၏ နှုတ်ခမ်းများကို သူ နောက်ဆုံးအကြိမ်အဖြစ်နှင့် ငေးစိုက်ကြည့်နေခဲ့ရင်း “ငါ ရူးသွားရင် ကောင်းမယ်” ဟု ဒီပ တွေးနေခဲ့မိသည်။
ရမ်ဂျူလာ တံတားကြီးပေါ်မှာ ဓိရာရဲ့ ပုဝါကလေး တလွင့်လွင့်နှင့် ဝေးသွားရာက နောက်ဆုံးပျောက်ကွယ်သွားသည်အထိ ဒီပ ဘဝထဲက ဓိရာ အပြီးအပိုင် ထွက်ခွာသွားပြီဆိုတာကို မယုံကြည်နိုင်လွန်းစွာ၊ ၀ေဝါးနေသော မျက်လုံးများနှင့် ငေးမောကြည့်နေခဲ့သည်။ ထိုစဉ်ချိန်မှာ တောင်ထိပ်ဖျားမှာတော့ မိုးခြိန်းသံများက တဝုန်းဝုန်းမြည်ဟီးလိုက်သေးသည်။
ထိုနေ့ညကစပြီး ဗစ်ရှနူးနတ်ဘုရားရုပ်ကြီးနောက်က ထိတ်လန့်ခြောက်ခြားဘွယ်ရာ အထီးကျန်ညတွေကို
ဒီပ တစ်ယောက်တည်း ဖြတ်သန်းခဲ့လေပြီ။ ဓိရာ၏ တုန်ယင်နေသော နှုတ်ခမ်းများနှင့် တစ်စုံတစ်ရာကို မယုံနိုင်အောင် ကြောက်လန့်စိုးရိမ်နေသော မျက်လုံးကြီးများက ဒီပအား အိပ်မက်တွေထဲ အထိ ခြောက်လှန့်နေခဲ့ကြသည်။ "ငါ... ယောက်ျား.." ဟူသော စိတ်ဖြင့် အထီးကျန်ခြင်းများထဲက ခွန်အားတစ်ခုကို ဖြစ်ညှစ်ထုတ်ရင်း ဘဝတစ်ခုကို ဆက်လျှောက်နေခဲ့ရလေပြီ။
သာယာလှပသည့် ရွှေရောင်လွှမ်းတဲ့ ညနေခင်းတွေမှာ၊ ဒီပ အနားကို အရိပ်ကလေးတစ်ခုပမာ၊ သစ်ရွက်ကလေးပမာ လွင့်ကနဲ ဖြုတ်ကနဲ စွေ့ကနဲ ကြွေလာတတ်သည့် ဓိရာကို ပြန်မလာနိုင်မှန်း သိပေမယ့် ဒီပ မျှော်နေမိဆဲ…။ နေဝင်ရီရော အချိန်တွေမှာ ဆင်ဆင်တူသည့် အရိပ်ကလေးတစ်ခုကို ရမ်ဂျူလာတံတားထိပ်မှာ တွေ့မိလျှင် ဓိရာများ သူ့ဆီ ပြန်လာလေပြီလားဟု ထိတ်ကနဲဖြစ်နေရဆဲ…။
ဒီ ရမ်ဂျူလာ…
ဒီ ညနေခင်း….
ဒီ မီးမျောပွဲတွေ…နဲ့
ဒီပ ထံကို..
ဓိရာ တစ်နေ့နေ့ ပြန်လာလိမ့်မည်လားဟု… မျှော်လင့်ချက် သေးသေးကလေးဖြင့် အသက်ဆက်နေဆဲ။
♫••·˙ ˙·••♫
ဂင်္ဂါမြစ်ထဲကို ဒီပ ညင်သာစွာ မျောချလိုက်တာကတော့ .. ဆီမီးထွန်းထားတဲ့ ဒီပရဲ့ ပန်းလှေကလေးရယ်ပါ…
သည်းအူပြတ်မတတ် လွမ်းပါသည်။ ။
အိမ့်ချမ်းမြေ့
ဖူးငုံ မဂ္ဂဇင်း - 2008
♪••·˙ပန္းေမွ်ာေလွ˙·••♪
ညေနခင္းေနေရာင္ျခည္က ညိဳးေရာ္သြားခဲ့ၿပီ။ ေလေျပကေလး တသုန္သုန္တိုက္ခတ္လာေတာ့ ေတာင္ေပၚမွ မီးခိုးေငြ႕ျဖဴျဖဴေလးမ်ားက ပုဝါကေလးလို လြင့္ပါးသြားေလၿပီ။ ေန႔လည္ပိုင္းတုန္းကေတာ့ ျခစ္ျခစ္ေတာက္ ပူေနသည့္ ေနေၾကာင့္ ရမ္ဂ်ဴလာ ႀကိဳးတံတားေအာက္က ျမစ္ေရျပင္ဟာ ပြက္ပြက္ထၿပီး ဆူေတာ့မေယာင္။
ယခုလည္း ျမစ္ေရလွ်ံတက္လာေနလို႔ ေလွကားထစ္ သုံးဆင့္ေလာက္ပဲ ျမင္ရေတာ့သည့္ ေလွကားထစ္ေတြေပၚတ္ငင္ ေခြးကေလးေတြ၊ ေမ်ာက္ေတြ၊ ႏြားေတြသာမက၊ လူႀကီးလူငယ္ေတြနဲ႔ ဆာဒူးေတြေတာင္ ေပ်ာ္ပါးေနလိုက္ၾကတာ။ ညေနခင္းရဲ႕ ေ႐ႊအိုေရာင္ကို ေသာက္သုံးေနတဲ့ ျမစ္ေရျပင္ထဲမွာလည္း လႈိင္းလုံးေတြဟာ လူးလိမ့္ေပ်ာ္ပါးေနလိုက္တာ။ အေဝးကလွမ္းျမင္ေနရတဲ့ ရမ္ဂ်ဴလာႀကိဳးတံတားေပၚမွာေတာ့ ဥဒဟိုသြားလာေနတဲ့ လူေတြ။ သူတို႔ရဲ႕ ဝတ္စုံေတြက အေရာင္ေတာက္ပံလြန္းတဲ့ အနီေရာင္၊ အဝါေရာင္၊ လိေမၼာ္ရင့္ေရာင္၊ ခရမ္းေရာင္ေတြ။
မၾကာမွီ ဂဂၤါျမစ္ကမ္းနဖူးမွာ ဆုေတာင္းပြဲေတြ က်င္းပေတာ့မည္။ ခပ္လွမ္းလွမ္းမွာ ဖ်ာခ်ပ္ကေလးကိုခ်ၿပီး ပန္းဆီမီးခြက္ကေလးေတြကိုေရာင္းေနေသာ ကေလးေလးေတြ။ က်ဴခြက္ကေလးထဲမွာ ျဖဴ၊နီ၊ဝါ ေရာင္စုံပန္းကေလးေတြက ဆီမီးကေလးကို ဝိုင္းရံထားသည္။ ပန္းေရာင္းတဲ့ကေလးေတြက မီးျခစ္ကေလးႏွင့္အေႂကြဗူးကို အဆင္သင့္ခ်ထားသည္။ ပန္းဆီမီးခြက္ကို လာဝယ္သူလက္ထဲေရာက္မွ မီးျခစ္ေလးႏွင့္ဆီးမီးေလးကို မီးအဆင္သင့္ညႇိေပးမည္။ ျမစ္ကမ္းပါးတေလွ်ာက္မွာ လင္းကြင္းသံ၊ တူရိယာသံေတြ၊ နတ္ဘုရားေတြကို ပူေဇာ္သီဆိုသံေတြႏွင့္ စည္ကားသိုက္ၿမိဳက္လာေတာ့မည္။
လြမ္းမိသည္…
……… ဓိရာ…
♫ ••·˙ ˙·••♫
ကြမ္းတံေတြးမ်ား၊ အမႈိက္စမ်ား၊ ေရသန႔္ဗူးအခြံတို႔ျဖင့္ ေပပြေနသည့္ ေလွကားထိပ္တြင္ ထိုင္ရင္း၊ လက္ထဲတြင္ ဆီမီးထြန္းထားသည့္ ပန္းေလွကေလးတစ္စင္းကို ကိုင္ထားရင္း၊ ေလထဲမွာ ပ်ံ႕လြင့္လာေနသည့္ အေၾကာ္နံ႔မ်ားႏွင့္၊ သစ္ေမႊးနံ႔မ်ားရယ္ကို ႐ူရႈိက္ရင္း၊ ေတာင္ေပၚတြင္ ေဝ့၀ဲပ်ံသန္းေနသေယာင္ ျမဴခိုးမ်ားကို ေငးေမာရင္း ဓိရာ ကို လြမ္းဆြတ္ေနမိသည္။ ဟိုတုန္းကဆို အခုလို ေ႐ႊေရာင္လႊမ္းတဲ့ ညေနခင္းမ်ားမွာ၊ သူမဟာ.. ဒီပ အနားကို အရိပ္ကေလးတစ္ခုပမာ၊ သစ္႐ြက္ကေလးပမာ လြင့္ကနဲ ျဖဳတ္ကနဲ ေစြ႕ကနဲ ေႂကြလာတတ္သည္မဟုတ္ပါလား။
“ေရာ့… ၾကက္သားပလာတာ ႀကိဳက္တတ္တယ္ဆိုလို႔. မရ ရေအာင္ လု လာရတာ”
အရယ္ကေလး ေသာ့ေသာ့ျဖင့္ ေျပာတတ္ေတာ့ ခ်စ္ျမတ္ႏိုးသည့္ မ်က္ဝန္းမ်ားႏွင့္ ဓိရာ ကို ဒီပ ၾကည့္တတ္သည္။ ဒီလိုေနရာမွာ အသားပါေသာ ပလာတာကို မရ၊ ရေအာင္ ရွာလာေပးႏိုင္တဲ့ သူမကို အံ့ၾသမိန္းမူးစြာ ေငးၾကည့္လိုက္မိရင္း ဒီပ ရင္ထဲမွာ စိုးရိမ္ပူပန္မႈေတြကလည္း အျပည့္။
“ဟင့္အင္း…”
သူမအနားကိုကပ္ကာ ေျပာလိုက္မိသည္။
“ဘာဟင့္အင္းလည္း”
“ဒီတိုင္း မစားဘူးေလ”
“လုပ္ၿပီ.. ကိုယ့္ဟာကိုယ္စားေလလို႔၊ ယူလာေပးတာပဲ ေတာ္ၿပီေပ့ါ”
ဓိရာ က ႏႈတ္ခမ္းကို စူပြပြလုပ္လွ်က္ မ်က္လုံးကေလး ေထာင့္ကပ္ကာ ၾကည့္သည္။
“အထဲမွာ ၾကက္သားနဲ႔ေနာ္၊ အသားနဲ႔ ပလာတာကို ဘယ္လိုရေအာင္ ယူလာတာလည္းဟင္”
ႏႈတ္ကခပ္တိုးတိုးေမးရင္း သူမ အနားကို တိုးကပ္သြားသည္။
“တိုးရစ္ေတြဆီက လုလာတာပါလို႔ ဆို.. ကဲ… ပါးစပ္ဟေလ”
သူမလက္ကေလး ပါးစပ္နားေရာက္လာေတာ့ အလိုက္သင့္ဟ ေပးလိုက္သည္။
ဘယ္တုန္းကမွ မႏွစ္သက္ခဲ့ေသာ ပလာတာတစ္ခ်ပ္သည္ သူမ ခြံ႕ေကြၽးတိုင္း ခ်ိဳျမလြန္းေနသည္။
ဓိရာ ကလည္း ဒီပ ကို အသားေလးေတြကိုသာ ေ႐ြး၍ ခြံ႕သည္။
“ဒီနယ္ေျမဟာ သက္သတ္လြတ္နယ္ေျမေနာ္.. ျမန္ျမန္စား”
ေခါင္းၿငိမ့္ျပရင္း ဓိရာ လက္ဖမိုးေလးကို ျဖတ္ကနဲ နမ္းခဲ့ဖူးသည္။
“ခ်ိဳၿမိန္လိုက္တဲ့ ပလာတာေလး၊ ေက်းဇူးတင္လိုက္တာ အခ်စ္ရယ္…”
ဓိရာ အနားမွာ ကပ္လို႔ တဖြဖြ ႐ြတ္ဆိုဖူးခဲ့ဖူးေသာ ညေနေစာင္းမ်ားသည္ ဒီပ အတြက္ လြမ္းေမာဖြယ္ရာ ညေနေစာင္းမ်ားသာတည့္။
♫ ••·˙ ˙·••♫
တစ္ကယ္ဆို သူတို႔ ဘဝက ၾကမ္းတမ္းလြန္းပါသည္။
ေတာင္ထိပ္ဖ်ားေတြမွာ အညႇိဳးႀကီးႀကီးနဲ႔ ပရမ္းပတာ ႐ြာတဲ့ မိုးေၾကာင့္ ၿပိဳက်လာရတဲ့ ေျမေဆြးေတြလို….
ၾကမ္းၾကမ္းတမ္းတမ္းတိုက္ခတ္တဲ့ ေလေၾကာင့္ အေဝးႀကီးဆီ ႏွင္ခံလိုက္ရတဲ့ ျမဴခိုးပိုးပုဝါေတြလို …
မိုးႀကီးလာလို႔ အရွိန္မသတ္ႏိုင္ပဲ ကတိုက္က႐ိုက္စီးဆင္းလို႔ သယ္ေဆာင္သြားခံရတတ္တဲ့ ဂဂၤါထဲက သဲမႈန္ေတြလို ….
ႏွစ္ရက္ေလာက္ ထမင္းေကာင္းေကာင္း မစားရေသးသည့္ ေဆးေရာင္စုံမ်က္ႏွာႏွင့္ ဆာဒူးတစ္ေယာက္လို….
ညေမွာင္ေမွာင္ ေခ်ာင္ကုတ္ေနတာေတာင္မွ လူသူေတြ ဂ႐ုမျပဳမိလို႔ တက္နင္းခံရတဲ့ ႏြားေခ်းပုံလို…
ကပိုကယို၊ ကပ်က္ကယက္နဲ႔…. ဖုတ္ဖက္ခါထေနတတ္ခဲ့သည္ မဟုတ္ပါလား။
ဆာဒူးေတြရဲ႕ ဘဝကေတာ့ အနည္းငယ္ ပိုသာသည္ဟု ေျပာလို႔ရႏိုင္သည္။ အဆင္သင့္လွ်င္ ဆိုင္တစ္ဆိုင္ေရွ႕က ခုံတစ္ခုံမွာ တစ္ေနကုန္ထိုင္ေန႐ုံျဖင့္ မုန႔္ပဲသားေရစာ၊ လႉဘြယ္ေငြစအနည္းငယ္ ရတတ္သည္။ သူတို႔ ဘဝကေတာ့ ေလလႈိင္းၾကမ္းပုတ္တဲ့ ႐ြက္ေလွလို တည္ၿငိမ္မႈမဲ့စြာ…။
ဒီပ ဘဝထဲကို ဓိရာ ဝင္လာတဲ့ေန႔က မိုးေတြသည္းထန္စြာ ႐ြာသြန္းေနသည္။ ေလေတြကလည္း ျပင္းထန္လြန္းသျဖင့္ ရမ္ဂ်ဴလာ တံတားႀကီးေတာင္ ဂဂၤါျမစ္ထဲ ေမ်ာသြားေတာ့ မေယာင္။ မိုး႐ြာေနတာေတာင္ လူသူထူထပ္ေနတဲ့ လမ္းႀကိဳလမ္းၾကားတစ္ခုမွာ ငိုယိုေနေသာ ႐ြယ္တူဂါဝန္မကေလးကို ေတြ႕ခဲ့ရေသာေန႔။ ထိုေကာင္မေလးကို ဒီပက သူခိုကိုးရာ ဗစ္ရွႏူး နတ္ဘုရား႐ုပ္ႀကီး ေနာက္ကို ေခၚေဆာင္လာခဲ့သည္။ ဆာေလာင္ေၾကာက္႐ြံ႕ထိတ္လန႔္ေနေသာ ေကာင္မေလးက ဒီပ စုေဆာင္းဖြက္သိမ္းထားေသာ သစ္သီးဝလံမ်ားကို စားေသာက္ၿပီး ဒီပ ေပါင္ေပၚမွာ အိပ္ေပ်ာ္သြားခဲ့သည္။
ဒီလိုႏွင့္ ဒီပ ႏွင့္ ဓိရာ.. ဒီရမ္ဂ်ဴလာ ႀကိဳးတံတားတဝိုက္မွာ က်င္လည္က်က္စားခဲ့ၾကသည္။
အိုေဟာင္းလာတဲ့ ႏွစ္ေတြထဲမွာ.. ေတာင္းယမ္းစားေသာက္ၾကတဲ့ ေန႔ေတြ၊ ပန္းကေလးေတြေကာက္လို႔ ေရာင္းစားၾကရတဲ့ ေန႔ေတြ၊ နယ္ခံေတြ၊ တိုးရစ္ေတြ အႏွိပ္သယ္ေတြ၊ ဟင္း႐ြက္သယ္မ်ားထံမွ လစ္ရင္လစ္သလို လုစားတဲ့ ေန႔ေတြ ရွိခဲ့သည္။ မိုးႀကီးတဲ့ေန႔ေတြမွာ.. ဒီႀကိဳးတံတားႀကီးရဲ႕ တစ္ဘက္တစ္ခ်က္မွာ ရွိေသာ ဘုရားေက်ာင္းကန္ေတြရဲ႕ ေခ်ာင္ႀကိဳေခ်ာင္ၾကားေတြမွာ၊ ရွီဗာနဲ႔ ဗစ္ရွႏူး နတ္ဘုရား႐ုပ္တုေတြ ၾကားထဲမွာ ပုန္းခိုခဲ့ၾကရေသာ ေန႔ေတြလည္းရွိသည္။
ဒီပ မိုးမိၿပီး အျပင္းဖ်ားေနခဲ့ေသာ ရက္ေတြမွာ ဆိုရင္.. ဟိႏၵဴေက်ာင္းေဆာင္ေတြေနာက္နားက အဖီကေလးတစ္ခုေအာက္မွာ ဒီပကို ျပဳစုရင္း ဓိရာတစ္ေယာက္ အနားကကို မခြာေတာ့။ ရမ္ဂ်ဴလာတဝိုက္.. ဝါးလွည္းကေလးေတြေပၚက ငွက္ေပ်ာသီး၊ သေဘၤာသီး၊ သရက္သီး၊ စပ်စ္သီး၊ အုန္းသီး စတဲ့ သစ္သီးသစ္ႏွံေတြ၊ ခ်ိဳေပ့ေမႊးေပ့ အခ်ိဳမုန႔္ေတြကို လူအလစ္မွာခိုးယူလို႔ ဒီပ ကို ဓိရာက ၾကင္နာစြာ ခြံ႕ေကြၽးခဲ့ဖူးသည္။
“အႏၲာရာယ္ ႀကီးလွပါတယ္ ဓိရာရယ္.. မသြားပါနဲ႔”
“ဓိရာရယ္.. ကိုယ့္ကို ၾကင္နာလိုက္တာ”
“ဓိရာကို မခ်စ္တတ္ဘူးလို႔ ထင္ထားတာ.. ဒါေပမယ့္ ဓိရာက ခ်စ္တတ္တယ္ေနာ္”
ဒီပ တစ္ေယာက္ တဖြဖြ ႐ြတ္ဆိုေနခဲ့ေတာ့ ဓိရာက ႏႈတ္ခမ္းေထာင့္ကို ေကြးကာ ၿပဳံးေနခဲ့သည္။
“ဓိရာ ခ်စ္တတ္တာ မဟုတ္ပါဘူး… သိလားဟင္ ဒီပ”
“ ………..”
“ဓိရာ…. ဒီပ ကို ခ်စ္တာပါ”
ထိုညက အဖ်ားေတြတက္ေနေသာ ဒီပ.. ဓိရာ၏ ရင္ခြင္ထဲမွာ ေမွးမွိတ္အိပ္ေပ်ာ္ခဲ့သည္။ ဓိရာ လည္ပင္းက ေမႊးညႇင္းႏူးႏူးညံ့ညံ့ေလး ရွိေနတဲ့ အညိဳေရာင္အမွတ္ကေလးသည္လည္း ဒီပ အျမင္အာ႐ုံထဲမွာ ေဝးသြားလိုက္ နီးလာလိုက္ႏွင့္။
••••·˙♫˙·•••·˙♫˙·••••
ညေနေစာင္းလာၿပီ။
ေနလုံးနီနီက ဂဂၤါျမစ္ေနာက္က ေတာင္တန္းစိမ္းေတြေပၚကို ေမးတင္ေနၿပီ။ မၾကာခင္ ျမဳပ္ဝင္ေပ်ာက္ကြယ္သြားေတာ့မည္။ ဒီလိုအခ်ိန္ေတြမွာဆိုလွ်င္… ဂဂၤါျမစ္ကမ္းနဖူးမွာ ဝတ္ျပဳဆုေတာင္းသူေတြ အုံက်လာတတ္သည္။ လူေတြရဲ႕ အာ႐ုံေတြက ဆီမီးေတြ၊ ပန္းေတြ၊ နံ႔သာေမႊးတိုင္ေတြ၊ ေရာင္စုံစကၠဴေတြ တလူလူလြင့္ေနတဲ့ ဘုန္းေတာ္ႀကီးေတြရဲ႕ စင္ျမင့္ေတြေပၚ သဲသဲလႈပ္လို႔၊ အုတ္ေလွကားထစ္ေတြေပၚက ဝတ္ျပဳလာသူေတြဟာလည္း ေထာပတ္နဲ႔ျပဳစုထားတဲ့ ဆီမီးေတြကို ေဝွ႔ယမ္းလို႔၊ ေခါင္းမီးၿခဳံ မိန္းကေလးေတြကလည္း ျမစ္ထဲမွာ ဆီမီးေတြ ပန္းေတြ ေမ်ာလို႔…။
ဒီလိုျမင္ကြင္းေတြကို ဟိုးေတာင္ေတြေပၚက ဟိႏၵဴေက်ာင္းေဆာင္ႀကီး တစ္ခုရဲ႕ မွန္ခန္းေသးေသးေလးထဲကေန သူတို႔ ငုံ႔ၾကည့္ေလ့ရွိသည္။ ဒီေက်ာင္းေဆာင္ႀကီးေတြဟာ ေန႔ႀကီးရက္ႀကီးမွာမွ ဖြင့္ေလ့ရွိသည့္အတြက္ လူသူကင္းရွင္းေနတတ္သည္။ ေက်ာင္းေဆာင္ႀကီးရဲ႕ အျမင့္ဆုံးနီးပါး မုခ္ျပာသာဒ္နားက အခန္းကေလးထဲအထိ တက္သြားတတ္ေသာ ဒီပ ေနာက္ကို ဓိရာက မရ-ရေအာင္ လိုက္သြားတတ္သည္။ ေလွကားက်ဥ္းက်ဥ္းကေလးေတြၾကားက ခဲရာခဲစစ္လိုက္လာေနရေသာ ဓိရာ အျဖစ္က ဒီပအတြက္ ပိုမိုခ်စ္ျမတ္ႏိုးမိေစေသာ အျဖစ္တစ္ခု ျဖစ္ေပလိမ့္မည္။ ေလွကားလက္ရန္းတစ္ခုကို အားျပဳၿပီး သူမတက္လိုက္ေတာ့ ခါးမွာပတ္ထားေသာ ပုဝါစက မေတာ္တဆ သူမ ဒူးေအာက္နားကို ျပဳတ္က်သြားခဲ့ဖူးသည္။ ဒီပ မ်က္ႏွာကို လႊဲထားခဲ့သည္။
ဓိရာႏွင့္အတူတူ သြယ္ဝိုက္စီးေနေသာ ဂဂၤါျမစ္ကို ေက်ာင္းေဆာင္မွန္ခန္းထဲက ငုံ႔ၾကည့္ရတာေလာက္ စိတ္ေအးခ်မ္းသာဖြယ္ရာ မရွိခဲ့။ ဂဂၤါျမစ္အထက္ခပ္လွမ္းလွမ္း ကမ္းပါးေပၚမွာ စီရရီေက်ာက္တုံးေတြ ရွိေနသည္။ ပန္းေလွေတြေမ်ာခ်တတ္ေသာ ေက်ာက္တုံးႀကီးတစ္ခုနားမွာ ခ်ိဳေသြးေနေသာ ႏြားတစ္ေကာင္ကို လွမ္းျမင္ရတတ္သည္။ အနီးက အျခားေက်ာက္တုံးတစ္ခုေပၚမွာ တရားထိုင္ေနေသာ ရွီဗာနတ္ဘုရား႐ုပ္တုႀကီးရွိေနသည္။ နတ္ဘုရား႐ုပ္ႀကီးလည္ပင္းမွာ ေႁမြတစ္ေကာင္က ရစ္ပတ္ေနသည္။ ေခြလိမ္ေနေသာဆံပင္ဖ်ားမွာ နားကပ္ရွည္ရွည္က တြဲေလာင္းက်ေနသည္။
“ရမ္ဂ်ဴလာတံတားလည္း လူေတြကိုႀကိတ္ႀကိတ္တိုးလို႔ေနာ္…”
ပခုံးမွာ ႏြဲ႕မွီေနေသာ ဓိရာ့ထံမွ စကားသံခပ္တိုးတိုးထြက္လာသည္။ သူမ စပ်စ္သီးကေလးမ်ားကို တစ္လုံးခ်င္း ျဖည္းျဖည္းဝါးေနသည္။ နီးကပ္ေနေသာေၾကာင့္ သူမႏႈတ္ခမ္းက စပ်စ္သီးရနံ႔ေလးကိုေတာင္ ဒီပ ရ ေနသည္။ ဆင္းရဲမြဲေတလြန္းၾကေပမယ့္ ညညလူေျခတိတ္ခ်ိန္ေတြမွာ ျမစ္အထက္ပိုင္းက ေက်ာက္တုံးမ်ားကို အကာကြယ္ယူလို႔ သန႔္ရွင္းသမႈ ျပဳတတ္သူ ဓိရာ့ ကိုယ္မွ ဂဂၤါပန္းရနံ႔တို႔ သင္းပ်ံ႕တတ္သည္ဟု ဒီပက ထင္ေနတတ္ေသးသည္။ ဓိရာရဲ႕ နဖူးျပင္မွာ ဒီပ တစ္ေယာက္ပါးအပ္ကာ သူမေျပာသည့္ ရမ္ဂ်ဴလာတံတားဘက္ကို ေငးၾကည့္ေနမိသည္။
တံတားက ေနဝင္ဖ်ိဴးဖ်မွာ မႈန္ျပာေနသည္။ သြယ္က်ေနေသာ ႀကိဳးတန္းေတြကို လွမ္းျမင္ေနရသည္။ ရမ္ဂ်ဴလာ တံတားက လမ္းေလွ်ာက္ျဖတ္သူမ်ားအတြက္သာ ျဖစ္ေပမယ့္လည္း ႏြားေတြ၊ ေမာ္ေတာ္ဆိုက္ကယ္ေတြ၊ ေခြးေတြကလည္း ဒီတံတားႀကီးကို အသုံးျပဳတတ္ေသးသည္။ တစ္ခါတစ္ရံ ျမစ္ဘက္ကို ေငးေမာၿပီး ဆက္မေလွ်ာက္ေတာ့ေသာ ႏြားမ်ား၊ စက္ႏႈိးမရေတာ့ေသာ ဆိုက္ကယ္မ်ားေၾကာင့္ လမ္းေၾကာင္းေတြ ပိတ္ေနတတ္ေသးသည္။ ႀကိဳးတန္းေတြမွာ တြဲလြဲခိုေနတတ္ေသာ ေမ်ာက္ေတြကလည္း လစ္ရင္လစ္သလို စားစရာေတြကို ခိုးယူတတ္ေသးသည္။
“ဒီေနရာမွာ ရာမမင္းသားရဲ႕ ညီေတာ္ လကၡဏမင္းသားက ဂဂၤါကို ျဖတ္ခဲ့ဖူးတယ္လို႔ ဒဏရီေတြထဲမွာ ဆိုၾကတယ္။ လကၡဏမင္းသား ျဖတ္ခဲ့တုန္းကေတာ့ က်ဴတံတားေပါ့.. အခုေတာ့ က်ဴတံတားေနရာမွာ ႀကိဳးတံတားျဖစ္ေနၿပီ”
“ရာမတို႔ လကၡဏမင္းသားတို႔ေတြက ဘယ္သူေတြလည္းဟင္”
“ရစ္ရွီဗလ္မီကီ ဆိုတဲ့ ကဗ်ာစာဆိုရွင္ႀကီးရဲ႕ လွ်မ္းလွ်မ္းေတာက္ စာေတြထဲက ဒ႑ာရီ သူရဲေကာင္းေတြေပါ့၊ ေလးစားစရာေကာင္းေလာက္တဲ့ စာဆိုရွင္ေတြဟာ ဘယ္ေတာက္ေတာ္တန္တက္ေျမာက္လိုက္သလည္းဆိုရင္ သူတို႔ရဲ႕စာေတြ ကဗ်ာေတြဟာ ႏိုင္ငံေတာ္သီခ်င္းေတြ ျဖစ္သြားတတ္တယ္၊ ဘုရားေဟာက်မ္းေတြ ျဖစ္သြားတတ္တယ္။
အျခားႏိုင္ငံေတြကလည္း တို႔ေတြရဲ႕ စာေတြ ကဗ်ာေတြကို သူတို႔ဘာသာစကားနဲ႔ ျပန္ဆိုလို႔ အျမတ္တႏိုးထား ကိုးကြယ္တတ္ၾကေသးတယ္။ အာရွတစ္ခြင္မွာ ရစ္ရွီဗလ္မီကီရဲ႕ စာေတြဟာ ဘာသာအမ်ိဳးမ်ိဳးကို ျပန္ဆိုျခင္းခံရတယ္”
“ဒါေတြကို ဘယ္လိုသိလည္းဟင္”
“ကိုယ့္အဘိုး ကိုယ့္ကိုေျပာျပဖူးခဲ့တဲ့ ဒ႑ာရီ ေနာက္တစ္ခုလို႔ပဲ မွတ္ထားလိုက္ေတာ့ေနာ္…”
သူမ ဒီပ မ်က္ႏွာကို ျမတ္ႏိုးျခင္း၊ ေလးစားအထင္ႀကီးျခင္းအျပည့္ႏွင့္ ေငးၾကည့္ေနခဲ့သည္။ သူတို႔ႏွစ္ေယာက္၏ မ်က္ဝန္းမ်ားထဲတြင္ ဂဂၤါျမစ္ကမ္းမွ ဆီမီးမ်ား ကခုန္ျမဴတူးေနသလားေတာင္ ထင္ရတတ္သည္။
ညက ပိုနက္လာခဲ့သည္။ ဂဂၤါျမစ္ကမ္းနဖူးက ဟိႏၵဴဘုန္းႀကီးေတြ ဝတ္ျပဳဆုေတာင္းတဲ့ စင္မ်ားသည္လည္း ေရာင္စုံပန္းမ်ား၊ ဆီမီးအေမႊးနံ႔သာမ်ားႏွင့္ ထုံမႊန္းလို႔ေနသည္။ ဆီမီးေရာင္မ်ားေၾကာင့္ ျမစ္ေရျပင္သည္လည္း မီးဟုန္းဟုန္ေတာက္လို႔ေန၏။ ျမစ္ေရသည္လည္း ပန္းေပါင္းစုံရနံ႔ ထုံသင္းေမႊးပ်ံ႕ကာ၊ ေတာင္နံရံမ်ားတြင္လည္း နတ္ဘုရားမ်ားကို ပူေဇာ္ပသသည့္ ေတးသီခ်င္းသံမ်ားက ပဲ့တင္ထပ္လို႔ေန၏။
သူႏွင့္သူမ၏ မွန္နန္းေဆာင္အခန္းကေလးက အျပင္မွေလေအးတိုက္ခတ္မႈေၾကာင့္ မႈန္ဝါးလာေနသည္။ ပတ္ပတ္လည္မွန္ေတြက ျမဴေတြနဲ႔ပတ္ရစ္ထားသလို မႈိင္းလာသည္။ အျပင္ကရႈခင္းေတြကို သူတို႔ မျမင္ရၾကေတာ့။
“မွန္ေတြက မႈန္ေနၿပီး အျပင္ကို ဘာမွ မျမင္ရေတာ့ဘူးေနာ္”
ျမဴခိုးေတြက အျပင္ကေန ဝိုင္းလို႔ပိတ္ေနေတာ့တာ၊ ျဖဴၿပီး အခန္းတစ္ခုလုံးကလည္း လင္းေနလိုက္တာ”
“အခုလိုဆိုေတာ့ ေလာကႀကီးတစ္ခုလုံးမွာ ၂ေယာက္ထဲလိုပဲေနာ္၊ အိပ္မက္ ကမာၻႀကီးထဲ ေရာက္ေနသလိုပဲ”
“ႏွစ္ေယာက္တည္း မဟုတ္လို႔လားကြယ္”
“ဒါဟာ အိပ္မက္တစ္ခုေကာ ျဖစ္မေနႏိုင္ဘူးလား”
ထိုေန႔က ဓိရာ လည္ပင္းက ေမႊးညႇင္းႏူးႏူးညံ့ညံ့ေလး ရွိေနသည့္ အညိဳေရာင္အမွတ္ကေလးကို သူ ျမတ္ႏိုးစြာ နမ္းရႈိက္ခဲ့ေလသည္။
♫••·˙ ˙·••♫
ဓိရာႏွင့္ အတူေနခဲ့ရေသာ ေန႔မ်ားသည္ ၾကည္ႏူးလြမ္းဆြတ္စရာေကာင္းသေလာက္ က်ဴမွ်င္ေတြနဲ႔ရစ္ပတ္ထားေသာ.. တိုေတာင္းလြန္းေသာ…အိပ္မက္တစ္ခုသာ ျဖစ္ခဲ့သည္။ က်ဴမွ်င္ေတြ ျပတ္ထြက္သြားေတာ့လည္း ထိုအိပ္မက္သည္လည္း ဒ႑ာရီတစ္ခု ျဖစ္သြားခဲ့ရေပၿပီ။
မေမွ်ာ္လင့္ေသာ တစ္ေန႔တြင္ ကံၾကမၼာသည္ ဒီပနဲ႔ ဓိရာကို အေဝးဆုံးကို တြန္းပို႔ခဲ့ေလၿပီ။
ထိုေန႔က မိုးသက္ေလႏုေအးက တသုန္သုန္တိုက္ခတ္ေနခဲ့သည္။ ဂဂၤါျမစ္ေရက ႏြဲ႕ေနာင္းစြာ စီးဆင္းေနသည္။
မိဘမရွိေသာ ဘဝတူေတြမို႔ အေပ်ာ္ႀကီးေပ်ာ္ေနခဲ့ေသာ ႏွစ္ေယာက္တစ္ဘ၀ေလးသည္ ဓိရာ၏ လည္ပင္းမွ အမွတ္ကေလးေၾကာင့္ အ၀ေးႀကီးသို႔ ၀ေးခဲ့ၾကရေလၿပီ။
ဒီအမွတ္ကေလးေၾကာင့္ ဓိရာ မိဘအရင္းေတြႏွင့္ ျပန္လည္ေတြ႕ဆုံသြားၾကေလသည္။ ဓိရာကို ရမ္ဂ်ဴလာႏွင့္ အေဝးဆုံးေနရာကို ေခၚေဆာင္သြားၾကသည့္ေန႔က ဒီပ အတြက္ ႀကိဳးမိန႔္က်သည့္ ေန႔တစ္ေန႔ ျဖစ္ခဲ့သည္။ ဗစ္ရွႏူးနတ္ဘုရား႐ုပ္ႀကီး ေနာက္မွာ တင္းၾကပ္စြာဖက္ရင္း သည္းထန္စြာ ငိုေႂကြးခဲ့ၾကသည္။
“ဒီပဆီကို ဓိရာ ျပန္လာခဲ့မယ္ေနာ္..။ အခုေတာ့ ခဏ လိုက္သြားလိုက္ဦးမယ္”
မ်က္ရည္ေတြ ဝိုင္းေနေသာ ဓိရာ၏ မ်က္လုံးမ်ားႏွင့္ တဆတ္ဆတ္တုန္ေနတဲ့ ဓိရာ၏ ႏႈတ္ခမ္းမ်ားကို သူ ေနာက္ဆုံးအႀကိမ္အျဖစ္ႏွင့္ ေငးစိုက္ၾကည့္ေနခဲ့ရင္း “ငါ ႐ူးသြားရင္ ေကာင္းမယ္” ဟု ဒီပ ေတြးေနခဲ့မိသည္။
ရမ္ဂ်ဴလာ တံတားႀကီးေပၚမွာ ဓိရာရဲ႕ ပုဝါကေလး တလြင့္လြင့္ႏွင့္ ေဝးသြားရာက ေနာက္ဆုံးေပ်ာက္ကြယ္သြားသည္အထိ ဒီပ ဘဝထဲက ဓိရာ အၿပီးအပိုင္ ထြက္ခြာသြားၿပီဆိုတာကို မယုံၾကည္ႏိုင္လြန္းစြာ၊ ၀ေဝါးေနေသာ မ်က္လုံးမ်ားႏွင့္ ေငးေမာၾကည့္ေနခဲ့သည္။ ထိုစဥ္ခ်ိန္မွာ ေတာင္ထိပ္ဖ်ားမွာေတာ့ မိုးၿခိန္းသံမ်ားက တဝုန္းဝုန္းျမည္ဟီးလိုက္ေသးသည္။
ထိုေန႔ညကစၿပီး ဗစ္ရွႏူးနတ္ဘုရား႐ုပ္ႀကီးေနာက္က ထိတ္လန႔္ေျခာက္ျခားဘြယ္ရာ အထီးက်န္ညေတြကို
ဒီပ တစ္ေယာက္တည္း ျဖတ္သန္းခဲ့ေလၿပီ။ ဓိရာ၏ တုန္ယင္ေနေသာ ႏႈတ္ခမ္းမ်ားႏွင့္ တစ္စုံတစ္ရာကို မယုံႏိုင္ေအာင္ ေၾကာက္လန႔္စိုးရိမ္ေနေသာ မ်က္လုံးႀကီးမ်ားက ဒီပအား အိပ္မက္ေတြထဲ အထိ ေျခာက္လွန႔္ေနခဲ့ၾကသည္။ "ငါ... ေယာက္်ား.." ဟူေသာ စိတ္ျဖင့္ အထီးက်န္ျခင္းမ်ားထဲက ခြန္အားတစ္ခုကို ျဖစ္ညႇစ္ထုတ္ရင္း ဘဝတစ္ခုကို ဆက္ေလွ်ာက္ေနခဲ့ရေလၿပီ။
သာယာလွပသည့္ ေ႐ႊေရာင္လႊမ္းတဲ့ ညေနခင္းေတြမွာ၊ ဒီပ အနားကို အရိပ္ကေလးတစ္ခုပမာ၊ သစ္႐ြက္ကေလးပမာ လြင့္ကနဲ ျဖဳတ္ကနဲ ေစြ႕ကနဲ ေႂကြလာတတ္သည့္ ဓိရာကို ျပန္မလာႏိုင္မွန္း သိေပမယ့္ ဒီပ ေမွ်ာ္ေနမိဆဲ…။ ေနဝင္ရီေရာ အခ်ိန္ေတြမွာ ဆင္ဆင္တူသည့္ အရိပ္ကေလးတစ္ခုကို ရမ္ဂ်ဴလာတံတားထိပ္မွာ ေတြ႕မိလွ်င္ ဓိရာမ်ား သူ႔ဆီ ျပန္လာေလၿပီလားဟု ထိတ္ကနဲျဖစ္ေနရဆဲ…။
ဒီ ရမ္ဂ်ဴလာ…
ဒီ ညေနခင္း….
ဒီ မီးေမ်ာပြဲေတြ…နဲ႔
ဒီပ ထံကို..
ဓိရာ တစ္ေန႔ေန႔ ျပန္လာလိမ့္မည္လားဟု… ေမွ်ာ္လင့္ခ်က္ ေသးေသးကေလးျဖင့္ အသက္ဆက္ေနဆဲ။
♫••·˙ ˙·••♫
ဂဂၤါျမစ္ထဲကို ဒီပ ညင္သာစြာ ေမ်ာခ်လိုက္တာကေတာ့ .. ဆီမီးထြန္းထားတဲ့ ဒီပရဲ႕ ပန္းေလွကေလးရယ္ပါ…
သည္းအူျပတ္မတတ္ လြမ္းပါသည္။ ။
အိမ့္ခ်မ္းေျမ့
ဖူးငုံ မဂၢဇင္း - 2008
Comments