မီးတိုးပိုး
- အိမ့်ချမ်းမြေ့
- Sep 10, 2020
- 9 min read
Updated: Sep 25, 2020

Dangerous Liaisons ဆိုတဲ့ ရုပ်ရှင်ကို တော်တော်များများ ကြည့်ဖူးကြပါလိမ့်မယ်။ ပြင်သစ်စာရေးဆရာကြီး Pierre Choderlos de Laclos ရဲ့ ၁၇၈၂ တုန်းက ရေးခဲ့တဲ့ Les Liaisons dangereuses ဝတ္ထုရှည်ကြီးကို ရုပ်ရှင်ပြန်ရိုက်ထားတာပါ။ ဒီဝတ္ထုကို adaptation အမျိုးမျိုး ဘာသာစကားအမျိုးမျိုးနဲ့ တိုင်းပြည်မျိုးစုံ ယဉ်ကျေးမှု မျိုးစုံက ပြန်ရိုက်ထားတာပါ။
ပထမဆုံး ကြည့်ဖြစ်တဲ့ adaptation ကတော့ Stephen Frears ဒါရိုက်တာလုပ်တဲ့ Dangerous Liaisons (၁၉၈၈) ပဲ ဖြစ်ပါတယ်။ ထိုရုပ်ရှင်ကို ကြည့်စဉ်က အကြောင်းအရာတစ်ခုလုံးကို ဝေေ၀ဝါးဝါးပဲ နားလည်ခဲ့တယ်။ မသင့်တော်တဲ့ အခန်းတွေရောက်တိုင်း တီဗွီက အမှောင်ချခံထိတာနဲ့၊ အသံတိုးခံထိတာနဲ့ နောက်ဆုံးတော့ “အခန်းထဲသွား စာဖတ်တော့” ဆိုတဲ့ ဆုံးမသံနဲ့အတူ.. ရုပ်ရှင်ကို ဘာမှန်းကို မသိခဲ့ရပါဘူး။
အရွယ်ရောက်လာတော့ အဲဒီရုပ်ရှင်ကို တစ်ခေါက်ကနေ နှစ်ခေါက်၊ နှစ်ခေါက်ကနေ သုံးခေါက် ထပ်ထပ်ကြည့်မိတယ်။ အဲဒီအခါမှာလည်း လူတွေရဲ့ အကျင့်ဆိုးတွေ၊ ယုတ်မာတတ်မှုတွေ နဲ့ အချစ်ကို မီးလို ကစားတတ်မှုတွေကိုပဲ ခံစားနေခဲ့မိတယ်။
ဒီလိုနဲ့ Roger Kumble ရဲ့ Cruel Intentions ဆိုပြီး ၁၉၉၉ မှာ နောက်ရုပ်ရှင် ထပ်ထွက်လာပြန်တယ်။
ဒီရုပ်ရှင်ကတော့ ခေတ်သစ်နယူးယောက်မြို့ကြီးရဲ့ ကျောင်းတစ်ကျောင်း မှာ အခြေခံထားတာဖြစ်တယ်။ လူဆိုးမင်းသမီး “ကက်သရင်း” နေရာမှာ သရုပ်ဆောင်တဲ့ Sarah Michelle Gellar ဟာ အခြားရုပ်ရှင်တွေမှာ မကောင်းဆိုးဝါးတွေကို နှိမ်နင်းသူ၊ လူဆိုးတွေကို နှိမ်နင်းသူ အနေနဲ့ တောက်လျောက်သရုပ်ဆောင်ခဲ့တာ ဖြစ်တယ်။ ဒီလိုအညှီအဟောက်ကားမျိုးမှာ လူဆိုးမင်းသမီးနေရာမှာ သရုပ်ဆောင်တယ်ဆိုတော့ စာနယ်ဇင်းတွေကပါ သူမကို အင်တာဗျူးခဲ့ကြသေးတယ်။
Cruel Intentions ကိုကြည့်တော့လည်း ဇာတ်ဝင်သီချင်းနဲ့နောက်ဆုံးခန်းလောက်သာ အနည်းငယ် လှုပ်ရှားစေခဲ့တယ်။ တစ်ကျောင်းလုံးက လေးစားယုံကြည် အထင်ကြီးအတုယူရတဲ့ ကက်သရင်းဟာ မာသာမေရီ စိတ်ပုတီးကို လက်က ဘယ်တုန်းကမှ ချခဲ့တာ မဟုတ်ဘူး။ သူမရဲ့ အတွင်းသရုပ်မှန်ကိုတော့ သူမရဲ့ အဖေတူအမေကွဲ မောင်ဖြစ်သူ “စဗာစတီယန်” ကသာ သိခဲ့တယ်။ သူမဟာ ရိုးသားဖြူစင်တဲ့ အတန်းဖော် မိန်းကလေးတွေကို ရည်းစားထားတတ်ပြီး စိတ်လေအောင် လုပ်ရုံမက၊ ပျက်စီးအောင်လည်း ဖျက်ဆီးတတ်သေးတယ်။ သူမ လက်က မချတဲ့ စိတ်ပုတီးအံဝှက်ထဲမှာ ကိုကင်းအမှုန့်တွေထည့်ထားတယ်ဆိုတာလည်း လူတွေက မသိခဲ့ဘူး။
အဲဒီရုပ်ရှင်တွေကြည့်ပြီး လူတွေရဲ့ အနက်မှောင်ဆုံး အပိုင်းတွေကိုပဲ မြင်နေခဲ့တယ်။ သိင်္ဂါရ ရသကို ဘယ်လိုမှ မခံစားရသေးဘူး။ လူတွေရဲ့ သဘောဝကိုက အကောင်းထက် အဆိုးကို ပိုလိုလား တတ်ကြတယ်။ အဆိုးကို ပိုကြားချင်တယ်၊ အဲသလို အဆိုးတွေကြားထဲကနေမှ အချစ်စစ် အချစ်မှန်တို့ မေတ္တာတရားတို့ ဆိုတာတွေကိုလည်း မျှော်လင့်ချင်ကြသေးတယ်။ ဒီရုပ်ရှင်တွေထဲက မင်းသားတွေဟာလည်း ဘယ်လောက်ပဲ ပွေခဲ့ရှုပ်ခဲ့ပေမယ့် နောက်ဆုံးတော့ ကိုယ်တစ်ကယ်ချစ်တဲ့ သူကို တွေ့သွားတယ်ဆိုတဲ့ သဘော ပုံဖော်ထားကြတယ်။
တစ်ရက်မှာတော့ Dangerous Liaisons နောက်ထပ်တစ်ကားကို ကြည့်မိပြန်တယ်။ ဒီကားကတော့ ၁၉၃၀ ရှန်ဟိုင်းမြို့ကြီးကို နောက်ခံထားပြီး ဇာတ်အိမ်တည်ထားတာ ဖြစ်တယ်။ Crouching Tiger, Hidden Dragon (2000) နဲ့ Memoirs of a Geisha (2005) ရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့တဲ့ တရုတ်မင်းသမီး Zhang Ziyi နဲ့ တောင်ကိုရီးယားမင်းသား Jang Dong-Gun တို့ တွဲဖက် သရုပ်ဆောင်ထားတာဖြစ်တယ်။ Zhang Ziyi သရုပ်ဆောင်တဲ့ ကားတွေကြည်မိတိုင်း စာတစ်ပုဒ်ထွက်ထွက်လာတတ်တာကို ကိုယ့်ကိုကိုယ် သတိထားမိတယ်။ သူမရဲ့သရုပ်ဆောင်မှုဟာ ပီပြင်လွန်းတယ်။ သူမဟာ Memoirs of a Geisha အပြီးမှာ ကိုယ့်ရဲ့ “ရုပ်ရှင်လက်မှတ်လေး နှစ်စောင်” ကိုလည်း အသစ်တဖန် မန်းမှုတ်အသက်သွင်းပေးနိုင်ခဲ့တဲ့ မင်းသမီးတစ်ဦးဖြစ်တယ်။
Dangerous Liaisons (2012) မှာတော့ “ဖန်ယု” တစ်ဖြစ်လဲ “ဇီယီ” ဟာ အခြား Dangerous Liaisons adaptations တွေထဲက မင်းသမီးတွေလိုပဲ သိမ်မွေ့တယ်ပြီး အချစ်ကို တန်ဘိုးထားသူ ဖြစ်တယ်။ အလွန်ချမ်းသာတဲ့ စီးပွားရေးရှင် “ရီဖန်း” တစ်ဖြစ်လဲ “ဂန်း” ကတော့ ထုံးစံအတိုင်း မြာပွေသူနေရာမှာ သရုပ်ဆောင်တယ်။
ထင်မထားပါပဲနဲ့ ဒီ တရုတ်/ကိုရီးယားဗားရှင်း Dangerous Liaisons (2012) ဟာ စဖွင့်ကတည်းက ဖမ်းစားထားလိုက်ပြီ။ “ရီဖန်း”ဟာ သူ့ရဲ့ ခမ်းနားကြီးကျယ်လှတဲ့ အိမ်ကြီးထဲက သူ့အခန်းမှာ ရှိနေတုန်း အမျိုးသမီးတစ်ယောက်က မပြောမဆို ဝင်လာတယ်။ အံ့သြမှင်တက်သွားတဲ့ “ရီဖန်း” ဟာ ဝင်လာတဲ့အမျိုးသမီးကို “မင်းနဲ့ငါ ဒီနေ့ချိန်းထားလို့လား” လို့ မေးတယ်။ ဝင်လာတဲ့ အမျိုးသမီးဟာ “ရီဖန်း” အိပ်ခန်းထဲက ဝတ်လစ်စလစ်နဲ့ အခြားမိန်းမတစ်ယောက်ကို လှမ်းမြင်လိုက်တော့တာပဲ။ သူမဟာ “ရီဖန်း” ကို ဒေါသမျက်လုံးတွေနဲ့ လှမ်းကြည့်ပြီး “မင်းရဲ့ ဘဝမှာ ငါတစ်ယောက်တည်းပဲ ရှိတာပါဆို” လို့ မေးတော့ “ရီဖန်း” ဟာ မထီတရီနဲ့ ဘာမှ မတုံ့ပြန်ခဲ့ဘူး။
“ကဲ… ဒါဆိုလည်း မိတ်ဆက်ပေးပါဦး” ဆိုတော့ “ရီဖန်း” ဟာ မိန်းမနှစ်ယောက်ကို ဖြစ်သလို မိတ်ဆက်ပေးလိုက်တယ်။ မိန်းမနှစ်ယောက်ဟာ အချစ်အတွက် စစ်ပွဲနွှဲမတတ် ဖြစ်လာတော့ “ရီဖန်း” ဟာ အခန်းထဲကနေ အိမ်ရှေ့ခန်းကို သုတ်ချေတင် ထွက်သွားတော့တယ်။
အိမ်ရှေ့ခန်းရောက်တော့ ဖိတ်ဖိတ်တောက်နေတဲ့ အခန်းကြီးရဲ့ပြူတင်းပေါက်နားမှာ လှပချောမောတဲ့ မိန်းမတစ်ယောက်က အပြင်ကိုငေးရင်း ရပ်နေတာကို တေ့ွလိုက်တယ်။ “ရီဖန်း” ဟာ မိန်းကလေးနားကို တိုးကပ်သွားပြီး မိန်းကလေးပါးကို ပိုင်စိုးပိုင်နင်းကိုင်လိုက်ပြီး …
“မင်းက ………. လားဟင်၊ မင်းနဲ့ငါ ဒီနေ့တွေ့ဖို့ ချိန်းထားတာလား” လို့ မေးတယ်။ မိန်းကလေးက ရုတ်တရက် ပါးကိုင်ခံလိုက်ရလို့ အရမ်းရှက်ရွံ့ကြောက်လန့်သွားပြီး နောက်ကို ခြေလှမ်းဆုတ်သွားတယ်။ ဘယ်နေ့ဘယ်ရက်မှာ ဘယ်မိန်းမနဲ့ ချိန်းထားမှန်းတောင် မမှတ်မိနိုင်လောက်တော့တဲ့ မြာပွေတဲ့ ယောက်ျားတစ်ယောက်ရဲ့ သရုပ်ကို ပီပြင်အောင် သရုပ်ဆောင်ပြသွားတယ်။
အဲဒီအချိန်မှာ “ရီဖန်း”ရဲ့ အဖွားဖြစ်သူက ဝင်လာပြီး “ဒါဟာ မင်းအစ်မ နှစ်ဝမ်းကွဲတော်သူ မုဆိုးမလေး “ဖန်ယု” ပဲ။ ယောက်ျားကောင်းပီသသူတို့ဟာ အနေအထိုင်လည်း ဆင်ခြင်တတ်ရမယ်” လို့ ဆိုလိုက်တယ်။
အဲဒီအချိန်မှာ အချစ်အတွက်စစ်ပွဲဖြစ်နေတဲ့ အိပ်ခန်းထဲက မိန်းမနှစ်ယောက်ဟာ အပြင်ကို စိတ်ဆိုးမာန်ဆိုးထွက်လာလိုက်တာ တစ်ယောက်ဟာဆိုရင် အိပ်ရာခင်းနဲ့တောင် ကိုယ်ကို ပတ်ထားရတဲ့အဖြစ်။ အခန်းပေါက်မှာ ရုတ်ရုတ်သဲသဲတွေဖြစ်နေသေးတယ်။ အိမ်ရှေ့ခန်းမှာ လူတွေကို မြင်မှ အခန်းထဲကို ပြန်ဝင်သွားကြတော့တယ်။ အဲဒီအဖြစ်တွေကို မုဆိုးမလေး “ဖန်ယု” ဟာ အံ့သြမှင်တက်စွာ ငေးကြည့်နေခဲ့တယ်။ “ရီဖန်း” က “ဖန်ယု”ကို ကိုယ်ကိုင်းလို့ အရိုသေပေးပြီး “ရှက်ဖို့ကောင်းလိုက်တာ” လို့ ခပ်တိုးတိုးပြောကာ အိမ်ရှေ့ခန်းကနေ ထွက်သွားတော့တယ်။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး။ “ရီဖန်း” နဲ့ မရှင်းမရှင်းဖြစ်နေတဲ့ ဘဏ်သူဌေးမ “မိုး” ဆိုတာလည်း ရှိသေးတယ်။ “ရီဖန်း” ဟာ မိန်းမတွေရဲ့ အသည်းနှလုံးနဲ့ ကစားနေချိန်မှာ ဘဏ်သူဌေးမ “မိုး”ကလည်း “ရီဖန်း” ကို ကစားနေတာဖြစ်တယ်။ “ရီဖန်း” ဘယ်လောက်ပဲ ပွေရှုပ်သော်လည်း “မိုး” ကတော့ “ရီဖန်း” ကို ကျော့ကွင်းထဲကို မဆင်းသေးဘူး။ ဘဏ်သူဌေးမ “မိုး”ဟာ စီးပွားရေးရှင်ကြီးတစ်ဦးဖြစ်တဲ့ “ဇူဟန်” ရဲ့ အချစ်ဟောင်းလည်း ဖြစ်ခဲ့ဖူးတယ်။ ဒါပေမယ့် “ဇူဟန်”ဟာ “မိုး”ကို ပစ်ပြီး ဆယ်ကျော်သက်ရွယ် အပျိုစင်လေးတစ်ယောက်ဖြစ်တဲ့ “ဘေးဘေး” နဲ့ စေ့စပ်လိုက်တယ်။ ဒါကို မခံနိုင်တဲ့ “မိုး” ဟာ “ဇူဟန်”ကို လက်စားချေချင်နေတယ်။
ဒီနေရာမှာ ဇာတ်လမ်းရဲ့ အမှောင်ဆုံးနေရာကို ရောက်လာတော့တာပါပဲ..။
မူရင်းပြင်သစ်စာရေးဆရာကြီးဟာ ဘူဇွာလူတန်းစားက ဆင်းသက်လာတယ်လို့ ဖတ်ဖူးတယ်။ သူဟာ ဘူဇွာလူတန်းစားအလွှာကို စိတ်ပျက်ငြီးငွေ့နေပုံရတယ်။ အဲဒီအလွှာကို သာသာထိုးထိုးလေး ရေးချင်နေခဲ့လေသလားလို့လည်း အဲဒီနေရာအရောက်မှာ တွေးလိုက်မိသေးတယ်။ ဒီရုပ်ရှင်ဟာ ၁၉၃၀ ရှန်ဟိုင်းမြို့ကြီးထဲက အထက်တန်းလွှာထဲက အရှုပ်တော်ပုံအချို့ကို မီးမောင်းထိုးပြထားတယ်။
“ဇူဟန်”ရဲ့ စွန့်ပစ်သွားမှုကို ခံလိုက်ရတဲ့ ဘဏ်သူဌေးမ “မိုး” ဟာ “ဇူဟန်”ရဲ့ဇနီးလောင်း “ဘေးဘေး” ကို ဖျက်ဆီးဖို့ “ရီဖန်း” ကို တောင်းဆိုတော့တယ်။
“ရှင် ကျွန်မကို တစ်ကယ်လိုချင်တယ်ဆိုရင် “ဘေးဘေး” ကို ပန်းဦးခြွေပေးပါ” လို့ ပြောတယ်။
အပျိုစင် “ဘေးဘေး” သာ ပန်းဦးကြွေသွားမယ်ဆိုရင် စီးပွားရေးပညာရှင် “ဇူဟန်”တစ်ယောက်တော့ သူတို့ လူကုံထန်လောကမှာ ကောင်းကောင်းကြီး အရှက်ကွဲတော့မှာဖြစ်တယ်။
“ရီဖန်း” ကတော့ ချောမောလှပရုံမက အိန္ဒြေကြီးလှတဲ့ အစ်မဝမ်းကွဲတော်သူ မုတ်ဆိုးမလေး “ဖန်ယု” ကိုပဲ လက်တည့်စမ်းချင်နေတယ်။ “ဖန်ယု” ကလည်း “ရီဖန်း” အကြောင်းကို သိနေတော့ အနားကပ် မခံဘူး။
သူဌေးမ “မိုး” ကလည်း “ဇူဟန်” ကို လက်စားချေမှကို ဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ အခြားနည်းလမ်းတွေ ရှာတော့တယ်။ အပျိုစင် “ဘေးဘေး”ရဲ့ မိခင်ကြီးကို အတင်းဝင်ရောတယ်၊ သူတို့မိသားစုရဲ့ ယုံကြည်မှုကို ယူတယ်။ “ဘေးဘေး” က ပန်းချီဆွဲတာ ဝါသနာပါတော့ ပန်းချီကျောင်းက ဆရာလေးတစ်ယောက်နဲ့ ရင်းနှီးအောင် အိမ်ခေါ်ပန်းချီသင်ခိုင်းတယ်။ ပန်းချီဆရာလေးနဲ့ ရင်းနှီးအောင် လှော်ပေးတယ်။ ဒီလိုနဲ့ အိုးချင်းထားအိုးချင်းထိပြီး “ဘေးဘေး” နဲ့ ပန်းချီဆရာလေးတို့ သံယောဇဉ်တွယ်မိကြတော့တယ်။ မိဘတွေက စေ့စပ်ထားပြီးသားလူလည်း ရှိတဲ့အပြင် အဆင့်တန်းချင်းမတူလို့ ခွဲတယ်။ “ဘေးဘေး” အသည်းကွဲတယ်။ “ရီဖန်း” က အသည်းကွဲနေတဲ့“ဘေးဘေး” ကို နှစ်သိမ့်တယ်။ နှစ်သိမ့်တာလွန်ပြီး မျှာပွေသူ “ရီဖန်း” နဲ့ အပျိုစင် “ဘေးဘေး” ကျူးလွန်မိကြတယ်။
အဲသလို စိတ်ပျက်ရွံ့ရှာ ကြောက်ရွံ့စရာကောင်းတဲ့ အချစ်နဲ့တဏှာကစားပွဲထဲမှာ အချစ်စစ်ဆိုတာ ရှိနိုင်သေးတာကို မူရင်းစာရေးသူကကော၊ ဒါရိုက်တာကကော၊ သရုပ်ဆောင်တွေကပါ ပေါ်လွင်အောင် ဖော်ဆောင်သွားနိုင်ခဲ့တယ်။
မုဆိုးမလေး “ဖန်ယု”ဟာ “ရီဖန်း” ကိုရှောင်နေပေမယ့် “ရီဖန်း” ကတော့ ဆုံဖို့ကို အမြဲကြိုးစားနေခဲ့တယ်။ “ဖန်ယု” အခန်းထဲမှာ မီးလုံးအကျွမ်းတွေ သွားလဲထားပြီး မီးလုံးအသစ်ပြန်လဲပေးတာမျိုးတွေ၊ “ဖန်ယု” မငြင်းနိုင်အောင် နှစ်ယောက်လုံးရဲ့ အဒေါ်တော်သူကိုခေါ်ပြီး အော်ပရာပွဲ သွားကြည့်တာမျိုး၊ စတဲ့လုပ်ရပ်တွေနဲ့ နီးစပ်အောင် အမြဲကြိုးစားတယ်။ ဒီကြားထဲမှာလည်း “မိုး”ဟာ “ရီဖန်း”နဲ့ အလောင်းစားတစ်ခုလုပ်ပြန်တယ်။ မုတ်ဆိုးမလေး “ဖန်ယု” အချစ်ကိုရအောင် လုပ်နိုင်ရင် “ရီဖန်း”ကို သူနဲ့ပျော်ပါးခွင့်ပေးမယ်ဆိုတဲ့ အလောင်းကစား။
“ဖန်ယု” ကတော့ သူ့ဟာသူ စာဖတ်လိုက်၊ ကလေးစာအုပ်လေးတွေ ရေးလိုက်နဲ့ ဘဝကို အေးဆေးစွာဖြတ်သန်းနေတယ်။ ဆုံးပါးသွားပြီဖြစ်တဲ့ သူ့ခင်ပွန်းသည် ပေးခဲ့ဖူးတဲ့ စာအုပ်လေးတစ်အုပ်ကိုလည်း လက်က မချဘူး။ တစ်နေ့တော့ ရေကူးကန်နားမှာ ရေထဲ ခြေထောက်လေးချပြီး စာဖတ်နေတဲ့ “ဖန်ယု” နားကို “ရီဖန်း” ကရောက်လာပြီး အရင်ယောက်ျား ပေးထားခဲ့တဲ့ စာအုပ်ကို ဆွဲယူပြီး ရေထဲပစ်ချလိုက်တယ်။ ပြီးတော့ “အတိတ်ထဲမှာပဲ အိပ်မောကျမနေပါနဲ့တော့” “မင်းအရင် ယောက်ျား လိုပဲ မင်းကိုငါ နားလည်နိုင်ပါတယ်… မင်းကသာ အဲဒီအခွင့်ကို ပေးမယ်ဆိုရင်ပေါ့” ဆိုတဲ့ စကားတွေကို ပြောတယ်။
ဒီလိုစကားတွေဟာ ကိုယ်ချစ်နေသူတစ်ဦးက ပြောလာတယ်ဆိုရင်တော့ ကြည်နူးရင်ခုန်စရာဖြစ်နိုင်ပေမယ့်၊ ကိုယ်မနှစ်သက်သူ၊ အထူးသဖြင့် မိန်းမတိုင်းကို လွယ်လွယ်ခံစားတတ်တဲ့ ယောက်ျား တစ်ယောက်က လာပြောမယ်ဆိုရင်တော့ လက်ကိုအားပါးတရလွှဲပြီး ရိုက်ပစ်ချင်စရာကောင်းတဲ့ စကားတွေပါပဲ။
“ရီဖန်း” ဟာ “ဖန်ယု”ကို ချစ်သသဝဏ်လွှာတွေ ရေးတယ်။ ရေးတဲ့အချိန်ကလည်း မိန်းမတစ်ယောက်ယောက်နဲ့ ရှိနေတဲ့အချိန်ဖြစ်ပြီး၊ ရေးတဲ့နေရာကလည်း အဲဒီမိန်းမတွေရဲ့ ဝတ်လစ်စလစ်ကျောပြင်ကို စားပွဲလုပ်ရေးတဲ့ “ဖန်ယု”အတွက် ချစ်သဝဏ်လွှာတွေရယ်ပါ။
တစ်နေ့တော့ “ဖန်ယု” အိပ်ခန်းပေါက်ဝထိသွားပြီး အဲဒီရည်းစားစာကို ပေးတယ်။ “ဖန်ယု” က စာကို ဆွဲဆုတ်ပြီး ရှက်တာကော၊ မခံနိုင်တာကော၊ အခြားဝေခွဲမရတဲ့ ခံစားချက်တွေကော ပေါင်းပြီး မျက်ရည်တွေ ကျလာတယ်။ “ရီဖန်း” ကလည်း “ဖန်ယု” မျက်လုံးထဲကို စိုက်ကြည့်ပြီး မျက်ရည်တွေဝိုင်းနေတဲ့ မျက်လုံးတွေနဲ့ “ဖန်ယု” ကို ချစ်တယ် လို့ပြောတယ်။ “ရီဖန်း” ရဲ့ မျက်လုံးတွေဟာ ခံစားချက်တွေနဲ့ ပြည့်နေပြီး မျက်သားတွေတောင် ရဲတက်နေတယ်။ “ရီဖန်း” ဟာ “ဖန်ယု” ကို ကြည့်ပြီး ချစ်တယ် လို့ပြောပြီး ချာကနဲလှည့်ထွက်သွားတယ်။ ကော်ရစ်ဒါခပ်လှမ်းလှမ်းရောက်တော့ နှုတ်ခမ်းကိုတွန့်ပြီး ပြုံးလိုက်တယ်၊ ပြီးတော့ “ဖန်ယု” မမြင်နိုင်လောက်ချိန်မှာ မျက်ရည်ကို လက်မနဲ့ သုတ်ယူကြည့်ပြီး “ဟက်” ကနဲ တစ်ချက်ရယ်လိုက်တယ်။
တစ်နေ့မှာတော့ “ရီဖန်း”ဟာ “ဖန်ယု” အခန်းထဲဝင်ပြီး ရေးလက်စ ကလေးကဗျာစာရွက်တွေကို ဝင်မွှေတယ်။ မွှေရင်းနဲ့ အံဆွဲလေးထဲက ဆွဲဆုတ်ခံထိခဲ့ဖူးတဲ့ သူ့ရဲ့စာတွေကို သွားတွေ့လိုက်တယ်။ “ဖန်ယု”ဟာ သူ့ချစ်သဝဏ်လွှာတွေကို ဆွဲဆုတ်ထားပေမယ့် အပိုင်းလေးတွေအနေနဲ့ ယုယုယယ သိမ်းထားတာကိုပါ။ အဲဒီအချိန်မှာ အခန်းဝကိုရောက်နေတဲ့ “ဖန်ယု” က မြင်သွားပြီး ရှက်လွန်းလို့ အိမ်နောက်ဘက်က ပန်းတွေစိုက်တဲ့မှန်လုံအိမ်ကြီးထဲ ထွက်ပြေးသွားတယ်။ “ရီဖန်း” က လှစ်ကနဲထွက်ပြေးသွားတဲ့ “ဖန်ယု” ကို မြင်ပြီး ပန်းအိမ်ကြီးဆီ လိုက်သွားတယ်။ ပန်းအိမ်ကြီးထဲမှာ “ရီဖန်း” နဲ့ “ဖန်ယု” ဟာ ထုတ်ဆီးတိုးသလို ဖြစ်နေတယ်။
အဲဒီနေရာမှာ “ဖန်ယု” ဟာ ပဲထုတ်ပြီး ဟန်ဆောင်မူပြနေတယ်ဆိုတာထက် “ရီဖန်း” လို မြာပွေတဲ့ ယောက်ျားတစ်ယောက်ရှေ့မှာ မိမိလိုအိန္ဒြေထိမ်းနေတဲ့ မိန်းမတစ်ယောက်ရဲ့ သိက္ခာတွေ ကျသွားရမှု၊ မာနတွေကို ပူဇော်လိုက်ရမှု၊ မချစ်သင့်တဲ့ လူတစ်ယောက်ကို ချစ်မိလိုက်လို့ အရှုံးတစ်ခုနဲ့ ရင်ဆိုင်နေရလို့ ထွက်ပြေးနေခြင်းပဲ ဖြစ်တယ်။
ဒါပေမယ့် “ရီဖန်း” ဟာ “ဖန်ယု” ကို တံခါးဝနားမှာ မိသွားတယ်။ “ဖန်ယု” ဟာ နံရံကိုမှီပြီး မျက်စိစုံမှိတ်လို့ တုန်ယင်နေတယ်။ “ရီဖန်း” ဟာ “ဖန်ယု” ကို မြတ်နိုးစွာ ငုံ့ကြည့်နေတယ်။ သူတို့ရဲ့ နှုတ်ခမ်းတွေက နီးကပ်စွာ တည်ရှိနေတယ်။ “ဖန်ယု” နှုတ်ခမ်းတွေဟာ မာနတွေကို တလွှာစီချွေချလို့ “ရီဖန်း” နှုတ်ခမ်းကို မျှော်လင့်စွာနဲ့ ပွင့်အာလာတယ်။ ဒါပေမယ့် မာနတရားနဲ့ အချစ်ရဲ့ယှဉ်ပြိုင်မှု၊ သိက္ခာနဲ့ မေတ္တာယှဉ်ထိုးမှုကြောင့် သူမရဲ့မျက်တောင်စွန်းမှာ မျက်ရည်တွေ ခိုတွယ်နေတယ်။ အဲဒီမှာ… “ရီဖန်း” ဟာ “ဖန်ယု” ကို မနမ်းတော့ဘဲ ချာကနဲလှည့်ထွက်သွားတော့တယ်။ အဲဒီမှာ “ဖန်ယု” ဟာ ခေါင်းမော့မျက်စိမှိတ်ထားရင်း မျက်ရည်တွေ တလဟောကျလာတော့တယ်။
“ရီဖန်း” ဟာ ဘဏ်တိုက်သူဌေးမ “မိုး” ဆီသွားပြီး “ဖန်ယု” အကြောင်းတွေ သွားပြောတယ်။ “ရီဖန်း” ဟာ “ဖန်ယု” ကို တစ်ကယ်မြတ်နိုးနေပြီဆိုတာကို မိန်းမလည် “မိုး” က ရိပ်မိလိုက်တော့ သူ့ရဲ့ ကစားနည်းကို အကွက်ပြောင်းလိုက်တယ်။
“ဖန်ယု” ကတော့ “ရီဖန်း” နဲ့ဝေးရာကို ထွက်သွားခဲ့ပြီ။ “ရီဖန်း” က “ဖန်ယု” တစ်ယောက်တည်း နေနေတဲ့ တိုက်ခန်းကျဉ်းလေးဆီကို လိုက်သွားတယ်။ သူတို့နှစ်ယောက် ချစ်မိသွားကြတယ်။ “ရီဖန်း”
အချစ်ကို စစ်မှန်တယ်လို့ ထင်နေတဲ့ “ဖန်ယု” ဟာ “ရီဖန်း” အပေါ်မှာ ကြင်နာယုယတယ်။ ထမင်းစားပွဲပြင်ပြီး “ရီဖန်း”အလာကို အမြဲမျှော်လေ့ရှိတယ်။ “ဖန်ယု” ဟာ “ရီဖန်း” အချစ်ကို ရပြီမို့ မိန်းမလည် “မိုး” ဆီမှာ အလောင်းစားကြွေး သွားတောင်းတယ်။ မိန်းမလည် “မိုး”က “ဖန်ယု” ကို တဆင့်ပြီးတဆင့် ထပ်တောင်းဆိုတယ်။ “ဖန်ယု” ကို အသဲခွဲဖို့။
အတိုချုပ်ပြောရမယ်ဆိုရင် “ဖန်ယု” ကို “ရီဖန်း” က ရက်ရက်စက်စက် ဖြတ်ပစ်လိုက်တယ်။ မင်းဟာ ငါတို့ရဲ့ “ဂိမ်းထဲက သားကောင်လေး တစ်ကောင်ပဲ” လို့ ပြောတယ်။
ဒါပေမယ့် “ရီဖန်း” နဲ့ “မိုး” အဆင်မပြေဘူး။
“ယောက်ျား ဆိုတာ မိန်းမတွေကို အမြဲကြိုးဆွဲချင်နေတာ မဟုတ်လား၊ ဒီတော့ မိန်းမပေါင်းများစွာကို ကြိုးဆွဲနေတဲ့ ယောက်ျားတစ်ယောက်ကို ငါကလည်း ကြိုးဆွဲချင်သလောက် ဆွဲနေတာ” လို့ တစ်စုံတစ်ရာကို နာနာကျင်ကျင်နဲ့ လည်ပင်းကြောတွေထောင်လောက်အောင် ဘဏ်သူဌေးမ မိန်းမလည် “မိုး” က အော်ဟစ်ပြီး ပြောနေခဲ့တယ်။
“ရီဖန်း” နဲ့ “မိုး”ဟာ တစ်ယောက်နဲ့တစ်ယောက်ကို တဏှာမျက်လုံး၊ အမုန်းမျက်နှာတွေနဲ့ ကြည့်နေကြတာ ရုပ်ရှင်ကြည့်သူမှာ ကြက်သီးဖျန်းဖျန်း ထစဖွယ်ပါ။
“ရီဖန်း” ဟာ “ဖန်ယု” ရှိရာကို ပြန်လာခဲ့တယ်။ နှင်းစက်တွေကျနေတဲ့ လမ်းပေါ်မှာ “ဖန်ယု” ရှိရာကို လျှောက်နေတုန်း “ဘေးဘေး” ကို တစ်ကယ်ချစ်တဲ့ ပန်းချီဆရာလေးဟာ “ဘေးဘေး”ကို ဖျက်ဆီးလိုက်တဲ့ “ရီဖန်း”ကို သေနတ်နဲ့ လှမ်းပစ်လိုက်တော့တယ်။ သေနတ်ဒဏ်ရာကြီးနဲ့ “ရီဖန်း” ဟာ “ဖန်ယု” ရှိရာကို မရောက်ရောက်အောင် ပြန်ခဲ့တယ်။ အဲဒီအချိန်မှာလည်း “ဖန်ယု” ဟာ သူမရဲ့ လက်ကောက်ဝတ်ပေါ်က သွေးကြောပေါ်မှာ သင်တုန်းဓားသွားလေးကို ခပ်ဖွဖွလေး တင်ထားနေခဲ့ပြီ…။
နောက်ဆုံးတော့.. နှင်းပွင့်တွေကြွေကျနေတဲ့ ကောင်းကင်ပြင်ကြီးအောက်မှာ… “ဖန်ယု” နဲ့ “ရီဖန်း” အတူတူရှိနေခဲ့ကြတယ်။ “ရီဖန်း” ဟာ “ဖန်ယု” ရဲ့ ရင်ခွင်ထဲကနေ မျက်ရည်တွေစီးကျနေတဲ့ “ဖန်ယု” မျက်နှာကို တစိမ့်စိမ့်ငေးကြည့်နေခဲ့တယ်။
“ငါ… မင်းနဲ့ပဲ သိပ်ပျော်ခဲ့တာ၊ ဒါကို သိပ်နောက်ကျမှ သိခဲ့ရတာပါ” လို့ ရီဖန်းက ဆိုတယ်။
ရုပ်ရှင်ရီဗြူးတွေရဲ့ သဘောသဘာဝက ခရေစေ့တွင်းကျ မရေးရဘူးဆိုတဲ့ စာပေစည်းမျဉ်းက ရှိနေလေတော့၊ ရုပ်ရှင်တွေကို ဘယ်တော့မှ ရီဗြူးမရေးဖြစ်၊ ရုပ်ရှင်ခံစားချက်အနေနဲ့သာ ရေးနေမိတယ်။ ရုပ်ရှင်နဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ အပေါ်မှာ ရှိတဲ့ခံစားတတ်မှုတွေကလည်း မှန်ကူကွက်တွေလို အရောင်စုံတတ်ကြသေးတယ် မဟုတ်ပါလား။
Zhang Ziyi သရုပ်ဆောင်တဲ့ ကားတွေကြည်မိတိုင်း စာတစ်ပုဒ်ထွက်ထွက်လာတတ်တာကတော့ သေချာပါတယ်။ သူမဟာ Crouching Tiger, Hidden Dragon (2000) နဲ့ အနောက်ကမ္ဘာရဲ့ စိတ်ဝင်စားမှုကို ရရှိပြီးတော့ ဟောလီးဝုဒ်မှ ကမ်းလမ်းမှုတွေ အများကြီးကို ရခဲ့တယ်လို့လည်း သိရတယ်။ ဒါပေမယ့် ရုပ်ရှင်ရိုက်ရရင်ပြီးရော၊ နာမယ်ကြီးရင် ပြီးရောဆိုတဲ့ စိတ်ဓာတ်နဲ့ ကမ်းလှမ်းလာသမျှ ရုပ်ရှင်တွေကို လက်မခံဘူးဆိုတဲ့ လေးစားလောက်တဲ့ စိတ်ဓာတ်ရှိတဲ့ မင်းသမီးမို့လည်း ပိုလို့ချစ်ခင်မိတော့တယ်။
ဟောလီးဝုဒ်ရုပ်ရှင်တွေမှာ အာရှမင်းသားနဲ့ မင်းသမီးတွေကို ဓားစာခံ (victim) နေရာမှာ အသုံးချရိုက်ကြတာ များတယ်။ ဒါကြောင့် ဟောလီးဝုဒ်ရုပ်ရှင်ကမ်းလှမ်းမှုတွေကို သေသေချာချာ သုံးသပ်ပြီးမှ လက်ခံတယ်လို့ သိရပါတယ်။ Jang Dong Gun ဟာလည်း ကိုရီးယားမင်းသားဖြစ်တဲ့ အတွက် ဇာတ်ဝင်တရုတ်စကားတွေအတွက် ညစဉ်ကို မိုးလင်းပေါက် ကျက်မှတ်သင်ယူခဲ့တယ်လို့ သိရပါတယ်။
ဒီရုပ်ရှင်အပြီးမှာတော့…..
အချစ်ဆိုတာ.. ဒီလိုပဲလား၊ တစ်ကယ်ကို ပျော်ခဲ့မှ အချစ်ကို စစ်တယ်လို့ ထင်ကြတာလား၊ အချစ်စစ်တို့ဟာ မဖြောင့်ဖြူးဘူးလို့လည်း ဆိုတတ်ကြသေးတာ။ မဆုံနိုင်တော့ဘူးလို့ ထင်တော့မှလည်း တစ်ကယ်ကို ပျော်ခဲ့တယ်လို့ ထင်တတ်ကြတာလား၊ စစ်မှန်တဲ့ ပျော်ရွှင်ခြင်း ဟုတ်-မဟုတ် ကို ဘယ်လိုသိနိုင်မလဲ၊ အချစ်ဟာ မီးလား၊ တဏှာရမက်ကကော အချစ်ရဲ့ ဘေးထွက်ဆိုးကျိုးလား ဒီမီးမှာ လူတွေဘယ်လောက် ကျဆုံးလောင်ကျွမ်းခဲ့ရပြီလည်းဆိုတဲ့ အတွေးတွေနဲ့ တရစ်ဝဲဝဲ ကျန်ခဲ့ပါတော့တယ်။
ရွှေဒေါင်းတောင်ဖွင့်ပွဲ အမှတ်တရ…
ချစ်ခင်လေးစားစွာဖြင့်…
အိမ့်ချမ်းမြေ့
June 8, 2013 ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်း, ရုပ်ရှင်ခံစားချက် (Movie Review)
♫••·˙˙·••♫ ♫••·˙˙·••♫ ♫••·˙˙·••♫
(Zaw Gyi Code)
Dangerous Liaisons ဆိုတဲ့ ႐ုပ္ရွင္ကို ေတာ္ေတာ္မ်ားမ်ား ၾကည့္ဖူးၾကပါလိမ့္မယ္။ ျပင္သစ္စာေရးဆရာႀကီး Pierre Choderlos de Laclos ရဲ႕ ၁၇၈၂ တုန္းက ေရးခဲ့တဲ့ Les Liaisons dangereuses ဝတၳဳရွည္ႀကီးကို ႐ုပ္ရွင္ျပန္႐ိုက္ထားတာပါ။ ဒီဝတၳဳကို adaptation အမ်ိဳးမ်ိဳး ဘာသာစကားအမ်ိဳးမ်ိဳးနဲ႔ တိုင္းျပည္မ်ိဳးစုံ ယဥ္ေက်းမႈ မ်ိဳးစုံက ျပန္႐ိုက္ထားတာပါ။
ပထမဆုံး ၾကည့္ျဖစ္တဲ့ adaptation ကေတာ့ Stephen Frears ဒါ႐ိုက္တာလုပ္တဲ့ Dangerous Liaisons (၁၉၈၈) ပဲ ျဖစ္ပါတယ္။ ထို႐ုပ္ရွင္ကို ၾကည့္စဥ္က အေၾကာင္းအရာတစ္ခုလုံးကို ေဝေ၀ဝါးဝါးပဲ နားလည္ခဲ့တယ္။ မသင့္ေတာ္တဲ့ အခန္းေတြေရာက္တိုင္း တီဗြီက အေမွာင္ခ်ခံထိတာနဲ႔၊ အသံတိုးခံထိတာနဲ႔ ေနာက္ဆုံးေတာ့ “အခန္းထဲသြား စာဖတ္ေတာ့” ဆိုတဲ့ ဆုံးမသံနဲ႔အတူ.. ႐ုပ္ရွင္ကို ဘာမွန္းကို မသိခဲ့ရပါဘူး။
အ႐ြယ္ေရာက္လာေတာ့ အဲဒီ႐ုပ္ရွင္ကို တစ္ေခါက္ကေန ႏွစ္ေခါက္၊ ႏွစ္ေခါက္ကေန သုံးေခါက္ ထပ္ထပ္ၾကည့္မိတယ္။ အဲဒီအခါမွာလည္း လူေတြရဲ႕ အက်င့္ဆိုးေတြ၊ ယုတ္မာတတ္မႈေတြ နဲ႔ အခ်စ္ကို မီးလို ကစားတတ္မႈေတြကိုပဲ ခံစားေနခဲ့မိတယ္။
ဒီလိုနဲ႔ Roger Kumble ရဲ႕ Cruel Intentions ဆိုၿပီး ၁၉၉၉ မွာ ေနာက္႐ုပ္ရွင္ ထပ္ထြက္လာျပန္တယ္။
ဒီ႐ုပ္ရွင္ကေတာ့ ေခတ္သစ္နယူးေယာက္ၿမိဳ႕ႀကီးရဲ႕ ေက်ာင္းတစ္ေက်ာင္း မွာ အေျခခံထားတာျဖစ္တယ္။ လူဆိုးမင္းသမီး “ကက္သရင္း” ေနရာမွာ သ႐ုပ္ေဆာင္တဲ့ Sarah Michelle Gellar ဟာ အျခား႐ုပ္ရွင္ေတြမွာ မေကာင္းဆိုးဝါးေတြကို ႏွိမ္နင္းသူ၊ လူဆိုးေတြကို ႏွိမ္နင္းသူ အေနနဲ႔ ေတာက္ေလ်ာက္သ႐ုပ္ေဆာင္ခဲ့တာ ျဖစ္တယ္။ ဒီလိုအညႇီအေဟာက္ကားမ်ိဳးမွာ လူဆိုးမင္းသမီးေနရာမွာ သ႐ုပ္ေဆာင္တယ္ဆိုေတာ့ စာနယ္ဇင္းေတြကပါ သူမကို အင္တာဗ်ဴးခဲ့ၾကေသးတယ္။
Cruel Intentions ကိုၾကည့္ေတာ့လည္း ဇာတ္ဝင္သီခ်င္းနဲ႔ေနာက္ဆုံးခန္းေလာက္သာ အနည္းငယ္ လႈပ္ရွားေစခဲ့တယ္။ တစ္ေက်ာင္းလုံးက ေလးစားယုံၾကည္ အထင္ႀကီးအတုယူရတဲ့ ကက္သရင္းဟာ မာသာေမရီ စိတ္ပုတီးကို လက္က ဘယ္တုန္းကမွ ခ်ခဲ့တာ မဟုတ္ဘူး။ သူမရဲ႕ အတြင္းသ႐ုပ္မွန္ကိုေတာ့ သူမရဲ႕ အေဖတူအေမကြဲ ေမာင္ျဖစ္သူ “စဗာစတီယန္” ကသာ သိခဲ့တယ္။ သူမဟာ ႐ိုးသားျဖဴစင္တဲ့ အတန္းေဖာ္ မိန္းကေလးေတြကို ရည္းစားထားတတ္ၿပီး စိတ္ေလေအာင္ လုပ္႐ုံမက၊ ပ်က္စီးေအာင္လည္း ဖ်က္ဆီးတတ္ေသးတယ္။ သူမ လက္က မခ်တဲ့ စိတ္ပုတီးအံဝွက္ထဲမွာ ကိုကင္းအမႈန႔္ေတြထည့္ထားတယ္ဆိုတာလည္း လူေတြက မသိခဲ့ဘူး။
အဲဒီ႐ုပ္ရွင္ေတြၾကည့္ၿပီး လူေတြရဲ႕ အနက္ေမွာင္ဆုံး အပိုင္းေတြကိုပဲ ျမင္ေနခဲ့တယ္။ သိဂၤါရ ရသကို ဘယ္လိုမွ မခံစားရေသးဘူး။ လူေတြရဲ႕ သေဘာဝကိုက အေကာင္းထက္ အဆိုးကို ပိုလိုလား တတ္ၾကတယ္။ အဆိုးကို ပိုၾကားခ်င္တယ္၊ အဲသလို အဆိုးေတြၾကားထဲကေနမွ အခ်စ္စစ္ အခ်စ္မွန္တို႔ ေမတၱာတရားတို႔ ဆိုတာေတြကိုလည္း ေမွ်ာ္လင့္ခ်င္ၾကေသးတယ္။ ဒီ႐ုပ္ရွင္ေတြထဲက မင္းသားေတြဟာလည္း ဘယ္ေလာက္ပဲ ေပြခဲ့ရႈပ္ခဲ့ေပမယ့္ ေနာက္ဆုံးေတာ့ ကိုယ္တစ္ကယ္ခ်စ္တဲ့ သူကို ေတြ႕သြားတယ္ဆိုတဲ့ သေဘာ ပုံေဖာ္ထားၾကတယ္။
တစ္ရက္မွာေတာ့ Dangerous Liaisons ေနာက္ထပ္တစ္ကားကို ၾကည့္မိျပန္တယ္။ ဒီကားကေတာ့ ၁၉၃၀ ရွန္ဟိုင္းၿမိဳ႕ႀကီးကို ေနာက္ခံထားၿပီး ဇာတ္အိမ္တည္ထားတာ ျဖစ္တယ္။ Crouching Tiger, Hidden Dragon (2000) နဲ႔ Memoirs of a Geisha (2005) ႐ုပ္ရွင္ေတြမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ တ႐ုတ္မင္းသမီး Zhang Ziyi နဲ႔ ေတာင္ကိုရီးယားမင္းသား Jang Dong-Gun တို႔ တြဲဖက္ သ႐ုပ္ေဆာင္ထားတာျဖစ္တယ္။ Zhang Ziyi သ႐ုပ္ေဆာင္တဲ့ ကားေတြၾကည္မိတိုင္း စာတစ္ပုဒ္ထြက္ထြက္လာတတ္တာကို ကိုယ့္ကိုကိုယ္ သတိထားမိတယ္။ သူမရဲ႕သ႐ုပ္ေဆာင္မႈဟာ ပီျပင္လြန္းတယ္။ သူမဟာ Memoirs of a Geisha အၿပီးမွာ ကိုယ့္ရဲ႕ “႐ုပ္ရွင္လက္မွတ္ေလး ႏွစ္ေစာင္” ကိုလည္း အသစ္တဖန္ မန္းမႈတ္အသက္သြင္းေပးႏိုင္ခဲ့တဲ့ မင္းသမီးတစ္ဦးျဖစ္တယ္။
Dangerous Liaisons (2012) မွာေတာ့ “ဖန္ယု” တစ္ျဖစ္လဲ “ဇီယီ” ဟာ အျခား Dangerous Liaisons adaptations ေတြထဲက မင္းသမီးေတြလိုပဲ သိမ္ေမြ႕တယ္ၿပီး အခ်စ္ကို တန္ဘိုးထားသူ ျဖစ္တယ္။ အလြန္ခ်မ္းသာတဲ့ စီးပြားေရးရွင္ “ရီဖန္း” တစ္ျဖစ္လဲ “ဂန္း” ကေတာ့ ထုံးစံအတိုင္း ျမာေပြသူေနရာမွာ သ႐ုပ္ေဆာင္တယ္။
ထင္မထားပါပဲနဲ႔ ဒီ တ႐ုတ္/ကိုရီးယားဗားရွင္း Dangerous Liaisons (2012) ဟာ စဖြင့္ကတည္းက ဖမ္းစားထားလိုက္ၿပီ။ “ရီဖန္း”ဟာ သူ႔ရဲ႕ ခမ္းနားႀကီးက်ယ္လွတဲ့ အိမ္ႀကီးထဲက သူ႔အခန္းမွာ ရွိေနတုန္း အမ်ိဳးသမီးတစ္ေယာက္က မေျပာမဆို ဝင္လာတယ္။ အံ့ၾသမွင္တက္သြားတဲ့ “ရီဖန္း” ဟာ ဝင္လာတဲ့အမ်ိဳးသမီးကို “မင္းနဲ႔ငါ ဒီေန႔ခ်ိန္းထားလို႔လား” လို႔ ေမးတယ္။ ဝင္လာတဲ့ အမ်ိဳးသမီးဟာ “ရီဖန္း” အိပ္ခန္းထဲက ဝတ္လစ္စလစ္နဲ႔ အျခားမိန္းမတစ္ေယာက္ကို လွမ္းျမင္လိုက္ေတာ့တာပဲ။ သူမဟာ “ရီဖန္း” ကို ေဒါသမ်က္လုံးေတြနဲ႔ လွမ္းၾကည့္ၿပီး “မင္းရဲ႕ ဘဝမွာ ငါတစ္ေယာက္တည္းပဲ ရွိတာပါဆို” လို႔ ေမးေတာ့ “ရီဖန္း” ဟာ မထီတရီနဲ႔ ဘာမွ မတုံ႔ျပန္ခဲ့ဘူး။
“ကဲ… ဒါဆိုလည္း မိတ္ဆက္ေပးပါဦး” ဆိုေတာ့ “ရီဖန္း” ဟာ မိန္းမႏွစ္ေယာက္ကို ျဖစ္သလို မိတ္ဆက္ေပးလိုက္တယ္။ မိန္းမႏွစ္ေယာက္ဟာ အခ်စ္အတြက္ စစ္ပြဲႏႊဲမတတ္ ျဖစ္လာေတာ့ “ရီဖန္း” ဟာ အခန္းထဲကေန အိမ္ေရွ႕ခန္းကို သုတ္ေခ်တင္ ထြက္သြားေတာ့တယ္။
အိမ္ေရွ႕ခန္းေရာက္ေတာ့ ဖိတ္ဖိတ္ေတာက္ေနတဲ့ အခန္းႀကီးရဲ႕ျပဴတင္းေပါက္နားမွာ လွပေခ်ာေမာတဲ့ မိန္းမတစ္ေယာက္က အျပင္ကိုေငးရင္း ရပ္ေနတာကို ေတ့ြလိုက္တယ္။ “ရီဖန္း” ဟာ မိန္းကေလးနားကို တိုးကပ္သြားၿပီး မိန္းကေလးပါးကို ပိုင္စိုးပိုင္နင္းကိုင္လိုက္ၿပီး …
“မင္းက ………. လားဟင္၊ မင္းနဲ႔ငါ ဒီေန႔ေတြ႕ဖို႔ ခ်ိန္းထားတာလား” လို႔ ေမးတယ္။ မိန္းကေလးက ႐ုတ္တရက္ ပါးကိုင္ခံလိုက္ရလို႔ အရမ္းရွက္႐ြံ႕ေၾကာက္လန႔္သြားၿပီး ေနာက္ကို ေျခလွမ္းဆုတ္သြားတယ္။ ဘယ္ေန႔ဘယ္ရက္မွာ ဘယ္မိန္းမနဲ႔ ခ်ိန္းထားမွန္းေတာင္ မမွတ္မိႏိုင္ေလာက္ေတာ့တဲ့ ျမာေပြတဲ့ ေယာက္်ားတစ္ေယာက္ရဲ႕ သ႐ုပ္ကို ပီျပင္ေအာင္ သ႐ုပ္ေဆာင္ျပသြားတယ္။
အဲဒီအခ်ိန္မွာ “ရီဖန္း”ရဲ႕ အဖြားျဖစ္သူက ဝင္လာၿပီး “ဒါဟာ မင္းအစ္မ ႏွစ္ဝမ္းကြဲေတာ္သူ မုဆိုးမေလး “ဖန္ယု” ပဲ။ ေယာက္်ားေကာင္းပီသသူတို႔ဟာ အေနအထိုင္လည္း ဆင္ျခင္တတ္ရမယ္” လို႔ ဆိုလိုက္တယ္။
အဲဒီအခ်ိန္မွာ အခ်စ္အတြက္စစ္ပြဲျဖစ္ေနတဲ့ အိပ္ခန္းထဲက မိန္းမႏွစ္ေယာက္ဟာ အျပင္ကို စိတ္ဆိုးမာန္ဆိုးထြက္လာလိုက္တာ တစ္ေယာက္ဟာဆိုရင္ အိပ္ရာခင္းနဲ႔ေတာင္ ကိုယ္ကို ပတ္ထားရတဲ့အျဖစ္။ အခန္းေပါက္မွာ ႐ုတ္႐ုတ္သဲသဲေတြျဖစ္ေနေသးတယ္။ အိမ္ေရွ႕ခန္းမွာ လူေတြကို ျမင္မွ အခန္းထဲကို ျပန္ဝင္သြားၾကေတာ့တယ္။ အဲဒီအျဖစ္ေတြကို မုဆိုးမေလး “ဖန္ယု” ဟာ အံ့ၾသမွင္တက္စြာ ေငးၾကည့္ေနခဲ့တယ္။ “ရီဖန္း” က “ဖန္ယု”ကို ကိုယ္ကိုင္းလို႔ အ႐ိုေသေပးၿပီး “ရွက္ဖို႔ေကာင္းလိုက္တာ” လို႔ ခပ္တိုးတိုးေျပာကာ အိမ္ေရွ႕ခန္းကေန ထြက္သြားေတာ့တယ္။
ဒါတင္ပဲလားဆိုေတာ့ မဟုတ္ေသးဘူး။ “ရီဖန္း” နဲ႔ မရွင္းမရွင္းျဖစ္ေနတဲ့ ဘဏ္သူေဌးမ “မိုး” ဆိုတာလည္း ရွိေသးတယ္။ “ရီဖန္း” ဟာ မိန္းမေတြရဲ႕ အသည္းႏွလုံးနဲ႔ ကစားေနခ်ိန္မွာ ဘဏ္သူေဌးမ “မိုး”ကလည္း “ရီဖန္း” ကို ကစားေနတာျဖစ္တယ္။ “ရီဖန္း” ဘယ္ေလာက္ပဲ ေပြရႈပ္ေသာ္လည္း “မိုး” ကေတာ့ “ရီဖန္း” ကို ေက်ာ့ကြင္းထဲကို မဆင္းေသးဘူး။ ဘဏ္သူေဌးမ “မိုး”ဟာ စီးပြားေရးရွင္ႀကီးတစ္ဦးျဖစ္တဲ့ “ဇူဟန္” ရဲ႕ အခ်စ္ေဟာင္းလည္း ျဖစ္ခဲ့ဖူးတယ္။ ဒါေပမယ့္ “ဇူဟန္”ဟာ “မိုး”ကို ပစ္ၿပီး ဆယ္ေက်ာ္သက္႐ြယ္ အပ်ိဳစင္ေလးတစ္ေယာက္ျဖစ္တဲ့ “ေဘးေဘး” နဲ႔ ေစ့စပ္လိုက္တယ္။ ဒါကို မခံႏိုင္တဲ့ “မိုး” ဟာ “ဇူဟန္”ကို လက္စားေခ်ခ်င္ေနတယ္။
ဒီေနရာမွာ ဇာတ္လမ္းရဲ႕ အေမွာင္ဆုံးေနရာကို ေရာက္လာေတာ့တာပါပဲ..။
မူရင္းျပင္သစ္စာေရးဆရာႀကီးဟာ ဘူဇြာလူတန္းစားက ဆင္းသက္လာတယ္လို႔ ဖတ္ဖူးတယ္။ သူဟာ ဘူဇြာလူတန္းစားအလႊာကို စိတ္ပ်က္ၿငီးေငြ႕ေနပုံရတယ္။ အဲဒီအလႊာကို သာသာထိုးထိုးေလး ေရးခ်င္ေနခဲ့ေလသလားလို႔လည္း အဲဒီေနရာအေရာက္မွာ ေတြးလိုက္မိေသးတယ္။ ဒီ႐ုပ္ရွင္ဟာ ၁၉၃၀ ရွန္ဟိုင္းၿမိဳ႕ႀကီးထဲက အထက္တန္းလႊာထဲက အရႈပ္ေတာ္ပုံအခ်ိဳ႕ကို မီးေမာင္းထိုးျပထားတယ္။
“ဇူဟန္”ရဲ႕ စြန႔္ပစ္သြားမႈကို ခံလိုက္ရတဲ့ ဘဏ္သူေဌးမ “မိုး” ဟာ “ဇူဟန္”ရဲ႕ဇနီးေလာင္း “ေဘးေဘး” ကို ဖ်က္ဆီးဖို႔ “ရီဖန္း” ကို ေတာင္းဆိုေတာ့တယ္။
“ရွင္ ကြၽန္မကို တစ္ကယ္လိုခ်င္တယ္ဆိုရင္ “ေဘးေဘး” ကို ပန္းဦးေႁခြေပးပါ” လို႔ ေျပာတယ္။
အပ်ိဳစင္ “ေဘးေဘး” သာ ပန္းဦးေႂကြသြားမယ္ဆိုရင္ စီးပြားေရးပညာရွင္ “ဇူဟန္”တစ္ေယာက္ေတာ့ သူတို႔ လူကုံထန္ေလာကမွာ ေကာင္းေကာင္းႀကီး အရွက္ကြဲေတာ့မွာျဖစ္တယ္။
“ရီဖန္း” ကေတာ့ ေခ်ာေမာလွပ႐ုံမက အိေျႏၵႀကီးလွတဲ့ အစ္မဝမ္းကြဲေတာ္သူ မုတ္ဆိုးမေလး “ဖန္ယု” ကိုပဲ လက္တည့္စမ္းခ်င္ေနတယ္။ “ဖန္ယု” ကလည္း “ရီဖန္း” အေၾကာင္းကို သိေနေတာ့ အနားကပ္ မခံဘူး။
သူေဌးမ “မိုး” ကလည္း “ဇူဟန္” ကို လက္စားေခ်မွကို ျဖစ္မယ္ဆိုတဲ့ စိတ္နဲ႔ အျခားနည္းလမ္းေတြ ရွာေတာ့တယ္။ အပ်ိဳစင္ “ေဘးေဘး”ရဲ႕ မိခင္ႀကီးကို အတင္းဝင္ေရာတယ္၊ သူတို႔မိသားစုရဲ႕ ယုံၾကည္မႈကို ယူတယ္။ “ေဘးေဘး” က ပန္းခ်ီဆြဲတာ ဝါသနာပါေတာ့ ပန္းခ်ီေက်ာင္းက ဆရာေလးတစ္ေယာက္နဲ႔ ရင္းႏွီးေအာင္ အိမ္ေခၚပန္းခ်ီသင္ခိုင္းတယ္။ ပန္းခ်ီဆရာေလးနဲ႔ ရင္းႏွီးေအာင္ ေလွာ္ေပးတယ္။ ဒီလိုနဲ႔ အိုးခ်င္းထားအိုးခ်င္းထိၿပီး “ေဘးေဘး” နဲ႔ ပန္းခ်ီဆရာေလးတို႔ သံေယာဇဥ္တြယ္မိၾကေတာ့တယ္။ မိဘေတြက ေစ့စပ္ထားၿပီးသားလူလည္း ရွိတဲ့အျပင္ အဆင့္တန္းခ်င္းမတူလို႔ ခြဲတယ္။ “ေဘးေဘး” အသည္းကြဲတယ္။ “ရီဖန္း” က အသည္းကြဲေနတဲ့“ေဘးေဘး” ကို ႏွစ္သိမ့္တယ္။ ႏွစ္သိမ့္တာလြန္ၿပီး မွ်ာေပြသူ “ရီဖန္း” နဲ႔ အပ်ိဳစင္ “ေဘးေဘး” က်ဴးလြန္မိၾကတယ္။
အဲသလို စိတ္ပ်က္႐ြံ႕ရွာ ေၾကာက္႐ြံ႕စရာေကာင္းတဲ့ အခ်စ္နဲ႔တဏွာကစားပြဲထဲမွာ အခ်စ္စစ္ဆိုတာ ရွိႏိုင္ေသးတာကို မူရင္းစာေရးသူကေကာ၊ ဒါ႐ိုက္တာကေကာ၊ သ႐ုပ္ေဆာင္ေတြကပါ ေပၚလြင္ေအာင္ ေဖာ္ေဆာင္သြားႏိုင္ခဲ့တယ္။
မုဆိုးမေလး “ဖန္ယု”ဟာ “ရီဖန္း” ကိုေရွာင္ေနေပမယ့္ “ရီဖန္း” ကေတာ့ ဆုံဖို႔ကို အၿမဲႀကိဳးစားေနခဲ့တယ္။ “ဖန္ယု” အခန္းထဲမွာ မီးလုံးအကြၽမ္းေတြ သြားလဲထားၿပီး မီးလုံးအသစ္ျပန္လဲေပးတာမ်ိဳးေတြ၊ “ဖန္ယု” မျငင္းႏိုင္ေအာင္ ႏွစ္ေယာက္လုံးရဲ႕ အေဒၚေတာ္သူကိုေခၚၿပီး ေအာ္ပရာပြဲ သြားၾကည့္တာမ်ိဳး၊ စတဲ့လုပ္ရပ္ေတြနဲ႔ နီးစပ္ေအာင္ အၿမဲႀကိဳးစားတယ္။ ဒီၾကားထဲမွာလည္း “မိုး”ဟာ “ရီဖန္း”နဲ႔ အေလာင္းစားတစ္ခုလုပ္ျပန္တယ္။ မုတ္ဆိုးမေလး “ဖန္ယု” အခ်စ္ကိုရေအာင္ လုပ္ႏိုင္ရင္ “ရီဖန္း”ကို သူနဲ႔ေပ်ာ္ပါးခြင့္ေပးမယ္ဆိုတဲ့ အေလာင္းကစား။
“ဖန္ယု” ကေတာ့ သူ႔ဟာသူ စာဖတ္လိုက္၊ ကေလးစာအုပ္ေလးေတြ ေရးလိုက္နဲ႔ ဘဝကို ေအးေဆးစြာျဖတ္သန္းေနတယ္။ ဆုံးပါးသြားၿပီျဖစ္တဲ့ သူ႔ခင္ပြန္းသည္ ေပးခဲ့ဖူးတဲ့ စာအုပ္ေလးတစ္အုပ္ကိုလည္း လက္က မခ်ဘူး။ တစ္ေန႔ေတာ့ ေရကူးကန္နားမွာ ေရထဲ ေျခေထာက္ေလးခ်ၿပီး စာဖတ္ေနတဲ့ “ဖန္ယု” နားကို “ရီဖန္း” ကေရာက္လာၿပီး အရင္ေယာက္်ား ေပးထားခဲ့တဲ့ စာအုပ္ကို ဆြဲယူၿပီး ေရထဲပစ္ခ်လိုက္တယ္။ ၿပီးေတာ့ “အတိတ္ထဲမွာပဲ အိပ္ေမာက်မေနပါနဲ႔ေတာ့” “မင္းအရင္ ေယာက္်ား လိုပဲ မင္းကိုငါ နားလည္ႏိုင္ပါတယ္… မင္းကသာ အဲဒီအခြင့္ကို ေပးမယ္ဆိုရင္ေပါ့” ဆိုတဲ့ စကားေတြကို ေျပာတယ္။
ဒီလိုစကားေတြဟာ ကိုယ္ခ်စ္ေနသူတစ္ဦးက ေျပာလာတယ္ဆိုရင္ေတာ့ ၾကည္ႏူးရင္ခုန္စရာျဖစ္ႏိုင္ေပမယ့္၊ ကိုယ္မႏွစ္သက္သူ၊ အထူးသျဖင့္ မိန္းမတိုင္းကို လြယ္လြယ္ခံစားတတ္တဲ့ ေယာက္်ား တစ္ေယာက္က လာေျပာမယ္ဆိုရင္ေတာ့ လက္ကိုအားပါးတရလႊဲၿပီး ႐ိုက္ပစ္ခ်င္စရာေကာင္းတဲ့ စကားေတြပါပဲ။
“ရီဖန္း” ဟာ “ဖန္ယု”ကို ခ်စ္သသဝဏ္လႊာေတြ ေရးတယ္။ ေရးတဲ့အခ်ိန္ကလည္း မိန္းမတစ္ေယာက္ေယာက္နဲ႔ ရွိေနတဲ့အခ်ိန္ျဖစ္ၿပီး၊ ေရးတဲ့ေနရာကလည္း အဲဒီမိန္းမေတြရဲ႕ ဝတ္လစ္စလစ္ေက်ာျပင္ကို စားပြဲလုပ္ေရးတဲ့ “ဖန္ယု”အတြက္ ခ်စ္သဝဏ္လႊာေတြရယ္ပါ။
တစ္ေန႔ေတာ့ “ဖန္ယု” အိပ္ခန္းေပါက္ဝထိသြားၿပီး အဲဒီရည္းစားစာကို ေပးတယ္။ “ဖန္ယု” က စာကို ဆြဲဆုတ္ၿပီး ရွက္တာေကာ၊ မခံႏိုင္တာေကာ၊ အျခားေဝခြဲမရတဲ့ ခံစားခ်က္ေတြေကာ ေပါင္းၿပီး မ်က္ရည္ေတြ က်လာတယ္။ “ရီဖန္း” ကလည္း “ဖန္ယု” မ်က္လုံးထဲကို စိုက္ၾကည့္ၿပီး မ်က္ရည္ေတြဝိုင္းေနတဲ့ မ်က္လုံးေတြနဲ႔ “ဖန္ယု” ကို ခ်စ္တယ္ လို႔ေျပာတယ္။ “ရီဖန္း” ရဲ႕ မ်က္လုံးေတြဟာ ခံစားခ်က္ေတြနဲ႔ ျပည့္ေနၿပီး မ်က္သားေတြေတာင္ ရဲတက္ေနတယ္။ “ရီဖန္း” ဟာ “ဖန္ယု” ကို ၾကည့္ၿပီး ခ်စ္တယ္ လို႔ေျပာၿပီး ခ်ာကနဲလွည့္ထြက္သြားတယ္။ ေကာ္ရစ္ဒါခပ္လွမ္းလွမ္းေရာက္ေတာ့ ႏႈတ္ခမ္းကိုတြန႔္ၿပီး ၿပဳံးလိုက္တယ္၊ ၿပီးေတာ့ “ဖန္ယု” မျမင္ႏိုင္ေလာက္ခ်ိန္မွာ မ်က္ရည္ကို လက္မနဲ႔ သုတ္ယူၾကည့္ၿပီး “ဟက္” ကနဲ တစ္ခ်က္ရယ္လိုက္တယ္။
တစ္ေန႔မွာေတာ့ “ရီဖန္း”ဟာ “ဖန္ယု” အခန္းထဲဝင္ၿပီး ေရးလက္စ ကေလးကဗ်ာစာ႐ြက္ေတြကို ဝင္ေမႊတယ္။ ေမႊရင္းနဲ႔ အံဆြဲေလးထဲက ဆြဲဆုတ္ခံထိခဲ့ဖူးတဲ့ သူ႔ရဲ႕စာေတြကို သြားေတြ႕လိုက္တယ္။ “ဖန္ယု”ဟာ သူ႔ခ်စ္သဝဏ္လႊာေတြကို ဆြဲဆုတ္ထားေပမယ့္ အပိုင္းေလးေတြအေနနဲ႔ ယုယုယယ သိမ္းထားတာကိုပါ။ အဲဒီအခ်ိန္မွာ အခန္းဝကိုေရာက္ေနတဲ့ “ဖန္ယု” က ျမင္သြားၿပီး ရွက္လြန္းလို႔ အိမ္ေနာက္ဘက္က ပန္းေတြစိုက္တဲ့မွန္လုံအိမ္ႀကီးထဲ ထြက္ေျပးသြားတယ္။ “ရီဖန္း” က လွစ္ကနဲထြက္ေျပးသြားတဲ့ “ဖန္ယု” ကို ျမင္ၿပီး ပန္းအိမ္ႀကီးဆီ လိုက္သြားတယ္။ ပန္းအိမ္ႀကီးထဲမွာ “ရီဖန္း” နဲ႔ “ဖန္ယု” ဟာ ထုတ္ဆီးတိုးသလို ျဖစ္ေနတယ္။
အဲဒီေနရာမွာ “ဖန္ယု” ဟာ ပဲထုတ္ၿပီး ဟန္ေဆာင္မူျပေနတယ္ဆိုတာထက္ “ရီဖန္း” လို ျမာေပြတဲ့ ေယာက္်ားတစ္ေယာက္ေရွ႕မွာ မိမိလိုအိေျႏၵထိမ္းေနတဲ့ မိန္းမတစ္ေယာက္ရဲ႕ သိကၡာေတြ က်သြားရမႈ၊ မာနေတြကို ပူေဇာ္လိုက္ရမႈ၊ မခ်စ္သင့္တဲ့ လူတစ္ေယာက္ကို ခ်စ္မိလိုက္လို႔ အရႈံးတစ္ခုနဲ႔ ရင္ဆိုင္ေနရလို႔ ထြက္ေျပးေနျခင္းပဲ ျဖစ္တယ္။
ဒါေပမယ့္ “ရီဖန္း” ဟာ “ဖန္ယု” ကို တံခါးဝနားမွာ မိသြားတယ္။ “ဖန္ယု” ဟာ နံရံကိုမွီၿပီး မ်က္စိစုံမွိတ္လို႔ တုန္ယင္ေနတယ္။ “ရီဖန္း” ဟာ “ဖန္ယု” ကို ျမတ္ႏိုးစြာ ငုံ႔ၾကည့္ေနတယ္။ သူတို႔ရဲ႕ ႏႈတ္ခမ္းေတြက နီးကပ္စြာ တည္ရွိေနတယ္။ “ဖန္ယု” ႏႈတ္ခမ္းေတြဟာ မာနေတြကို တလႊာစီေခြၽခ်လို႔ “ရီဖန္း” ႏႈတ္ခမ္းကို ေမွ်ာ္လင့္စြာနဲ႔ ပြင့္အာလာတယ္။ ဒါေပမယ့္ မာနတရားနဲ႔ အခ်စ္ရဲ႕ယွဥ္ၿပိဳင္မႈ၊ သိကၡာနဲ႔ ေမတၱာယွဥ္ထိုးမႈေၾကာင့္ သူမရဲ႕မ်က္ေတာင္စြန္းမွာ မ်က္ရည္ေတြ ခိုတြယ္ေနတယ္။ အဲဒီမွာ… “ရီဖန္း” ဟာ “ဖန္ယု” ကို မနမ္းေတာ့ဘဲ ခ်ာကနဲလွည့္ထြက္သြားေတာ့တယ္။ အဲဒီမွာ “ဖန္ယု” ဟာ ေခါင္းေမာ့မ်က္စိမွိတ္ထားရင္း မ်က္ရည္ေတြ တလေဟာက်လာေတာ့တယ္။
“ရီဖန္း” ဟာ ဘဏ္တိုက္သူေဌးမ “မိုး” ဆီသြားၿပီး “ဖန္ယု” အေၾကာင္းေတြ သြားေျပာတယ္။ “ရီဖန္း” ဟာ “ဖန္ယု” ကို တစ္ကယ္ျမတ္ႏိုးေနၿပီဆိုတာကို မိန္းမလည္ “မိုး” က ရိပ္မိလိုက္ေတာ့ သူ႔ရဲ႕ ကစားနည္းကို အကြက္ေျပာင္းလိုက္တယ္။
“ဖန္ယု” ကေတာ့ “ရီဖန္း” နဲ႔ေဝးရာကို ထြက္သြားခဲ့ၿပီ။ “ရီဖန္း” က “ဖန္ယု” တစ္ေယာက္တည္း ေနေနတဲ့ တိုက္ခန္းက်ဥ္းေလးဆီကို လိုက္သြားတယ္။ သူတို႔ႏွစ္ေယာက္ ခ်စ္မိသြားၾကတယ္။ “ရီဖန္း”
အခ်စ္ကို စစ္မွန္တယ္လို႔ ထင္ေနတဲ့ “ဖန္ယု” ဟာ “ရီဖန္း” အေပၚမွာ ၾကင္နာယုယတယ္။ ထမင္းစားပြဲျပင္ၿပီး “ရီဖန္း”အလာကို အၿမဲေမွ်ာ္ေလ့ရွိတယ္။ “ဖန္ယု” ဟာ “ရီဖန္း” အခ်စ္ကို ရၿပီမို႔ မိန္းမလည္ “မိုး” ဆီမွာ အေလာင္းစားေႂကြး သြားေတာင္းတယ္။ မိန္းမလည္ “မိုး”က “ဖန္ယု” ကို တဆင့္ၿပီးတဆင့္ ထပ္ေတာင္းဆိုတယ္။ “ဖန္ယု” ကို အသဲခြဲဖို႔။
အတိုခ်ဳပ္ေျပာရမယ္ဆိုရင္ “ဖန္ယု” ကို “ရီဖန္း” က ရက္ရက္စက္စက္ ျဖတ္ပစ္လိုက္တယ္။ မင္းဟာ ငါတို႔ရဲ႕ “ဂိမ္းထဲက သားေကာင္ေလး တစ္ေကာင္ပဲ” လို႔ ေျပာတယ္။
ဒါေပမယ့္ “ရီဖန္း” နဲ႔ “မိုး” အဆင္မေျပဘူး။
“ေယာက္်ား ဆိုတာ မိန္းမေတြကို အၿမဲႀကိဳးဆြဲခ်င္ေနတာ မဟုတ္လား၊ ဒီေတာ့ မိန္းမေပါင္းမ်ားစြာကို ႀကိဳးဆြဲေနတဲ့ ေယာက္်ားတစ္ေယာက္ကို ငါကလည္း ႀကိဳးဆြဲခ်င္သေလာက္ ဆြဲေနတာ” လို႔ တစ္စုံတစ္ရာကို နာနာက်င္က်င္နဲ႔ လည္ပင္းေၾကာေတြေထာင္ေလာက္ေအာင္ ဘဏ္သူေဌးမ မိန္းမလည္ “မိုး” က ေအာ္ဟစ္ၿပီး ေျပာေနခဲ့တယ္။
“ရီဖန္း” နဲ႔ “မိုး”ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ကို တဏွာမ်က္လုံး၊ အမုန္းမ်က္ႏွာေတြနဲ႔ ၾကည့္ေနၾကတာ ႐ုပ္ရွင္ၾကည့္သူမွာ ၾကက္သီးဖ်န္းဖ်န္း ထစဖြယ္ပါ။
“ရီဖန္း” ဟာ “ဖန္ယု” ရွိရာကို ျပန္လာခဲ့တယ္။ ႏွင္းစက္ေတြက်ေနတဲ့ လမ္းေပၚမွာ “ဖန္ယု” ရွိရာကို ေလွ်ာက္ေနတုန္း “ေဘးေဘး” ကို တစ္ကယ္ခ်စ္တဲ့ ပန္းခ်ီဆရာေလးဟာ “ေဘးေဘး”ကို ဖ်က္ဆီးလိုက္တဲ့ “ရီဖန္း”ကို ေသနတ္နဲ႔ လွမ္းပစ္လိုက္ေတာ့တယ္။ ေသနတ္ဒဏ္ရာႀကီးနဲ႔ “ရီဖန္း” ဟာ “ဖန္ယု” ရွိရာကို မေရာက္ေရာက္ေအာင္ ျပန္ခဲ့တယ္။ အဲဒီအခ်ိန္မွာလည္း “ဖန္ယု” ဟာ သူမရဲ႕ လက္ေကာက္ဝတ္ေပၚက ေသြးေၾကာေပၚမွာ သင္တုန္းဓားသြားေလးကို ခပ္ဖြဖြေလး တင္ထားေနခဲ့ၿပီ…။
ေနာက္ဆုံးေတာ့.. ႏွင္းပြင့္ေတြေႂကြက်ေနတဲ့ ေကာင္းကင္ျပင္ႀကီးေအာက္မွာ… “ဖန္ယု” နဲ႔ “ရီဖန္း” အတူတူရွိေနခဲ့ၾကတယ္။ “ရီဖန္း” ဟာ “ဖန္ယု” ရဲ႕ ရင္ခြင္ထဲကေန မ်က္ရည္ေတြစီးက်ေနတဲ့ “ဖန္ယု” မ်က္ႏွာကို တစိမ့္စိမ့္ေငးၾကည့္ေနခဲ့တယ္။
“ငါ… မင္းနဲ႔ပဲ သိပ္ေပ်ာ္ခဲ့တာ၊ ဒါကို သိပ္ေနာက္က်မွ သိခဲ့ရတာပါ” လို႔ ရီဖန္းက ဆိုတယ္။
႐ုပ္ရွင္ရီျဗဴးေတြရဲ႕ သေဘာသဘာဝက ခေရေစ့တြင္းက် မေရးရဘူးဆိုတဲ့ စာေပစည္းမ်ဥ္းက ရွိေနေလေတာ့၊ ႐ုပ္ရွင္ေတြကို ဘယ္ေတာ့မွ ရီျဗဴးမေရးျဖစ္၊ ႐ုပ္ရွင္ခံစားခ်က္အေနနဲ႔သာ ေရးေနမိတယ္။ ႐ုပ္ရွင္နဲ႔ ႐ုပ္ရွင္သ႐ုပ္ေဆာင္ေတြ အေပၚမွာ ရွိတဲ့ခံစားတတ္မႈေတြကလည္း မွန္ကူကြက္ေတြလို အေရာင္စုံတတ္ၾကေသးတယ္ မဟုတ္ပါလား။
Zhang Ziyi သ႐ုပ္ေဆာင္တဲ့ ကားေတြၾကည္မိတိုင္း စာတစ္ပုဒ္ထြက္ထြက္လာတတ္တာကေတာ့ ေသခ်ာပါတယ္။ သူမဟာ Crouching Tiger, Hidden Dragon (2000) နဲ႔ အေနာက္ကမာၻရဲ႕ စိတ္ဝင္စားမႈကို ရရွိၿပီးေတာ့ ေဟာလီးဝုဒ္မွ ကမ္းလမ္းမႈေတြ အမ်ားႀကီးကို ရခဲ့တယ္လို႔လည္း သိရတယ္။ ဒါေပမယ့္ ႐ုပ္ရွင္႐ိုက္ရရင္ၿပီးေရာ၊ နာမယ္ႀကီးရင္ ၿပီးေရာဆိုတဲ့ စိတ္ဓာတ္နဲ႔ ကမ္းလွမ္းလာသမွ် ႐ုပ္ရွင္ေတြကို လက္မခံဘူးဆိုတဲ့ ေလးစားေလာက္တဲ့ စိတ္ဓာတ္ရွိတဲ့ မင္းသမီးမို႔လည္း ပိုလို႔ခ်စ္ခင္မိေတာ့တယ္။
ေဟာလီးဝုဒ္႐ုပ္ရွင္ေတြမွာ အာရွမင္းသားနဲ႔ မင္းသမီးေတြကို ဓားစာခံ (victim) ေနရာမွာ အသုံးခ်႐ိုက္ၾကတာ မ်ားတယ္။ ဒါေၾကာင့္ ေဟာလီးဝုဒ္႐ုပ္ရွင္ကမ္းလွမ္းမႈေတြကို ေသေသခ်ာခ်ာ သုံးသပ္ၿပီးမွ လက္ခံတယ္လို႔ သိရပါတယ္။ Jang Dong Gun ဟာလည္း ကိုရီးယားမင္းသားျဖစ္တဲ့ အတြက္ ဇာတ္ဝင္တ႐ုတ္စကားေတြအတြက္ ညစဥ္ကို မိုးလင္းေပါက္ က်က္မွတ္သင္ယူခဲ့တယ္လို႔ သိရပါတယ္။
ဒီ႐ုပ္ရွင္အၿပီးမွာေတာ့…..
အခ်စ္ဆိုတာ.. ဒီလိုပဲလား၊ တစ္ကယ္ကို ေပ်ာ္ခဲ့မွ အခ်စ္ကို စစ္တယ္လို႔ ထင္ၾကတာလား၊ အခ်စ္စစ္တို႔ဟာ မေျဖာင့္ျဖဴးဘူးလို႔လည္း ဆိုတတ္ၾကေသးတာ။ မဆုံႏိုင္ေတာ့ဘူးလို႔ ထင္ေတာ့မွလည္း တစ္ကယ္ကို ေပ်ာ္ခဲ့တယ္လို႔ ထင္တတ္ၾကတာလား၊ စစ္မွန္တဲ့ ေပ်ာ္႐ႊင္ျခင္း ဟုတ္-မဟုတ္ ကို ဘယ္လိုသိႏိုင္မလဲ၊ အခ်စ္ဟာ မီးလား၊ တဏွာရမက္ကေကာ အခ်စ္ရဲ႕ ေဘးထြက္ဆိုးက်ိဳးလား ဒီမီးမွာ လူေတြဘယ္ေလာက္ က်ဆုံးေလာင္ကြၽမ္းခဲ့ရၿပီလည္းဆိုတဲ့ အေတြးေတြနဲ႔ တရစ္ဝဲဝဲ က်န္ခဲ့ပါေတာ့တယ္။
ေ႐ႊေဒါင္းေတာင္ဖြင့္ပြဲ အမွတ္တရ…
ခ်စ္ခင္ေလးစားစြာျဖင့္…
အိမ့္ခ်မ္းေျမ့
June 8, 2013
ေ႐ႊေဒါင္းေတာင္ အြန္လိုင္းမဂၢဇင္း, ႐ုပ္ရွင္ခံစားခ်က္ (Movie Review)
留言