လူနှစ်ကိုယ် စိတ်ငါးဆယ်
- အိမ့်ချမ်းမြေ့
- Sep 25, 2020
- 4 min read
လူမှာ sex နဲ့ gender ဆိုတာရှိတယ်။ Gender ကတော့ မိမိပြုမှုနေထိုင်ပုံကို ကိုယ်စားပြုတတ်ကြပြီး sex ကတော့ မွေးရာပါ လိင်အင်္ဂါနဲ့ ပိုသက်ဆိုင်တယ်လို့ ဆိုကြတယ်။
sex မှာ ယေဘူယျအားဖြင့် လူယောက်ျား နဲ့ လူမိန်းမပေ့ါ။ မွေးလာကတည်းက လူယောက်ျား သို့ မဟုတ် လူမိန်းမဆိုပြီး မွေးလာကြတာများတယ်။
အချို့တွေကျတော့ မွေးဖွားလာကတည်းက လိင်အင်္ဂါတိတိကျကျ ပုံသဏ္ဌာန် မပီပြင်ဘဲမွေးလာကြသူတွေရှိတယ်။ birth defect လို့ဆိုရမလား။ အဲဒီမှာ မိဘတွေရဲ့ သဘောတူညီမှုနဲ့အတူ ဆရာ၀န်တွေဟာ ကလေးကို လူမိန်းမ သို့မဟုတ် လူယောက်ျားအဖြစ် ခွဲစိတ်ပေးလိုက်တဲ့ သဘောရှိတယ်။
အဲဒီခွဲစိတ်ပေးလိုက်မှုတွေရဲ့ နောက်ပိုင်းမှာ complications တွေ ဆက်လိုက်လာတတ်တာမျိုး။
(အချို့ဆိုရင် လိင်အင်္ဂါနှစ်ခုပါလာလို့ မိဘရဲ့ဆုံးဖြတ်ချက်နဲ့ တစ်ခုကိုဖယ်ထုတ်.. ကျား သို့မဟုတ် မ လို့သတ်မှတ်ပြီးတဲ့အခါမှာ ဆရာ၀န်တွေဆီပို့... စိတ်ဆရာ၀န်ကြီးတွေက လေးငါးနှစ်သားလေးတွေကတည်းစပြီး လူပျိုအပျိုပေါက်ဖြစ်လာတဲ့အထိ ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ပြီး အတင်းစိတ်ကိုပြောင်းတာမျိုးတွေ လူ့သမိုင်းမှာ ရှိခဲ့ဖူးတယ်။ သူတို့ခမျာ သက်ဆိုးလည်း မရှည်ကြရှာဘူးပေါ့)
အခုပြောချင်တဲ့အထဲမှာ biological attributes တွေသာမက gender role တွေကိုပါ ပြောချင်တာ။ ဥပမာ.. မိသားစုတစ်စုမှာ မိန်းမက ဦးဆောင်ပြီး ၀င်ငွေရှာနေပြီး အချို့ယောက်ျားတွေက အိမ်မှာ ချက်ပြုတ်၊ ကလေးတွေပြုစုပျိုးထောင်တာမျိုးတွေရှိတယ်။ အဲသလို မိသားစုမှာ ယောက်ျားလုပ်သူက feminine gender expression ကိုဖော်ပြရသူတွေဖြစ်နေတတ်ပြီး မိန်းမလုပ်သူကတော့ masculine gender expression ဖော်ပြကြသူတွေဖြစ်တယ်လို့ ဆိုကြတယ်။ အရင်တုန်းကတော့ ယောက်ျားဆိုရင် မီးဖိုချောင်မ၀င်ဘူးဆိုတဲ့ ရှေးကျတဲ့ အတွေးအခေါ်တွေမျိုးက ခုခေတ်မှာ ကမ္ဘာမှာ အတော်ဆုံး စားဖိုမှူးတွေက ယောက်ျားတွေဖြစ်နေတတ်တာမျိုး။ gender ခွဲခြားမှု မရှိတော့တာမျိုးပေ့ါ...
အချို့မိန်းမတွေကတော့ ရိုးရိုးသားသားပဲ ယောက်ျားရှပ်တွေကြိုက်တယ်။ လွတ်လွတ်လပ်လပ်၀တ်ချင်တယ်။ အချို့ယောက်ျားတွေကလည်း လက်၀တ်ရတနာကို ဘာရယ်မဟုတ်ကြိုက်တာမျိုးတွေရှိလိမ့်မယ်။ အဲဒါမျိုးတွေကိုကျတော့လည်း cross dressers လို့ ခေါ်တတ်ကြပြန်တယ်။
အောက်မှာရေးမှာကတော့ ဒီထက်နက်ရှိုင်းသွားပြီ။ ဒီကိစ္စတွေဟာ စိတ်နဲ့သက်ဆိုင်သလို ရုပ်နဲ့လည်းသက်ဆိုင်မယ်။ ပတ်၀န်းကျင်နဲ့လည်း သက်ဆိုင်လိမ့်မယ်လို့ ကိုယ်ကတော့ ထင်မိတယ်။
ဒီစာမှာ gender ကို စိတ်/ရုပ်/characteristics လို့ သုံးပါမယ်။ လူတွေမှာ gender ၅၀ နဲ့အထက်ရှိတယ်လို့ ပညာရှင်တွေက ဆိုကြတယ်။ ကြည့်ကြည့်ရအောင်....
Agender - ယောက်ျားလည်းမဟုတ် မိန်းမလည်း မဟုတ်။ gender အစွဲမထားသူ
Androgyne - ယောက်ျား သို့မဟုတ် မိန်းမ သို့မဟုတ် ကျားမှ မ၊ မ မှကျား characteristics ပြောင်းနေသူ
Androgynous - hermaphrodite လို့လည်းခေါ်တယ်။ ကျား + မ characteristics နှစ်မျိုးလုံးပေါင်းစပ်ပါ၀င်နေတာ - ရုပ်နဲ့ပိုဆိုင်တယ်။ မိန်းကလေးတစ်ယောက်က ဆံပင်တိုတိုနဲ့ ယောက်ျားပုံစံနေတာမျိုး။ ယောက်ျားတစ်ယောက်က ဆံပင်ရှည်ရှည်ထားပြီး နူးနူးညံ့ညံ့နေတာမျိုးကို Androgynous လို့ ခေါ်တယ်။

Bigender - ကိုယ့်ကိုကိုယ် ယောက်ျား + မိန်းမ နှစ်မျိုးလုံးလို့ ခံစားရတာ (feel like both a man and a woman)
Cisgender - မွေးကတည်းကလည်း မိန်းမကိုယ် စိတ်ကလည်း မိန်းမစိတ် ဒါမှမဟုတ် မွေးကတည်းက ယောက်ျားကိုယ်၊ စိတ်ကလည်း ယောက်ျားစိတ်
Cis Female - မွေးကတည်းကလည်း မိန်းမကိုယ် စိတ်ကလည်း မိန်းမစိတ်
Cis Male - မွေးကတည်းက ယောက်ျားကိုယ်၊ စိတ်ကလည်း ယောက်ျားစိတ်
Female to Male - ဒါကတော့ မိန်းမမှ ယောက်ျားကို ကူးပြောင်းလာသူ
Third gender - ကိုယ့်ကိုကိုယ် မိန်းမလည်းမဟုတ်ဘူး၊ ယောက်ျားလည်းမဟုတ်ဘူးလို့ ခံယူထားသူ
Gender Fluid - Female to male, female to third gender, third gender to male, male to female စသည်ပြောင်းနေသူ
Gender Nonconforming - မိန်းမဆိုရင် နူးညံ့သိမ်မွေ့ရမယ်၊ ထမင်းဟင်းချက်တတ်ရမယ်။ ယောက်ျားဆိုရင် ကျားကျားယားယားရှိရမယ်၊ မငိုရဘူး၊ အားမငယ်ရဘူး၊ ဆံပင်ရှည်မထားရဘူး စတဲ့အစွဲတွေမထားသူတွေ
Gender Questioning - gender တွေရဲ့ သတ်မှတ်ချက်စည်းမျဥ်းတွေကို နားမလည်သူတွေ၊ လူတွေရဲ့ gender အပေါ်ထားတဲ့ စံတွေကို မေးခွန်းထုတ်နေသူ၊ မလိုက်နာနိုင်သေးသူတွေ
Intersex - မွေးရာပါ လိင်အင်္ဂါနဲ့ ကိုယ်တွင်းက anatomy သက်ဆိုင်မှု မရှိတာမျိုး။ အဲဒါမျိုးက လိင်အင်္ဂါက ယောက်ျားလိင်အင်္ဂါ ဖြစ်နေပေမယ့် ကိုယ်တွင်းက ဟိုမုန်းတို့ဘာတို့က မိန်းမဟိုမုန်းဖြစ်နေတာမျိုးကိုဆိုလိုပါတယ်။
Neutrois - Neutrois ကတော့ non-binary ဒါမှမဟုတ် neutral ဒါမှမဟုတ် Gender Fluid
MTF - ယောက်ျားမှ မိန်းမ ပြောင်းလဲထားသူ
Transmasculine - မိန်းမလိင်အင်္ဂါ နဲ့ မွေးဖွားလာပေမယ့် ယောက်ျားဟိုမုန်းများနေသူတွေ ဒါမှမဟုတ် မိမိကိုယ်ကို မိန်းမလို့ ဘယ်လိုမှ ခံစားလို့ မရသူတွေဖြစ်ပါတယ်။
Trans Female
Trans* Female
Trans Male
Trans* Male
Trans Man
Trans* Man
Trans Person
Trans* Person
Trans Woman
Trans* Woman
အဲဒီစကားလုံးတွေကတော့ ပြောင်းလဲထားသူတွေကို အမျိုးမျိုးခေါ်ဆိုထားတဲ့ အသုံးနှုန်းတွေပါပဲ။
ကိုယ့်ရဲ့လုပ်ငန်းခွင်မှာဆိုရင် ဒီလိုစကားတစ်လုံးမှားလို့မရဘူး။ မှားတော့ မှားတတ်ပေမယ့် မှားလို့က မဖြစ်တဲ့ သဘောရှိတယ်။ ဒါကြောင့် သူတို့အကြောင်းကို သိထားဖို့လိုအပ်ပါတယ်။
အခုနောက်ပိုင်းမှာ ကျန်းမာရေးပညာရှင်တွေနဲ့ စိတ်ကျန်းမာရေးပညာရှင်တွေက transgender တွေနဲ့ transsexual တွေကို စိတ်နဲ့သက်ဆိုင်တဲ့ အဖြစ်တွေလို့ မသတ်မှတ်တော့ပါဘူး။ စိတ်ရောဂါလို့ မယူဆကြတော့ဘဲ ဖြစ်လေ့ရှိတဲ့ human gender diversity လို့ ယူဆလာကြပါတယ်။
အရင်တုန်းကတော့ လိင်ပြောင်းလိုသူ၊ မိမိရဲ့ ကိုယ်ခန္ဓာမှာ ရှိတဲ့ လိင်အင်္ဂါက တစ်ခု၊ မိမိစိတ်အတွင်းမှဦ ရှိနေတာက တစ်ခု အဲသလိုကွဲပြားနေတဲ့ သူတွေကို စိတ်ရောဂါဖြစ်နေသူတွေ စိတ်ဓာတ်အရနိမ့်ပါးသူတွေ သို့မဟုတ် လူစဥ်မမှီသူတွေ Subhuman တွေလို သတ်မှတ်ပြီး “Gender identity disorder” “transvestite” “tranny” ဆိုတဲ့ စကားလုံးတွေနဲ့ (အထူးသဖြင့် ဘာသာရေးစံတွေသုံးပြီး) နှိမ်ချသုံးနှုန်းခဲ့ကြတယ်လို့ ဆိုတယ်။ လိင်စိတ်မှုများလို့ဖြစ်ရတယ်လို့လည်း စွပ်စွဲခဲ့တတ်ကြတယ်လို့ ဆိုကြတယ်။ တစ်ကယ်ကတော့ လိင်စိတ်ပြင်းထန်သူတွေဟာ အထက်ပါ လူတွေမှာမှ မဟုတ်ဘူး ယောက်ျားစင်စစ် မိန်းမစင်စစ်တွေထဲမှာလည်း ရှိတတ်တယ်လို့ ဆိုပါတယ်။
Transgender နဲ့ Transsexual အသုံးနှုန်းတွေရဲ့ အဓိပ္ပယ်တွေကိုတော့ သက်ဆိုင်ရာလူ့အသိုင်း၀ိုင်းတွေကနေ သတ်မှတ်တယ်လို့ ဆိုတယ်။ အချို့တွေက Transsexual ဆိုတဲ့ စကားကို မကြိုက်ကြဘူး။ Transgender လို့ သုံးတယ်။ Transsexual ဆိုတာထက် Transgender ကို ပိုသုံးလာကြတဲ့ သဘောရှိတယ်လို့လည်း ဆိုကြပါတယ်။ အချို့ ပညာရှင်တွေကတော့ Transgender ဆိုတာ စိတ်နဲ့ ပိုသက်ဆိုင်ပြီး Transsexual ဆိုတာ ကိုယ်ခန္ဓာပိုင်းနဲ့ ပိုသက်ဆိုင်တယ်လို့လည်း ဆိုကြပါတယ်။
လူတိုင်းမှာတော့ ယောက်ျားစိတ် မိန်းမစိတ် နှစ်မျိုးလုံးရှိတတ်ကြပြီး ရာခိုင်နှုန်းပိုများတဲ့အရာက အနိုင်ရသွားတဲ့ သဘောရှိတယ်။ ဘယ်အရာမှကတော့ ရာနှုန်းပြည့်ဆိုတာ မရှိကြပါဘူး။ ၉၉.၉ ရာခိုင်းနှုန်းဆိုတာပဲ အရာရာမှာ ရှိတယ်လို့လည်း ဆိုတတ်ကြပါတယ်။
စာဖတ်သူများလည်း
ကိုယ့်ပတ်၀န်းကျင်ကလူတွေကိုလည်း ဆန်းစစ်ကြည့်လို့ရတယ်။
ကိုယ့်ကိုကိုယ်လည်း ဆန်းစစ်ကြည့်နိုင်ပါတယ်။ ကိုယ့်ရဲ့ Anatomy က တစ်ကယ်ပဲ ကိုယ့်ရဲ့ appearance ကို ကိုယ်စားပြုနေလားဆိုတာကိုပါ.... -------------- (ZawGyi Code) လူမွာ sex နဲ႔ gender ဆိုတာရွိတယ္။ Gender ကေတာ့ မိမိျပဳမႈေနထိုင္ပုံကို ကိုယ္စားျပဳတတ္ၾကၿပီး sex ကေတာ့ ေမြးရာပါ လိင္အဂၤါနဲ႔ ပိုသက္ဆိုင္တယ္လို႔ ဆိုၾကတယ္။
sex မွာ ေယဘူယ်အားျဖင့္ လူေယာက္်ား နဲ႔ လူမိန္းမေပ့ါ။ ေမြးလာကတည္းက လူေယာက္်ား သို႔ မဟုတ္ လူမိန္းမဆိုၿပီး ေမြးလာၾကတာမ်ားတယ္။
အခ်ိဳ႕ေတြက်ေတာ့ ေမြးဖြားလာကတည္းက လိင္အဂၤါတိတိက်က် ပုံသဏၭာန္ မပီျပင္ဘဲေမြးလာၾကသူေတြရွိတယ္။ birth defect လို႔ဆိုရမလား။ အဲဒီမွာ မိဘေတြရဲ႕ သေဘာတူညီမႈနဲ႔အတူ ဆရာ၀န္ေတြဟာ ကေလးကို လူမိန္းမ သို႔မဟုတ္ လူေယာက္်ားအျဖစ္ ခြဲစိတ္ေပးလိုက္တဲ့ သေဘာရွိတယ္။
အဲဒီခြဲစိတ္ေပးလိုက္မႈေတြရဲ႕ ေနာက္ပိုင္းမွာ complications ေတြ ဆက္လိုက္လာတတ္တာမ်ိဳး။
(အခ်ိဳ႕ဆိုရင္ လိင္အဂၤါႏွစ္ခုပါလာလို႔ မိဘရဲ႕ဆုံးျဖတ္ခ်က္နဲ႔ တစ္ခုကိုဖယ္ထုတ္.. က်ား သို႔မဟုတ္ မ လို႔သတ္မွတ္ၿပီးတဲ့အခါမွာ ဆရာ၀န္ေတြဆီပို႔... စိတ္ဆရာ၀န္ႀကီးေတြက ေလးငါးႏွစ္သားေလးေတြကတည္းစၿပီး လူပ်ိဳအပ်ိဳေပါက္ျဖစ္လာတဲ့အထိ ရက္ရက္စက္စက္ ညႇင္းပန္းႏွိပ္စက္ၿပီး အတင္းစိတ္ကိုေျပာင္းတာမ်ိဳးေတြ လူ႔သမိုင္းမွာ ရွိခဲ့ဖူးတယ္။ သူတို႔ခမ်ာ သက္ဆိုးလည္း မရွည္ၾကရွာဘူးေပါ့)
အခုေျပာခ်င္တဲ့အထဲမွာ biological attributes ေတြသာမက gender role ေတြကိုပါ ေျပာခ်င္တာ။
ဥပမာ.. မိသားစုတစ္စုမွာ မိန္းမက ဦးေဆာင္ၿပီး ၀င္ေငြရွာေနၿပီး အခ်ိဳ႕ေယာက္်ားေတြက အိမ္မွာ ခ်က္ျပဳတ္၊ ကေလးေတြျပဳစုပ်ိဳးေထာင္တာမ်ိဳးေတြရွိတယ္။ အဲသလို မိသားစုမွာ ေယာက္်ားလုပ္သူက feminine gender expression ကိုေဖာ္ျပရသူေတြျဖစ္ေနတတ္ၿပီး မိန္းမလုပ္သူကေတာ့ masculine gender expression ေဖာ္ျပၾကသူေတြျဖစ္တယ္လို႔ ဆိုၾကတယ္။ အရင္တုန္းကေတာ့ ေယာက္်ားဆိုရင္ မီးဖိုေခ်ာင္မ၀င္ဘူးဆိုတဲ့ ေရွးက်တဲ့ အေတြးအေခၚေတြမ်ိဳးက ခုေခတ္မွာ ကမာၻမွာ အေတာ္ဆုံး စားဖိုမႉးေတြက ေယာက္်ားေတြျဖစ္ေနတတ္တာမ်ိဳး။ gender ခြဲျခားမႈ မရွိေတာ့တာမ်ိဳးေပ့ါ...
အခ်ိဳ႕မိန္းမေတြကေတာ့ ႐ိုး႐ိုးသားသားပဲ ေယာက္်ားရွပ္ေတြႀကိဳက္တယ္။ လြတ္လြတ္လပ္လပ္၀တ္ခ်င္တယ္။ အခ်ိဳ႕ေယာက္်ားေတြကလည္း လက္၀တ္ရတနာကို ဘာရယ္မဟုတ္ႀကိဳက္တာမ်ိဳးေတြရွိလိမ့္မယ္။ အဲဒါမ်ိဳးေတြကိုက်ေတာ့လည္း cross dressers လို႔ ေခၚတတ္ၾကျပန္တယ္။
ေအာက္မွာေရးမွာကေတာ့ ဒီထက္နက္ရႈိင္းသြားၿပီ။ ဒီကိစၥေတြဟာ စိတ္နဲ႔သက္ဆိုင္သလို ႐ုပ္နဲ႔လည္းသက္ဆိုင္မယ္။ ပတ္၀န္းက်င္နဲ႔လည္း သက္ဆိုင္လိမ့္မယ္လို႔ ကိုယ္ကေတာ့ ထင္မိတယ္။
ဒီစာမွာ gender ကို စိတ္/႐ုပ္/characteristics လို႔ သုံးပါမယ္။ လူေတြမွာ gender ၅၀ နဲ႔အထက္ရွိတယ္လို႔ ပညာရွင္ေတြက ဆိုၾကတယ္။ ၾကည့္ၾကည့္ရေအာင္....
Agender - ေယာက္်ားလည္းမဟုတ္ မိန္းမလည္း မဟုတ္။ gender အစြဲမထားသူ
Androgyne - ေယာက္်ား သို႔မဟုတ္ မိန္းမ သို႔မဟုတ္ က်ားမွ မ၊ မ မွက်ား characteristics ေျပာင္းေနသူ
Androgynous - hermaphrodite လို႔လည္းေခၚတယ္။ က်ား + မ characteristics ႏွစ္မ်ိဳးလုံးေပါင္းစပ္ပါ၀င္ေနတာ - ႐ုပ္နဲ႔ပိုဆိုင္တယ္။ မိန္းကေလးတစ္ေယာက္က ဆံပင္တိုတိုနဲ႔ ေယာက္်ားပုံစံေနတာမ်ိဳး။ ေယာက္်ားတစ္ေယာက္က ဆံပင္ရွည္ရွည္ထားၿပီး ႏူးႏူးညံ့ညံ့ေနတာမ်ိဳးကို Androgynous လို႔ ေခၚတယ္။
Bigender - ကိုယ့္ကိုကိုယ္ ေယာက္်ား + မိန္းမ ႏွစ္မ်ိဳးလုံးလို႔ ခံစားရတာ (feel like both a man and a woman)
Cisgender - ေမြးကတည္းကလည္း မိန္းမကိုယ္ စိတ္ကလည္း မိန္းမစိတ္ ဒါမွမဟုတ္ ေမြးကတည္းက ေယာက္်ားကိုယ္၊ စိတ္ကလည္း ေယာက္်ားစိတ္
Cis Female - ေမြးကတည္းကလည္း မိန္းမကိုယ္ စိတ္ကလည္း မိန္းမစိတ္
Cis Male - ေမြးကတည္းက ေယာက္်ားကိုယ္၊ စိတ္ကလည္း ေယာက္်ားစိတ္
Female to Male - ဒါကေတာ့ မိန္းမမွ ေယာက္်ားကို ကူးေျပာင္းလာသူ
Third gender - ကိုယ့္ကိုကိုယ္ မိန္းမလည္းမဟုတ္ဘူး၊ ေယာက္်ားလည္းမဟုတ္ဘူးလို႔ ခံယူထားသူ
Gender Fluid - Female to male, female to third gender, third gender to male, male to female စသည္ေျပာင္းေနသူ
Gender Nonconforming - မိန္းမဆိုရင္ ႏူးညံ့သိမ္ေမြ႕ရမယ္၊ ထမင္းဟင္းခ်က္တတ္ရမယ္။ ေယာက္်ားဆိုရင္ က်ားက်ားယားယားရွိရမယ္၊ မငိုရဘူး၊ အားမငယ္ရဘူး၊ ဆံပင္ရွည္မထားရဘူး စတဲ့အစြဲေတြမထားသူေတြ
Gender Questioning - gender ေတြရဲ႕ သတ္မွတ္ခ်က္စည္းမ်ဥ္းေတြကို နားမလည္သူေတြ၊ လူေတြရဲ႕ gender အေပၚထားတဲ့ စံေတြကို ေမးခြန္းထုတ္ေနသူ၊ မလိုက္နာႏိုင္ေသးသူေတြ
Intersex - ေမြးရာပါ လိင္အဂၤါနဲ႔ ကိုယ္တြင္းက anatomy သက္ဆိုင္မႈ မရွိတာမ်ိဳး။ အဲဒါမ်ိဳးက လိင္အဂၤါက ေယာက္်ားလိင္အဂၤါ ျဖစ္ေနေပမယ့္ ကိုယ္တြင္းက ဟိုမုန္းတို႔ဘာတို႔က မိန္းမဟိုမုန္းျဖစ္ေနတာမ်ိဳးကိုဆိုလိုပါတယ္။
Neutrois - Neutrois ကေတာ့ non-binary ဒါမွမဟုတ္ neutral ဒါမွမဟုတ္ Gender Fluid
MTF - ေယာက္်ားမွ မိန္းမ ေျပာင္းလဲထားသူ
Transmasculine - မိန္းမလိင္အဂၤါ နဲ႔ ေမြးဖြားလာေပမယ့္ ေယာက္်ားဟိုမုန္းမ်ားေနသူေတြ ဒါမွမဟုတ္ မိမိကိုယ္ကို မိန္းမလို႔ ဘယ္လိုမွ ခံစားလို႔ မရသူေတြျဖစ္ပါတယ္။
Trans Female
Trans* Female
Trans Male
Trans* Male
Trans Man
Trans* Man
Trans Person
Trans* Person
Trans Woman
Trans* Woman
အဲဒီစကားလုံးေတြကေတာ့ ေျပာင္းလဲထားသူေတြကို အမ်ိဳးမ်ိဳးေခၚဆိုထားတဲ့ အသုံးႏႈန္းေတြပါပဲ။
ကိုယ့္ရဲ႕လုပ္ငန္းခြင္မွာဆိုရင္ ဒီလိုစကားတစ္လုံးမွားလို႔မရဘူး။ မွားေတာ့ မွားတတ္ေပမယ့္ မွားလို႔က မျဖစ္တဲ့ သေဘာရွိတယ္။ ဒါေၾကာင့္ သူတို႔အေၾကာင္းကို သိထားဖို႔လိုအပ္ပါတယ္။
အခုေနာက္ပိုင္းမွာ က်န္းမာေရးပညာရွင္ေတြနဲ႔ စိတ္က်န္းမာေရးပညာရွင္ေတြက transgender ေတြနဲ႔ transsexual ေတြကို စိတ္နဲ႔သက္ဆိုင္တဲ့ အျဖစ္ေတြလို႔ မသတ္မွတ္ေတာ့ပါဘူး။ စိတ္ေရာဂါလို႔ မယူဆၾကေတာ့ဘဲ ျဖစ္ေလ့ရွိတဲ့ human gender diversity လို႔ ယူဆလာၾကပါတယ္။
အရင္တုန္းကေတာ့ လိင္ေျပာင္းလိုသူ၊ မိမိရဲ႕ ကိုယ္ခႏၶာမွာ ရွိတဲ့ လိင္အဂၤါက တစ္ခု၊ မိမိစိတ္အတြင္းမွဦ ရွိေနတာက တစ္ခု အဲသလိုကြဲျပားေနတဲ့ သူေတြကို စိတ္ေရာဂါျဖစ္ေနသူေတြ စိတ္ဓာတ္အရနိမ့္ပါးသူေတြ သို႔မဟုတ္ လူစဥ္မမွီသူေတြ Subhuman ေတြလို သတ္မွတ္ၿပီး “Gender identity disorder” “transvestite” “tranny” ဆိုတဲ့ စကားလုံးေတြနဲ႔ (အထူးသျဖင့္ ဘာသာေရးစံေတြသုံးၿပီး) ႏွိမ္ခ်သုံးႏႈန္းခဲ့ၾကတယ္လို႔ ဆိုတယ္။ လိင္စိတ္မႈမ်ားလို႔ျဖစ္ရတယ္လို႔လည္း စြပ္စြဲခဲ့တတ္ၾကတယ္လို႔ ဆိုၾကတယ္။ တစ္ကယ္ကေတာ့ လိင္စိတ္ျပင္းထန္သူေတြဟာ အထက္ပါ လူေတြမွာမွ မဟုတ္ဘူး ေယာက္်ားစင္စစ္ မိန္းမစင္စစ္ေတြထဲမွာလည္း ရွိတတ္တယ္လို႔ ဆိုပါတယ္။
Transgender နဲ႔ Transsexual အသုံးႏႈန္းေတြရဲ႕ အဓိပၸယ္ေတြကိုေတာ့ သက္ဆိုင္ရာလူ႔အသိုင္း၀ိုင္းေတြကေန သတ္မွတ္တယ္လို႔ ဆိုတယ္။ အခ်ိဳ႕ေတြက Transsexual ဆိုတဲ့ စကားကို မႀကိဳက္ၾကဘူး။ Transgender လို႔ သုံးတယ္။ Transsexual ဆိုတာထက္ Transgender ကို ပိုသုံးလာၾကတဲ့ သေဘာရွိတယ္လို႔လည္း ဆိုၾကပါတယ္။ အခ်ိဳ႕ ပညာရွင္ေတြကေတာ့ Transgender ဆိုတာ စိတ္နဲ႔ ပိုသက္ဆိုင္ၿပီး Transsexual ဆိုတာ ကိုယ္ခႏၶာပိုင္းနဲ႔ ပိုသက္ဆိုင္တယ္လို႔လည္း ဆိုၾကပါတယ္။
လူတိုင္းမွာေတာ့ ေယာက္်ားစိတ္ မိန္းမစိတ္ ႏွစ္မ်ိဳးလုံးရွိတတ္ၾကၿပီး ရာခိုင္ႏႈန္းပိုမ်ားတဲ့အရာက အႏိုင္ရသြားတဲ့ သေဘာရွိတယ္။ ဘယ္အရာမွကေတာ့ ရာႏႈန္းျပည့္ဆိုတာ မရွိၾကပါဘူး။ ၉၉.၉ ရာခိုင္းႏႈန္းဆိုတာပဲ အရာရာမွာ ရွိတယ္လို႔လည္း ဆိုတတ္ၾကပါတယ္။
စာဖတ္သူမ်ားလည္း
ကိုယ့္ပတ္၀န္းက်င္ကလူေတြကိုလည္း ဆန္းစစ္ၾကည့္လို႔ရတယ္။
ကိုယ့္ကိုကိုယ္လည္း ဆန္းစစ္ၾကည့္ႏိုင္ပါတယ္။
ကိုယ့္ရဲ႕ Anatomy က တစ္ကယ္ပဲ ကိုယ့္ရဲ႕ appearance ကို ကိုယ္စားျပဳေနလားဆိုတာကိုပါ....
အိမ့်ချမ်းမြေ့ 2 August 2015
Comments