အလင်းပြာများကြောင့် အပျိုဖော်၀င်တာစောလာခြင်း
- အိမ့်ချမ်းမြေ့
- Sep 29, 2022
- 1 min read
ညဘက်တွေ အမှောင်ထဲမှာ ဖုန်းတစ်လုံးနဲ့ မအိပ်ဘဲ နေတဲ့ သူတွေဟာ blue light လို့ခေါ်တဲ့ အလင်းပြာတွေနဲ့ ထိတွေ့မှုများလို့ အိပ်ရေးပျက်တာ၊ နေ့ညမှားတာတွေက အစပြုပြီး ကျန်းမာရေးပါထိခိုက်လာတတ်တာဟာ ငြင်းချက်မရှိပါဘူး...
လူကြီးတွေတောင်မှ ဆိုရှယ်မီဒီယာပေါ်မှာ ကိုယ်မကြိုက်တဲ့ သတင်းဖြစ်စေ၊ နှစ်သက်တဲ့ အကြောင်းအရာပဲဖြစ်စေ ဖတ်မိတာနဲ့ စိတ်လှုပ်ရှားတယ်၊ စိတ်တိုမယ်၊ ဒေါသထွက်မယ်၊ သာယာတာတွေဖတ်မိနားထောင်မိရင်လည်း ပျော်ရွှင်မယ် စတဲ့ စိတ်ခံစားချက်... အဲဒီကနေတဆင့် နှလုံးခုန်ချက်... mood swings၊ မိမိရဲ့ ဆုံးဖြတ်ချက် လုပ်ရပ်တွေ မှန်/မမှန် အကုန်လုံးက ဆက်စပ်နေတာပါ...
လက်ထဲက ဖုန်း၊ အိုင်ပက်နဲ့ ခွဲမရလို့ အိပ်ရေးပျက်တဲ့အခါ အစားအသောက်ပျက်တယ်၊ စိတ်တိုတယ်၊ လူကလည်း ၀ လာတယ်၊ အာရုံစူးစိုက်မှု နည်းလာတယ်၊ ကျောင်းစာ မလိုက်နိုင်ဘူး၊ မျက်စိပျက်တယ် ဒါတွေအကုန်လုံးဖြစ်တာ လူတိုင်းသိကြပါတယ်။ အဲသလို အိပ်ရေးပျက်တဲ့အထဲ blue light exposure ပါ ပါလာတော့ ပိုဆိုးပါပြီ။
အခုရက်ပိုင်းတွင်းမှာ သုတေသနာပြုသူတွေ တွေ့ရှိလာချက်တစ်ခုကတော့ blue light နဲ့ ထိတွေ့မှုများတဲ့အခါမှာ မိန်းကလေးတွေဟာ အပျိုဖော်၀င်တာ စောလာတာကိုတွေ့လာရတယ်ဆိုတယ်..
မိန်းကလေးတွေအပျိုဖော်၀င်တဲ့ အသက်အပိုင်းအခြားက မျိုးရိုးဗီဇပေါ်မူတည်ပြီး အသက် ၈ နှစ်ကနေ ၁၃နှစ်ကြားမှာ ဖြစ်လေ့ရှိပေမယ့် နောက်ပိုင်းမှာ အသက် ၆ နှစ် ရ နှစ်လောက်မှာကိုစပြီး အပျိုဖော်၀င်လာကြတယ်ဆိုတယ်။ အပျိုဖော်၀င်တယ်လို့ ဆိုရာမှာ ရာသီသွေးပေါ်ခြင်းကို သာ ပြောတာမဟုတ်ပါဘူး။ ဟိုမုန်းဓာတ် စတင်ပြောင်းလဲလာတာကို ဆိုလိုတာပါ။
blue light ဟာ နေရောင်ခြည်ထဲမှာလည်း ရှိပါတယ်။ ဒါ့အပြင် smartphones, တီဗွီ, e-readers, video game consoles, ကွန်ပြူတာနဲ့ tablets တွေမှာလည်း ရှိပါတယ်။
အပျိုဖော်စော၀င်တော့ ဘာဖြစ်လဲ လို့ မေးစရာရှိပါတယ်...
အပျိုဖော်စော၀င်တော့ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများပါတယ်...
သုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်အရ .. အပျိုဖော်စော၀င်သူတွေ (အရွယ်မတိုင်ခင် လူကြီးဖြစ်လာကြရခြင်း) ဟာ ရင်သားကင်ဆာ၊ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို စသည့်ရောဂါတွေအပြင် အခြားသာမန်မိန်းကလေးတွေထက် အပျိုစိတ်စော၀င်တော့ အရွယ်မရောက်ခင် ကိုယ်၀န်ဆောင်တာတွေ၊ HPV (STD) စတဲ့ ပြဿနာတွေပါ ရှိလာတတ်တယ်လို့ ဆိုပါတယ်။ စောစောအပျိုဖော်၀င်တာဟာ ကောင်းဖို့ထက် မကောင်းဖို့ များတယ်ဆိုတယ်။
အမြဲတမ်းစိတ်တိုနေတာမျိုး.. စိတ်ရှည်သည်းညည်းခံတတ်တဲ့ စိတ်တွေနည်းပါးလာပြီး ဒေါသကြီးနေတတ်တဲ့ အပျိုဖော်၀င်စ လူပျိုဖော်၀င်စ လူငယ်တွေဟာ ကျန်တဲ့ဟိုမုန်းကိစ္စတင်သာမက blue light exposure များနေတာကြောင့်လို့ သုတေသီတို့က ဆိုပါတယ်။
Comments